HomeCharacterMCU ရဲ့ Guardian of the Multiverse ဖြစ်လာနိုင်ချေရှိတဲ့ Man-Thing

MCU ရဲ့ Guardian of the Multiverse ဖြစ်လာနိုင်ချေရှိတဲ့ Man-Thing

မကြာသေးခင်က ပြုလုပ်ခဲ့တဲ့ D23 ပွဲမှာတော့ Marvel ဟာ Werewolf By Night ရဲ့ထွေလာကို ပြသခဲ့ပါတယ်။ ဒီထွေလာထဲမှာတော့ ဇာတ်ကောင်အသစ် ဖြစ်တဲ့ Man-Thing ကိုလည်း တွေ့ခဲ့ရပါတယ်။ Man-Thing ဟာ Marvel ကောမစ်ထဲက အထူးအဆန်း ဇာတ်ကောင်တွေထဲမှာ ပါဝင်ပြီး ၁၉၇၁ ခုနှစ်မှာ Stan Lee ၊ Roy Thomas ၊ Garry Conway နဲ့ Gray Morrow တို့က ပူးပေါင်းဖန်တီးခဲ့တာ ဖြစ်ပါတယ်။ ကောမစ်ထဲမှာတော့ Man-Thing ဟာ Guardian of the Nexus of All Realities ဖြစ်ပါတယ်။

Nexus of All Realities ကတော့ Reality တွေအားလုံးကို ဆက်သွယ်ထားတဲ့ တံခါးပေါက်တစ်ခု ဖြစ်ပြီး Man-Thing ကတော့ အဲဒီတံခါးပေါက်ရဲ့ စောင့်ရှောက်သူ ဖြစ်ပါတယ်။ Marvel ကတော့ Man-Thing ဟာ MCU ထဲမှာ အစောပိုင်းတည်းက တည်ရှိနေကြောင်း Easter Egg တွေနဲ့ ဖော်ပြခဲ့တာ ရှိပါတယ်။ ယခုအချိန်မှာတော့ Man-Thing ကို မြင်တွေ့ရတော့မှာ ဖြစ်တာကြောင့် MCU ထဲမှာလည်း Nexus of All Realities လည်း တည်ရှိနေနိုင်ပါတယ်။

photo via screenrant

Man-Thing ဟာ မူလတုန်းက သာမန်လူသားတစ်ယောက် ဖြစ်ပြီး SO-2 ဆိုတဲ့ Super-Soldier Serum တစ်ခုကြောင့် ယခုလိုပြောင်းလဲသွားတာ ဖြစ်ပါတယ်။ Man-Thing ရဲ့ လူသားဘဝတုန်းက အမည်ကတော့ Dr. Theodore “Ted” Sallis ပဲ ဖြစ်ပြီး သူဟာ SO-2 ကို အလုပ်ဖြစ်အောင် Devil နဲ့ အပေးအယူလုပ်ခဲ့ပါတယ်။

တစ်ရက်မှာတော့ Dr. Sallis ဟာ အဲဒီ Serum ကို မကောင်းတဲ့လူတွေ လက်ထဲမရောက်သွားအောင် ကာကွယ်ဖို့အတွက် သူ့ကိုယ်သူ ထိုးသွင်းခဲ့ပါတယ်။ အဲဒီနောက်မှာတော့ သူဟာ ကားမှောက်သွားပြီး ရွှံ့နွံကန်ကြီးထဲကို ကျသွားပါတယ်။ အဲဒီအချိန်မှာတော့ Devil နဲ့ အပေးအယူလုပ်ထားတဲ့ သူ့ရဲ့သွေးတွေနဲ့ ရွှံ့နွံတွေ ပေါင်းစပ်သွားပြီး SO-2 ရဲ့ သက်ရောက်မှုတွေအားလုံး ပေါင်းစပ်ကာ Man-Thing အဖြစ် ပြောင်းလဲသွားတာ ဖြစ်ပါတယ်။

photo via screenrant

Werewolf By Night ထွေလာထဲမှာတော့ Man-Thing ဟာ Cameo လောက်ပဲ ပါဝင်လာမှာလား၊ အဓိကနေရာက ပါဝင်လာမှာလား ဆိုတာတော့ မသိရသေးပါဘူး။ ဒါပေမယ့်လည်း ကောမစ်ထဲကအတိုင်း ဆိုရင်တော့ Man-Thing ဟာ MCU ရဲ့ Multiversal Saga ထဲမှာ အဓိကနေရာက ပါဝင်လာမှာပဲ ဖြစ်ပါတယ်။ Multiversal War ရဲ့ အဓိကဗီလိန်ကတော့ Kang the Conqueror နဲ့ သူ့ရဲ့ Variant တွေ ဖြစ်ပြီး သူတို့ရဲ့လက်ထဲကနေ Earth-616 ကို ကာကွယ်ဖို့ဆိုရင် Man-Thing က အဓိကကျပါတယ်။ ဒါကြောင့်ပဲ MCU ကတော့ Man-Thing ကို ဘယ်လိုဖန်တီးသွားမလည်း စိတ်ဝင်စားစရာပဲ ဖြစ်ပါတယ်။

Legos

(ဆံရစ်ဝိုင်းဝက်ဘ်ဆိုဒ်တွင် ဖော်ပြထားသော သတင်း၊ဆောင်းပါးများကို အခြားမည်သည့် ဝက်ဘ်ဆိုဒ်၊ Facebook စာမျက်နှာတွင်မျှ ကူးယူဖော်ပြခွင့် မပြုပါကြောင်း အသိပေးအပ်ပါသည်။)

RELATED ARTICLES

Most Popular