HomeUncategorizedအသစ်ထွက်ရှိလာဦးမယ့် ဒါရိုက်တာ James Wan ရဲ့ Horror ရုပ်ရှင် Megan

အသစ်ထွက်ရှိလာဦးမယ့် ဒါရိုက်တာ James Wan ရဲ့ Horror ရုပ်ရှင် Megan

Horror ရုပ်ရှင်တွေများစွာ ဖန်တီးထားတဲ့ ဒါရိုက်တာ James Wan ရဲ့လက်ရာ ရုပ်ရှင်ကားအသစ် Megan ကတော့ မကြာခင်မှာ ထွက်ရှိလာတော့မှာ ဖြစ်ပါတယ်။ ဒီရုပ်ရှင်ကတော့ စိတ်ကူးယဉ်သိပ္ပံနဲ့ Horror ရောစပ်ဖန်တီးထားတာ ဖြစ်ပါတယ်။ Saw ၊ Insidious နဲ့ Conjuring တို့လို နာမည်ကြီး Horror ရုပ်ရှင်တွေကို ဖန်တီးထားတဲ့ ဒါရိုက်တာ James Wan ရဲ့လက်ရာ ဖြစ်တာကြောင့် ကြည့်လို့ကောင်းမယ်ဆိုတာတော့ သေချာပါတယ်။

photo via imdb

ဇာတ်လမ်းအကျဉ်းကတော့ အရုပ်ကုမ္ပဏီတစ်ခုမှာ အလုပ်လုပ်နေတဲ့ Robotic Engineer တစ်ယောက်ဟာ A.I ကို အသုံးပြုပြီး ကလေးတွေအတွက် အဖော်ဖြစ်စေမယ့် Megan ဆိုတဲ့အရုပ်ကို ဖန်တီးခဲ့ပါတယ်။ အဲဒီနောက်မှာတော့ သူမဟာ မမျှော်လင့်ထားဘဲ မိဘမဲ့ဖြစ်သွားတဲ့ တူမလေးကို စောင့်ရှောက်ဖို့ တာဝန်ရှိလာခဲ့ပါတယ်။ ဒါကြောင့်ပဲ သူမဟာ အဲဒီကလေးမလေးကို အထီးမကျန်ရအောင် သူမ ဖန်တီးထားတဲ့ အရုပ်လေး လက်ဆောင်ပေးလိုက်တဲ့ နောက်မှာတော့ မထင်မှတ်ထားတာတွေ ဖြစ်လာပါတော့တယ်။

Megan ကိုပြသဖို့ သုံးလခန်အလိုမှာပဲ Universal စတူဒီယိုဟာ ဒီရုပ်ရှင်အတွက် ပထမဆုံးထွေလာကို စတင်ထုတ်ပေးလိုက်ပါတယ်။ ထွေလာရဲ့ အစမှာတော့ ကလေးမလေးဟာ ကားမတော်တဆမှုမှာ သူမရဲ့မိဘတွေကို ဆုံးရှုံးသွားတာကို ပြသသွားပြီး အဲဒီနောက်မှာတော့ ဒီကလေးမလေးဟာ Megan ဆိုတဲ့အရုပ်နဲ့ သံယောဇဉ်တွယ်လာတာကို တွေ့ရပါတယ်။ အဲဒီနောက်မှာတော့ Megan ဆိုတဲ့အရုပ်ဟာ ဒီကလေးမလေးကို ကာကွယ်ဖို့အတွက် ဘာမဆို ပြုလုပ်ပါတော့တယ်။

ဒီရုပ်ရှင်ဟာလည်း Chucky နဲ့အလားတူ လူသတ်သမားအရုပ်ကို မြင်တွေ့ရမှာ ဖြစ်ပြီး မတူညီတဲ့ အချက်ကတော့ Chucky လိုမျိူး သဘာဝလွန်ဖြစ်ရပ်တွေ ပါဝင်နေမှာ မဟုတ်ဘဲ နည်းပညာရဲ့ ချို့ယွင်းမှုတွေကို မြင်တွေ့ရမှာ ဖြစ်ပါတယ်။ Allison Williams နဲ့ Violet McGraw တို့က အဓိက ပါဝင်သရုပ်ဆောင်ထားပြီး ဒီရုပ်ရှင်ကိုတော့ ၂၀၂၃ ခုနှစ် ဇန်နဝါရီလ (၁၃)ရက်နေ့မှာ ရုံတင်ပြသသွားမှာ ဖြစ်ပါတယ်။

Legos

Source: Screenrant

RELATED ARTICLES

Most Popular