HomeCharacterMCU ရဲ့ Thunderbolts အဖွဲ့ Origin နဲ့ ပါဝင်လာမယ့် အဖွဲ့ဝင်များ

MCU ရဲ့ Thunderbolts အဖွဲ့ Origin နဲ့ ပါဝင်လာမယ့် အဖွဲ့ဝင်များ

လောလောဆယ်မှာတော့ Marvel စတူဒီယိုဟာ Thunderbolts ပရောဂျက်ကို စီစဉ်နေတယ်လို့ သတင်းတွေ ထွက်နေပြီး ၂၀၂၃ ခုနှစ်မှာ ရိုက်ကူးရေး စတင်သွားမယ်လို့ သိရပါတယ်။ ကောမစ်ထဲမှာတော့ Thunderbolts အဖွဲ့ဟာ ဗီလိန်တွေ စုစည်းထားတဲ့ အဖွဲ့တစ်ခုဖြစ်ပြီး သူတို့ထဲက တစ်ချို့ကတော့ ဟီးရိုးဖြစ်လာအောင် ကြိုးစားနေကြသူတွေ ဖြစ်ပါတယ်။ The Falcon and the Winter Soldier ထဲမှာတော့ Baron Zemo ကို ကောမစ်ထဲက ပုံစံနဲ့ ပိုမိုဆင်တူအောင် ပြုလုပ်ထားပြီး သူကတော့ Thunderbolts အဖွဲ့ကို တည်ထောင်ခဲ့သူပဲ ဖြစ်ပါတယ်။ ဒါကြောင့်ပဲ ပရိသတ်တွေကတော့ MCU ရဲ့ Thunderbolts အဖွဲ့ကို စိတ်ဝင်စားနေကြပြီး မသိသေးသူတွေအတွက် ဒီအဖွဲ့ရဲ့ Origin နဲ့ ပါဝင်လာမယ့် အဖွဲ့ဝင်တွေကို ဖော်ပြပေးချင်ပါတယ်။

Thunderbolts အဖွဲ့ Origin
photo via screenrant

၁၉၉၆ ခုနှစ်မှာတော့ Marvel ကောမစ်ရဲ့ အအောင်မြင်ဆုံး Franchise ဟာ X-Men တွေ ဖြစ်ခဲ့ပြီး Avengers နဲ့ Fantastic Four ကောမစ်တွေဟာ လူကြိုက်မများသေးပါဘူး။ ဒါကြောင့်ပဲ Marvel ဟာ ဒီကောမစ်တွေကို အောင်မြင်လာစေဖို့အတွက် X-Men တွေနဲ့ “Onslaught” ဆိုတဲ့ Crossover ပြုလုပ်ခဲ့ပြီး သန္ဓေပြောင်းလူသား မဟုတ်တဲ့ ဇာတ်ကောင်တွေကိုတော့ တစ်ခြား Universe တစ်ခု ခွဲပေးခဲ့ပါတယ်။

ဒါကြောင့်ပဲ Avengers တွေ မရှိတော့တဲ့ Universe မှာ အစားထိုးဖို့အတွက် Thunderbolts အဖွဲ့ကို စတင်ဖန်တီးခဲ့တာ ဖြစ်ပါတယ်။ အဲ့ဒီအချိန်တုန်းကတော့ Marvel ဟာ Thunderbolts အဖွဲ့ကို လူကြိုက်များလာအောင် မားကတ်တင်းဆင်းခဲ့ပါတယ်။ အဲ့ဒီအစီအစဉ်ကတော့ အောင်မြင်ခဲ့ပြီး လူစိတ်ဝင်စားလာတဲ့အချိန်မှာပဲ Thunderbolts အဖွဲ့ဟာ လူလိမ်တွေ ဖြစ်နေတယ်ဆိုတာကို ပထမဆုံး Issue မှာတင် ဖော်ပြခဲ့ပါတယ်။ Thunderbolts အဖွဲ့သားတွေ အားလုံးဟာ Identity အတုတွေကို အသုံးပြုထားတဲ့ ဗီလိန်တွေ ဖြစ်နေတယ်ဆိုတာကို သိလိုက်ရတာကြောင့် ပရိသတ်တွေဟာ အလွန်အံ့ဩသွားပြီး စိတ်ဝင်စားမှုတွေ ပိုလာခဲ့ပါတယ်။

photo via screenrant

Thunderbolts အဖွဲ့ဝင်တစ်ချို့ဟာ ဒီအဖွဲ့ကို သူတို့ရဲ့အကျိူးအတွက် အသုံးချတာ များပြီး တစ်ခါတုန်းကဆိုရင် Green Goblin က ဒီအဖွဲ့ကို ဦးဆောင်ခဲ့သလို အဲ့ဒီအချက်ကို ခုတုံးလုပ်ကာ Shield အဖွဲ့ကို နောက်ကွယ်က ကြိုးကိုင်နိုင်ခဲ့ပါတယ်။ အဲ့ဒီအချိန်မှာတော့ “Dark Reign” လို့ခေါ်တဲ့ ခေတ်တစ်ခု စတင်ဖြစ်ပေါ်လာခဲ့ပါတယ်။ ဒါပေမယ့်လည်း တစ်ချို့အဖွဲ့ဝင်တွေကတော့ အတိတ်က သူတို့ရဲ့ မကောင်းတဲ့ လုပ်ရပ်တွေကို ပြန်လည်ပြုပြင်ရင်း ဟီးရိုးတွေ ဖြစ်လာခဲ့ကြပါတယ်။

ဥပမာပြောရရင် Songbird ဟာ အစတုန်းက Screaming Mimi လို့ ခေါ်တဲ့ ဗီလိန်တစ်ယောက် ဖြစ်ပြီး နောက်ပိုင်းမှ ဟီးရိုး ဖြစ်လာခဲ့တာပါ။ ဒီအဖွဲ့ရဲ့ အဓိကရည်ရွယ်ချက်ကတော့ အသိတရားရလာတဲ့ ဗီလိန်တွေဟာ သူတို့ရဲ့လုပ်ရပ်တွေအတွက် ပေးဆပ်ဖို့ ကြိုးစားကြရင်း ဟီးရိုးတွေ ဖြစ်လာတာကို ဖော်ပြချင်တာပဲ ဖြစ်ပါတယ်။ ဒါပေမယ့်လည်း အပေါ်မှာ ဖော်ပြထားသလို တစ်ချို့အဖွဲ့ဝင်တွေကတော့ သူတို့ရဲ့ကောင်းကျိူးအတွက်ပဲ အသုံးချခဲ့တာမျိူးတွေလည်း ရှိပါတယ်။ ဒီအချက်တွေကြောင့်ပဲ ပရိသတ်တွေဟာ Thunderbolts အဖွဲ့ကို DC ရဲ့ Suicide Squad နဲ့ မကြာခဏ နှိုင်းယှဉ်ကြပါတယ်။

Thunderbolts အဖွဲ့ဝင်တွေဟာ MCU ထဲမှာ ရှိပြီးသားပါ။
photo via screenrant

Marvel စတူဒီယိုဟာ Thunderbolts အဖွဲ့ဝင်တွေကို တဖြည်းဖြည်းနဲ့ MCU ထဲကို ထည့်သွင်းလာခဲ့တာကြောင့် သူတို့တွေက Thunderbolts ရုပ်ရှင် ရိုက်ကူးဖို့ စီစဉ်နေတယ်လို့ သတင်းထွက်လာတာ ဖြစ်ပါတယ်။ Thunderbolts အဖွဲ့ကို တည်ထောင်ခဲ့သူ ဖြစ်တဲ့ Baron Zemo ကတော့ Captain America: Civil War ထဲမှာ စတင်ပါဝင်လာပြီး The Falcon and the Winter Soldier ထဲမှာတော့ ကောမစ်ထဲက ပုံစံနဲ့ ပိုမိုဆင်တူလာခဲ့သလို သူ့ရဲ့အထင်ကရ အမှတ်အသားဖြစ်တဲ့ ခရမ်းရောင် မျက်နှာဖုံးကိုလည်း မြင်တွေ့ခဲ့ရပါတယ်။

ဒီအဖွဲ့ဝင် တစ်ယောက်ဖြစ်တဲ့ Ghost ဟာလည်း Ant-Man and the Wasp ရုပ်ရှင်ထဲမှာ စတင်ပါဝင်လာခဲ့ပါတယ်။ Black Widow ရုပ်ရှင်ထဲမှာတော့ နောက်ထပ်အဖွဲ့ဝင် တစ်ယောက်ဖြစ်တဲ့ Taskmaster ကို စတင်မိတ်ဆက်ပေးခဲ့ပါတယ်။ နောက်ထပ်အဖွဲ့ဝင်တွေကလည်း MCU ထဲမှာ အရင်ကတည်းက တည်ရှိနေပြီး Hawkeye နဲ့ Winter Soldier တို့ နှစ်ယောက်ဟာ အဖွဲ့ဝင်တင်မဟုတ်ဘဲ ဒီအဖွဲ့ရဲ့ ခေါင်းဆောင်အဖြစ်တောင် ပြုလုပ်ခဲ့ဖူးပါတယ်။ U.S. Agent ကလည်း အဖွဲ့ဝင်တစ်ယောက် ဖြစ်ခဲ့ဖူးပြီး Yelena Belova ကလည်း ဒီအဖွဲ့နဲ့ ဆက်သွယ်မှုတွေ ပြုလုပ်ခဲ့ဖူးပါတယ်။

photo via screenrant

MCU ထဲမှာတော့ Contessa Valentina Allegra de Fontaine ဟာ The Falcon and the Winter Soldier နဲ့ Black Widow တို့မှာ လူစုနေတဲ့ပုံစံကို ပြသသွားပြီး U.S. Agent နဲ့ Yelena Belova တို့ကို အဖွဲ့တစ်ခုခုထဲ ခေါ်နေပုံရပါတယ်။ U.S. Agent နဲ့ Yelena Belova တို့ နှစ်ယောက်လုံးဟာ ကောမစ်ထဲမှာ Thunderbolts အဖွဲ့နဲ့ ပတ်သက်ဖူးသူတွေ ဖြစ်တာကြောင့် Contessa ဟာ Thunderbolts အဖွဲ့အတွက် လူတွေစုစည်းနေတယ်လို့ ပရိသတ်တွေက သီအိုရီထုတ်နေကြတာ ဖြစ်ပါတယ်။ ကောမစ်ထဲမှာတော့ Contessa ဟာ Nick Fury ရဲ့ ရည်စားဟောင်း တစ်ယောက်ဖြစ်သလို ရာထူးမြင့်တဲ့ Hydra အေးဂျင့်တစ်ယောက်လည်း ဖြစ်ပါတယ်။ Thunderbolts နဲ့ ပတ်သက်တဲ့ သဲလွန်စတွေကိုတော့ Hawkeye ဇာတ်လမ်းတွဲထဲမှာ ပိုမိုမြင်တွေ့ရမယ်လို့ ယူဆရပါတယ်။

Legos

(ဆံရစ်ဝိုင်းဝက်ဘ်ဆိုဒ်တွင် ဖော်ပြထားသော သတင်း၊ဆောင်းပါးများကို အခြားမည်သည့် ဝက်ဘ်ဆိုဒ်၊ Facebook စာမျက်နှာတွင်မျှ ကူးယူဖော်ပြခွင့် မပြုပါကြောင်း အသိပေးအပ်ပါသည်။)

RELATED ARTICLES

Most Popular