HomeCelebs Update NewsInternationalလမ်းခွဲလိုက်ကြပြီဆိုတဲ့ Gigi Hadid နဲ့ Zayn Malik 

လမ်းခွဲလိုက်ကြပြီဆိုတဲ့ Gigi Hadid နဲ့ Zayn Malik 

ေအာက္တြင္ ေဇာ္ဂ်ီျဖင့္ ဖတ္ပါ။

နာမည်ကျော် စူပါမော်ဒယ်လ် Gigi Hadid နဲ့ နာမည်ကျော်အဆိုတော် Zayn Malik တို့ဟာ လမ်းခွဲလိုက်ကြပြီလို့ People သတင်းဌာနရဲ့ ဖော်ပြချက်အရ သိရပါတယ်။

အသက်(၂၆)နှစ်အရွယ် Gigi နဲ့ အသက်(၂၈)နှစ်အရွယ် Zayn တို့ လမ်းခွဲလိုက်ကြရတဲ့ အကြောင်းရင်းကတော့ Gigi ရဲ့ မိခင်ဖြစ်သူ Yolanda Hadid နဲ့ Zayn တို့ အချင်းများကြရာက နောက်ဆက်တွဲ ဖြစ်လာတဲ့ အကျိုးသက်ရောက်မှုကြောင့်ပဲ ဖြစ်ပါတယ်။

Photo: gigihadid/ Instagram

“သူတို့ အခု အတူတူ မရှိကြတော့ပါဘူး။ ဒါပေမယ့် သူတို့နှစ်ယောက်စလုံးက တကယ့် မိဘကောင်းတွေပါ။ သူတို့နှစ်ယောက်လုံးက ကလေးကို အတူတူ ပြုစုပျိုးထောင်နေကြတာပါ။ ပြီးတော့ Yolanda ကလည်း သိတဲ့အတိုင်း Gigi နဲ့ ပတ်သက်လာရင် သိပ်ကို ရင်အုပ်မကွာ ကာကွယ်စောင့်ရှောက်ပေးတတ်တဲ့ မိခင်လေ။ သူကတော့ သူ့သမီးနဲ့ မြေးအတွက် အကောင်းဆုံး ဖြစ်မှာကိုပဲ လိုချင်တာပါ … ” လို့ Hadid မိသားစုနဲ့ အနီးကပ် ရင်းနှီးသူတစ်ယောက်က People ကို ပြောထားပါတယ်။

အခုကိစ္စနဲ့ ပတ်သက်ပြီး Gigi ရဲ့ ကိုယ်စားလှယ်ကတော့ “Gigi ကတော့ သူ့သမီး Khai လေးအတွက် အကောင်းဆုံး ဖြစ်မှာကိုပဲ အာရုံစိုက်နေပါတယ်။ အခုအတောအတွင်းမှာတော့ privacy လေး ထားပေးဖို့ ပြောထားပါတယ် … ” လို့ ကြေညာချက်နဲ့အတူ ပြောထားပါတယ်။

Yolanda Hadid နဲ့ Zayn တို့ရဲ့ ကိုယ်စားလှယ်တွေကတော့ ဒီကိစ္စနဲ့ ပတ်သက်ပြီး မှတ်ချက်တစုံတရာပေးဖို့ အကြောင်းပြန်ကြားခြင်း မရှိသေးပါဘူး။

Photo: gigihadid/ Instagram

ဖြစ်ပုံကတော့ Gigi ရဲ့ မိခင်ဖြစ်သူ Yolanda ဟာ Zayn က သူမကို ရိုက်တယ်၊ လက်ပါတယ်ဆိုတဲ့ စွပ်စွဲချက်နဲ့ ရဲကို တိုင်ချက်ဖွင့်ဖို့ စဉ်းစားနေတယ်ဆိုတဲ့အကြောင်း အမည်မဖော်လိုတဲ့ သတင်း source က TMZ သတင်းဌာနကို ပြောကြားအပြီးမှာ စတင်လာတာ ဖြစ်ပါတယ်။ ဒီသတင်းနဲ့ ပတ်သက်ပြီး Zayn ဘက်ကတော့ ခိုင်ခိုင်မာမာ ငြင်းဆိုထားကာ သူ့အနေနဲ့ Yolanda ကို ရိုက်တယ်ဆိုတာဟာ “မှားယွင်းတဲ့ စွပ်စွဲချက်”ဖြစ်တယ်လို့ ပြောထားပါတယ်။

အဲဒီနောက် Zayn ဟာ ဒီကိစ္စနဲ့ ပတ်သက်ပြီး တွစ်တာစာမျက်နှာမှာ ကြေညာချက်တစ်စောင် ရေးသားထားပြီး မိသားစုကြားမှာ ဖြစ်တဲ့ ပြဿနာကို မိသားစုကြားမှာပဲ ဖြေရှင်းလိုကြောင်းနဲ့ ကမ္ဘာ့စင်မြင့်ပေါ်ထိ ရောက်သွားအောင် မပြုလုပ်လိုကြောင်း၊ ဘာမှမသိတဲ့ လူတွေက ဝင်ပြီး ဝေဖန်တာတွေ၊ တောင်ပြောမြောက်ပြော ပြောတာတွေ မဖြစ်စေချင်ကြောင်း ပြောထားပါတယ်။ ဒါ့အပြင် ယခုကိစ္စဟာလည်း ပုဂ္ဂိုလ်ရေးကိစ္စသာ ဖြစ်လို့ privacy ထားပေးကြဖို့ ပြောထားပါသေးတယ်။

Photo: gigizayn/ Instagram

Zayn ရဲ့ ဒီကြေညာချက်နဲ့ ပတ်သက်ပြီး လူအများစုကတော့ ယောက္ခမဖြစ်သူ Yolanda ကို ရည်ညွှန်းတာ ဖြစ်တယ်လို့ သုံးသပ်ထားကြပါတယ်။

Zayn နဲ့ Gigi တို့ဟာ ၂၀၁၅ ခုနှစ် နိုဝင်ဘာလမှာ စတင်ပြီး တွဲနေတယ်ဆိုတဲ့ သတင်းတွေ ထွက်ပေါ်လာခဲ့တာပါ။ အဲဒီနောက် လပေါင်းများစွာ သူတို့ရဲ့ အချစ်ရေးကို လူတွေက မေးခွန်းထုတ်ခဲ့ကြပြီး ၂၀၁၆ ခုနှစ်မှာ ထွက်ရှိလာတဲ့ Zayn ရဲ့ ဆင်ဂယ်လ်သီချင်း Pillow Talk ထဲမှာတော့ နှစ်ဦးသားရဲ့ ဆက်ဆံရေးကို ပေါ်ပေါ်ထင်ထင် ဖွင့်ချပြခဲ့ကြပါတယ်။

Photo: gigihadid/ Instagram

အဲဒီနောက်မှာတော့ ပရိသတ်တွေ ချစ်ကြတဲ့ စုံတွဲတစ်တွဲ ဖြစ်လာကြပြီး ပြတ်လိုက်၊ တွဲလိုက်နဲ့ ကြာရှည်တဲ့ အချစ်ရေးကို ပိုင်ဆိုင်ခဲ့ကြပါတယ်။ အခုနောက်ဆုံး ပြန်တွဲခဲ့တဲ့ အချိန်ကတော့ ၂၀၂၀ ခုနှစ် ဇန်နဝါရီလမှာ ဖြစ်ပြီး ဧပြီလမှာတော့ Gigi မှာ ကိုယ်ဝန်လွယ်ထားရကြောင်း ‌အတည်ပြုပေးခဲ့ပါတယ်။ အဲဒီနောက် Khai လို့ အမည်ပေးထားတဲ့ သမီးလေးတစ်ယောက်ကို မွေးဖွားခဲ့ပါတယ်။ အခုသူတို့နှစ်ဦး ထပ်မံ လမ်းခွဲချိန်မှာတော့ Khai ဟာ အသက်(၁)နှစ်ကျော် ရှိနေပါပြီ။

Glasgow

Source: people

(Zawgyi Version)

နာမည္ေက်ာ္ စူပါေမာ္ဒယ္လ္ Gigi Hadid နဲ႔ နာမည္ေက်ာ္အဆိုေတာ္ Zayn Malik တို႔ဟာ လမ္းခြဲလိုက္ၾကၿပီလို႔ People သတင္းဌာနရဲ့ ေဖာ္ျပခ်က္အရ သိရပါတယ္။

အသက္(၂၆)ႏွစ္အရြယ္ Gigi နဲ႔ အသက္(၂၈)ႏွစ္အရြယ္ Zayn တို႔ လမ္းခြဲလိုက္ၾကရတဲ့ အေၾကာင္းရင္းကေတာ့ Gigi ရဲ့ မိခင္ျဖစ္သူ Yolanda Hadid နဲ႔ Zayn တို႔ အခ်င္းမ်ားၾကရာက ေနာက္ဆက္တြဲ ျဖစ္လာတဲ့ အက်ိဳးသက္ေရာက္မွုေၾကာင့္ပဲ ျဖစ္ပါတယ္။

Photo: gigihadid/ Instagram

“သူတို႔ အခု အတူတူ မရွိၾကေတာ့ပါဘူး။ ဒါေပမယ့္ သူတို႔ႏွစ္ေယာက္စလုံးက တကယ့္ မိဘေကာင္းေတြပါ။ သူတို႔ႏွစ္ေယာက္လုံးက ကေလးကို အတူတူ ျပဳစုပ်ိဳးေထာင္ေနၾကတာပါ။ ၿပီးေတာ့ Yolanda ကလည္း သိတဲ့အတိုင္း Gigi နဲ႔ ပတ္သက္လာရင္ သိပ္ကို ရင္အုပ္မကြာ ကာကြယ္ေစာင့္ေရွာက္ေပးတတ္တဲ့ မိခင္ေလ။ သူကေတာ့ သူ႔သမီးနဲ႔ ေျမးအတြက္ အေကာင္းဆုံး ျဖစ္မွာကိုပဲ လိုခ်င္တာပါ … ” လို႔ Hadid မိသားစုနဲ႔ အနီးကပ္ ရင္းႏွီးသူတစ္ေယာက္က People ကို ေျပာထားပါတယ္။

အခုကိစၥနဲ႔ ပတ္သက္ၿပီး Gigi ရဲ့ ကိုယ္စားလွယ္ကေတာ့ “Gigi ကေတာ့ သူ႔သမီး Khai ေလးအတြက္ အေကာင္းဆုံး ျဖစ္မွာကိုပဲ အာ႐ုံစိုက္ေနပါတယ္။ အခုအေတာအတြင္းမွာေတာ့ privacy ေလး ထားေပးဖို႔ ေျပာထားပါတယ္ … ” လို႔ ေၾကညာခ်က္နဲ႔အတူ ေျပာထားပါတယ္။

Yolanda Hadid နဲ႔ Zayn တို႔ရဲ့ ကိုယ္စားလွယ္ေတြကေတာ့ ဒီကိစၥနဲ႔ ပတ္သက္ၿပီး မွတ္ခ်က္တစုံတရာေပးဖို႔ အေၾကာင္းျပန္ၾကားျခင္း မရွိေသးပါဘူး။

Photo: gigihadid/ Instagram

ျဖစ္ပုံကေတာ့ Gigi ရဲ့ မိခင္ျဖစ္သူ Yolanda ဟာ Zayn က သူမကို ရိုက္တယ္၊ လက္ပါတယ္ဆိုတဲ့ စြပ္စြဲခ်က္နဲ႔ ရဲကို တိုင္ခ်က္ဖြင့္ဖို႔ စဥ္းစားေနတယ္ဆိုတဲ့အေၾကာင္း အမည္မေဖာ္လိုတဲ့ သတင္း source က TMZ သတင္းဌာနကို ေျပာၾကားအၿပီးမွာ စတင္လာတာ ျဖစ္ပါတယ္။ ဒီသတင္းနဲ႔ ပတ္သက္ၿပီး Zayn ဘက္ကေတာ့ ခိုင္ခိုင္မာမာ ျငင္းဆိုထားကာ သူ႔အေနနဲ႔ Yolanda ကို ရိုက္တယ္ဆိုတာဟာ “မွားယြင္းတဲ့ စြပ္စြဲခ်က္”ျဖစ္တယ္လို႔ ေျပာထားပါတယ္။

အဲဒီေနာက္ Zayn ဟာ ဒီကိစၥနဲ႔ ပတ္သက္ၿပီး တြစ္တာစာမ်က္ႏွာမွာ ေၾကညာခ်က္တစ္ေစာင္ ေရးသားထားၿပီး မိသားစုၾကားမွာ ျဖစ္တဲ့ ျပႆနာကို မိသားစုၾကားမွာပဲ ေျဖရွင္းလိုေၾကာင္းနဲ႔ ကမၻာ့စင္ျမင့္ေပၚထိ ေရာက္သြားေအာင္ မျပဳလုပ္လိုေၾကာင္း၊ ဘာမွမသိတဲ့ လူေတြက ဝင္ၿပီး ေဝဖန္တာေတြ၊ ေတာင္ေျပာေျမာက္ေျပာ ေျပာတာေတြ မျဖစ္ေစခ်င္ေၾကာင္း ေျပာထားပါတယ္။ ဒါ့အျပင္ ယခုကိစၥဟာလည္း ပုဂၢိဳလ္ေရးကိစၥသာ ျဖစ္လို႔ privacy ထားေပးၾကဖို႔ ေျပာထားပါေသးတယ္။

Photo: gigizayn/ Instagram

Zayn ရဲ့ ဒီေၾကညာခ်က္နဲ႔ ပတ္သက္ၿပီး လူအမ်ားစုကေတာ့ ေယာကၡမျဖစ္သူ Yolanda ကို ရည္ညႊန္းတာ ျဖစ္တယ္လို႔ သုံးသပ္ထားၾကပါတယ္။

Zayn နဲ႔ Gigi တို႔ဟာ ၂၀၁၅ ခုႏွစ္ နိုဝင္ဘာလမွာ စတင္ၿပီး တြဲေနတယ္ဆိုတဲ့ သတင္းေတြ ထြက္ေပၚလာခဲ့တာပါ။ အဲဒီေနာက္ လေပါင္းမ်ားစြာ သူတို႔ရဲ့ အခ်စ္ေရးကို လူေတြက ေမးခြန္းထုတ္ခဲ့ၾကၿပီး ၂၀၁၆ ခုႏွစ္မွာ ထြက္ရွိလာတဲ့ Zayn ရဲ့ ဆင္ဂယ္လ္သီခ်င္း Pillow Talk ထဲမွာေတာ့ ႏွစ္ဦးသားရဲ့ ဆက္ဆံေရးကို ေပၚေပၚထင္ထင္ ဖြင့္ခ်ျပခဲ့ၾကပါတယ္။

Photo: gigihadid/ Instagram

အဲဒီေနာက္မွာေတာ့ ပရိသတ္ေတြ ခ်စ္ၾကတဲ့ စုံတြဲတစ္တြဲ ျဖစ္လာၾကၿပီး ျပတ္လိုက္၊ တြဲလိုက္နဲ႔ ၾကာရွည္တဲ့ အခ်စ္ေရးကို ပိုင္ဆိုင္ခဲ့ၾကပါတယ္။ အခုေနာက္ဆုံး ျပန္တြဲခဲ့တဲ့ အခ်ိန္ကေတာ့ ၂၀၂၀ ခုႏွစ္ ဇန္နဝါရီလမွာ ျဖစ္ၿပီး ဧၿပီလမွာေတာ့ Gigi မွာ ကိုယ္ဝန္လြယ္ထားရေၾကာင္း ‌အတည္ျပဳေပးခဲ့ပါတယ္။ အဲဒီေနာက္ Khai လို႔ အမည္ေပးထားတဲ့ သမီးေလးတစ္ေယာက္ကို ေမြးဖြားခဲ့ပါတယ္။ အခုသူတို႔ႏွစ္ဦး ထပ္မံ လမ္းခြဲခ်ိန္မွာေတာ့ Khai ဟာ အသက္(၁)ႏွစ္ေက်ာ္ ရွိေနပါၿပီ။

Glasgow

Source: people

RELATED ARTICLES

Most Popular