HomeEntertainmentFilmအချိန်တစ်နှစ်ပေးပြီး ဖန်တီးခဲ့တဲ့ Avatar 2 ဇာတ်ညွှန်းကို လွှင့်ပစ်ခဲ့တဲ့ ဒါရိုက်တာ James Cameron

အချိန်တစ်နှစ်ပေးပြီး ဖန်တီးခဲ့တဲ့ Avatar 2 ဇာတ်ညွှန်းကို လွှင့်ပစ်ခဲ့တဲ့ ဒါရိုက်တာ James Cameron

၂၀၀၉ ခုနှစ်မှာ ထွက်ရှိခဲ့တဲ့ Avatar ရုပ်ရှင်ကို ရိုက်ကူးခဲ့တဲ့ ဒါရိုက်တာ James Cameron ဟာ Avatar 2 အတွက် သူကိုယ်တိုင် အချိန်တစ်နှစ်ပေးပြီး ဖန်တီးခဲ့တဲ့ ဇာတ်ညွှန်းကို အမှိုက်ပုံးထဲ လွှင့်ပစ်ခဲ့တယ်လို့ ဆိုပါတယ်။ ဒါရိုက်တာ James Cameron ကတော့ Titanic ၊ The Terminator နဲ့ Aliens တို့လို နာမည်ကြီးရုပ်ရှင်တွေကို ဖန်တီးခဲ့သူ ဖြစ်ပြီး Avatar ရုပ်ရှင်ကိုလည်း နောက်ထပ် ရုပ်ရှင်လေးကား ထပ်မံဖန်တီးသွားဦးမယ်လို့ ဆိုပါတယ်။

ဒါရိုက်တာ James Cameron ဖန်တီးခဲ့တဲ့ Avatar ရုပ်ရှင်ကတော့ box-office မှာ ဝင်ငွေအများဆုံး ရုပ်ရှင်အဖြစ် စံချိန်တင်ထားတာကြောင့် ပရိသတ်တွေဟာ အသစ်ထွက်ရှိလာမယ့် Sequel အတွက် အလွန်စိတ်လှုပ်ရှားနေကြပါတယ်။ ပထမရုပ်ရှင် ထွက်ရှိပြီး (၁၂)နှစ်အကြာမှာတော့ Avatar 2 ရဲ့ ထွေလာ ထွက်ရှိလာခဲ့ပြီး ဒီရုပ်ရှင်ကတော့ မူလရုပ်ရှင်အပြီးမှာ ဘာတွေ ဆက်ဖြစ်ကြလည်းဆိုတာ မြင်တွေ့ရမှာပါ။

photo via screenrant

The Times UK သတင်းဌာနနဲ့ ပြုလုပ်ခဲ့တဲ့ အင်တာဗျူးထဲမှာတော့ ဒါရိုက်တာ James Cameron ဟာ အချိန်တစ်နှစ်ပေးပြီး ဖန်တီးခဲ့တဲ့ Avatar 2 ဇာတ်ညွှန်းကို လုံးလုံးလျားလျား လွှင့်ပစ်ခဲ့တယ်လို့ ပြောပြခဲ့ပါတယ်။

“ရုပ်ရှင်တွေက မတူညီတဲ့ level တွေနဲ့ ဖန်တီးထားတာဗျ။ ပထမတစ်ခုက Surface ဆိုတဲ့ ဇာတ်ကောင်တွေ၊ ပြဿနာတွေနဲ့ ဖြေရှင်းမှုတွေပါ။ ဒုတိယကတော့ Thematic ပဲဗျ။ ဒီရုပ်ရှင်က ဘာကိုဆိုလိုချင်နေတာလဲပေါ့။ ဒါပေမယ့် Avatar မှာတော့ မသိစိတ်ဆိုတဲ့ တတိယ level ရှိသေးပါတယ်။ sequel အတွက် ဇာတ်ညွှန်းတစ်ခုလုံး ရေးပြီးသွားတော့ ဖတ်ကြည့်တဲ့အခါ တတိယ level ကို မရောက်ဘူး ဖြစ်နေတယ်။ ဒီဇာတ်ညွှန်းကို ရေးတာ တစ်နှစ်ကြာခဲ့တယ်လေ။ အဲဒါနဲ့ အစက ပြန်ရေးခဲ့တယ်ပေါ့ဗျာ …”

photo via screenrant

ဒါရိုက်တာ James Cameron ဟာ အချိန်တစ်နှစ် ကြာမြင့်အောင် ဖန်တီးခဲ့ရတဲ့ ဇာတ်ညွှန်းကိုတောင် သူ့ရဲ့စံချိန်စံညွှန်းနဲ့ မညီတဲ့အတွက် အစကပြန်ဖန်တီးခဲ့တဲ့ အချက်ဟာ ဒီရုပ်ရှင်အပေါ် ဘယ်လို သဘောထားလည်းဆိုတာ သိသာစေပါတယ်။ ဒီအချက်ကြောင့်လည်း မကြာခင်မှာ ထွက်ရှိလာတော့မယ့် Avatar 2 ဟာ သေချာပေါက် ပရိသတ်တွေကြားထဲမှာ အောင်မြင်မှုတွေ ရရှိသွားဦးမှာ ဖြစ်ပြီး ပထမရုပ်ရှင်ရဲ့ box-office စံချိန်ကို ချိူးဖျက်နိုင်မလား ဆိုတာကလည်း စိတ်ဝင်စားစရာပဲ ဖြစ်ပါတယ်။

Legos

Source: Screenrant

RELATED ARTICLES

Most Popular