HomeEntertainmentFilmMCU Phase 5 ထဲက ပရောဂျက်များနဲ့ ထွက်ရှိလာမယ့် နေ့ရက်များ

MCU Phase 5 ထဲက ပရောဂျက်များနဲ့ ထွက်ရှိလာမယ့် နေ့ရက်များ

၂၀၂၂ ခုနှစ် Comic-Con ပွဲမှာတော့ Kevin Feige ဟာ Marvel Cinematic Universe ရဲ့ အနာဂတ်နဲ့ ပတ်သက်တဲ့ အကြောင်းအရာများစွာကို ချပြသွားပါတယ်။ လောလောဆယ်မှာတော့ Black Widow ရုပ်ရှင်နဲ့ စတင်ခဲ့တဲ့ MCU Phase 4 ဟာ မကြာခင်မှာ ထွက်ရှိလာမယ့် Black Panther: Wakanda Forever နဲ့ အဆုံးသတ်တော့မှာ ဖြစ်ပါတယ်။ အဲဒီနောက်မှာတော့ Phase 5 ကို Ant-Man and the Wasp: Quantumania နဲ့ စတင်သွားမှာ ဖြစ်ပါတယ်။ ဒါကြောင့်ပဲ ဒီတစ်ခါမှာတော့ MCU Phase 5 ထဲက ပရောဂျက်တွေနဲ့ ထွက်ရှိလာမယ့် နေ့ရက်တွေကို ဖော်ပြပေးချင်ပါတယ်။

အပေါ်မှာ ဖော်ပြထားသလိုပဲ ယခုနှစ်နှောင်းပိုင်းမှာ ထွက်ရှိလာမယ့် Black Panther: Wakanda Forever ဟာ Phase 4 ရဲ့ အဆုံးသတ် ဖြစ်တာကြောင့် ၂၀၂၃ ခုနှစ် စတင်တာနဲ့ Phase 5 ကို ကြည့်ရှုရတော့မှာပဲ ဖြစ်ပါတယ်။ Phase 5 ထဲမှာတော့ ပရိသတ်တွေ စောင့်မျှော်နေကြတဲ့ ပရောဂျက်တွေများစွာ ပါဝင်နေပါတယ်။ အရင်က ထွက်ရှိခဲ့တဲ့ Phase 1 ကနေ 3 အထိကိုတော့ Infinity Saga လို့ ခေါ်ဝေါ်ခဲ့ပြီး ယခုထွက်ရှိလာမယ့် Phase 4 ကနေ 6 အထိကိုတော့ Multiverse Saga လို့ ခေါ်ဝေါ်သွားမယ်လို့ သိရပါတယ်။

photo via screenrant

Phase 5 ကိုတော့ ၂၀၂၃ ခုနှစ် ဖေဖော်ဝါရီလ (၁၇)ရက်နေ့မှာ Ant-Man and the Wasp: Quantumania နဲ့ စတင်သွားမှာ ဖြစ်ပါတယ်။ ဆက်လက် ထွက်ရှိလာမယ့် ပရောဂျက်တွေကတော့ Secret Invasion (၂၀၂၃ ခုနှစ်အစောပိုင်း)၊ Guardians of the Galaxy Vol.3(၂၀၂၃ ခုနှစ် မေလ ၅ရက်)၊ ၂၀၂၃ ခုနှစ်နွေရာသီမှာ ထွက်ရှိလာကြမယ့် Echo နဲ့ Loki Season 2 ၊ The Marvels (၂၀၂၃ ခုနှစ် ဇူလိုင် ၂၈ရက်)၊ Blade (၂၀၂၃ ခုနှစ် နိုဝင်ဘာ ၃ရက်)၊ Ironheart (၂၀၂၃ ခုနှစ်နှောင်းပိုင်း)၊ Agatha: Coven of Chaos (၂၀၂၃ ခုနှစ်နှောင်းပိုင်းနဲ့ ၂၀၂၄ ခုနှစ်အစောပိုင်း)၊ Daredevil: Born Again (၂၀၂၄ ခုနှစ်အစောပိုင်း)၊ Captain America: New World Order (၂၀၂၄ ခုနှစ် မေလ ၃ရက်) တို့ပဲ ဖြစ်ပါတယ်။

Kang the Conqueror က အဓိကဗီလိန်အနေနဲ့ ပါဝင်လာမယ့် Ant-Man and the Wasp: Quantumania ကတော့ Phase 5 ကို စတင်သွားမှာ ဖြစ်ပြီး ဆက်လက် ထွက်ရှိလာမယ့် Secret Invasion ဇာတ်လမ်းတွဲဟာလည်း ပရိသတ်တွေ စောင့်မျှော်နေတဲ့ ပရောဂျက်တစ်ခုပဲ ဖြစ်ပါတယ်။

Loki Season 2 ကလည်း Phase 5 ထဲမှာ ပါဝင်လာပြီး The Marvels နဲ့ Blade တို့လို ရုပ်ရှင်တွေကိုလည်း မြင်တွေ့ရဦးမှာပါ။ Phase 5 ထဲက ပရိသတ်တွေအတွက် Hype အဖြစ်ဆုံး ပရောဂျက်ကတော့ Daredevil: Born Again ပဲ ဖြစ်ပြီး အပိုင်း(၁၈)ပိုင်း ပါဝင်လာမယ့် ဇာတ်လမ်းတွဲ ဖြစ်တယ်လို့ သိရပါတယ်။

Legos

(ဆံရစ်ဝိုင်းဝက်ဘ်ဆိုဒ်တွင် ဖော်ပြထားသော သတင်း၊ဆောင်းပါးများကို အခြားမည်သည့် ဝက်ဘ်ဆိုဒ်၊ Facebook စာမျက်နှာတွင်မျှ ကူးယူဖော်ပြခွင့် မပြုပါကြောင်း အသိပေးအပ်ပါသည်။)

RELATED ARTICLES

Most Popular