HomeCelebs Update NewsInternationalMegan Fox ကို လက်ထပ်ခွင့်တောင်းခံလိုက်တဲ့ MGK 

Megan Fox ကို လက်ထပ်ခွင့်တောင်းခံလိုက်တဲ့ MGK 

နာမည်ကျော်အဆိုတော် Machine Gun Kelly (MGK) ဟာ နာမည်ကျော်သရုပ်ဆောင် Megan Fox ကို လက်ထပ်ခွင့်တောင်းခံလိုက်ပြီး နှစ်ဦးသဘောတူ စေ့စပ်လိုက်ကြပြီ ဖြစ်ပါတယ်။

MGK ဟာ Megan ကို လက်ထပ်ခွင့်တောင်းခံလိုက်တဲ့အကြောင်းကိုတော့ သူ့ရဲ့ အင်စတာဂရမ်အကောင့်မှာ အသိပေးထားတာ ဖြစ်ပါတယ်။ မကြာသေးခင်က မျှဝေထားတဲ့ အဆိုပါပို့စ်မှာတော့ စိန်နဲ့မြ ရောယှက်ထားတဲ့ စေ့စပ်လက်စွပ်နဲ့အတူ သူတို့နှစ်ဦးရဲ့ ဝမ်းမြောက်စရာသတင်းကို အသိပေးထားတာ ဖြစ်ပါတယ်။

Photo: machinegunkelly/ Instagram

“ဒီဘဝမှာရော၊ ကျွန်တော်တို့အချစ်တွေ ဝေမျှခဲ့ကြဖူးမယ့် ဘဝအဆက်ဆက်တွေအတွက်ပါ ရည်ရွယ်ပြီး သူမကို ကျွန်တော် လက်ထပ်ခွင့်တောင်းလိုက်ပါတယ်။ သမားရိုးကျ လက်ထပ်ခွင့်တောင်းတာကတော့ လက်စွပ်တစ်ကွင်းပါပဲ … ”

“ဒါပေမယ့် Stephen Webster နဲ့အတူ ပူးပေါင်းပြီး သူမရဲ့မွေးနေ့နံကျောက်ဖြစ်တဲ့ မြနဲ့ ကျွန်တော့်ရဲ့ မွေးနေ့နံကျောက်ဖြစ်တဲ့ စိန်ကို ပေါင်းစပ်ပြီး အချင်းချင်း ဆွဲငင်ကြမယ့် ကြိုးနှစ်ချောင်းအဖြစ် ရစ်ပတ်ပုံဖော်ပြီးတော့ ကျွန်တော်တို့ရဲ့ ဝိဉာဉ်တစ်ဝက်စီ ပေါင်းစပ်ထားတဲ့သဘောနဲ့ အသည်းပုံ ပုံဖော်ထားတာပါ … 1.11.2022 … ” လို့ အဆိုပါပို့စ်မှာ MGK က ရေးသားထားပါတယ်။

 

View this post on Instagram

 

A post shared by the Blonde Don (@machinegunkelly)

Megan ကတော့ MGK ရဲ့ တကယ့် လက်ထပ်ခွင့်တောင်းခံစဉ်က ပုံရိပ်တွေကို ဗွီဒီယိုတစ်ခုနဲ့ မျှဝေပေးထားပါသေးတယ်။

“၂၀၂၀ ရဲ့ ဇူလိုင်လတုန်းက ကျွန်မတို့ ဒီညောင်ပင်ကြီးအောက်မှာ အတူထိုင်ပြီး မှော်ဆန်တာတစ်ခုကို တောင်းခံခဲ့ကြတယ်။ ဒီလိုတိုတောင်းမြန်ဆန်လှတဲ့ ကာလလေးအတွင်းမှာ ကျွန်မတို့အတူ ရင်ဆိုင်ရမယ့် နာကျင်မှုတွေကို နှစ်ယောက်လုံး သိနေခဲ့ကြတယ်။ ဒီအချစ်အတွက် ကျွန်မတို့ ပေးဆပ်ရမယ့် အရာတွေနဲ့ အားထုတ်ရမယ့်အရာတွေ အများကြီးကို သတိမမူမိခဲ့ကြပေမယ့် အဲဒါတွေအားလုံးကို အချစ်နဲ့အတူ ဖြတ်ကျော်နိုင်ခဲ့ပါတယ်။ ပြီးတော့ ကံတရားရောပေါ့ … ”

 

View this post on Instagram

 

A post shared by Megan Fox (@meganfox)

“ဒီလိုနဲ့ ငရဲလို အချိန်ကာလတွေကို တစ်နှစ်ကျော် အတူဖြတ်သန်းပြီးနောက်မှာ ကျွန်မဟာ ကျွန်မဘဝမှာ စိတ်ကူးယဉ်ခဲ့ဖူးတာထက် များစွာပိုတဲ့ ရယ်မောပျော်ရွှင်မှုတွေကို ရရှိခဲ့ပါတယ်။ ပြီးတော့ သူက ကျွန်မကို လက်ထပ်ခွင့် တောင်းခံလာပါတယ်။ အဲဒီတော့လည်း ဒီဘဝမတိုင်ခင် အရင်ဘဝ ဘဝတွေတုန်းကလိုပဲ … ပြီးတော့ နောင်လာမယ့် ဘဝပေါင်းများစွာအတွက်ကိုပါ ရည်ရွယ်ပြီး ကျွန်မ ခေါင်းညိတ်လိုက်ပါတယ်။ ပြီးတော့ ကျွန်မတို့ တစ်ယောက်ရဲ့သွေးကို တစ်ယောက် သောက်သုံးခဲ့ကြပါတယ် …. ” လို့ Megan က ပြောထားပါတယ်။

MGK နဲ့ Megan တို့ဟာ မြင်မြင်ချင်း ချစ်မိခဲ့ကြတယ်လို့ အင်တာဗျူးတွေမှာ ဝန်ခံထားပြီး သူတို့နှစ်ဦးဟာ ဘဝအဆက်ဆက်က ချစ်သူတွေဖြစ်ခဲ့ကြတယ်လို့ ယုံကြည်တယ်လို့လည်း ပြောထားပါသေးတယ်။

Glasgow

Source: hollywoodlife

RELATED ARTICLES

Most Popular