HomeCelebs Update NewsInternationalMCU ထဲမှာ ပါဝင်ဖို့ Kevin Feige နဲ့ တွေ့ဆုံမှု ပြုလုပ်ခဲ့တယ်ဆိုတဲ့ Keanu Reeves

MCU ထဲမှာ ပါဝင်ဖို့ Kevin Feige နဲ့ တွေ့ဆုံမှု ပြုလုပ်ခဲ့တယ်ဆိုတဲ့ Keanu Reeves

မင်းသားကြီး Keanu Reeves ဟာ Marvel ရဲ့ CEO ဖြစ်သူ Kevin Feige နဲ့ တွေ့ဆုံမှု ပြုလုပ်ခဲ့တယ်လို့ သူကိုယ်တိုင်က အတည်ပြုပေးလိုက်ပါတယ်။ အဲ့ဒီတွေ့ဆုံမှုကတော့ Keanu Reeves အနေနဲ့ MCU ထဲမှာ ဘယ်နေရာက ပါဝင်မယ်ဆိုတာကို ဆွေးနွေးခဲ့တာ ဖြစ်ပါတယ်။

Matrix ထဲက Neo အဖြစ် လူသိများကြတဲ့ မင်းသားကြီး Keanu Reeves ကိုတော့ မကြာခင်မှာပဲ Matrix Resurrections ရုပ်ရှင်ထဲမှာ Neo အနေနဲ့ ပြန်လည်မြင်တွေ့ရဦးမှာ ဖြစ်ပါတယ်။ Matrix Resurrections ကတော့ ယခုလ (၂၂)ရက်နေ့မှာ စတင်ကာ ရုံတင်သွားမှာ ဖြစ်ပြီး HBO Max မှာတော့ ၂၀၂၂ ခုနှစ် ဒီဇင်ဘာလကျမှ ပြသသွားမယ်လို့ သိရပါတယ်။

photo via screenrant

မကြာသေးခင်က Comicbook.com နဲ့ ပြုလုပ်ခဲ့တဲ့ အင်တာဗျူးမှာတော့ Keanu Reeves ဟာ ၂၀၁၉ ခုနှစ်တုန်းက Kevin Feige နဲ့ MCU ထဲက ဇာတ်ကောင်နေရာအတွက် ဆွေးနွေးခဲ့ကြတယ်လို့ ပြောပြသွားပါတယ်။ ဒါပေမယ့်လည်း လောလောဆယ်မှာတော့ သူတို့နှစ်ယောက်ဟာ ဘယ်ဇာတ်ကောင်အတွက် ဆွေးနွေးခဲ့ကြတယ်ဆိုတာနဲ့ အဲ့ဒီဇာတ်ကောင်နေရာမှာ ပါဝင်ဖို့ သဘောတူညီမှု ရခဲ့လား၊ မရခဲ့ဘူးလား ဆိုတာကိုတော့ မသိရသေးပါဘူး။

အကယ်၍ Keanu Reeves သာ MCU ထဲကို ဝင်ရောက်လာမယ်ဆိုရင်တော့ ဒါဟာ ပရိသတ်တွေအတွက် ရင်ခုန်စရာအကောင်းဆုံး အခိုက်အတန့်တစ်ခု ဖြစ်မှာ အသေအချာပါပဲ။ သို့သော်လည်း မင်းသားကြီးအတွက်ဆိုရင်တော့ ဒါဟာ စူပါဟီးရိုး ဇာတ်ကောင်နေရာမှာ ပထမဆုံး ပါဝင်တာ မဟုတ်ပါဘူး။

Photo via IMDb

၂၀၀၅ ခုနှစ်မှာ ထွက်ရှိခဲ့တဲ့ Constantine ရုပ်ရှင်ထဲမှာလည်း မင်းသားကြီးဟာ အဓိကဇာတ်လိုက်နေရာက ပါဝင်ခဲ့ပြီး ပရိသတ်တွေရဲ့ အားပေးမှုကို ရရှိခဲ့ပါတယ်။ ဒါ့အပြင် Keanu Reeves ကိုယ်တိုင်ကလည်း Marvel ပရိသတ်တစ်ယောက် ဖြစ်တာကြောင့် သူဟာ MCU ထဲမှာ တကယ် ပါဝင်တော့မှာလား ဆိုတာကိုတော့ စောင့်ကြည့်ရမှာပဲ ဖြစ်ပါတယ်။

Legos

Source: Screenrant

RELATED ARTICLES

Most Popular