HomeEntertainmentFilmမတ်လမှာ ရိုက်ကူးရေး စတင်သွားမယ့် Marvel ရဲ့ Moon Knight ဇာတ်လမ်းတွဲ

မတ်လမှာ ရိုက်ကူးရေး စတင်သွားမယ့် Marvel ရဲ့ Moon Knight ဇာတ်လမ်းတွဲ

ေအာက္တြင္ ေဇာ္ဂ်ီျဖင့္ ဖတ္ပါ။

Oscar Isaac အဓိကပါဝင်သရုပ်ဆောင်သွားမယ့် Marvel ရဲ့ Moon Knight ဇာတ်လမ်းတွဲကို မတ်လတွင် Hungary နိုင်ငံ Budapest မြို့မှာ ရိုက်ကူးသွားမယ်လို့ သိရပါတယ်။ MCU ရဲ့ Phase 4 အစမှာတော့ Marvel ဟာ Disney+ နဲ့ ပူးပေါင်းပြီး ဖန်တီးသွားမယ့် ဇာတ်လမ်းတွဲများစွာ ကြေညာခဲ့ပါတယ်။ အဲ့ဒီဇာတ်လမ်းတွဲတွေထဲမှာတော့ Moon Knight လည်း အပါအဝင် ဖြစ်ပြီး Moon Knight ကတော့ Marvel ဗားရှင်း Batman လို့တောင် ပြောလို့ရပါတယ်။ ဒီဇာတ်လမ်းတွဲကိုတော့ ၂၀၁၉ ခုနှစ်ကတည်းက ကြေညာခဲ့တာ ဖြစ်ပြီး အကြောင်းအမျိူးမျိူးကြောင့် အခုမှ ရိုက်ကူးရေး စတင်ရမှာ ဖြစ်ပါတယ်။ Moon Knight နေရာမှာ သရုပ်ဆောင်သွားမယ့် Oscar Isaac ကတော့ X-Men: Apocalypse ထဲမှာလည်း ပါဝင်ခဲ့ပြီး Star Wars Trilogy ထဲမှာလည်း ပါဝင်ခဲ့ပါတယ်။

photo via screenrant

Moon Knight ရဲ့ နာမည်အရင်းကတော့ Marc Spector ဖြစ်ပြီး Marvel ရဲ့ အထူးခြားဆုံး ဇာတ်ကောင်တွေထဲ တစ်ယောက် ဖြစ်ပါတယ်။ Marc ကတော့ လက်ဝှေ့သမား၊ ရေတပ်နဲ့ ကြေးစားတို့ ဖြစ်ခဲ့ဖူးပြီး လူတစ်ကိုယ် စိတ်သုံးမျိူး ဖြစ်နေသူလည်း ဖြစ်ပါတယ်။ ဒါ့အပြင် သူဟာ သူ့ရဲ့ချမ်းသာမှုတွေကို အသုံးပြုပြီးတော့ ရာဇဝတ်မှုတွေကို တိုက်ဖျက်နေသူလည်း ဖြစ်ပါတယ်။ ဒါကြောင့် ကောမစ်ပရိသတ်တွေကတော့ Moon Knight ကို Live Action အနေနဲ့ မြင်တွေ့ချင်ခဲ့တာ ကြာပြီ ဖြစ်ပါတယ်။

THR သတင်းဌာနရဲ့ ဖော်ပြချက်အရ ဆိုရင်တော့ ဒီဇာတ်လမ်းတွဲဟာ မတ်လအစပိုင်း Budapest မြို့မှာ ရိုက်ကူးရေး စတင်သွားမယ်လို့ သိရပါတယ်။ ဒါ့အပြင် မင်းသမီး May Calamawy ကလည်း ဇာတ်ကောင် တစ်ယောက်နေရာမှာ ပါဝင်သွားမယ်လို့ သိရပါတယ်။ အခုချိန်မှာတော့ ဒီဇာတ်လမ်းတွဲထဲမှာ ပါဝင်လာမယ့် သရုပ်ဆောင်တွေထဲမှာ Oscar Isaac နဲ့ May Calamawy တို့ နှစ်‌ယောက်ကိုပဲ သိရပါသေးတယ်။ ဒါပေမယ့်လည်း ရိုက်ကူးရေး စတင်ဖို့ နှစ်လလောက် လိုသေးတာကြောင့် နောက်ပိုင်းမှာတော့ တစ်ခြားအချက်အလက်တွေကို သိရဦးမှာပါ။

photo via screenrant

Marvel ဥက္ကဌဖြစ်သူ Kevin Feige ဟာလည်း ဒီဇာတ်လမ်းတွဲထဲမှာ Moon Knight ကို ပရိသတ်တွေနဲ့ စတင်မိတ်ဆက်ပေးသွားပြီး နောက်ပိုင်းမှာတော့ Moon Knight ဟာ တစ်ခြား MCU ပရောဂျက်တွေမှာလည်း ပါဝင်လာပါမယ်လို့ ပြောခဲ့ပါတယ်။ ဒီဇာတ်လမ်းတွဲထဲမှာတော့ တစ်ပိုင်းကို မိနစ် (၄၀) နဲ့ (၅၀) ကြားလောက် ကြာမြင့်မယ်လို့လည်း သိရပါတယ်။ Moon Knight ဇာတ်လမ်းတွဲကိုတော့ ၂၀၂၂ နွေရာသီအစပိုင်းလောက်မှာ Disney+ ကနေ ထွက်ရှိလာမယ်လို့ ခန့်မှန်းလို့ ရပါတယ်။

Legos

Source : Screenrant

(Zawgyi Version)

Oscar Isaac အဓိကပါဝင္သ႐ုပ္ေဆာင္သြားမယ့္ Marvel ရဲ႕ Moon Knight ဇာတ္လမ္းတြဲကို မတ္လတြင္ Hungary ႏိုင္ငံ Budapest ၿမိဳ႕မွာ ႐ိုက္ကူးသြားမယ္လို႔ သိရပါတယ္။ MCU ရဲ႕ Phase 4 အစမွာေတာ့ Marvel ဟာ Disney+ နဲ႔ ပူးေပါင္းၿပီး ဖန္တီးသြားမယ့္ ဇာတ္လမ္းတြဲမ်ားစြာ ေၾကညာခဲ့ပါတယ္။ အဲ့ဒီဇာတ္လမ္းတြဲေတြထဲမွာေတာ့ Moon Knight လည္း အပါအဝင္ ျဖစ္ၿပီး Moon Knight ကေတာ့ Marvel ဗားရွင္း Batman လို႔ေတာင္ ေျပာလို႔ရပါတယ္။ ဒီဇာတ္လမ္းတြဲကိုေတာ့ ၂၀၁၉ ခုႏွစ္ကတည္းက ေၾကညာခဲ့တာ ျဖစ္ၿပီး အေၾကာင္းအမ်ိဴးမ်ိဴးေၾကာင့္ အခုမွ ႐ိုက္ကူးေရး စတင္ရမွာ ျဖစ္ပါတယ္။ Moon Knight ေနရာမွာ သ႐ုပ္ေဆာင္သြားမယ့္ Oscar Isaac ကေတာ့ X-Men: Apocalypse ထဲမွာလည္း ပါဝင္ခဲ့ၿပီး Star Wars Trilogy ထဲမွာလည္း ပါဝင္ခဲ့ပါတယ္။

photo via screenrant

Moon Knight ရဲ႕ နာမည္အရင္းကေတာ့ Marc Spector ျဖစ္ၿပီး Marvel ရဲ႕ အထူးျခားဆုံး ဇာတ္ေကာင္ေတြထဲ တစ္ေယာက္ ျဖစ္ပါတယ္။ Marc ကေတာ့ လက္ေဝွ႔သမား၊ ေရတပ္နဲ႔ ေၾကးစားတို႔ ျဖစ္ခဲ့ဖူးၿပီး လူတစ္ကိုယ္ စိတ္သုံးမ်ိဴး ျဖစ္ေနသူလည္း ျဖစ္ပါတယ္။ ဒါ့အျပင္ သူဟာ သူ႔ရဲ႕ခ်မ္းသာမႈေတြကို အသုံးျပဳၿပီးေတာ့ ရာဇဝတ္မႈေတြကို တိုက္ဖ်က္ေနသူလည္း ျဖစ္ပါတယ္။ ဒါေၾကာင့္ ေကာမစ္ပရိသတ္ေတြကေတာ့ Moon Knight ကို Live Action အေနနဲ႔ ျမင္ေတြ႕ခ်င္ခဲ့တာ ၾကာၿပီ ျဖစ္ပါတယ္။

THR သတင္းဌာနရဲ႕ ေဖာ္ျပခ်က္အရ ဆိုရင္ေတာ့ ဒီဇာတ္လမ္းတြဲဟာ မတ္လအစပိုင္း Budapest ၿမိဳ႕မွာ ႐ိုက္ကူးေရး စတင္သြားမယ္လို႔ သိရပါတယ္။ ဒါ့အျပင္ မင္းသမီး May Calamawy ကလည္း ဇာတ္ေကာင္ တစ္ေယာက္ေနရာမွာ ပါဝင္သြားမယ္လို႔ သိရပါတယ္။ အခုခ်ိန္မွာေတာ့ ဒီဇာတ္လမ္းတြဲထဲမွာ ပါဝင္လာမယ့္ သ႐ုပ္ေဆာင္ေတြထဲမွာ Oscar Isaac နဲ႔ May Calamawy တို႔ ႏွစ္‌ေယာက္ကိုပဲ သိရပါေသးတယ္။ ဒါေပမယ့္လည္း ႐ိုက္ကူးေရး စတင္ဖို႔ ႏွစ္လေလာက္ လိုေသးတာေၾကာင့္ ေနာက္ပိုင္းမွာေတာ့ တစ္ျခားအခ်က္အလက္ေတြကို သိရဦးမွာပါ။

photo via screenrant

Marvel ဥကၠဌျဖစ္သူ Kevin Feige ဟာလည္း ဒီဇာတ္လမ္းတြဲထဲမွာ Moon Knight ကို ပရိသတ္ေတြနဲ႔ စတင္မိတ္ဆက္ေပးသြားၿပီး ေနာက္ပိုင္းမွာေတာ့ Moon Knight ဟာ တစ္ျခား MCU ပေရာဂ်က္ေတြမွာလည္း ပါဝင္လာပါမယ္လို႔ ေျပာခဲ့ပါတယ္။ ဒီဇာတ္လမ္းတြဲထဲမွာေတာ့ တစ္ပိုင္းကို မိနစ္ (၄၀) နဲ႔ (၅၀) ၾကားေလာက္ ၾကာျမင့္မယ္လို႔လည္း သိရပါတယ္။ Moon Knight ဇာတ္လမ္းတြဲကိုေတာ့ ၂၀၂၂ ေႏြရာသီအစပိုင္းေလာက္မွာ Disney+ ကေန ထြက္ရွိလာမယ္လို႔ ခန႔္မွန္းလို႔ ရပါတယ္။

Legos

Source : Screenrant

RELATED ARTICLES

Most Popular