HomeEntertainmentFilmD23 ပွဲမှာ ကြေညာသွားတဲ့ Pixar ရဲ့ Animation အသစ်များ

D23 ပွဲမှာ ကြေညာသွားတဲ့ Pixar ရဲ့ Animation အသစ်များ

လောလောဆယ်မှာတော့ Disney စတူဒီယိုဟာ D23 ပွဲကို ကျင်းပနေပြီး Disney ရဲ့ ပရောဂျက်တွေတင် မဟုတ်ဘဲ သူ့ရဲ့လက်အောက်ခံ စတူဒီယိုတွေရဲ့ ပရောဂျက်တွေကိုပါ ကြေညာသွားပါတယ်။ Pixar ဟာလည်း Disney ရဲ့ လက်အောက်ခံ ကုမ္ပဏီတစ်ခုပဲ ဖြစ်ပြီး ၂၀၀၆ ခုနှစ်မှာ ဒေါ်လာ (၇.၄)ဘီလျံနဲ့ ဝယ်ယူခဲ့တာ ဖြစ်ပါတယ်။ ဒါကြောင့်ပဲ ဒီတစ်ခါမှာတော့ D23 ပွဲမှာ ကြေညာသွားတဲ့ Pixar ရဲ့ Animation အသစ်တွေကို ဖော်ပြပေးချင်ပါတယ်။

Inside Out 2

photo via screenrant

၂၀၁၅ ခုနှစ်မှာ ထွက်ရှိခဲ့တဲ့ Inside Out ဇာတ်လမ်းရဲ့ အဆက်ကတော့ ၂၀၂၄ ခုနှစ် နွေရာသီမှာ ထွက်ရှိလာဦးမှာ ဖြစ်ပါတယ်။ ဒီဇာတ်လမ်းထဲမှာတော့ Amy Poehler က Joy အနေနဲ့ ပြန်လည်ပါဝင်လာမှာ ဖြစ်ပေမယ့်လည်း Bill Hader နဲ့ Mindy Kaling တို့ကတော့ Fear နဲ့ Disgust တို့နေရာမှာ ပြန်လည် မပါဝင်လာတော့ဘူးလို့ သိရပါတယ်။ ဇာတ်လမ်းအကျဉ်းကိုတော့ မသိရသေးဘဲ ဒီဇာတ်လမ်းထဲမှာတော့ စိတ်ခံစားချက်အသစ်တွေ ပါဝင်လာမယ်လို့ ဆိုပါတယ်။

Elemental

photo via screenrant

ဒီဇာတ်လမ်းကိုတော့ Pixar စတူဒီယိုက ဖန်တီးနေတာ နှစ်အနည်းငယ် ကြာမြင့်နေပြီ ဖြစ်ပြီး D23 ပွဲမှာတော့ ၂၀၂၃ ခုနှစ် ဇွန်လ (၁၆)ရက်နေ့မှာ ထွက်ရှိလာမယ်လို့ ကြေညာခဲ့ပါတယ်။ ဒဏ္ဍာရီတွေများစွာမှာ ဖော်ပြထားသလိုပဲ Elemental တွေကတော့ ဒြပ်စင်တစ်ခုခုရဲ့ ပုံစံနဲ့ တည်ရှိနေတဲ့ သက်ရှိတွေ ဖြစ်ကြပါတယ်။ ဒီဇာတ်လမ်းထဲမှာတော့ Elemental တွေကို ခေတ်သစ်အနေအထားနဲ့ မြင်တွေ့ရမှာ ဖြစ်ပြီး ဇာတ်လမ်းအကျဉ်းကိုတော့ မသိရသေးပါဘူး။ ဒါပေမယ့်လည်း အဓိကဇာတ်လမ်းကတော့ မီး Elemental နဲ့ ရေ Elemental တို့ဟာ မတူညီမှုတွေကို ဘေးချိတ်ပြီး အတူတူရှိနိုင်ဖို့ ကြိုးစားတာကို ပုံဖော်သွားမှာ ဖြစ်နိုင်ပါတယ်။

Elio

photo via screenrant

ဒီဇာတ်လမ်းကတော့ စိတ်ကူးယဉ်သိပ္ပံ ဇာတ်လမ်းတစ်ခု ဖြစ်ပြီး (၁၁)နှစ်အရွယ် ကောင်လေးတစ်ယောက်ဟာ Universe တခွင်ကို ရောက်ရှိသွားပြီးနောက် ကမ္ဘာကို ကိုယ်စားပြုတဲ့ Ambassador အဖြစ် သူ့ကို အထင်လွဲကုန်ကြပါတယ်။ ဒါကြောင့်ပဲ ဒီဇာတ်လမ်းဟာ ပေါ့ပေါ့ပါးပါးနဲ့ ကြည့်ရှုရမှာ ဖြစ်သလို ကလေးတစ်ယောက်ဟာ တကယ့်အရေးကြီးတဲ့ သေရေးရှင်ရေးကိစ္စတွေကို ဘယ်လိုဖြေရှင်းသွားမလည်း ဆိုတာကိုလည်း မြင်တွေ့ရမှာပါ။ ဒီဇာတ်လမ်းကိုတော့ Coco ကို ရိုက်ကူးခဲ့တဲ့ ဒါရိုက်တာ Adrian Molina က ရိုက်ကူးသွားမှာ ဖြစ်ပြီး ၂၀၂၄ ခုနှစ်အတွင်းမှာ ထွက်ရှိလာမယ်လို့ ကြေညာခဲ့ပါတယ်။

Win or Lose

photo via screenrant

ဒီဇာတ်လမ်းကတော့ Pixar ရဲ့ ပထမဦးဆုံး Short မဟုတ်တဲ့ ဇာတ်လမ်းတွဲပဲ ဖြစ်ပြီး ၂၀၂၃ ခုနှစ်အတွင်းမှာ ထွက်ရှိလာမယ်လို့ သိရပါတယ်။ ဇာတ်လမ်းကတော့ အလယ်တန်းကျောင်းရဲ့ Softball အဖွဲ့ဟာ Championship ပွဲအတွက် ပြင်ဆင်ကြတာကို ပုံဖော်သွားမှာ ဖြစ်ပါတယ်။ ဒါ့အပြင် အပိုင်းတစ်ပိုင်းစီတိုင်းမှာ မတူညီတဲ့ဇာတ်ကောင်တွေရဲ့ ရှုထောင့်တွေကို မြင်တွေ့ရမှာ ဖြစ်ပြီး ပရိသတ်တွေ အကြိုက်တွေ့နိုင်မယ့် Animation ဇာတ်လမ်းတွဲတစ်ခုလည်း ဖြစ်ပါတယ်။

Legos

(ဆံရစ်ဝိုင်းဝက်ဘ်ဆိုဒ်တွင် ဖော်ပြထားသော သတင်း၊ဆောင်းပါးများကို အခြားမည်သည့် ဝက်ဘ်ဆိုဒ်၊ Facebook စာမျက်နှာတွင်မျှ ကူးယူဖော်ပြခွင့် မပြုပါကြောင်း အသိပေးအပ်ပါသည်။)

RELATED ARTICLES

Most Popular