HomeEntertainmentFilmMCU ထဲမှာ Lady Gaga ပါဝင်လာဖို့ တောင်းဆိုနေကြတဲ့ ပရိသတ်များ

MCU ထဲမှာ Lady Gaga ပါဝင်လာဖို့ တောင်းဆိုနေကြတဲ့ ပရိသတ်များ

အခုဆိုရင်တော့ ပရိသတ်တွေဟာ MCU ထဲမှာ Lady Gaga ကို ထည့်သွင်းပေးဖို့ တောင်းဆိုနေကြပါတယ်။

Lady Gaga ကတော့ ၂၀၀၈ ခုနှစ်မှာ ထွက်ရှိခဲ့တဲ့ “Just Dance” သီချင်းနဲ့ စတင်ပြီး ပရိသတ်တွေကြားမှာ အောင်မြင်တဲ့ အဆိုတော်တစ်ယောက် ဖြစ်လာသူ ဖြစ်ပါတယ်။ ဒါတင်မကသေးဘဲ “Poker Face” ၊ “Bad Romance” နဲ့ “Born This Way” တို့လို နာမည်ကြီးသီချင်းတွေနဲ့လည်း ကြီးမားတဲ့ အောင်မြင်မှုတွေ ရရှိထားသူ ဖြစ်ပါတယ်။

photo via screenrant

Gaga ဟာ အောင်မြင်တဲ့ အဆိုတော်တစ်ယောက် ဖြစ်လာပြီးတဲ့ နောက်မှာတော့ ဂီတအပြင် ရုပ်ရှင်လောကထဲကိုပါ ဝင်ရောက်လာခဲ့ပါတယ်။ Gaga ဟာ နာမည်ကျော် American Horror Story ဇာတ်လမ်းတွဲထဲမှာ သွေးစုပ်ဖုတ်ကောင်အဖြစ် ပါဝင်ခဲ့ရုံတင်မကဘဲ အခြားသော ရုပ်ရှင်တွေထဲမှာလည်း ပါဝင်သရုပ်ဆောင်ထားသူ ဖြစ်ပါတယ်။

ဒါ့အပြင် သရုပ်ဆောင်လောကမှာ သူမကို အခိုင်အမာ နေရာရစေခဲ့တာကတော့ “A Star is Born” ရုပ်ရှင်ပဲ ဖြစ်ပါတယ်။ ဒီရုပ်ရှင်ထဲမှာတော့ သူမဟာ အကောင်းဆုံး အမျိူးသမီး သရုပ်ဆောင်ဆုအတွက် အော်စကာ စံကာတင်စာရင်း ဝင်ခဲ့ပြီး သူမ သီဆိုထားတဲ့ Shallow ဇာတ်ဝင်သီချင်းနဲ့လည်း အော်စကာဆု ရရှိခဲ့ပါတယ်။ ဒါတင်မက အသစ်ထွက်ရှိထားတဲ့ House of Gucci ရုပ်ရှင်ထဲမှာလည်း အဓိကဇာတ်ကောင်အဖြစ် ပါဝင်ထားပါသေးတယ်။

Photo: ladygaga/ Instagram

အခုချိန်မှာ‌တော့ ကမ္ဘာတစ်ဝန်းလုံးက ပရိသတ်တွေဟာ MCU ရဲ့ အနာဂတ်ပရောဂျက်တွေမှာ Lady Gaga ကို ထည့်သွင်းပေးဖို့ တွစ်တာလူမှုကွန်ယက်ပေါ်မှာ တောင်းဆိုနေကြပါတယ်။ အကြောင်းကတော့ Gaga ဟာ Marvel စတူဒီယိုနဲ့ ဆွေးနွေးမှုတွေ ပြုလုပ်နေတယ်လို့ ကောလာဟလတွေ ထွက်ရှိနေတာကြောင့်ပဲ ဖြစ်ပြီး ယခင်တုန်းကလည်း Stan Lee ကိုယ်တိုင်က Lady Gaga ကို MCU ထဲမှာ ပါဝင်စေချင်တယ်လို့ ပြောခဲ့ဖူးတာကြောင့် ဖြစ်ပါတယ်။

အခုလို MCU ထဲမှာ Lady Gaga ကို ထည့်သွင်းပေးဖို့ တွစ်တာမှာ တောင်းဆိုနေကြတဲ့ ပရိသတ်အများစုကတော့ ကောမစ်ပရိသတ်တွေထက် ပေါ့ပ်ဂီတပရိသတ်တွေက ပိုမိုများပြားနေပါတယ်။ ပရိသတ်အများစု တောင်းဆိုနေကြတဲ့ ဇာတ်ကောင်ကတော့ X-Men ထဲက Emma Frost ပဲ ဖြစ်ပါတယ်။

ဂီတပရိသတ်တွေကို အခုလို စိတ်အားထက်သန်စေတဲ့ အကြောင်းရင်း နောက်တစ်ခုကတော့ Eternals ရုပ်ရှင်ထဲမှာ  Harry Styles က Cameo ပါဝင်ထားပြီး နောက်ထပ် MCU ပရောဂျက်တွေမှာ ပါဝင်လာဖို့ ရှိနေတာကြောင့်လည်း ဖြစ်ပါတယ်။ ဒါကြောင့်ပဲ Lady Gaga ကိုလည်း MCU ထဲမှာ မြင်တွေ့ရဖို့ဆိုတာ မဖြစ်နိုင်တဲ့ အရာတစ်ခုတော့ မဟုတ်ပါဘူး။

Legos

Source: Screenrant

RELATED ARTICLES

Most Popular