HomeEntertainmentFilmIron Man ကို ပြန်မြင်ရဦးမယ်ဆိုတဲ့ မျှော်လင့်ချက် ပရိသတ်တွေဆီမှာ မရှိစေချင်တဲ့ MCU

Iron Man ကို ပြန်မြင်ရဦးမယ်ဆိုတဲ့ မျှော်လင့်ချက် ပရိသတ်တွေဆီမှာ မရှိစေချင်တဲ့ MCU

ေအာက္တြင္ ေဇာ္ဂ်ီျဖင့္ ဖတ္ပါ။

လောလောဆယ် အသစ်ထွက်ရှိနေတဲ့ What If…? ဇာတ်လမ်းတွဲထဲမှာတော့ MCU ဟာ Tony Stark ကို သတ်ပစ်တာ သုံးကြိမ်ရှိပြီ ဖြစ်ပါတယ်။ ဒါကြောင့် စဉ်းစားစရာ ရှိလာတာကတော့ Tony Stark ဟာ ဘယ်တော့မှ ပြန်မလာတော့ဘူးဆိုတာ သက်သေပြဖို့ MCU က ကြိုးစားနေတာလားဆိုတာပဲ ဖြစ်ပါတယ်။

Robert Downey Jr. ကလည်း Iron Man ဇာတ်ကောင်မှာ ပြန်လည်ပါဝင်လာဖို့ ဘာစာချုပ်မှ မချုပ်ထားပါဘူး။ ဒါပေမယ့်လည်း Endgame ထဲက Tony ရဲ့ သေဆုံးမှုကို မြင်ပြီးသွားတဲ့အချိန်မှာတောင် ပရိသတ်တွေဟာ Tony ကို ပြန်မြင်ချင်နေတုန်းပဲ ဖြစ်ပါတယ်။

photo via screenrant

What If…? အပိုင်း(၃)ထဲမှာတော့ Nick Fury ရဲ့ Avengers Initiative ဟာ အစမပြုခင်မှာပဲ အဆုံးသတ်သွားပါတယ်။ အဲ့ဒီအပိုင်းထဲမှာတော့ မူလ Avengers အဖွဲ့ဝင်တွေ တစ်ယောက်ပြီးတစ်ယောက် ထူးထူးဆန်းဆန်း သေဆုံးကုန်ပြီး ပထမဆုံး သေဆုံးသွားသူကတော့ Tony ပဲ ဖြစ်ပါတယ်။ အပိုင်း(၅)ထဲမှာတော့ တစ်ကမ္ဘာလုံးဟာ ဇွန်ဘီဗိုင်းရပ်စ် ကူးစက်ခံလိုက်ရပြီး Tony အပါအဝင် Avengers အဖွဲ့ဝင်အများစုဟာလည်း ဇွန်ဘီတွေ ဖြစ်ကုန်ပါတယ်။ ဒီအပိုင်းထဲမှာလည်း အစပိုင်းမှာတင် Hope Van Dyne ဟာ Bruce Banner ကို ကယ်တင်ဖို့အတွက် ဇွန်ဘီ Tony ကို ခေါင်းဖြတ်သတ်ပစ်ခဲ့ပါတယ်။

နောက်ဆုံးထွက်ထားတဲ့ အပိုင်းဖြစ်တဲ့ အပိုင်း(၆)ထဲမှာတော့ Killmonger ဟာ Tony ကို အာဖဂန်နစ္စတန်မှာ ပြန်ပေးဆွဲမခံရအောင် ကယ်တင်ခဲ့ပါတယ်။ တကယ်တော့ Killmonger ဟာ Tony ရဲ့ နည်းပညာတွေကို လိုချင်ရုံသက်သက် ဖြစ်ပြီး Tony ကလည်း ပြန်ပေးဆွဲမခံခဲ့ရတာကြောင့် Iron Man ဖြစ်မလာခဲ့ပါဘူး။ ဒီအပိုင်းထဲမှာလည်း Killmonger ဟာ သူသစ္စာဖောက်နေတာကို Tony သိသွားတဲ့အချိန်မှာတော့ လွယ်လွယ်ကူကူပဲ သတ်ပစ်လိုက်ပါတယ်။

photo via screenrant

အခုချိန်မှာတော့ MCU ဟာ Multiverse ကို စတင်ထည့်သွင်းလာပြီ ဖြစ်တာကြောင့် ပရိသတ်တွေဟာ Tony ကို ပုံစံတစ်မျိူးမျိူးနဲ့ ပြန်လည်မြင်တွေ့နေချင်ကြပါတယ်။ ဒါပေမယ့်လည်း MCU ကတော့ What If…? ဇာတ်လမ်းတွဲထဲမှာ Tony ကို ထပ်ခါထပ်ခါ သတ်ပစ်နေပါတယ်။ Avengers ရဲ့ မူလအဖွဲ့ဝင်တွေကလည်း နည်းအမျိူးမျိူးနဲ့ ကွဲကွာကုန်ကြပြီ ဖြစ်သလို Infinity Saga ကလည်း ပြီးဆုံးသွားပါပြီ။

Endgame ထဲက Tony ရဲ့ အနစ်နာခံမှုဟာ MCU အတွက် အရေးပါတဲ့နေရာမှာ ပါဝင်တာကြောင့် အနာဂတ် ပရောဂျက်တွေမှာ Tony ကို ပြန်လည်ထည့်သွင်းခဲ့ရင် သူ့ရဲ့အနစ်နာခံမှုဟာ ဘာမှအရေးမပါသလို ဖြစ်သွားပါလိမ့်မယ်။ ဒါကြောင့်လည်း MCU ဟာ ပရိသတ်တွေအနေနဲ့ Tony ကို တစ်ချိန်ချိန်မှာ ပြန်မြင်ရဦးမယ်ဆိုတဲ့ မျှော်လင့်ချက်ကို လက်လျှော့စေချင်နေတာ ဖြစ်နိုင်ပြီး အဲ့ဒီအချက်ကို What If…? ဇာတ်လမ်းတွဲကနေတဆင့် ပြသနေတာ ဖြစ်နိုင်ပါတယ်။

Legos

(ဆံရစ်ဝိုင်းဝက်ဘ်ဆိုဒ်တွင် ဖော်ပြထားသော သတင်း၊ဆောင်းပါးများကို အခြားမည်သည့် ဝက်ဘ်ဆိုဒ်၊ Facebook စာမျက်နှာတွင်မျှ ကူးယူဖော်ပြခွင့် မပြုပါကြောင်း အသိပေးအပ်ပါသည်။)

(Zawgyi Version)

ေလာေလာဆယ္ အသစ္ထြက္ရွိေနတဲ့ What If…? ဇာတ္လမ္းတြဲထဲမွာေတာ့ MCU ဟာ Tony Stark ကို သတ္ပစ္တာ သုံးႀကိမ္ရွိၿပီ ျဖစ္ပါတယ္။ ဒါေၾကာင့္ စဥ္းစားစရာ ရွိလာတာကေတာ့ Tony Stark ဟာ ဘယ္ေတာ့မွ ျပန္မလာေတာ့ဘူးဆိုတာ သက္ေသျပဖို႔ MCU က ႀကိဳးစားေနတာလားဆိုတာပဲ ျဖစ္ပါတယ္။

Robert Downey Jr. ကလည္း Iron Man ဇာတ္ေကာင္မွာ ျပန္လည္ပါဝင္လာဖို႔ ဘာစာခ်ဳပ္မွ မခ်ဳပ္ထားပါဘူး။ ဒါေပမယ့္လည္း Endgame ထဲက Tony ရဲ့ ေသဆုံးမွုကို ျမင္ၿပီးသြားတဲ့အခ်ိန္မွာေတာင္ ပရိသတ္ေတြဟာ Tony ကို ျပန္ျမင္ခ်င္ေနတုန္းပဲ ျဖစ္ပါတယ္။

photo via screenrant

What If…? အပိုင္း(၃)ထဲမွာေတာ့ Nick Fury ရဲ့ Avengers Initiative ဟာ အစမျပဳခင္မွာပဲ အဆုံးသတ္သြားပါတယ္။ အဲ့ဒီအပိုင္းထဲမွာေတာ့ မူလ Avengers အဖြဲ႕ဝင္ေတြ တစ္ေယာက္ၿပီးတစ္ေယာက္ ထူးထူးဆန္းဆန္း ေသဆုံးကုန္ၿပီး ပထမဆုံး ေသဆုံးသြားသူကေတာ့ Tony ပဲ ျဖစ္ပါတယ္။ အပိုင္း(၅)ထဲမွာေတာ့ တစ္ကမၻာလုံးဟာ ဇြန္ဘီဗိုင္းရပ္စ္ ကူးစက္ခံလိုက္ရၿပီး Tony အပါအဝင္ Avengers အဖြဲ႕ဝင္အမ်ားစုဟာလည္း ဇြန္ဘီေတြ ျဖစ္ကုန္ပါတယ္။ ဒီအပိုင္းထဲမွာလည္း အစပိုင္းမွာတင္ Hope Van Dyne ဟာ Bruce Banner ကို ကယ္တင္ဖို႔အတြက္ ဇြန္ဘီ Tony ကို ေခါင္းျဖတ္သတ္ပစ္ခဲ့ပါတယ္။

ေနာက္ဆုံးထြက္ထားတဲ့ အပိုင္းျဖစ္တဲ့ အပိုင္း(၆)ထဲမွာေတာ့ Killmonger ဟာ Tony ကို အာဖဂန္နစၥတန္မွာ ျပန္ေပးဆြဲမခံရေအာင္ ကယ္တင္ခဲ့ပါတယ္။ တကယ္ေတာ့ Killmonger ဟာ Tony ရဲ့ နည္းပညာေတြကို လိုခ်င္႐ုံသက္သက္ ျဖစ္ၿပီး Tony ကလည္း ျပန္ေပးဆြဲမခံခဲ့ရတာေၾကာင့္ Iron Man ျဖစ္မလာခဲ့ပါဘူး။ ဒီအပိုင္းထဲမွာလည္း Killmonger ဟာ သူသစၥာေဖာက္ေနတာကို Tony သိသြားတဲ့အခ်ိန္မွာေတာ့ လြယ္လြယ္ကူကူပဲ သတ္ပစ္လိုက္ပါတယ္။

photo via screenrant

အခုခ်ိန္မွာေတာ့ MCU ဟာ Multiverse ကို စတင္ထည့္သြင္းလာၿပီ ျဖစ္တာေၾကာင့္ ပရိသတ္ေတြဟာ Tony ကို ပုံစံတစ္မ်ိဴးမ်ိဴးနဲ႔ ျပန္လည္ျမင္ေတြ႕ေနခ်င္ၾကပါတယ္။ ဒါေပမယ့္လည္း MCU ကေတာ့ What If…? ဇာတ္လမ္းတြဲထဲမွာ Tony ကို ထပ္ခါထပ္ခါ သတ္ပစ္ေနပါတယ္။ Avengers ရဲ့ မူလအဖြဲ႕ဝင္ေတြကလည္း နည္းအမ်ိဴးမ်ိဴးနဲ႔ ကြဲကြာကုန္ၾကၿပီ ျဖစ္သလို Infinity Saga ကလည္း ၿပီးဆုံးသြားပါၿပီ။

Endgame ထဲက Tony ရဲ့ အနစ္နာခံမွုဟာ MCU အတြက္ အေရးပါတဲ့ေနရာမွာ ပါဝင္တာေၾကာင့္ အနာဂတ္ ပေရာဂ်က္ေတြမွာ Tony ကို ျပန္လည္ထည့္သြင္းခဲ့ရင္ သူ႔ရဲ့အနစ္နာခံမွုဟာ ဘာမွအေရးမပါသလို ျဖစ္သြားပါလိမ့္မယ္။ ဒါေၾကာင့္လည္း MCU ဟာ ပရိသတ္ေတြအေနနဲ႔ Tony ကို တစ္ခ်ိန္ခ်ိန္မွာ ျပန္ျမင္ရဦးမယ္ဆိုတဲ့ ေမၽွာ္လင့္ခ်က္ကို လက္ေလၽွာ့ေစခ်င္ေနတာ ျဖစ္နိုင္ၿပီး အဲ့ဒီအခ်က္ကို What If…? ဇာတ္လမ္းတြဲကေနတဆင့္ ျပသေနတာ ျဖစ္နိုင္ပါတယ္။

Legos

(ဆံရစ္ဝိုင္းဝက္ဘ္ဆိုဒ္တြင္ ေဖာ္ျပထားေသာ သတင္း၊ေဆာင္းပါးမ်ားကို အျခားမည္သည့္ ဝက္ဘ္ဆိုဒ္၊ Facebook စာမ်က္ႏွာတြင္မွ် ကူးယူေဖာ္ျပခြင့္ မျပဳပါေၾကာင္း အသိေပးအပ္ပါသည္။)

RELATED ARTICLES

Most Popular