HomeCelebs Update NewsInternationalချစ်သူ Megan Fox ရဲ့ ဖေးမမှုနဲ့ အမှားနွံထဲကနေ ရုန်းထွက်နေပြီဆိုတဲ့ MGK

ချစ်သူ Megan Fox ရဲ့ ဖေးမမှုနဲ့ အမှားနွံထဲကနေ ရုန်းထွက်နေပြီဆိုတဲ့ MGK

ေအာက္တြင္ ေဇာ္ဂ်ီျဖင့္ ဖတ္ပါ။

Machine Gun Kelly ဟာ မူးယစ်ဆေးနဲ့ လုံးပန်းပြီး အိပ်မပျော်တဲ့ ညပေါင်းများစွာကို ဖြတ်သန်းခဲ့ရပေမယ့် ချစ်သူ မမ Megan Fox ရဲ့ ကူညီဖေးမမှုကြောင့် နွံထဲကနေ တစ်လှမ်းချင်း ရုန်းထွက်နိုင်ခဲ့ပြီလို့ ပြောလိုက်ပါတယ်။

အသက်(၃၄)နှစ်အရွယ် Megan ဟာ အသက်(၃၀)နှစ်အရွယ် MGK ကို ပြုံးပျော်နေအောင် လုပ်ပေးနိုင်ရုံတင် မဟုတ်ဘဲ မူးယစ်နွံထဲကပါ ရုန်းထွက်နိုင်အောင် ကူညီပေးနေတာ‌ ဖြစ်ပါတယ်။ ဒီအကြောင်းကိုတော့ မင်းသား Dave Franco နဲ့ ပြုလုပ်ခဲ့တဲ့ Interview မဂ္ဂဇင်းအတွက် အင်တာဗျူးထဲမှာ MGK က ပြောပြခဲ့တာ ဖြစ်ပါတယ်။

Photo: machinegunkelly/ Instagram

“လက်ရှိ ကျွန်တော် ရွေးချယ်ထားတဲ့ ဆေးကတော့ ပျော်ရွှင်မှုနဲ့ အနုပညာပေါ်မှာ ပုံအပ်ခြင်းပါပဲ။ အရင်က အနုပညာလုပ်ဖို့ တွန်းအားပေးတယ်လို့ ကျွန်တော် ထင်ခဲ့တဲ့အရာတွေအစား ဒါတွေကို ရွေးချယ်လိုက်တာပါ။ တစ်လှမ်းစီ သွားနေရတာပေါ့ဗျာ …” လို့ MGK က သူ့ရဲ့မိတ်ဆွေ Dave Franco ကို ပြောထားပါတယ်။

“ညနက်နက်တွေတိုင်း ချွေးတွေပျံပြီး ထထိုင်နေရတဲ့အခါမျိုးမှာ၊ ခင်ဗျားခေါင်းထဲမှာ ချာချာလည်ပြီး ဘာမှစဉ်းစားမရတဲ့ အခါမျိုးတွေမှာ ဘေးမှာအတူလိုက်ထိုင်ပေးပြီး ခင်ဗျားရဲ့ပြဿနာကို ကူရှင်းပေးတာ၊ မတူတဲ့ ရှုထောင့်ကနေ မြင်လာအောင် ပြောပေးတာတွေက တကယ် အကူအညီ ဖြစ်ပါတယ် … ” လို့ ချစ်သူ Megan ရဲ့ ဖေးမမှုတွေကို ပြောပြထားပါတယ်။

Photo: machinegunkelly/ Instagram

MGK တစ်ယောက် မူးယစ်နွံထဲက ရုန်းထွက်ပြီး သန့်ရှင်းစွာနဲ့ နေထိုင်နိုင်ဖို့ Megan အပြင် မိတ်ဆွေရင်းကြီးဖြစ်တဲ့ Travis Barker ကလည်း ကူညီဖေးမကြောင်း ပြောထားပါသေးတယ်။

“ကျွန်တော့်ကို ဝိုင်းဝန်း လမ်းညွှန်ပေးကြတဲ့ထဲမှာ Travis Barker ကလည်း အရေးကြီးတဲ့နေရာကနေ ပါဝင်ပါတယ်။ သူကိုယ်တိုင်ကလည်း ဒီလိုမျိုး နေထိုင်ခဲ့ဖူးတဲ့ လူတစ်ယောက် ဆိုတော့လေ။ ဒါက ဘုန်းတော်ကြီးတွေ ဘာတွေဆီမှာ သွားပြီး အပြစ်ဝန်ခံတာမျိုးထက်လည်း ပိုလေးနက်ပါတယ်။ ဘာလို့ဆိုတော့ ကျွန်တော့်ကို ဘယ်လိုကိုယ်ချင်းစာနိုင်မှာလည်းဆိုတဲ့နေရာမှာ ကွာသွားလို့ပါပဲ။ ခင်ဗျားကိုယ်တိုင်က ဒါမျိုးတွေကို ရင်မဆိုင်ခဲ့ဖူးဘဲနဲ့ မင်း ကျော်ဖြတ်နိုင်မှာပါလို့ ပါးစပ်က ပြောလိုက်ရတာက လွယ်တယ်လေ။ Travis နဲ့ကျတော့ မင်း ဖြစ်နေတာတွေ ငါလည်း ဖြစ်ခဲ့ဖူးလို့ ငါ သိတယ် သားကြီး ဆိုတာမျိုးပေါ့…  ” လို့ Travis Barker ရဲ့ ကူညီဖေးမမှုတွေကိုလည်း ပြောပြထားပါတယ်။

Photo: machinegunkelly/ Instagram

MGK ဟာ ချစ်သူနဲ့ မိတ်ဆွေတွေဆီက အကူအညီနဲ့ ဆေးဖြတ်ဖို့ ကြိုးစားနေရုံသာမက ဆေးဖြတ်ကုထုံးစင်တာတွေကို သွားရောက်ကာ ကုသမှု ခံယူဖို့လည်း ကြိုးစားနေတယ်လို့ ဆိုပါတယ်။ “ပြီးခဲ့တဲ့ ကြာသပတေးနေ့က ကျွန်တော့်ရဲ့ ပထမဆုံး ကုထုံးကို ခံယူခဲ့ပါတယ်။ အဲ့ဒါက ကျွန်တော် ပထမဆုံး အဲ့ဒီ့ကို သွားဖူးတာပါပဲ။ Machine Gun Kelly နဲ့ Colson Baker ဆိုတဲ့ လူနှစ်ယောက်ကို သပ်သပ်စီ ခွဲထားတတ်ဖို့ ကြိုးစားနေရတယ်ဗျ။ ဒါကြီးက ကျွန်တော့်အတွက်တော့ ပြင်းထန်လွန်းတယ် …”

“ကျွန်တော်က အခုမှ ကုထုံးရဲ့ အစပိုင်းမှာပဲ ရှိပါသေးတယ်။ ကျွန်တော့်ကို သူတို့ပေးနေတဲ့ အကူကိရိယာတွေကလည်း အတော်လေး ကူညီနိုင်မယ့်ပုံပါပဲ။ ဒါပေမယ့် အခုထိ ခေါင်းတွေကုတ်နေရတုန်းပါပဲဗျာ။ ဘာလို့များ တစ်နေ့တည်း တစ်ညတည်းနဲ့ မပြောင်းလဲနိုင်ရတာလည်းလို့လည်း တွေးမိသေးတယ်။ ဘာတစ်ခုမှ လုပ်မနေဘဲနဲ့ ကိုယ့်စိတ်နဲ့ ကိုယ့်ကိုယ် နှစ်မိနစ်လောက်တောင် မနေနိုင်တဲ့လူက ဘယ်လိုလုပ် ဆယ်မိနစ်လောက် တရားသွားထိုင်မလည်းဗျာ။ တကယ် ခက်ပါတယ် … ”

Photo: machinegunkelly/ Instagram

MGK ဟာ ယခင်က နေထိုင်ခဲ့ဖူးတဲ့ ဘဝနေထိုင်မှုပုံစံကို ယခုအချိန်မှာ ခက်ခက်ခဲခဲနဲ့ ပြောင်းလဲနေရပေမယ့် သူ့အတွက် ကောင်းမွန်တဲ့ အပြောင်းအလဲတွေ ယူဆောင်လာတဲ့အကြောင်းကိုလည်း ပြောပြထားပါသေးတယ်။

“ပြောင်းလဲဖို့အတွက် စိတ်ကို မြှုပ်နှံရတာဟာ တကယ် စိတ်တက်ကြွစရာပါပဲ။ စကြဝဠာကြီးဆီကနေရော၊ ကျွန်တော့် မိသားစုဆီကပါ ပဲ့တင်ထပ်သံတွေကို ကြားနေရတယ်ဗျ။ ပြီးတော့ ကျွန်တော့်ဘေးမှာ ရှိနေတဲ့ လူတွေရဲ့ ပဲ့တင်သံတွေကိုပါ တဖြည်းဖြည်း ကြားလာရပြီ။ ကိုယ့်ကိုယ်ကို ကျေနပ်ပြီး ပျော်ရွှင်နိုင်မယ့် စိတ်လေး ရလာတော့ ကျွန်တော့်ပတ်ဝန်းကျင်မှာလည်း အရင်ကထက် အင်အားတွေ ရလာသလိုပဲ ခံစားရတယ် …” လို့ သူ့ရဲ့ အမှောင်မှ အလင်းဆီသို့ ခရီးစဉ်က အတွေ့အကြုံတွေကို မျှဝေပေးထားပါတယ်။

Glasgow

Source: hollywood life

(Zawgyi Version)

Machine Gun Kelly ဟာ မူးယစ္ေဆးနဲ႔ လုံးပန္းၿပီး အိပ္မေပ်ာ္တဲ့ ညေပါင္းမ်ားစြာကို ျဖတ္သန္းခဲ့ရေပမယ့္ ခ်စ္သူ မမ Megan Fox ရဲ႕ ကူညီေဖးမမႈေၾကာင့္ ႏြံထဲကေန တစ္လွမ္းခ်င္း ႐ုန္းထြက္ႏိုင္ခဲ့ၿပီလို႔ ေျပာလိုက္ပါတယ္။

အသက္(၃၄)ႏွစ္အ႐ြယ္ Megan ဟာ အသက္(၃၀)ႏွစ္အ႐ြယ္ MGK ကို ၿပဳံးေပ်ာ္ေနေအာင္ လုပ္ေပးႏိုင္႐ုံတင္ မဟုတ္ဘဲ မူးယစ္ႏြံထဲကပါ ႐ုန္းထြက္ႏိုင္ေအာင္ ကူညီေပးေနတာ‌ ျဖစ္ပါတယ္။ ဒီအေၾကာင္းကိုေတာ့ မင္းသား Dave Franco နဲ႔ ျပဳလုပ္ခဲ့တဲ့ Interview မဂၢဇင္းအတြက္ အင္တာဗ်ဴးထဲမွာ MGK က ေျပာျပခဲ့တာ ျဖစ္ပါတယ္။

Photo: machinegunkelly/ Instagram

“လက္ရွိ ကြၽန္ေတာ္ ေ႐ြးခ်ယ္ထားတဲ့ ေဆးကေတာ့ ေပ်ာ္႐ႊင္မႈနဲ႔ အႏုပညာေပၚမွာ ပုံအပ္ျခင္းပါပဲ။ အရင္က အႏုပညာလုပ္ဖို႔ တြန္းအားေပးတယ္လို႔ ကြၽန္ေတာ္ ထင္ခဲ့တဲ့အရာေတြအစား ဒါေတြကို ေ႐ြးခ်ယ္လိုက္တာပါ။ တစ္လွမ္းစီ သြားေနရတာေပါ့ဗ်ာ …” လို႔ MGK က သူ႔ရဲ႕မိတ္ေဆြ Dave Franco ကို ေျပာထားပါတယ္။

“ညနက္နက္ေတြတိုင္း ေခြၽးေတြပ်ံၿပီး ထထိုင္ေနရတဲ့အခါမ်ိဳးမွာ၊ ခင္ဗ်ားေခါင္းထဲမွာ ခ်ာခ်ာလည္ၿပီး ဘာမွစဥ္းစားမရတဲ့ အခါမ်ိဳးေတြမွာ ေဘးမွာအတူလိုက္ထိုင္ေပးၿပီး ခင္ဗ်ားရဲ႕ျပႆနာကို ကူရွင္းေပးတာ၊ မတူတဲ့ ရႈေထာင့္ကေန ျမင္လာေအာင္ ေျပာေပးတာေတြက တကယ္ အကူအညီ ျဖစ္ပါတယ္ … ” လို႔ ခ်စ္သူ Megan ရဲ႕ ေဖးမမႈေတြကို ေျပာျပထားပါတယ္။

Photo: machinegunkelly/ Instagram

MGK တစ္ေယာက္ မူးယစ္ႏြံထဲက ႐ုန္းထြက္ၿပီး သန႔္ရွင္းစြာနဲ႔ ေနထိုင္ႏိုင္ဖို႔ Megan အျပင္ မိတ္ေဆြရင္းႀကီးျဖစ္တဲ့ Travis Barker ကလည္း ကူညီေဖးမေၾကာင္း ေျပာထားပါေသးတယ္။

“ကြၽန္ေတာ့္ကို ဝိုင္းဝန္း လမ္းၫႊန္ေပးၾကတဲ့ထဲမွာ Travis Barker ကလည္း အေရးႀကီးတဲ့ေနရာကေန ပါဝင္ပါတယ္။ သူကိုယ္တိုင္ကလည္း ဒီလိုမ်ိဳး ေနထိုင္ခဲ့ဖူးတဲ့ လူတစ္ေယာက္ ဆိုေတာ့ေလ။ ဒါက ဘုန္းေတာ္ႀကီးေတြ ဘာေတြဆီမွာ သြားၿပီး အျပစ္ဝန္ခံတာမ်ိဳးထက္လည္း ပိုေလးနက္ပါတယ္။ ဘာလို႔ဆိုေတာ့ ကြၽန္ေတာ့္ကို ဘယ္လိုကိုယ္ခ်င္းစာႏိုင္မွာလည္းဆိုတဲ့ေနရာမွာ ကြာသြားလို႔ပါပဲ။ ခင္ဗ်ားကိုယ္တိုင္က ဒါမ်ိဳးေတြကို ရင္မဆိုင္ခဲ့ဖူးဘဲနဲ႔ မင္း ေက်ာ္ျဖတ္ႏိုင္မွာပါလို႔ ပါးစပ္က ေျပာလိုက္ရတာက လြယ္တယ္ေလ။ Travis နဲ႔က်ေတာ့ မင္း ျဖစ္ေနတာေတြ ငါလည္း ျဖစ္ခဲ့ဖူးလို႔ ငါ သိတယ္ သားႀကီး ဆိုတာမ်ိဳးေပါ့…  ” လို႔ Travis Barker ရဲ႕ ကူညီေဖးမမႈေတြကိုလည္း ေျပာျပထားပါတယ္။

Photo: machinegunkelly/ Instagram

MGK ဟာ ခ်စ္သူနဲ႔ မိတ္ေဆြေတြဆီက အကူအညီနဲ႔ ေဆးျဖတ္ဖို႔ ႀကိဳးစားေန႐ုံသာမက ေဆးျဖတ္ကုထုံးစင္တာေတြကို သြားေရာက္ကာ ကုသမႈ ခံယူဖို႔လည္း ႀကိဳးစားေနတယ္လို႔ ဆိုပါတယ္။ “ၿပီးခဲ့တဲ့ ၾကာသပေတးေန႔က ကြၽန္ေတာ့္ရဲ႕ ပထမဆုံး ကုထုံးကို ခံယူခဲ့ပါတယ္။ အဲ့ဒါက ကြၽန္ေတာ္ ပထမဆုံး အဲ့ဒီ့ကို သြားဖူးတာပါပဲ။ Machine Gun Kelly နဲ႔ Colson Baker ဆိုတဲ့ လူႏွစ္ေယာက္ကို သပ္သပ္စီ ခြဲထားတတ္ဖို႔ ႀကိဳးစားေနရတယ္ဗ်။ ဒါႀကီးက ကြၽန္ေတာ့္အတြက္ေတာ့ ျပင္းထန္လြန္းတယ္ …”

“ကြၽန္ေတာ္က အခုမွ ကုထုံးရဲ႕ အစပိုင္းမွာပဲ ရွိပါေသးတယ္။ ကြၽန္ေတာ့္ကို သူတို႔ေပးေနတဲ့ အကူကိရိယာေတြကလည္း အေတာ္ေလး ကူညီႏိုင္မယ့္ပုံပါပဲ။ ဒါေပမယ့္ အခုထိ ေခါင္းေတြကုတ္ေနရတုန္းပါပဲဗ်ာ။ ဘာလို႔မ်ား တစ္ေန႔တည္း တစ္ညတည္းနဲ႔ မေျပာင္းလဲႏိုင္ရတာလည္းလို႔လည္း ေတြးမိေသးတယ္။ ဘာတစ္ခုမွ လုပ္မေနဘဲနဲ႔ ကိုယ့္စိတ္နဲ႔ ကိုယ့္ကိုယ္ ႏွစ္မိနစ္ေလာက္ေတာင္ မေနႏိုင္တဲ့လူက ဘယ္လိုလုပ္ ဆယ္မိနစ္ေလာက္ တရားသြားထိုင္မလည္းဗ်ာ။ တကယ္ ခက္ပါတယ္ … ”

Photo: machinegunkelly/ Instagram

MGK ဟာ ယခင္က ေနထိုင္ခဲ့ဖူးတဲ့ ဘဝေနထိုင္မႈပုံစံကို ယခုအခ်ိန္မွာ ခက္ခက္ခဲခဲနဲ႔ ေျပာင္းလဲေနရေပမယ့္ သူ႔အတြက္ ေကာင္းမြန္တဲ့ အေျပာင္းအလဲေတြ ယူေဆာင္လာတဲ့အေၾကာင္းကိုလည္း ေျပာျပထားပါေသးတယ္။

“ေျပာင္းလဲဖို႔အတြက္ စိတ္ကို ျမႇဳပ္ႏွံရတာဟာ တကယ္ စိတ္တက္ႂကြစရာပါပဲ။ စၾကဝဠာႀကီးဆီကေနေရာ၊ ကြၽန္ေတာ့္ မိသားစုဆီကပါ ပဲ့တင္ထပ္သံေတြကို ၾကားေနရတယ္ဗ်။ ၿပီးေတာ့ ကြၽန္ေတာ့္ေဘးမွာ ရွိေနတဲ့ လူေတြရဲ႕ ပဲ့တင္သံေတြကိုပါ တျဖည္းျဖည္း ၾကားလာရၿပီ။ ကိုယ့္ကိုယ္ကို ေက်နပ္ၿပီး ေပ်ာ္႐ႊင္ႏိုင္မယ့္ စိတ္ေလး ရလာေတာ့ ကြၽန္ေတာ့္ပတ္ဝန္းက်င္မွာလည္း အရင္ကထက္ အင္အားေတြ ရလာသလိုပဲ ခံစားရတယ္ …” လို႔ သူ႔ရဲ႕ အေမွာင္မွ အလင္းဆီသို႔ ခရီးစဥ္က အေတြ႕အႀကဳံေတြကို မွ်ေဝေပးထားပါတယ္။

Glasgow

Source: hollywood life

 

RELATED ARTICLES

Most Popular