HomeCelebs Update NewsInternationalMCU Phase 2 အပြီးမှာ Marvel ကထွက်ပြီး DC ကိုသွားဖို့ နီးစပ်ခဲ့တဲ့ Kevin Feige

MCU Phase 2 အပြီးမှာ Marvel ကထွက်ပြီး DC ကိုသွားဖို့ နီးစပ်ခဲ့တဲ့ Kevin Feige

Marvel စတူဒီယိုရဲ့ ဥက္ကဌဖြစ်တဲ့ Kevin Feige ကတော့ MCU Phase 2 အပြီးမှာ Marvel က ထွက်ခွာပြီး DC ကို သွားဖို့အတွက် နီးစပ်ခဲ့တယ်လို့ သိရပါတယ်။ Kevin ကတော့ နှစ်ပေါင်းများစွာ တခြားစတူဒီယိုတွေအတွက် Marvel ရုပ်ရှင်တွေကို ဖန်တီးပေးခဲ့ပြီး ၂၀၀၀ ခုနှစ်ကျော်မှာတော့ Marvel ရဲ့ အဓိကကျတဲ့ လူတစ်ယောက် ဖြစ်လာခဲ့ပါတယ်။ အဲဒီနောက်မှာတော့ Kevin ရဲ့ လမ်းညွှန်ပြသမှုတွေကြောင့်ပဲ MCU ဟာ တဖြည်းဖြည်းနဲ့ အောင်မြင်လာခဲ့ပြီး ယခုအချိန်မှာတော့ ဟောလိဝုဒ်ရဲ့ အကြီးမားဆုံး Franchise တစ်ခု ဖြစ်နေပါပြီ။

photo via screenrant

MCU ဟာ ယခုလိုမျိူး‌ အောင်မြင်လာတာနဲ့အမျှ Warner Bros. စတူဒီယိုကလည်း သူတို့ရဲ့ DC ရုပ်ရှင်တွေကိုလည်း အလားတူပဲ အောင်မြင်စေချင်ခဲ့ပါတယ်။ Man of Steel ရုပ်ရှင်ကတော့ MCU လိုမျိူး ချိတ်ဆက်နေတဲ့ Universe တစ်ခုကို စတင်ဖို့ ရည်ရွယ်ခဲ့တာ ဖြစ်ပေမယ့်လည်း သရုပ်ဆောင်တွေ ထွက်ခွာခြင်း၊ Executive Producer တွေနဲ့ ဒါရိုက်တာတွေရဲ့ ထွက်ခွာခြင်းတွေကြောင့် မျှော်လင့်ထားသလို ပုံပေါ်မလာခဲ့ပါဘူး။

MCU Phase 2 ကို ဖန်တီးနေတဲ့ အချိန်မှာတော့ Kevin ဟာ သူ့ရဲ့အထက်လူကြီး ဖြစ်တဲ့ CEO Ike Perlmutter ရဲ့ ကြီးကြပ်မှုတွေနဲ့ ပတ်သက်ပြီး မကျေနပ်ခဲ့ဘူးလို့ ဆိုပါတယ်။ အကြောင်းကတော့ Ike ဟာ ရုပ်ရှင်တွေထဲမှာ ဘယ်ဇာတ်ကောင်တွေကိုပဲ အသုံးပြုရမယ်၊ ဘယ်ရုပ်ရှင်တွေကိုပဲ ဖန်တီးရမယ် စသဖြင့် အလွန်အမင်း ထိန်းချုပ်ထားတာကြောင့် ဖြစ်ပါတယ်။ ဒီအချက်ကြောင့်ပဲ Kevin ဟာ Marvel စတူဒီယိုကနေ ထွက်ခွာပြီး DC ကိုသွားဖို့ အလေးအနက် စဉ်းစားခဲ့တယ်လို့ သိရပါတယ်။ ဒီသတင်းကိုတော့ Puck News သတင်းဌာနက ဖော်ပြထားတာ ဖြစ်ပါတယ်။

photo via screenrant

DC ကလည်း ဒီအချက်ကို သိတာကြောင့် Kevin ကိုတောင် လှမ်းဆက်သွယ်ခဲ့သေးတယ်လို့လည်း ဆိုပါတယ်။ Ike ကတော့ Kevin ကို ဘယ်လောက်ထိ ထိန်းချုပ်ထားလည်းဆိုရင် ရုပ်ရှင်ရဲ့ အဓိကဇာတ်ကောင်တွေကို လူဖြူမဟုတ်ရင် ဖန်တီးခွင့် မပေးသလို Female Lead ရုပ်ရှင်တွေကိုလည်း ဖန်တီးခွင့် မပေးခဲ့ပါဘူး။ အကြောင်းကတော့ သူတို့တွေရဲ့ အရုပ်တွေက ရောင်းရမှာ မဟုတ်ဘူးလို့ Ike က ယုံကြည်ထားတာကြောင့် ဖြစ်ပါတယ်။

သို့သော်လည်း Phase 2 ပြီးကာနီး ၂၀၁၅ ခုနှစ်လောက်ကို ရောက်တဲ့အချိန်မှာတော့ Kevin ဟာ Ike ကို အစီရင်မခံတော့ဘဲ အဲဒီအချိန်က Disney စတူဒီယိုရဲ့ စီအီးအိုဖြစ်တဲ့ Bob Iger ဆီကို တိုက်ရိုက်သွားပြီး အစီရင်ခံရာကနေ နောက်ပိုင်းမှာ လုပ်ပိုင်ခွင့်တွေ ပိုမိုရရှိလာတာ ဖြစ်ပါတယ်။ အထက်ပိုင်းမှာနေပြီး တားမြစ်ချက်တွေနဲ့ ပိတ်ပင်နေတဲ့ Ike ကို ကျော်လွန်ကာ Disney စီအီးအိုအထိ တိုက်ရိုက် အလုပ်လုပ်လိုက်တော့မှသာ Captain Marvel ၊ Black Panther အစရှိတဲ့ ဇာတ်ကားမျိုးတွေကို ရိုက်ကူးထုတ်လုပ်ခွင့် ရရှိခဲ့တာ ဖြစ်ပါတယ်။ တကယ်လို့ Ike ရဲ့ တင်းကြပ်တဲ့ စည်းကမ်းတွေအောက်မှာ မခံနိုင်တော့ဘဲ Kevin တစ်ယောက် DC ကို ထွက်ခွာသွားခဲ့မယ်ဆိုရင်တော့ ယနေ့ MCU ရဲ့ အခြေအနေဟာ တမျိုးတဖုံ ပြောင်းလဲနေမှာ အသေအချာပဲ ဖြစ်ပါတယ်။

Legos

Source: Screenrant

RELATED ARTICLES

Most Popular