HomeEntertainmentFilmMCU ရဲ့ Rotten Tomatoes Rating အနည်းဆုံး ဖြစ်လာတဲ့ Eternals ရုပ်ရှင်

MCU ရဲ့ Rotten Tomatoes Rating အနည်းဆုံး ဖြစ်လာတဲ့ Eternals ရုပ်ရှင်

ေအာက္တြင္ ေဇာ္ဂ်ီျဖင့္ ဖတ္ပါ။

Marvel Cinematic Universe ရဲ့ ရုပ်ရှင်အသစ် Eternals ကတော့ အခုလက်ရှိ ကနဦး သုံးသပ်ချက်တွေမှာ Rotten Tomatoes Rating တွေ ထိုးကျနေပြီး ခရမ်းချဉ်သီးပုတ် ဖြစ်နေပါပြီ။

ဒီရုပ်ရှင်ကိုတော့ ဒါရိုက်တာ Chloe Zhao က ရိုက်ကူးထားတာ ဖြစ်ပြီး ဇာတ်ညွှန်းရေးဆရာအနေနဲ့လည်း ပါဝင်ထားပါသေးတယ်။ ဒါရိုက်တာ Chloe Zhao ဟာ ဟောလိဝုဒ်ရုပ်ရှင်လောကမှာ အော်စကာရရှိခဲ့တဲ့ ပထမဆုံး အာရှအမျိူးသမီး ဒါရိုက်တာတစ်ယောက်လည်း ဖြစ်ပါတယ်။

photo via screenrant

ဒီရုပ်ရှင်ရဲ့ ဇာတ်လမ်းအကျဉ်းကတော့ ကမ္ဘာပေါ်မှာ နှစ်ထောင်နဲ့ချီပြီး နေထိုင်နေကြတဲ့ မသေမျိူးတွေအကြောင်း ဖြစ်ပြီး သူတို့တွေဟာ လူသားတွေရဲ့ အောင်မြင်မှုတွေနဲ့ ကျဆုံးမှုတွေကို မြင်တွေ့ခဲ့ကြပါတယ်။ သူတို့တွေဟာ လူသားတွေရဲ့ အရေးကိစ္စတွေမှာ ဝင်ရောက် မစွက်ဖက်ဖို့အတွက် သစ္စာဆိုထားကြပြီး ယခုချိန်မှာတော့ သူတို့တွေ မဖြစ်မနေ ရင်ဆိုင်ရမယ့် အန္တရာယ်တွေဟာ ကမ္ဘာပေါ်ကို ကျရောက်လာပါတော့တယ်။ ဒါတင်မကသေးဘဲ Angelina Jolie ၊ Richard Madden ၊ Kit Harington နဲ့ Gemma Chan တို့လို နာမည်ကြီး သရုပ်ဆောင်တွေများစွာ ပါဝင်ထားပါတယ်။

နာမည်ကြီး ရုပ်ရှင်အညွှန်း ဝဘ်ဆိုဒ်တစ်ခုဖြစ်တဲ့ Rotten Tomatoes မှာတော့ Eternals ရုပ်ရှင်ဟာ လက်ရှိအချိန်ထိ 56% ပဲ ရရှိထားပြီး ခရမ်းချဉ်သီးပုတ်အဆင့်ကို ရောက်ရှိနေပြီ ဖြစ်ပါတယ်။ Review ပေးထားသူတွေကတော့ (၁၅၈)ယောက် ရှိပြီး ခရမ်းချဉ်သီး မပုတ်ဖို့ဆိုရင် အနည်းဆုံး 60% လိုအပ်ပါတယ်။ အရင်က ထွက်ရှိခဲ့တဲ့ MCU ရဲ့ ရုပ်ရှင် (၂၅)ကားလုံးမှာတော့ ဒီရုပ်ရှင်လောက် Rating နည်းတာမျိူး မရှိသေးတာကြောင့် အခုချိန်မှာတော့ Eternals ဟာ MCU ရဲ့ Rotten Tomatoes Rating အနည်းဆုံး ဖြစ်နေပါတယ်။

photo via screenrant

Eternals ရုပ်ရှင်ဟာ ပြီးခဲ့တဲ့ အပတ်ကတည်းက Rotten Tomatoes မှာ Rating တွေ တဖြည်းဖြည်း ကျဆင်းနေတာ ဖြစ်ပြီး ဒီရုပ်ရှင် မတိုင်ခင်က Rating အနည်းဆုံးကတော့ Thor: The Dark World ပဲ ဖြစ်ပြီး 66% ရရှိထားပါတယ်။

ဒီ Rating တွေဟာ အထူးပွဲမှာ ကြည့်ရှုခဲ့တဲ့ ရုပ်ရှင်ဝေဖန် အကဲဖြတ်သူတွေရဲ့ Review တွေ ဖြစ်ပြီး ရုံတင်လာတဲ့အချိန်မှာ ပရိသတ်တွေ ပေးလို့ရတဲ့ Review တွေလည်း သပ်သပ်ရှိပါသေးတယ်။ ဒီရုပ်ရှင်ဟာ နာမည်ကြီး သရုပ်ဆောင်တွေနဲ့ အော်စကာဆုရ ဒါရိုက်တာ ရိုက်ကူးထားတာကြောင့် ပရိသတ်တွေ ပေးမယ့် Rating မှာတော့ အခုလောက်ထိ မဆိုးရွားသွားနိုင်ဘူးလို့ ထင်ရပါတယ်။

Legos

Source: Screenrant

(Zawgyi Version)

Marvel Cinematic Universe ရဲ့ ႐ုပ္ရွင္အသစ္ Eternals ကေတာ့ အခုလက္ရွိ ကနဦး သုံးသပ္ခ်က္ေတြမွာ Rotten Tomatoes Rating ေတြ ထိုးက်ေနၿပီး ခရမ္းခ်ဥ္သီးပုတ္ ျဖစ္ေနပါၿပီ။

ဒီ႐ုပ္ရွင္ကိုေတာ့ ဒါရိုက္တာ Chloe Zhao က ရိုက္ကူးထားတာ ျဖစ္ၿပီး ဇာတ္ညႊန္းေရးဆရာအေနနဲ႔လည္း ပါဝင္ထားပါေသးတယ္။ ဒါရိုက္တာ Chloe Zhao ဟာ ေဟာလိဝုဒ္႐ုပ္ရွင္ေလာကမွာ ေအာ္စကာရရွိခဲ့တဲ့ ပထမဆုံး အာရွအမ်ိဴးသမီး ဒါရိုက္တာတစ္ေယာက္လည္း ျဖစ္ပါတယ္။

photo via screenrant

ဒီ႐ုပ္ရွင္ရဲ့ ဇာတ္လမ္းအက်ဥ္းကေတာ့ ကမၻာေပၚမွာ ႏွစ္ေထာင္နဲ႔ခ်ီၿပီး ေနထိုင္ေနၾကတဲ့ မေသမ်ိဴးေတြအေၾကာင္း ျဖစ္ၿပီး သူတို႔ေတြဟာ လူသားေတြရဲ့ ေအာင္ျမင္မွုေတြနဲ႔ က်ဆုံးမွုေတြကို ျမင္ေတြ႕ခဲ့ၾကပါတယ္။ သူတို႔ေတြဟာ လူသားေတြရဲ့ အေရးကိစၥေတြမွာ ဝင္ေရာက္ မစြက္ဖက္ဖို႔အတြက္ သစၥာဆိုထားၾကၿပီး ယခုခ်ိန္မွာေတာ့ သူတို႔ေတြ မျဖစ္မေန ရင္ဆိုင္ရမယ့္ အႏၲရာယ္ေတြဟာ ကမၻာေပၚကို က်ေရာက္လာပါေတာ့တယ္။ ဒါတင္မကေသးဘဲ Angelina Jolie ၊ Richard Madden ၊ Kit Harington နဲ႔ Gemma Chan တို႔လို နာမည္ႀကီး သ႐ုပ္ေဆာင္ေတြမ်ားစြာ ပါဝင္ထားပါတယ္။

နာမည္ႀကီး ႐ုပ္ရွင္အညႊန္း ဝဘ္ဆိုဒ္တစ္ခုျဖစ္တဲ့ Rotten Tomatoes မွာေတာ့ Eternals ႐ုပ္ရွင္ဟာ လက္ရွိအခ်ိန္ထိ 56% ပဲ ရရွိထားၿပီး ခရမ္းခ်ဥ္သီးပုတ္အဆင့္ကို ေရာက္ရွိေနၿပီ ျဖစ္ပါတယ္။ Review ေပးထားသူေတြကေတာ့ (၁၅၈)ေယာက္ ရွိၿပီး ခရမ္းခ်ဥ္သီး မပုတ္ဖို႔ဆိုရင္ အနည္းဆုံး 60% လိုအပ္ပါတယ္။ အရင္က ထြက္ရွိခဲ့တဲ့ MCU ရဲ့ ႐ုပ္ရွင္ (၂၅)ကားလုံးမွာေတာ့ ဒီ႐ုပ္ရွင္ေလာက္ Rating နည္းတာမ်ိဴး မရွိေသးတာေၾကာင့္ အခုခ်ိန္မွာေတာ့ Eternals ဟာ MCU ရဲ့ Rotten Tomatoes Rating အနည္းဆုံး ျဖစ္ေနပါတယ္။

photo via screenrant

Eternals ႐ုပ္ရွင္ဟာ ၿပီးခဲ့တဲ့ အပတ္ကတည္းက Rotten Tomatoes မွာ Rating ေတြ တျဖည္းျဖည္း က်ဆင္းေနတာ ျဖစ္ၿပီး ဒီ႐ုပ္ရွင္ မတိုင္ခင္က Rating အနည္းဆုံးကေတာ့ Thor: The Dark World ပဲ ျဖစ္ၿပီး 66% ရရွိထားပါတယ္။

ဒီ Rating ေတြဟာ အထူးပြဲမွာ ၾကည့္ရွုခဲ့တဲ့ ႐ုပ္ရွင္ေဝဖန္ အကဲျဖတ္သူေတြရဲ့ Review ေတြ ျဖစ္ၿပီး ႐ုံတင္လာတဲ့အခ်ိန္မွာ ပရိသတ္ေတြ ေပးလို႔ရတဲ့ Review ေတြလည္း သပ္သပ္ရွိပါေသးတယ္။ ဒီ႐ုပ္ရွင္ဟာ နာမည္ႀကီး သ႐ုပ္ေဆာင္ေတြနဲ႔ ေအာ္စကာဆုရ ဒါရိုက္တာ ရိုက္ကူးထားတာေၾကာင့္ ပရိသတ္ေတြ ေပးမယ့္ Rating မွာေတာ့ အခုေလာက္ထိ မဆိုးရြားသြားနိုင္ဘူးလို႔ ထင္ရပါတယ္။

Legos

Source: Screenrant

RELATED ARTICLES

Most Popular