HomeEntertainmentFilm၂၀၂၅ ခုနှစ်မှာ ထပ်မံထွက်ရှိလာဦးမယ့် M3GAN 2

၂၀၂၅ ခုနှစ်မှာ ထပ်မံထွက်ရှိလာဦးမယ့် M3GAN 2

Blumhouse ရုပ်ရှင်ထုတ်လုပ်ရေးကတော့ ၂၀၂၅ ခုနှစ်မှာ M3GAN 2 ထပ်မံထွက်ရှိလာဦးမယ်လို့ တရားဝင်ကြေညာလိုက်ပါပြီ။ M3GAN ရုပ်ရှင်ကတော့ ထွက်ရှိတာ သိပ်မကြာသေးပေမယ့်လည်း Box Office မှာ အောင်မြင်မှုတွေ ရရှိထားသလို ကောင်းမွန်တဲ့ ဝေဖန်ချက်တွေကိုလည်း ရရှိထားပါတယ်။ ဒါ့အပြင် ဒီရုပ်ရှင်ဟာ ဘတ်ဂျက်အနေနဲ့ ဒေါ်လာ (၁၂)သန်းသာ အသုံးပြုထားတဲ့ Low Budget ရုပ်ရှင်လည်း ဖြစ်ပါတယ်။

photo via screenrant

ဇာတ်လမ်းကတော့ Gemma ဆိုတဲ့ တီထွင်သူတစ်ယောက်ဟာ မထင်မှတ်ဘဲ ကလေးမလေးတစ်ယောက်ကို တာဝန်ယူ စောင့်ရှောက်ရာက စတင်ပါတယ်။ Gemma ဟာ အဲဒီကလေးမလေးအနားမှာ အမြဲမရှိပေးနိုင်တာကြောင့် ဒီကလေးမလေးနဲ့ အတူတူ ဆော့ကစားပြီး ကာကွယ်စောင့်ရှောက်ပေးဖို့ A.I စက်ရုပ်တစ်ခုကို ဖန်တီးလိုက်ပါတယ်။ နောက်ပိုင်းမှာတော့ အဲဒီစက်ရုပ်ဟာ အကြမ်းဖက်လာပြီး ဒီကလေးမလေးအတွက် အန္တရာယ်ရှိတယ်လို့ ယူဆသမျှ အရာအားလုံးကို သတ်ဖြတ်နေပါတော့တယ်။

M3GAN ရုပ်ရှင်ဟာ အောင်မြင်မှုတွေ ရရှိထားတာကြောင့် M3GAN 2 ကို ဖန်တီးဖို့ စတင်ပြင်ဆင်နေပြီလို့ The Hollywood Reporter သတင်းဌာနက ဖော်ပြထားပါတယ်။ Sequel ရဲ့ နာမည်ကတော့ M3GAN 2.0 လို့ သိရပြီး ၂၀၂၅ ခုနှစ် ဇန်နဝါရီလ (၁၇)ရက်နေ့မှာ ထွက်ရှိလာမယ်လို့ ဆိုပါတယ်။ Akela Cooper ကတော့ Sequel မှာလည်း ဇာတ်ညွှန်းရေးဆရာအနေနဲ့ ပြန်လည်ပါဝင်သွားဦးမှာ ဖြစ်ပါတယ်။

photo via screenrant

လောလောဆယ်မှာတော့ Allison Williams နဲ့ Violet McGraw တို့ကတော့ Gemma နဲ့ Cady တို့အဖြစ် ပြန်လည်ပါဝင်လာမယ်လို့ သိရပါတယ်။ ဒါပေမယ့်လည်း M3GAN နေရာမှာ သရုပ်ဆောင်ခဲ့ကြတဲ့ Amie Donald နဲ့ Jenna Davis တို့ ပြန်လည်ပါဝင်လာမလား ဆိုတာတော့ မသိရသေးပါဘူး။ M3GAN ရဲ့ စက်ရုပ်ဆန်ဆန် လှုပ်ရှားမှုတွေကိုတော့ Amie Donald က သရုပ်ဆောင်ခဲ့တာ ဖြစ်ပြီး ကြောက်စရာအသံကိုတော့ Jenna Davis က အသံသရုပ်ဆောင်ထားတာ ဖြစ်ပါတယ်။

Legos

Source: Screenrant

RELATED ARTICLES

Most Popular