HomeCharacterMCU Phase 4 မှာ သေဆုံးသွားနိုင်တဲ့ ဇာတ်ကောင်များ

MCU Phase 4 မှာ သေဆုံးသွားနိုင်တဲ့ ဇာတ်ကောင်များ

ေအာက္တြင္ ေဇာ္ဂ်ီျဖင့္ ဖတ္ပါ။

MCU Phase 4 ဟာ ယခင်က MCU နဲ့ မတူတော့ဘဲ ပြောင်းလဲမှုများစွာ ယူဆောင်လာပြီး အဲ့ဒီအချက်တွေကိုတော့ WandaVision နဲ့ Loki တို့လို ဇာတ်လမ်းတွဲတွေကို ကြည့်ရုံနဲ့တင် သိသာစေပါတယ်။ Phase 4 ထဲမှာတော့ ဇာတ်ကောင်အသစ်များစွာကို မိတ်ဆက်သွားမယ့်အပြင် ပရိသတ်တွေအတွက် အံ့ဩစရာတွေများစွာ ယူဆောင်လာပေးဦးမှာပါ။ အဲ့ဒီအံ့ဩစရာတွေထဲမှာတော့ ကျွန်တော်တို့ သိထားတဲ့ ဇာတ်ကောင်တွေရဲ့ သေဆုံးမှုတွေလည်း ပါဝင်နေနိုင်ပါတယ်။ ဒါကြောင့်ပဲ Phase 4 ထဲမှာ သေဆုံးသွားနိုင်တဲ့ ဇာတ်ကောင်တွေကို ဖော်ပြပေးချင်ပါတယ်။

(1) Bruce Banner
photo via screenrant

Phase 4 ထဲမှာတော့ မူလ Avengers အဖွဲ့ဝင်တွေဟာ မျိူးဆက်သစ်တွေကို လမ်းပြပေးသွားမယ့်အချက်ဟာ အဓိကပါဝင်နေပါတယ်။ ဒါကြောင့်ပဲ သူတို့ဟာ မျိူးဆက်သစ်တွေကို လမ်းပြပေးပြီးတဲ့အချိန်မှာတော့ အနားယူသွားနိုင်ပြီး ဒီထက်ပိုဆိုးရင်တော့ မျိူးဆက်သစ်တွေကို လမ်းပြနေရင်း အကြောင်းအမျိူးမျိူးကြောင့် သေဆုံးသွားနိုင်ပါတယ်။

Bruce Banner ဟာ အသစ်ထွက်ရှိလာမယ့် She-Hulk ဇာတ်လမ်းတွဲထဲမှာ ပါဝင်လာဦးမှာ ဖြစ်ပြီး အဲ့ဒီဇာတ်လမ်းရဲ့ အဆုံးမှာတော့ သူဟာ အနားယူသွားနိုင်သလို ကံမကောင်းရင် သေဆုံးသွားနိုင်ပါတယ်။ Endgame ထဲမှာတော့ သူဟာ Bruce Banner ရဲ့ စိတ်နဲ့ Hulk ရဲ့ ခန္ဓာကိုယ်တို့ကို ပေါင်းစပ်နေထိုင်ခဲ့ပေမယ့်လည်း ဒီဇာတ်လမ်းတွဲထဲမှာတော့ သူဟာ Hulk အဖြစ် ဘယ်တော့မှ မပြောင်းလဲတော့အောင် ကုသသွားနိုင်ပြီး အနားယူသွားနိုင်ပါသေးတယ်။

(2) Jane Foster
photo via screenrant

Thor: Love and Thunder ထဲမှာတော့ Jane Foster ပြန်လည်ပါဝင်လာမှာ ဖြစ်ပြီး ဒီရုပ်ရှင်ထဲမှာတော့ သူမဟာ Mjolnir ကို ကိုင်ဆောင်ကာ Thor အသစ် ဖြစ်လာမှာပါ။ ဒီရုပ်ရှင်ကတော့ Jane Foster ဟာ Thor ဖြစ်သွားချိန်မှာ ကင်ဆာရောဂါကို ခံစားနေရတဲ့ ကောမစ်ထဲက ဇာတ်ကြောင်းကို အဓိကဖော်ပြသွားမှာ ဖြစ်ပါတယ်။

ကောမစ်ထဲမှာတော့ သူမဟာ Thor ဖြစ်သွားချိန်မှာ စွမ်းအားတွေ ရရှိလာပြီး အလွန်ကျန်းမာတဲ့ လူတစ်ယောက်ပုံစံဖြစ်လာပေမယ့်လည်း တကယ်တော့ သူမရဲ့ကင်ဆာဟာ ပိုမိုဆိုးရွားလာပါတယ်။ ဒါကြောင့်ပဲ သူမဟာလည်း Phase 4 ထဲက သေဆုံးသွားနိုင်တဲ့ ဇာတ်ကောင်တွေထဲကတစ်ယောက် ဖြစ်နေတာပါ။

(3) Talos
photo via screenrant

Skrull တွေရဲ့ ခေါင်းဆောင်ဖြစ်တဲ့ Talos ဟာ Secret Invasion ဇာတ်လမ်းတွဲထဲမှာ ပြန်လည်ပါဝင်လာမှာ ဖြစ်ပါတယ်။ အဲ့ဒီဇာတ်လမ်းတွဲထဲမှာတော့ သူဟာ Nick Fury နဲ့ ပူးပေါင်းပြီး ကမ္ဘာပေါ်မှာ ရုပ်ဖျက်ကာ နေထိုင်နေကြတဲ့ Skrull တွေအကြောင်းကို စုံစမ်းသွားမှာ ဖြစ်ပါတယ်။

Captain Marvel ရုပ်ရှင်ထဲမှာ ပြသသွားတဲ့အတိုင်းဆိုရင် Skrull တွေဟာ ငြိမ်းချမ်းစွာ နေထိုင်ချင်တဲ့ မျိူးစိတ်တွေ ဖြစ်ပြီး ကောမစ်ထဲမှာတော့ Skrull တွေဟာ အလွန်ကြမ်းတမ်းတဲ့ မျိူးစိတ်တွေ ဖြစ်ပါတယ်။ ဒီဇာတ်လမ်းတွဲထဲမှာတော့ ဆိုးသွမ်းနေတဲ့ Skrull တွေဟာ ဗီလိန်ဖြစ်လာနိုင်ပြီး Talos ကတော့ သူတို့မျိူးစိတ်တွေအကုန်လုံးဟာ ဒီလိုဗီလိန်တွေမဟုတ်ကြောင်း သက်သေပြဖို့ ကြိုးစားရင်း သူ့ကိုယ်သူ အနစ်နာခံ သေဆုံးသွားနိုင်ပါတယ်။

(4) Hawkeye
photo via screenrant

Clint Barton ဟာ MCU တလျှောက်လုံးမှာ ပါဝင်လာပြီး အခုချိန်မှာတော့ သူ့ရဲ့ ဆိုလိုဇာတ်လမ်းတွဲ ထွက်ရှိလာတော့မှာ ဖြစ်ပါတယ်။ သူ့ရဲ့ ဆိုလိုဇာတ်လမ်းတွဲ ဆိုပေမယ့်လည်း ဒီဇာတ်လမ်းတွဲဟာ သူ့အကြောင်းထက် Hawkeye အသစ် ဖြစ်လာမယ့် Kate Bishop အကြောင်းကို အဓိကဖော်ပြသွားမှာပါ။

Black Widow ရုပ်ရှင်ထဲမှာ ပြသွားသလိုဆိုရင် Yelena ဟာ Clint ကို လက်စားချေဖို့ ကြိုးစားသွားဦးမှာ ဖြစ်ပြီး သူမသာ လက်စားချေလိုက်နိုင်ရင်တော့ Black Widow အသစ်နဲ့ Hawkeye အသစ်တို့ဟာ ရန်သူတွေ ဖြစ်သွားကြမှာပါ။ Yelena က Clint ကို မသတ်ခဲ့ရင်တောင် ဒီဇာတ်လမ်းတွဲကတော့ Clint ကို နောက်ဆုံးမြင်ရတဲ့ MCU ပရောဂျက်တစ်ခု ဖြစ်သွားနိုင်ချေ ရှိပါတယ်။

(5) Ajak
photo via screenrant

သူမကတော့ Eternals ရုပ်ရှင်ထဲမှာ စတင်ပါဝင်လာမှာ ဖြစ်တာကြောင့် ပရိသတ်တွေဟာ သူမအကြောင်းကို သိပ်ပြီးတော့ မသိသေးပါဘူး။ ဒီရုပ်ရှင်ထဲမှာ‌တော့ သူမဟာ Eternal တွေရဲ့ ခေါင်းဆောင်အဖြစ် ပါဝင်လာဖြစ်ပြီး အဲ့ဒီအချက်ကြောင့်ပဲ သူမဟာ သေဆုံးသွားနိုင်တာပါ။ ဒီရုပ်ရှင်ထဲမှာ မြင်တွေ့ရမယ့် အခက်အခဲတွေကို Eternal တွေဟာ ရင်ဆိုင်နေရင်းနဲ့ Ajak ဟာ သူမရဲ့ အဖွဲ့ကို ကယ်တင်ဖို့ ခေါင်းဆောင်ပီပီ စွန့်လွှတ်အနစ်နာခံသွားနိုင်ပါတယ်။

(6) Spider-Man
photo via screenrant

No Way Home ရုပ်ရှင်နဲ့ ပတ်သက်ပြီး ထွက်ပေါ်နေတဲ့ ကောလာဟလတွေထဲက တစ်ခုကတော့ ဒီရုပ်ရှင်ဟာ Tom Holland ရဲ့ Spider-Man ကို နောက်ဆုံးမြင်တွေ့ရမယ့် ရုပ်ရှင်လည်း ဖြစ်နေနိုင်တယ် ဆိုတာပါပဲ။ ပရိသတ်တွေဟာ Sony နဲ့ MCU ရဲ့ Universe နှစ်ခုကို Crossover အနေနဲ့ ဖြစ်လာမယ့် Spider-Verse ကိုလည်း မြင်တွေ့ချင်နေကြပါတယ်။

အဲဒီလို Spider-Verse ဖြစ်ပေါ်လာဖို့အတွက် Tom Holland ရဲ့ Spider-Man က သေဆုံးသွားမှာလည်း ဖြစ်နိုင်ပါတယ်။ နောက်ထပ် ဖြစ်နိုင်ချေတစ်ခုကတော့ ဒီရုပ်ရှင်ထဲမှာ Tobey Maguire ပါဝင်လာမယ် ဆိုရင်တော့ Tobey ရဲ့ Spider-Man ဟာ Tom ရဲ့ Spider-Man ကို ကယ်တင်ဖို့အတွက် သေဆုံးသွားတာလည်း ဖြစ်နိုင်ပါတယ်။

(7) Guardians of the Galaxy
photo via screenrant

Guardians of the Galaxy Vol. 3 ဟာ ဒီအဖွဲ့ရဲ့ နောက်ဆုံးရုပ်ရှင် ဖြစ်လာမယ်လို့ ဒါရိုက်တာ James Gunn ကိုယ်တိုင်က အတည်ပြုထားပါတယ်။ ဒါ့အပြင် James Gunn ရိုက်ကူးထားတဲ့ The Suicide Squad ရုပ်ရှင်ကို ကြည့်ခြင်းအားဖြင့် သူဟာ ဇာတ်ကောင်တွေကို သတ်ပစ်ဖို့ ဝန်မလေးဘူးဆိုတာ သိသာစေပါတယ်။

ဒါကြောင့်ပဲ GOTG 3 ထဲမှာလည်း အနည်းဆုံး ဇာတ်ကောင်တစ်ယောက်လောက်တော့ သေဆုံးသွားနိုင်ပါတယ်။ သေဆုံးသွားနိုင်တဲ့ ဇာတ်ကောင်တွေကတော့ တစ်ဖွဲ့လုံး ဖြစ်နိုင်ပေမယ့်လည်း Rocket နဲ့ Drax တို့ကတော့ သေဆုံးနိုင်ချေ အများဆုံးပဲ ဖြစ်ပါတယ်။

(8) Wanda
photo via screenrant

Wanda ကတော့ ဝမ်းနည်းစရာ အဖြစ်အပျက်တွေများစွာကို ကြုံတွေ့ခဲ့ရတဲ့ ဇာတ်ကောင်တစ်ယောက် ဖြစ်ပြီး အဲ့ဒီအချက်တွေကြောင့်ပဲ WandaVision ဇာတ်လမ်းတွဲ ဖြစ်ပေါ်လာတာပါ။ သူမဟာ Doctor Strange in the Multiverse of Madness ထဲမှာ ပါဝင်လာဦးမှာ ဖြစ်ပြီး ဗီလိန်အဖြစ် ပါဝင်လာနိုင်ချေ များပါတယ်။

ဒါကြောင့်ပဲ Doctor Strange ဟာ ကမ္ဘာကြီးကို ကယ်တင်ဖို့ ရွေးချယ်စရာ မရှိတော့ဘဲ Wanda ကို သတ်ပစ်လိုက်ရတာမျိူး ဖြစ်သွားနိုင်ပါတယ်။ ဒါပေမယ့်လည်း Wanda ဟာ အခုမှ Scarlet Witch စတင် ဖြစ်သွားတာကြောင့် သူမရဲ့ဇာတ်လမ်းဟာ အခုမှအစပဲ ရှိပါသေးတယ်။ ဒါကြောင့်လည်း သူမဟာ ဒီစာရင်းထဲက တခြားဇာတ်ကောင်တွေထက်တော့ သေဆုံးသွားဖို့ ရာခိုင်နှုန်း နည်းပါးပါတယ်။

ဒါကတော့ MCU Phase 4 မှာ သေဆုံးသွားနိုင်တဲ့ ဇာတ်ကောင်တွေကို ခန့်မှန်းထားတာ ဖြစ်ပါတယ်။ စာဖတ်သူတို့ရဲ့ ထင်မြင်ချက်ကိုလည်း ပြန်လည်ဆွေးနွေးပေးခဲ့ပါဦး။

Legos

(ဆံရစ်ဝိုင်းဝက်ဘ်ဆိုဒ်တွင် ဖော်ပြထားသော သတင်း၊ဆောင်းပါးများကို အခြားမည်သည့် ဝက်ဘ်ဆိုဒ်၊ Facebook စာမျက်နှာတွင်မျှ ကူးယူဖော်ပြခွင့် မပြုပါကြောင်း အသိပေးအပ်ပါသည်။)

(Zawgyi Version)

MCU Phase 4 ဟာ ယခင္က MCU နဲ႔ မတူေတာ့ဘဲ ေျပာင္းလဲမွုမ်ားစြာ ယူေဆာင္လာၿပီး အဲ့ဒီအခ်က္ေတြကိုေတာ့ WandaVision နဲ႔ Loki တို႔လို ဇာတ္လမ္းတြဲေတြကို ၾကည့္႐ုံနဲ႔တင္ သိသာေစပါတယ္။ Phase 4 ထဲမွာေတာ့ ဇာတ္ေကာင္အသစ္မ်ားစြာကို မိတ္ဆက္သြားမယ့္အျပင္ ပရိသတ္ေတြအတြက္ အံ့ဩစရာေတြမ်ားစြာ ယူေဆာင္လာေပးဦးမွာပါ။ အဲ့ဒီအံ့ဩစရာေတြထဲမွာေတာ့ ကၽြန္ေတာ္တို႔ သိထားတဲ့ ဇာတ္ေကာင္ေတြရဲ့ ေသဆုံးမွုေတြလည္း ပါဝင္ေနနိုင္ပါတယ္။ ဒါေၾကာင့္ပဲ Phase 4 ထဲမွာ ေသဆုံးသြားနိုင္တဲ့ ဇာတ္ေကာင္ေတြကို ေဖာ္ျပေပးခ်င္ပါတယ္။

(1) Bruce Banner
photo via screenrant

Phase 4 ထဲမွာေတာ့ မူလ Avengers အဖြဲ႕ဝင္ေတြဟာ မ်ိဴးဆက္သစ္ေတြကို လမ္းျပေပးသြားမယ့္အခ်က္ဟာ အဓိကပါဝင္ေနပါတယ္။ ဒါေၾကာင့္ပဲ သူတို႔ဟာ မ်ိဴးဆက္သစ္ေတြကို လမ္းျပေပးၿပီးတဲ့အခ်ိန္မွာေတာ့ အနားယူသြားနိုင္ၿပီး ဒီထက္ပိုဆိုးရင္ေတာ့ မ်ိဴးဆက္သစ္ေတြကို လမ္းျပေနရင္း အေၾကာင္းအမ်ိဴးမ်ိဴးေၾကာင့္ ေသဆုံးသြားနိုင္ပါတယ္။

Bruce Banner ဟာ အသစ္ထြက္ရွိလာမယ့္ She-Hulk ဇာတ္လမ္းတြဲထဲမွာ ပါဝင္လာဦးမွာ ျဖစ္ၿပီး အဲ့ဒီဇာတ္လမ္းရဲ့ အဆုံးမွာေတာ့ သူဟာ အနားယူသြားနိုင္သလို ကံမေကာင္းရင္ ေသဆုံးသြားနိုင္ပါတယ္။ Endgame ထဲမွာေတာ့ သူဟာ Bruce Banner ရဲ့ စိတ္နဲ႔ Hulk ရဲ့ ခႏၶာကိုယ္တို႔ကို ေပါင္းစပ္ေနထိုင္ခဲ့ေပမယ့္လည္း ဒီဇာတ္လမ္းတြဲထဲမွာေတာ့ သူဟာ Hulk အျဖစ္ ဘယ္ေတာ့မွ မေျပာင္းလဲေတာ့ေအာင္ ကုသသြားနိုင္ၿပီး အနားယူသြားနိုင္ပါေသးတယ္။

(2) Jane Foster
photo via screenrant

Thor: Love and Thunder ထဲမွာေတာ့ Jane Foster ျပန္လည္ပါဝင္လာမွာ ျဖစ္ၿပီး ဒီ႐ုပ္ရွင္ထဲမွာေတာ့ သူမဟာ Mjolnir ကို ကိုင္ေဆာင္ကာ Thor အသစ္ ျဖစ္လာမွာပါ။ ဒီ႐ုပ္ရွင္ကေတာ့ Jane Foster ဟာ Thor ျဖစ္သြားခ်ိန္မွာ ကင္ဆာေရာဂါကို ခံစားေနရတဲ့ ေကာမစ္ထဲက ဇာတ္ေၾကာင္းကို အဓိကေဖာ္ျပသြားမွာ ျဖစ္ပါတယ္။

ေကာမစ္ထဲမွာေတာ့ သူမဟာ Thor ျဖစ္သြားခ်ိန္မွာ စြမ္းအားေတြ ရရွိလာၿပီး အလြန္က်န္းမာတဲ့ လူတစ္ေယာက္ပုံစံျဖစ္လာေပမယ့္လည္း တကယ္ေတာ့ သူမရဲ့ကင္ဆာဟာ ပိုမိုဆိုးရြားလာပါတယ္။ ဒါေၾကာင့္ပဲ သူမဟာလည္း Phase 4 ထဲက ေသဆုံးသြားနိုင္တဲ့ ဇာတ္ေကာင္ေတြထဲကတစ္ေယာက္ ျဖစ္ေနတာပါ။

(3) Talos
photo via screenrant

Skrull ေတြရဲ့ ေခါင္းေဆာင္ျဖစ္တဲ့ Talos ဟာ Secret Invasion ဇာတ္လမ္းတြဲထဲမွာ ျပန္လည္ပါဝင္လာမွာ ျဖစ္ပါတယ္။ အဲ့ဒီဇာတ္လမ္းတြဲထဲမွာေတာ့ သူဟာ Nick Fury နဲ႔ ပူးေပါင္းၿပီး ကမၻာေပၚမွာ ႐ုပ္ဖ်က္ကာ ေနထိုင္ေနၾကတဲ့ Skrull ေတြအေၾကာင္းကို စုံစမ္းသြားမွာ ျဖစ္ပါတယ္။

Captain Marvel ႐ုပ္ရွင္ထဲမွာ ျပသသြားတဲ့အတိုင္းဆိုရင္ Skrull ေတြဟာ ၿငိမ္းခ်မ္းစြာ ေနထိုင္ခ်င္တဲ့ မ်ိဴးစိတ္ေတြ ျဖစ္ၿပီး ေကာမစ္ထဲမွာေတာ့ Skrull ေတြဟာ အလြန္ၾကမ္းတမ္းတဲ့ မ်ိဴးစိတ္ေတြ ျဖစ္ပါတယ္။ ဒီဇာတ္လမ္းတြဲထဲမွာေတာ့ ဆိုးသြမ္းေနတဲ့ Skrull ေတြဟာ ဗီလိန္ျဖစ္လာနိုင္ၿပီး Talos ကေတာ့ သူတို႔မ်ိဴးစိတ္ေတြအကုန္လုံးဟာ ဒီလိုဗီလိန္ေတြမဟုတ္ေၾကာင္း သက္ေသျပဖို႔ ႀကိဳးစားရင္း သူ႔ကိုယ္သူ အနစ္နာခံ ေသဆုံးသြားနိုင္ပါတယ္။

(4) Hawkeye
photo via screenrant

Clint Barton ဟာ MCU တေလၽွာက္လုံးမွာ ပါဝင္လာၿပီး အခုခ်ိန္မွာေတာ့ သူ႔ရဲ့ ဆိုလိုဇာတ္လမ္းတြဲ ထြက္ရွိလာေတာ့မွာ ျဖစ္ပါတယ္။ သူ႔ရဲ့ ဆိုလိုဇာတ္လမ္းတြဲ ဆိုေပမယ့္လည္း ဒီဇာတ္လမ္းတြဲဟာ သူ႔အေၾကာင္းထက္ Hawkeye အသစ္ ျဖစ္လာမယ့္ Kate Bishop အေၾကာင္းကို အဓိကေဖာ္ျပသြားမွာပါ။

Black Widow ႐ုပ္ရွင္ထဲမွာ ျပသြားသလိုဆိုရင္ Yelena ဟာ Clint ကို လက္စားေခ်ဖို႔ ႀကိဳးစားသြားဦးမွာ ျဖစ္ၿပီး သူမသာ လက္စားေခ်လိုက္နိုင္ရင္ေတာ့ Black Widow အသစ္နဲ႔ Hawkeye အသစ္တို႔ဟာ ရန္သူေတြ ျဖစ္သြားၾကမွာပါ။ Yelena က Clint ကို မသတ္ခဲ့ရင္ေတာင္ ဒီဇာတ္လမ္းတြဲကေတာ့ Clint ကို ေနာက္ဆုံးျမင္ရတဲ့ MCU ပေရာဂ်က္တစ္ခု ျဖစ္သြားနိုင္ေခ် ရွိပါတယ္။

(5) Ajak
photo via screenrant

သူမကေတာ့ Eternals ႐ုပ္ရွင္ထဲမွာ စတင္ပါဝင္လာမွာ ျဖစ္တာေၾကာင့္ ပရိသတ္ေတြဟာ သူမအေၾကာင္းကို သိပ္ၿပီးေတာ့ မသိေသးပါဘူး။ ဒီ႐ုပ္ရွင္ထဲမွာ‌ေတာ့ သူမဟာ Eternal ေတြရဲ့ ေခါင္းေဆာင္အျဖစ္ ပါဝင္လာျဖစ္ၿပီး အဲ့ဒီအခ်က္ေၾကာင့္ပဲ သူမဟာ ေသဆုံးသြားနိုင္တာပါ။ ဒီ႐ုပ္ရွင္ထဲမွာ ျမင္ေတြ႕ရမယ့္ အခက္အခဲေတြကို Eternal ေတြဟာ ရင္ဆိုင္ေနရင္းနဲ႔ Ajak ဟာ သူမရဲ့ အဖြဲ႕ကို ကယ္တင္ဖို႔ ေခါင္းေဆာင္ပီပီ စြန႔္လႊတ္အနစ္နာခံသြားနိုင္ပါတယ္။

(6) Spider-Man
photo via screenrant

No Way Home ႐ုပ္ရွင္နဲ႔ ပတ္သက္ၿပီး ထြက္ေပၚေနတဲ့ ေကာလာဟလေတြထဲက တစ္ခုကေတာ့ ဒီ႐ုပ္ရွင္ဟာ Tom Holland ရဲ့ Spider-Man ကို ေနာက္ဆုံးျမင္ေတြ႕ရမယ့္ ႐ုပ္ရွင္လည္း ျဖစ္ေနနိုင္တယ္ ဆိုတာပါပဲ။ ပရိသတ္ေတြဟာ Sony နဲ႔ MCU ရဲ့ Universe ႏွစ္ခုကို Crossover အေနနဲ႔ ျဖစ္လာမယ့္ Spider-Verse ကိုလည္း ျမင္ေတြ႕ခ်င္ေနၾကပါတယ္။

အဲဒီလို Spider-Verse ျဖစ္ေပၚလာဖို႔အတြက္ Tom Holland ရဲ့ Spider-Man က ေသဆုံးသြားမွာလည္း ျဖစ္နိုင္ပါတယ္။ ေနာက္ထပ္ ျဖစ္နိုင္ေခ်တစ္ခုကေတာ့ ဒီ႐ုပ္ရွင္ထဲမွာ Tobey Maguire ပါဝင္လာမယ္ ဆိုရင္ေတာ့ Tobey ရဲ့ Spider-Man ဟာ Tom ရဲ့ Spider-Man ကို ကယ္တင္ဖို႔အတြက္ ေသဆုံးသြားတာလည္း ျဖစ္နိုင္ပါတယ္။

(7) Guardians of the Galaxy
photo via screenrant

Guardians of the Galaxy Vol. 3 ဟာ ဒီအဖြဲ႕ရဲ့ ေနာက္ဆုံး႐ုပ္ရွင္ ျဖစ္လာမယ္လို႔ ဒါရိုက္တာ James Gunn ကိုယ္တိုင္က အတည္ျပဳထားပါတယ္။ ဒါ့အျပင္ James Gunn ရိုက္ကူးထားတဲ့ The Suicide Squad ႐ုပ္ရွင္ကို ၾကည့္ျခင္းအားျဖင့္ သူဟာ ဇာတ္ေကာင္ေတြကို သတ္ပစ္ဖို႔ ဝန္မေလးဘူးဆိုတာ သိသာေစပါတယ္။

ဒါေၾကာင့္ပဲ GOTG 3 ထဲမွာလည္း အနည္းဆုံး ဇာတ္ေကာင္တစ္ေယာက္ေလာက္ေတာ့ ေသဆုံးသြားနိုင္ပါတယ္။ ေသဆုံးသြားနိုင္တဲ့ ဇာတ္ေကာင္ေတြကေတာ့ တစ္ဖြဲ႕လုံး ျဖစ္နိုင္ေပမယ့္လည္း Rocket နဲ႔ Drax တို႔ကေတာ့ ေသဆုံးနိုင္ေခ် အမ်ားဆုံးပဲ ျဖစ္ပါတယ္။

(8) Wanda
photo via screenrant

Wanda ကေတာ့ ဝမ္းနည္းစရာ အျဖစ္အပ်က္ေတြမ်ားစြာကို ၾကဳံေတြ႕ခဲ့ရတဲ့ ဇာတ္ေကာင္တစ္ေယာက္ ျဖစ္ၿပီး အဲ့ဒီအခ်က္ေတြေၾကာင့္ပဲ WandaVision ဇာတ္လမ္းတြဲ ျဖစ္ေပၚလာတာပါ။ သူမဟာ Doctor Strange in the Multiverse of Madness ထဲမွာ ပါဝင္လာဦးမွာ ျဖစ္ၿပီး ဗီလိန္အျဖစ္ ပါဝင္လာနိုင္ေခ် မ်ားပါတယ္။

ဒါေၾကာင့္ပဲ Doctor Strange ဟာ ကမၻာႀကီးကို ကယ္တင္ဖို႔ ေရြးခ်ယ္စရာ မရွိေတာ့ဘဲ Wanda ကို သတ္ပစ္လိုက္ရတာမ်ိဴး ျဖစ္သြားနိုင္ပါတယ္။ ဒါေပမယ့္လည္း Wanda ဟာ အခုမွ Scarlet Witch စတင္ ျဖစ္သြားတာေၾကာင့္ သူမရဲ့ဇာတ္လမ္းဟာ အခုမွအစပဲ ရွိပါေသးတယ္။ ဒါေၾကာင့္လည္း သူမဟာ ဒီစာရင္းထဲက တျခားဇာတ္ေကာင္ေတြထက္ေတာ့ ေသဆုံးသြားဖို႔ ရာခိုင္ႏွုန္း နည္းပါးပါတယ္။

ဒါကေတာ့ MCU Phase 4 မွာ ေသဆုံးသြားနိုင္တဲ့ ဇာတ္ေကာင္ေတြကို ခန႔္မွန္းထားတာ ျဖစ္ပါတယ္။ စာဖတ္သူတို႔ရဲ့ ထင္ျမင္ခ်က္ကိုလည္း ျပန္လည္ေဆြးေႏြးေပးခဲ့ပါဦး။

Legos

(ဆံရစ္ဝိုင္းဝက္ဘ္ဆိုဒ္တြင္ ေဖာ္ျပထားေသာ သတင္း၊ေဆာင္းပါးမ်ားကို အျခားမည္သည့္ ဝက္ဘ္ဆိုဒ္၊ Facebook စာမ်က္ႏွာတြင္မွ် ကူးယူေဖာ္ျပခြင့္ မျပဳပါေၾကာင္း အသိေပးအပ္ပါသည္။)

RELATED ARTICLES

Most Popular