HomeCelebs Update NewsInternationalပထမဆုံး မျက်လုံးချင်းဆုံတည်းက MGK ဟာ သူမရဲ့ဖူးစာဖက်လို့ သိလိုက်တယ်ဆိုတဲ့ Megan Fox 

ပထမဆုံး မျက်လုံးချင်းဆုံတည်းက MGK ဟာ သူမရဲ့ဖူးစာဖက်လို့ သိလိုက်တယ်ဆိုတဲ့ Megan Fox 

ေအာက္တြင္ ေဇာ္ဂ်ီျဖင့္ ဖတ္ပါ။

မင်းသမီးချော Megan Fox ကတော့ MGK ဟာ သူမရဲ့ ဖူးစာဖက်ဖြစ်ကြောင်း MGK ရဲ့ မျက်လုံးထဲကို ပထမဆုံး စိုက်ကြည့်မိချိန်ကတည်းက သိခဲ့တယ်လို့ ဆိုလာပါတယ်။

Megan ဟာ The Washington Post သတင်းစာနဲ့ ပြုလုပ်တဲ့ အင်တာဗျူးအသစ်မှာ သူမနဲ့ MGK ရဲ့ တွေ့ဆုံခဲ့ပုံတွေကို ပြန်ပြောင်း ပြောပြလာတာ ဖြစ်ပါတယ်။ Megan နဲ့ MGK တို့ဟာ Midnight in the Switchgrass ဆိုတဲ့ ရုပ်ရှင်ဇာတ်ကား ရိုက်ကူးရင်း ပထမဆုံး စတင်တွေ့ဆုံခဲ့ကြတာ ဖြစ်ပါတယ်။

MGK ဆိုတာဟာ “အရပ်ရှည်ရှည်၊ ရွှေရောင်ဆံပင်နဲ့ တက်တူးအပြည့်ထိုးထားတဲ့ ရက်ပ်ပါတစ်ယောက်” လို့ သိခဲ့ပေမယ့် တကယ်တမ်း လူချင်း တွေ့ဆုံတဲ့အခါ သူတို့ကြားမှာ မှော်ဆန်တဲ့ ဆက်သွယ်မှုတစ်ခု ရှိနေတာကို မမျှော်လင့်ဘဲ ခံစားမိခဲ့ကြောင်း Megan က ဆိုပါတယ်။

Photo: meganfox/ Instagram

“သူ့ရဲ့ မျက်လုံးတွေထဲကို ကြည့်လိုက်မိချိန်တည်းက … သူ့ကို ကျွန်မသိနေတယ်။ ကြိမ်ဖန်များစွာ သိကျွမ်းလာခဲ့သလိုပဲ။ အဲလိုသိတယ်ဆိုတာကလည်း သူ့ရဲ့ ပုံစံမျိုးစုံကို ဘဝပေါင်းများစွာမှာ သိခဲ့ဖူးသလိုကို ခံစားသိ သိလိုက်တာ။ ဒီလို ခံစားရမယ်လို့ မမျှော်လင့်ထားပေမယ့် ဘုရားရေ … ရှင်လေးကတော့ ကျွန်မရဲ့ တကယ့် ဖူးစာဖက်ပါလားလို့ သိလိုက်တာ … ” လို့ Megan က အဆိုပါ အင်တာဗျူးမှာ ဆိုထားပါတယ်။

တကယ်တမ်းမှာတော့ Megan နဲ့ MGK တို့ဟာ အဲဒီရိုက်ကွင်းမှာ နှစ်ရက်မျှသာ အတူတွဲပြီး အလုပ်လုပ်ခဲ့ရတာ ဖြစ်ပါတယ်။ ဒီလိုနဲ့ ၂၀၂၀ခုနှစ် ဇူလိုင်လမှာ ပထမဆုံး နှစ်ယောက်ပေါင်း ပြုလုပ်ခဲ့တဲ့ အင်တာဗျူးမှာတော့ MGK ဟာ သူမရဲ့ အမွှာဝိဉာဉ်ပိုင်ရှင်လေးလို့ Megan က တင်စား ခေါ်ဝေါ်ခဲ့ပါသေးတယ်။

Photo: meganfox/ Instagram

ဒါ့အပြင် ပထမဆုံး အလုပ်စလုပ်တည်းက MGK နဲ့ သူမဟာ တစ်နည်းနည်းနဲ့တော့ ပတ်သက် ဆက်နွယ်တော့မယ်ဆိုတာ သူမရဲ့ အတွင်းစိတ်ထဲက အလိုလို ခံစားမိနေခဲ့တယ်လို့လည်း ဆိုပါတယ်။

“ကျွန်မ ဟိုတစ်ခေါက်က သူ့ကို တင်စားခဲ့သလိုပဲ။ သူက ကျွန်မရဲ့ ဝိဉာဉ်အမွှာပူးလေးပေါ့။ ဒါက တကယ်တော့ ဖူးစာဖက်ဆိုတာထက်လေ ဝိဉာဉ်တစ်ခုတည်းက တစ်ချိန်တည်းမှာ လူနှစ်ယောက်ရဲ့ ခန္ဓာကိုယ်ထဲကို ခွဲပြီး ဝင်သွားသလိုပဲ။ အဲတော့ ပြောရရင် ကျွန်မတို့နှစ်ယောက်က ဝိဉာဉ်တစ်ခုကို နှစ်ယောက်ခွဲပြီး နေထိုင်နေကြသူတွေပေါ့။ ပြီးတော့ ဒီစကားကိုလည်း ကျွန်မ အဲဒီလို ခံစားရတာနဲ့ တစ်ခါတည်း သူ့ကို တန်းပြောလိုက်တာ … ” လို့ Megan က ဆိုပါတယ်။

Photo: meganfox/ Instagram

Megan နဲ့ MGK တို့ဟာ MGK ရဲ့ “Bloody Valentine” MV ထွက်ရှိလာပြီး ဇူလိုင်လမှာပဲ နှစ်ယောက်တွဲနေတဲ့အကြောင်း အင်စတာဂရမ်မှာ တရားဝင် အသိပေးခဲ့တာ ဖြစ်ပါတယ်။ အဆိုပါ MV ကတော့ Megan နဲ့ ဆယ်နှစ်ကြာ ပေါင်းသင်းလာခဲ့တဲ့ ခင်ပွန်းဖြစ်သူ Brian Austin Green က နှစ်ယောက် လမ်းခွဲလိုက်ပြီဖြစ်ကြောင်း အတည်ပြုပေးပြီးနောက် ရက်အနည်းငယ်အကြာမှာ ထွက်ရှိလာခဲ့တာ ဖြစ်ပါတယ်။

Glasgow

Source: people

(Zawgyi Version)

မင္းသမီးေခ်ာ Megan Fox ကေတာ့ MGK ဟာ သူမရဲ႕ ဖူးစာဖက္ျဖစ္ေၾကာင္း MGK ရဲ႕ မ်က္လုံးထဲကို ပထမဆုံး စိုက္ၾကည့္မိခ်ိန္ကတည္းက သိခဲ့တယ္လို႔ ဆိုလာပါတယ္။

Megan ဟာ The Washington Post သတင္းစာနဲ႔ ျပဳလုပ္တဲ့ အင္တာဗ်ဴးအသစ္မွာ သူမနဲ႔ MGK ရဲ႕ ေတြ႕ဆုံခဲ့ပုံေတြကို ျပန္ေျပာင္း ေျပာျပလာတာ ျဖစ္ပါတယ္။ Megan နဲ႔ MGK တို႔ဟာ Midnight in the Switchgrass ဆိုတဲ့ ႐ုပ္ရွင္ဇာတ္ကား ႐ိုက္ကူးရင္း ပထမဆုံး စတင္ေတြ႕ဆုံခဲ့ၾကတာ ျဖစ္ပါတယ္။

MGK ဆိုတာဟာ “အရပ္ရွည္ရွည္၊ ေ႐ႊေရာင္ဆံပင္နဲ႔ တက္တူးအျပည့္ထိုးထားတဲ့ ရက္ပ္ပါတစ္ေယာက္” လို႔ သိခဲ့ေပမယ့္ တကယ္တမ္း လူခ်င္း ေတြ႕ဆုံတဲ့အခါ သူတို႔ၾကားမွာ ေမွာ္ဆန္တဲ့ ဆက္သြယ္မႈတစ္ခု ရွိေနတာကို မေမွ်ာ္လင့္ဘဲ ခံစားမိခဲ့ေၾကာင္း Megan က ဆိုပါတယ္။

Photo: meganfox/ Instagram

“သူ႔ရဲ႕ မ်က္လုံးေတြထဲကို ၾကည့္လိုက္မိခ်ိန္တည္းက … သူ႔ကို ကြၽန္မသိေနတယ္။ ႀကိမ္ဖန္မ်ားစြာ သိကြၽမ္းလာခဲ့သလိုပဲ။ အဲလိုသိတယ္ဆိုတာကလည္း သူ႔ရဲ႕ ပုံစံမ်ိဳးစုံကို ဘဝေပါင္းမ်ားစြာမွာ သိခဲ့ဖူးသလိုကို ခံစားသိ သိလိုက္တာ။ ဒီလို ခံစားရမယ္လို႔ မေမွ်ာ္လင့္ထားေပမယ့္ ဘုရားေရ … ရွင္ေလးကေတာ့ ကြၽန္မရဲ႕ တကယ့္ ဖူးစာဖက္ပါလားလို႔ သိလိုက္တာ … ” လို႔ Megan က အဆိုပါ အင္တာဗ်ဴးမွာ ဆိုထားပါတယ္။

တကယ္တမ္းမွာေတာ့ Megan နဲ႔ MGK တို႔ဟာ အဲဒီ႐ိုက္ကြင္းမွာ ႏွစ္ရက္မွ်သာ အတူတြဲၿပီး အလုပ္လုပ္ခဲ့ရတာ ျဖစ္ပါတယ္။ ဒီလိုနဲ႔ ၂၀၂၀ခုႏွစ္ ဇူလိုင္လမွာ ပထမဆုံး ႏွစ္ေယာက္ေပါင္း ျပဳလုပ္ခဲ့တဲ့ အင္တာဗ်ဴးမွာေတာ့ MGK ဟာ သူမရဲ႕ အမႊာဝိဉာဥ္ပိုင္ရွင္ေလးလို႔ Megan က တင္စား ေခၚေဝၚခဲ့ပါေသးတယ္။

Photo: meganfox/ Instagram

ဒါ့အျပင္ ပထမဆုံး အလုပ္စလုပ္တည္းက MGK နဲ႔ သူမဟာ တစ္နည္းနည္းနဲ႔ေတာ့ ပတ္သက္ ဆက္ႏြယ္ေတာ့မယ္ဆိုတာ သူမရဲ႕ အတြင္းစိတ္ထဲက အလိုလို ခံစားမိေနခဲ့တယ္လို႔လည္း ဆိုပါတယ္။

“ကြၽန္မ ဟိုတစ္ေခါက္က သူ႔ကို တင္စားခဲ့သလိုပဲ။ သူက ကြၽန္မရဲ႕ ဝိဉာဥ္အမႊာပူးေလးေပါ့။ ဒါက တကယ္ေတာ့ ဖူးစာဖက္ဆိုတာထက္ေလ ဝိဉာဥ္တစ္ခုတည္းက တစ္ခ်ိန္တည္းမွာ လူႏွစ္ေယာက္ရဲ႕ ခႏၶာကိုယ္ထဲကို ခြဲၿပီး ဝင္သြားသလိုပဲ။ အဲေတာ့ ေျပာရရင္ ကြၽန္မတို႔ႏွစ္ေယာက္က ဝိဉာဥ္တစ္ခုကို ႏွစ္ေယာက္ခြဲၿပီး ေနထိုင္ေနၾကသူေတြေပါ့။ ၿပီးေတာ့ ဒီစကားကိုလည္း ကြၽန္မ အဲဒီလို ခံစားရတာနဲ႔ တစ္ခါတည္း သူ႔ကို တန္းေျပာလိုက္တာ … ” လို႔ Megan က ဆိုပါတယ္။

Photo: meganfox/ Instagram

Megan နဲ႔ MGK တို႔ဟာ MGK ရဲ႕ “Bloody Valentine” MV ထြက္ရွိလာၿပီး ဇူလိုင္လမွာပဲ ႏွစ္ေယာက္တြဲေနတဲ့အေၾကာင္း အင္စတာဂရမ္မွာ တရားဝင္ အသိေပးခဲ့တာ ျဖစ္ပါတယ္။ အဆိုပါ MV ကေတာ့ Megan နဲ႔ ဆယ္ႏွစ္ၾကာ ေပါင္းသင္းလာခဲ့တဲ့ ခင္ပြန္းျဖစ္သူ Brian Austin Green က ႏွစ္ေယာက္ လမ္းခြဲလိုက္ၿပီျဖစ္ေၾကာင္း အတည္ျပဳေပးၿပီးေနာက္ ရက္အနည္းငယ္အၾကာမွာ ထြက္ရွိလာခဲ့တာ ျဖစ္ပါတယ္။

Glasgow

Source: people

RELATED ARTICLES

Most Popular