HomeEntertainmentFilmMarvel ဒါရိုက်တာတွေဟာ MCU ရုပ်ရှင်တွေကို တကယ်မရိုက်ရပါဘူးဆိုတဲ့ Victoria Alonso

Marvel ဒါရိုက်တာတွေဟာ MCU ရုပ်ရှင်တွေကို တကယ်မရိုက်ရပါဘူးဆိုတဲ့ Victoria Alonso

Marvel ရုပ်ရှင်ဒါရိုက်တာတွေဟာ MCU ရုပ်ရှင်တွေကို တကယ်ရိုက်ရတာ မဟုတ်ဘဲ Marvel Studios ကပဲ ဒီရုပ်ရှင်တွေကို ရိုက်တာပါလို့ Marvel Studios ရဲ့ Executive ဟောင်းဖြစ်တဲ့ Victoria Alonso က ပြောလိုက်ပါတယ်။ Marvel Studios ကတော့ ရုပ်ရှင်တွေရဲ့ ဖန်တီးမှုအပိုင်းမှာ အလွန်ထိန်းချုပ်ထားပြီး ဒါရိုက်တာတွေကိုလည်း Creative Control သိပ်မပေးဘူးဆိုတဲ့ ဝေဖန်မှုတွေနဲ့ ရင်ဆိုင်နေရတာ အချိန်အတော်ကြာနေပါပြီ။

Marvel Executive ဟောင်းဖြစ်သူ Victoria Alonso ဟာ ဒါရိုက်တာတွေအနေနဲ့ MCU ရုပ်ရှင်အချို့မှာ ဒီရုပ်ရှင်တွေကို ရိုက်ကူးတယ်လို့ နာမည်မခံသင့်ကြောင်း ပြောပါတယ်။ တကယ်တမ်းမှာ အဲဒီရုပ်ရှင်တွေကို ဒါရိုက်တာတွေက ရိုက်ကူးရတာ မဟုတ်ဘဲ Marvel Studios ကပဲ ရိုက်ကူးသွားတာပါလို့ ဒါရိုက်တာတစ်ယောက်ကို ပြောပြခဲ့ဖူးတယ်လို့ ဟောလိဝုဒ်ရဲ့ နာမည်ကြီးသတင်းထောက် ဖြစ်တဲ့ Chris Lee က ဆိုပါတယ်။

photo credit Marvel Studios

Victoria Alonso ဟာ “ဒီရုပ်ရှင်ကို သူတို့ရိုက်ခဲ့တာ မဟုတ်ဘူး… ငါတို့ပဲ ရိုက်ခဲ့တာ…” ဆိုပြီး ပြောခဲ့တယ်လို့ Chris Lee က ဆိုပါတယ်။ Chris Lee ရဲ့ စကားအပြည့်အစုံကတော့….။

“Victoria Alonso အထုတ်ခံရတဲ့အချိန်လောက်မှာ ကျွန်တော်က Marvel ရုပ်ရှင်ကားကို ရိုက်ခဲ့ဖူးတဲ့ နာမည်ကြီး ဒါရိုက်တာတစ်ယောက်နဲ့ မက်ဆေ့ချ်မှာ ပြောနေတာဗျ။ အဲဒီမှာ သူမက ကျွန်တော့်ကို ဒီအကြောင်း ပြောပြသွားတာပဲ။ အဲဒါက victoria alonso ကိုယ်တိုင် သူမကိုပြောပြတဲ့ တခြားဒါရိုက်တာတစ်ယောက်ရဲ့အကြောင်းပေါ့။

အဲဒီဒါရိုက်တာကတော့ marvel ရဲ့ နာမည်အကြီးဆုံး ရုပ်ရှင်ကားကို ရိုက်ခဲ့တဲ့သူလို့ ပြောတယ်။ victoria ပြောတာက … အဲဒီရုပ်ရှင်ကို သူတို့ရိုက်ခဲ့တာ မဟုတ်ဘူး… ငါတို့ပဲ ရိုက်ခဲ့တာတဲ့လေ။ အဲတော့ဗျာ ဒါရိုက်တာတွေက သူတို့ရိုက်တဲ့ ရုပ်ရှင်အပေါ် Creative Control မရှိဘဲ Marvel ကပဲ အကုန်ထိန်းချုပ်ထားသလို ဖြစ်နေတာပေါ့ …”

photo credit Marvel Studios

MCU ဟာ Phase 3 အပြီး အသစ်ထွက်ရှိလာတဲ့ Phase 4 နဲ့ 5 တို့မှာတော့ ပရောဂျက်အများစုဟာ ဇာတ်ညွှန်းပိုင်းမှာရော VFX မှာပါ အရည်အသွေး ကျဆင်းလာတာ တွေ့ရပါတယ်။ Victoria Alonso ကတော့ MCU ပရောဂျက်တွေမှာ ကြုံတွေ့နေရတဲ့ VFX ပြဿနာတွေရဲ့ အဓိကရင်းမြစ် ဖြစ်တယ်လို့ဆိုပြီး သူမအလုပ်ထုတ်ခံခဲ့ရတဲ့ကိစ္စမှာ ဒီအကြောင်းရင်းလည်း ပါဝင်နေတယ်လို့ သိရပါတယ်။ Victoria Alonso ပြောသလိုပဲ MCU ဒါရိုက်တာတွေမှာ တကယ်ပဲ Creative Control မရှိဘူးဆိုရင်တော့ သိပ်မကြာခင်မှာပဲ ဒီကိစ္စနဲ့ ပတ်သက်ပြီး နောက်ဆက်တွဲသတင်းတွေ ထပ်မံထွက်ပေါ်လာဦးမယ်လို့ ယူဆရပါတယ်။

Legos

Source: Screenrant

RELATED ARTICLES

Most Popular