HomeEntertainmentFilmVampire တွေဟာ MCU ရဲ့ အနာဂတ် ဗီလိန်တွေ ဖြစ်လာတော့မှာလား ???

Vampire တွေဟာ MCU ရဲ့ အနာဂတ် ဗီလိန်တွေ ဖြစ်လာတော့မှာလား ???

MCU ရဲ့ အနာဂတ်မှာတော့ Vampire တွေဟာ ပရိသတ်တွေ ထင်ထားတာထက် ပိုပြီးအရေးကြီးတဲ့ အခန်းကဏ္ဍမှာ ပါဝင်လာနိုင်ပါတယ်။ အကြောင်းကတော့ ယခုအချိန်မှာ MCU ဟာ Vampire Hunter ဖြစ်လာနိုင်တဲ့ ဇာတ်ကောင်သုံးယောက်ကို မိတ်ဆက်ထားလို့ပဲ ဖြစ်ပါတယ်။

Doctor Strange 2 ဟာ Horror ဆန်ဆန် မြင်တွေ့ရမယ်လို့ သိရပြီး Kevin Feige ရဲ့ ပြောစကားအရ Blade ဇာတ်ကောင်ဟာ Doctor Strange နဲ့ တိုက်ရိုက် ချိတ်ဆက်သွားမယ်လို့ သိရပါတယ်။ ဒါတင်မကသေးဘဲ Moon Knight ဇာတ်လမ်းတွဲကလည်း မတ်လမှာ စတင်ထုတ်လွှင့်သွားမှာ ဖြစ်ပါတယ်။

Eternals ရုပ်ရှင်ရဲ့ Credit Scene ထဲမှာလည်း Dane Whitman ဟာ Ebony Blade ကို အသုံးပြုတော့မယ့်ပုံစံ ပြသသွားပြီး အဲ့ဒီဇာတ်ဝင်ခန်းမှာပဲ Blade ရဲ့ အသံလည်း ပါဝင်ထားပါတယ်။ Blade ကတော့ Vampire Hunter ပဲ ဖြစ်ပြီး ကျန်တဲ့ ဇာတ်ကောင်နှစ်ယောက်ကလည်း Vampire Hunter တွေ ဖြစ်လာနိုင်ပါသေးတယ်။ ဒါကြောင့် Vampire တွေဟာ MCU ရဲ့ အနာဂတ်မှာ အရေးပါတဲ့ ဗီလိန်အနေနဲ့ ဘာကြောင့် ပါဝင်လာနိုင်တယ်ဆိုတာ အောက်မှာ ဆက်လက် ဖတ်ရှုနိုင်ပါတယ်။

MCU ထဲမှာ Vampire တွေ ရှိနေပါတယ်။
photo via screenrant

MCU ရုပ်ရှင်တွေထဲမှာ Vampire တွေကို တစ်ခါမှ မမြင်ရသေးပေမယ့်လည်း သူတို့တွေ တည်ရှိနေတဲ့ အကြောင်းကိုတော့ အတည်ပြုပြီးသား ဖြစ်ပါတယ်။ Thor: Ragnarok ထဲမှာတော့ Korg ဟာ Thor ကို ခရင်းခွပုံစံ လက်နက်တစ်ခု ပေးဖို့ ပြုလုပ်ခဲ့ပြီး “တစ်ယောက်နဲ့ တစ်ယောက် ဖက်ထားတဲ့ Vampire တွေကို တိုက်ခိုက်ရတာ မဟုတ်ရင်တော့ ဒီလက်နက်က သိပ်အသုံးမဝင်ဘူး … ” လို့ ပြောခဲ့ပါတယ်။

Loki ဇာတ်လမ်းတွဲရဲ့ အပိုင်း(၄)ထဲမှာလည်း Mobius ဟာ ” ငါတို့တွေက Kree တွေ၊ Titan တွေနဲ့ Vampire တွေကိုတောင် ဖမ်းခဲ့ဖူးတာပဲ။ ဘာလို့ မိဘမဲ့ Demigod လေးနှစ်ယောက်ကျမှ ဒီလောက် ဒုက္ခရောက်နေတာလဲ … ” ဆိုပြီး ပြောခဲ့ပါသေးတယ်။

Eternals ရုပ်ရှင်ရဲ့ Credit Scene မှာဆိုရင်တော့ Mahershala Ali သရုပ်ဆောင်ထားတဲ့ Blade ဇာတ်ကောင်ရဲ့ အသံကို ကြားခဲ့ရပါတယ်။ Blade ကတော့ Vampire Hunter တစ်ယောက် ဖြစ်ပြီး Eternals ရုပ်ရှင်ထဲမှာ ပထမဆုံး ပါဝင်လာတယ်လို့ ပြောလို့ရပါတယ်။ ဒီ Credit Scene မှာ ရုပ်မမြင်ရဘဲ အသံပဲ ပါဝင်ခဲ့ရတဲ့ အကြောင်းကတော့ ဒီဇာတ်ဝင်ခန်းကို ရိုက်ကူးတဲ့အချိန်မှာ Marvel စတူဒီယိုဟာ Blade ဇာတ်ကောင်ရဲ့ ဝတ်စုံကို ဒီဇိုင်းဆွဲလို့ မပြီးသေးတာကြောင့်လို့ သိရပါတယ်။

MCU က မိတ်ဆက်ထားတဲ့ Vampire Hunter သုံးယောက်
photo via screenrant

ပထမဆုံးတစ်ယောက်ကတော့ အားလုံးသိကြတဲ့ Blade ပဲ ဖြစ်ပါတယ်။ သူကတော့ သူကိုယ်တိုင်က Vampire တစ်ပိုင်း လူတစ်ပိုင်း ဖြစ်နေပြီး Vampire တွေကို လိုက်လံသုတ်သင်နေသူ ဖြစ်ပါတယ်။

ဒုတိယတစ်ယောက်ကတော့ Eternals ရုပ်ရှင်ထဲက Dane Whitman ပဲ ဖြစ်ပါတယ်။ Credit Scene ထဲမှာ မြင်တွေ့ခဲ့ရသလိုဆိုရင် သူဟာ Vampire Hunter စစ်စစ်ကြီး မဟုတ်တောင် Blade နဲ့ ဆက်နွယ်မှုတွေ ရှိနေတာကြောင့် Dane ဟာလည်း Vampire တွေနဲ့ ရင်ဆိုင်ရနိုင်ပါတယ်။

အင်္ဂလန်ရဲ့ ဒဏ္ဍာရီထဲမှာလည်း Vampire တွေနဲ့ ပတ်သက်တဲ့ အချက်တွေ ရှိနေပြီး ကောမစ်ထဲမှာဆိုရင်လည်း Ebony Blade ကို ဖန်တီးခဲ့တဲ့ Merlin ကိုယ်တိုင်နဲ့ King Arthur တို့ဟာလည်း Vampire တွေနဲ့ ဆက်နွယ်ခဲ့ဖူးပါတယ်။

Image via reddit

တတိယမြောက်ဖြစ်တဲ့ Moon Knight ကတော့ အီဂျစ် လနတ်ဘုရား Khonshu ဆီက စွမ်းအားတွေ ရရှိလာသူ ဖြစ်ပါတယ်။ Khonshu ကတော့ သူ့ကိုယ်သူ ညအချိန်မှာ သွားလာသူတွေရဲ့ ကာကွယ်စောင့်ရှောက်သူလို့ သတ်မှတ်ထားပြီး သူဟာ ကောမစ်ထဲမှာဆိုရင်တော့ ညအချိန်မှာ အမဲလိုက်တတ်တဲ့ Vampire တွေကို မနှစ်သက်ပါဘူး။

ဒါကြောင့်လည်း သူဟာ Vampire တွေကို အမဲလိုက်ပြီး သတ်ပစ်ဖို့ သူ့ရဲ့အစေခံတွေကို ခိုင်းစေခဲ့ဖူးပါတယ်။ ဒီအချက်တွေကြောင့်ပဲ MCU ရဲ့ အနာဂတ်မှာတော့ Moon Knight ဟာ Khonshu ရဲ့ အမိန့်အရ Vampire တွေကို သတ်ပစ်ရနိုင်သလို အပြစ်မဲ့တဲ့ Vampire တွေကို ကာကွယ်ဖို့အတွက်လည်း Khonshu ကို အာခံတာမျိူး မြင်တွေ့ရနိုင်ချေ ရှိပါတယ်။

Vampire တွေကို အာရုံစိုက်လာတဲ့ Marvel
photo via screenrant

ယခုဆိုရင်တော့ Sony ဟာ Marvel ဇာတ်ကောင်တစ်ယောက် ဖြစ်တဲ့ Morbius ကိုလည်း ဆိုလိုရုပ်ရှင် ဖန်တီးထားပြီး ယခုနှစ်ထဲမှာပဲ ရုံတင်သွားဖို့ စီစဉ်ထားပါတယ်။ Morbius ကတော့ ရှားပါးတဲ့ သွေးရောဂါကို ခံစားနေရတဲ့ သိပ္ပံပညာရှင်တစ်ယောက် ဖြစ်ပြီး သူ့အတွက် ဖြေဆေးရှာဖွေရင်း မတော်တဆ Vampire တစ်ယောက်လို ဖြစ်သွားပါတယ်။

ဒါကြောင့်ပဲ ဒီရုပ်ရှင်ထဲမှာတော့ Vampire နဲ့ ပတ်သက်တဲ့ အချက်တွေကို မြင်တွေ့ရနိုင်ပြီး တခြား Vampire တွေကိုလည်း မြင်တွေ့ရနိုင်ပါတယ်။ နောက်ထပ်တစ်ချက်ကတော့ Marvel ဟာ Werewolf By Night ဆိုတဲ့ ပရောဂျက်ကိုလည်း ဖန်တီးသွားမယ်လို့ အတည်ပြုထားတာပဲ ဖြစ်ပါတယ်။

photo via screenrant

လူတိုင်းသိကြတဲ့အတိုင်း Werewolf နဲ့ Vampire ဆိုတာ များသောအားဖြင့် ဆက်စပ်နေလေ့ရှိပြီး ကောမစ်ထဲမှာလည်း Vampire တွေဟာ အရေးပါတဲ့ နေရာက ပါဝင်နေတာကြောင့် အဲ့ဒီပရောဂျက်ထဲမှာလည်း ပါဝင်လာနိုင်ချေ မြင့်မားနေပါတယ်။

ကျွန်တော်တို့တွေက Vampire ရုပ်ရှင်တွေကို များစွာ ကြည့်ဖူးကြပေမယ့်လည်း Marvel က Horror ဆန်ဆန် ဖန်တီးထားတဲ့ ပရောဂျက်တွေကို မမြင်ဖူးသေးတာကြောင့် Vampire တွေနဲ့ Werewolf တွေကို Marvel က ဘယ်လိုပုံဖော်သွားမလည်းဆိုတာ စိတ်ဝင်စားစရာပဲ ဖြစ်ပါတယ်။

Vampire တွေကို Phase 4 ထဲမှာ Set up လုပ်ရုံပဲ လုပ်ထားတာ ဖြစ်နိုင်ပေမယ့် အပေါ်မှာ ဖော်ပြထားတဲ့ အချက်တွေ အားလုံးကြောင့် MCU ရဲ့ အနာဂတ်မှာ Vampire တွေဟာ အရေးပါတဲ့ နေရာက ပါဝင်လာနိုင်တယ်လို့ ယူဆရပါတယ်။

Legos

(ဆံရစ်ဝိုင်းဝက်ဘ်ဆိုဒ်တွင် ဖော်ပြထားသော သတင်း၊ဆောင်းပါးများကို အခြားမည်သည့် ဝက်ဘ်ဆိုဒ်၊ Facebook စာမျက်နှာတွင်မျှ ကူးယူဖော်ပြခွင့် မပြုပါကြောင်း အသိပေးအပ်ပါသည်။)

RELATED ARTICLES

Most Popular