HomeCelebs Update NewsInternationalMeghan Markle ချိုးဖျက်ခဲ့တဲ့ တော်ဝင်အလှအပ စံချိန်စံနှုန်းများ

Meghan Markle ချိုးဖျက်ခဲ့တဲ့ တော်ဝင်အလှအပ စံချိန်စံနှုန်းများ

ေအာက္တြင္ ေဇာ္ဂ်ီျဖင့္ ဖတ္ပါ။

Meghan Markle ဟာ သူ့ရဲ့ ဖက်ရှင်တွေ၊ စတိုင်လ်တွေနဲ့ ပတ်သက်ရင်တော့ အမြဲတစေ စောင့်ကြည့်ရမယ့်သူတစ်ဦး ဖြစ်ပါတယ်။ မိတ်ကပ်မပါဘဲ လူထုရှေ့ထွက်တာ၊ messy bun နဲ့ ပွဲတက်တာ စတဲ့ တော်ဝင်မိသားစုရဲ့ အလှအပဆိုင်ရာ ထုံးတမ်းစဉ်လာတွေကို ချိုးဖောက်ခဲ့ပင်သော်ငြား အားထုတ်စရာ အထူးအထွေ မလိုအပ်ဘဲ လှပနေတာကိုတော့ အားလုံးဝန်ခံကြရမှာပါ။ တော်ဝင်အလှအပ ထုံးတမ်းစဉ်လာတွေ၊ စည်းကမ်းသတ်မှတ်ချက်တွေနဲ့ ပတ်သက်လာရင် Kate Middleton ၊ မင်းသမီး Eugene တို့လည်း ဖောက်ဖျက်ဖူးတာတွေ ရှိပေမယ့် Meghan လောက်တော့ ဘယ်သူမှ ကောင်းကောင်းကြီး ရဲရဲဝံ့ဝံ့ ချိုးဖျက်တာမျိုး မတွေ့ရပါဘူး။ တော်ဝင်အလှအပ ထုံးတမ်းစဉ်လာတွေကို ခဝါချပြီး လွတ်လပ်စွာ ပွဲလယ်တင့်ခဲ့တဲ့ Meghan ရဲ့ ဆင်ယင်ထုံးဖွဲ့မှုတွေကို ကြည့်လိုက်ကြရအောင်။

သူမရဲ့အမှတ်အသား messy bun နဲ့ လူထုရှေ့ပွဲထွက်ခဲ့ခြင်း။
Photo: meghanmarkle_official/ Instagram

Vogue Australia ဖက်ရှင်မဂ္ဂဇင်းကြီးရဲ့ အဆိုအရ တော်ဝင်မိသားစုတွေရဲ့ ဆံပင်ပုံစံဟာ အမြဲတမ်း စနစ်တကျနဲ့ သပ်ရပ်နေရမယ်လို့ ဆိုပါတယ်။ အထူးသဖြင့် လူထုရှေ့ကို ထွက်ရတဲ့ ပွဲ၊အခမ်းအနားမျိုးတွေမှာဆိုရင် ပိုပြီးတော့ကို သပ်ရပ်နေဖို့ လိုတယ်လို့ သတ်မှတ်ထားပါတယ်။ အဲလိဇဘက်ဘုရင်မကြီးဆိုရင် သူမရဲ့ဆံကေသာကို ဦးထုပ်လေးတွေနဲ့ အမြဲတမ်း အလှဆင်တတ်သလို Kate Middleton ကတော့ စနစ်တကျ ပုံသွင်းထားတဲ့ ဆံကေသာနဲ့ ပွဲထွက်လေ့ ရှိပါတယ်။ Meghan ကတော့ လူထုရှေ့ကို ထွက်ရတဲ့ ပွဲ၊အခမ်းအနားတွေမှာ အမြဲတမ်း သပ်ရပ်နေတဲ့ ဆံပင်ပုံစံမျိုးကို ရွေးချယ်လေ့မရှိဘဲ messy bun လို့ခေါ်တဲ့ ပွယောင်းယောင်း သဘာဝကျတဲ့ ဆံပင်ပုံစံကို ရွေးချယ်တတ်ပါတယ်။

အသားကပ်ခြေစွပ် မဝတ်ခြင်း။
Photo: meghanmarkle_styles/ Instagram

တော်ဝင်မိသားစုက အမျိုးသမီးတွေဟာ ခြေထောက်ကို အသားပြောင်အတိုင်း ထားလို့မရပါဘူး။ သူတို့ရဲ့ဝတ်စုံအောက်မှာ အသားကပ်ခြေစွပ်ကို မဖြစ်မနေ ဝတ်ဆင်ဖို့ လိုအပ်ပါတယ်။ ဒါဟာ ဘုရင်မကြီးရဲ့ တောင်းဆိုချက်အရ လိုက်နာရတဲ့ စည်းကမ်းတစ်ခုလည်း ဖြစ်ပါတယ်။ Meghan ကတော့ အစပိုင်းမှာ အသားကပ်ခြေစွပ်တွေ ဝတ်ဆင်ခဲ့ပေမယ့် နောက်ပိုင်းမှာတော့ သူမရဲ့ လှပပြောင်ချောနေတဲ့ ခြေသလုံးအလှကို ပေါ်လွင်စေဖို့ အသားပြောင်အတိုင်းပဲ ပွဲတက်ခဲ့ပါတယ်။

အပြာရင့်ရင့် အိုင်းရှဲဒိုးခြယ်သခြင်း။
Photo: photography365.co.uk/ Instagram

Meghan ဟာ သူမရဲ့စေ့စပ်မင်္ဂလာပွဲ နောက်ဆုံးအခမ်းအနားမှာ အပြာရင့်ရောင် အိုင်းရှဲဒိုးကို ခြယ်သပြီး တော်ဝင်အလှအပ စည်းကမ်းတွေကို မသိမသာလေး ချိုးဖျက်ခဲ့ပါသေးတယ်။ Daily Express သတင်းဌာနရဲ့ အဆိုအရ တော်ဝင်မိသားစုက အမျိုးသမီးတွေဟာ လူထုရှေ့ထွက်တဲ့အခါ သိသာထင်ရှားတဲ့ မိတ်ကပ်ခြယ်သမှုမျိုးကို ရှောင်ကျဉ်ရတယ်လို့ ဆိုပါတယ်။ Meghan ကတော့ ဒီမိတ်ကပ် look ကို သူမရဲ့ ပါဆင်နယ်လ် မိတ်ကပ်ဆရာ Daniel Martin ရဲ့ ခြယ်သမှုနဲ့ မျက်လွှာလေးအောက်ချလိုက်တိုင်း အပြာရင့်ရောင် အိုင်းရှဲဒိုးလေးနဲ့ လှပနေခဲ့ဖူးပါတယ်။

သားလေး Archie ရဲ့ ရေဖျန်းမင်္ဂလာပွဲမှာ Dior ကို ဝတ်ဆင်ခဲ့ခြင်း။
Photo: hrhofsussex/ Instagram

ဒီတစ်ခေါက် ဝတ်ဆင်ခဲ့တဲ့ ဝတ်စုံမှာတော့ အရောင်အသွေးရော၊ ဒီဇိုင်းမှာပါ တော်ဝင်ထုံးတမ်းစဉ်လာတွေကို ချိုးဖောက်ခဲ့ခြင်း မရှိပါဘူး။ ဒါပေမယ့် သူမ ရွေးချယ်ခဲ့တဲ့ ဒီဇိုင်နာကြောင့် ဘက်ကင်ဟမ်နန်းတော်ထဲမှာ လှုပ်လှုပ်ခတ်ခတ် ဖြစ်သွားခဲ့ပါတယ်။ အကြောင်းကတော့ တော်ဝင်မိသားစုဟာ သူတို့ရဲ့အထင်ကရ ပွဲ၊အခမ်းအနားတွေအတွက် ဝတ်စုံဒီဇိုင်နာ ရွေးချယ်တဲ့အခါ ဗြိတိန်ဒီဇိုင်နာတွေကိုပဲ အစဉ်တစိုက် ရွေးချယ်ခဲ့တဲ့ အစဉ်အလာရှိပါတယ်။ Kate ဆိုရင် သူမ ကလေးတွေရဲ့ ရေဖျန်းမင်္ဂလာပွဲအားလုံးမှာ ဝတ်ဆင်ခဲ့တဲ့ ဝတ်စုံတွေကို ဗြိတိန်ဒီဇိုင်နာတစ်ယောက်ဖြစ်တဲ့ Alexander McQueen ကို ရွေးချယ်ခဲ့ပါတယ်။ Meghan ကတော့ ပြင်သစ်ဒီဇိုင်နာဖြစ်တဲ့ Dior ကို ရွေးချယ်ခဲ့ရာက လှုပ်လှုပ်ခတ်ခတ်တွေ ဖြစ်သွားခဲ့တာပါ။

လက်သည်းအမည်းရောင် ဆိုးခြင်း။
Photo: meghanmarkle_styles/ Instagram

CNBC သတင်းဌာနရဲ့ ဖော်ပြချက်အရ တော်ဝင်မိသားစုက အမျိုးသမီးတွေဟာ လက်သည်းနီအရောင် ရွေးချယ်တဲ့အခါ အရောင်တောက်တွေ၊ အလက်အလက်ပါတာတွေ၊ အမည်းရောင်တွေကို ရွေးချယ်လေ့ မရှိကြဘူးလို့ ဆိုပါတယ်။ ဘုရင်မကြီးဆိုရင်လည်း သဘာဝအသားအရောင်အတိုင်း နီးစပ်တဲ့ အရောင်ဖြစ်ပြီး Essie လို့ခေါ်တဲ့ ကုမ္ပဏီကထုတ်လုပ်တဲ့ Ballet Slippers ဆိုတဲ့ အရောင်ကိုသာ ရွေးချယ်တတ်ပါတယ်။

Meghan ကတော့ ၂၀၁၈ခုနှစ်မှာ ကျင်းပခဲ့တဲ့ ဗြိတိန်ဖက်ရှင်ဆုပေးပွဲမှာ လက်သည်းအမည်းရောင်ဆိုးပြီး တစ်ခုထက်မကတဲ့ စည်းမျဉ်းတွေကို ချိုးဖျက်ခဲ့ပါတယ်။ တော်ဝင်မိသားစုအတွင်းမှာ အရောင်ရင့်တွေနဲ့ အမည်းဘက်ကို ရောက်တဲ့အရောင်တွေကို လူထုရှေ့မှာ မသုံးစွဲရတဲ့ အကြောင်းရင်းလည်း ရှိပါတယ်။ အမည်းရောင်ဟာ တော်ဝင်မိသားစုအတွင်း ဝမ်းနည်းကြေကွဲစရာ ရှိမှသာ ဝမ်းနည်းမှုကို ဖော်ပြဖို့ သုံးစွဲတဲ့အရောင်လို့ သတ်မှတ်ထားကြတာကြောင့် ဖြစ်ပါတယ်။

Clutch အိတ်အစား handbag အိတ်ကို အသုံးပြုခဲ့ခြင်း။
Photo: meghanmarkle_styles/ Instagram

Meghan ဟာ handbag အိတ်တွေနဲ့ စလွယ်သိုင်းလွယ်ရတဲ့ crossbody bag တွေကို အခြားတော်ဝင်အမျိုးသမီးတွေထက်ပိုပြီး အကြိမ်ရေများများ အသုံးပြုခဲ့ပါတယ်။ ဒီအချက်ကတော့ စည်းကမ်းရယ်လို့ ထုတ်ထားတဲ့အချက် မဟုတ်ပေမယ့် တော်ဝင်အမျိုးသမီးအများစုဟာ Clutch အိတ်တွေကိုသာ ပိုပြီးအသုံးများကြတာကြောင့်‌ ဖြစ်ပါတယ်။ Clutch အိတ်ကို ရွေးချယ်ရတဲ့ အကြောင်းရင်းကတော့ Clutch အိတ်ကိုင်ထားခြင်းအားဖြင့် တွေ့သမျှလူနဲ့ လက်ဆွဲနှုတ်ဆက်နေစရာ မလိုတော့လို့ပါ။ လေဒီဒိုင်ယာနာကတော့ ကားအတက်အဆင်းတွေမှာ အင်္ကျီရင်ဘတ်မဟသွားအောင် စတိုင်လ်ကျကျ ဖိထားဖို့အတွက် Clutch အိတ်ကို အသုံးပြုတယ်လို့ ဆိုကြပါတယ်။

ဒါကတော့ Meghan Markle ချိုးဖျက်ခဲ့တဲ့ တော်ဝင်အလှအပ စံချိန်စံနှုန်းတွေပါ။ Meghan နဲ့ Kate ဘယ်သူ့ကို ပိုပြီးနှစ်သက်သဘောကျလည်းဆိုတာလည်း ပြောပြပေးခဲ့ပါဦး။

LaNina

(ဆံရစ်ဝိုင်းဝက်ဘ်ဆိုဒ်တွင် ဖော်ပြထားသော သတင်း၊ဆောင်းပါးများကို အခြားမည်သည့် ဝက်ဘ်ဆိုဒ်၊ Facebook စာမျက်နှာတွင်မျှ ကူးယူဖော်ပြခွင့် မပြုပါကြောင်း အသိပေးအပ်ပါသည်။)

(Zawgyi Version)

Meghan Markle ဟာ သူ႔ရဲ႕ ဖက္ရွင္ေတြ၊ စတိုင္လ္ေတြနဲ႔ ပတ္သက္ရင္ေတာ့ အၿမဲတေစ ေစာင့္ၾကည့္ရမယ့္သူတစ္ဦး ျဖစ္ပါတယ္။ မိတ္ကပ္မပါဘဲ လူထုေရွ႕ထြက္တာ၊ messy bun နဲ႔ ပြဲတက္တာ စတဲ့ ေတာ္ဝင္မိသားစုရဲ႕ အလွအပဆိုင္ရာ ထုံးတမ္းစဥ္လာေတြကို ခ်ိဳးေဖာက္ခဲ့ပင္ေသာ္ျငား အားထုတ္စရာ အထူးအေထြ မလိုအပ္ဘဲ လွပေနတာကိုေတာ့ အားလုံးဝန္ခံၾကရမွာပါ။ ေတာ္ဝင္အလွအပ ထုံးတမ္းစဥ္လာေတြ၊ စည္းကမ္းသတ္မွတ္ခ်က္ေတြနဲ႔ ပတ္သက္လာရင္ Kate Middleton ၊ မင္းသမီး Eugene တို႔လည္း ေဖာက္ဖ်က္ဖူးတာေတြ ရွိေပမယ့္ Meghan ေလာက္ေတာ့ ဘယ္သူမွ ေကာင္းေကာင္းႀကီး ရဲရဲဝံ့ဝံ့ ခ်ိဳးဖ်က္တာမ်ိဳး မေတြ႕ရပါဘူး။ ေတာ္ဝင္အလွအပ ထုံးတမ္းစဥ္လာေတြကို ခဝါခ်ၿပီး လြတ္လပ္စြာ ပြဲလယ္တင့္ခဲ့တဲ့ Meghan ရဲ႕ ဆင္ယင္ထုံးဖြဲ႕မႈေတြကို ၾကည့္လိုက္ၾကရေအာင္။

သူမရဲ႕အမွတ္အသား messy bun နဲ႔ လူထုေရွ႕ပြဲထြက္ခဲ့ျခင္း။
Photo: meghanmarkle_official/ Instagram

Vogue Australia ဖက္ရွင္မဂၢဇင္းႀကီးရဲ႕ အဆိုအရ ေတာ္ဝင္မိသားစုေတြရဲ႕ ဆံပင္ပုံစံဟာ အၿမဲတမ္း စနစ္တက်နဲ႔ သပ္ရပ္ေနရမယ္လို႔ ဆိုပါတယ္။ အထူးသျဖင့္ လူထုေရွ႕ကို ထြက္ရတဲ့ ပြဲ၊အခမ္းအနားမ်ိဳးေတြမွာဆိုရင္ ပိုၿပီးေတာ့ကို သပ္ရပ္ေနဖို႔ လိုတယ္လို႔ သတ္မွတ္ထားပါတယ္။ အဲလိဇဘက္ဘုရင္မႀကီးဆိုရင္ သူမရဲ႕ဆံေကသာကို ဦးထုပ္ေလးေတြနဲ႔ အၿမဲတမ္း အလွဆင္တတ္သလို Kate Middleton ကေတာ့ စနစ္တက် ပုံသြင္းထားတဲ့ ဆံေကသာနဲ႔ ပြဲထြက္ေလ့ ရွိပါတယ္။ Meghan ကေတာ့ လူထုေရွ႕ကို ထြက္ရတဲ့ ပြဲ၊အခမ္းအနားေတြမွာ အၿမဲတမ္း သပ္ရပ္ေနတဲ့ ဆံပင္ပုံစံမ်ိဳးကို ေ႐ြးခ်ယ္ေလ့မရွိဘဲ messy bun လို႔ေခၚတဲ့ ပြေယာင္းေယာင္း သဘာဝက်တဲ့ ဆံပင္ပုံစံကို ေ႐ြးခ်ယ္တတ္ပါတယ္။

အသားကပ္ေျခစြပ္ မဝတ္ျခင္း။
Photo: meghanmarkle_styles/ Instagram

ေတာ္ဝင္မိသားစုက အမ်ိဳးသမီးေတြဟာ ေျခေထာက္ကို အသားေျပာင္အတိုင္း ထားလို႔မရပါဘူး။ သူတို႔ရဲ႕ဝတ္စုံေအာက္မွာ အသားကပ္ေျခစြပ္ကို မျဖစ္မေန ဝတ္ဆင္ဖို႔ လိုအပ္ပါတယ္။ ဒါဟာ ဘုရင္မႀကီးရဲ႕ ေတာင္းဆိုခ်က္အရ လိုက္နာရတဲ့ စည္းကမ္းတစ္ခုလည္း ျဖစ္ပါတယ္။ Meghan ကေတာ့ အစပိုင္းမွာ အသားကပ္ေျခစြပ္ေတြ ဝတ္ဆင္ခဲ့ေပမယ့္ ေနာက္ပိုင္းမွာေတာ့ သူမရဲ႕ လွပေျပာင္ေခ်ာေနတဲ့ ေျခသလုံးအလွကို ေပၚလြင္ေစဖို႔ အသားေျပာင္အတိုင္းပဲ ပြဲတက္ခဲ့ပါတယ္။

အျပာရင့္ရင့္ အိုင္းရွဲဒိုးျခယ္သျခင္း။
Photo: photography365.co.uk/ Instagram

Meghan ဟာ သူမရဲ႕ေစ့စပ္မဂၤလာပြဲ ေနာက္ဆုံးအခမ္းအနားမွာ အျပာရင့္ေရာင္ အိုင္းရွဲဒိုးကို ျခယ္သၿပီး ေတာ္ဝင္အလွအပ စည္းကမ္းေတြကို မသိမသာေလး ခ်ိဳးဖ်က္ခဲ့ပါေသးတယ္။ Daily Express သတင္းဌာနရဲ႕ အဆိုအရ ေတာ္ဝင္မိသားစုက အမ်ိဳးသမီးေတြဟာ လူထုေရွ႕ထြက္တဲ့အခါ သိသာထင္ရွားတဲ့ မိတ္ကပ္ျခယ္သမႈမ်ိဳးကို ေရွာင္က်ဥ္ရတယ္လို႔ ဆိုပါတယ္။ Meghan ကေတာ့ ဒီမိတ္ကပ္ look ကို သူမရဲ႕ ပါဆင္နယ္လ္ မိတ္ကပ္ဆရာ Daniel Martin ရဲ႕ ျခယ္သမႈနဲ႔ မ်က္လႊာေလးေအာက္ခ်လိုက္တိုင္း အျပာရင့္ေရာင္ အိုင္းရွဲဒိုးေလးနဲ႔ လွပေနခဲ့ဖူးပါတယ္။

သားေလး Archie ရဲ႕ ေရဖ်န္းမဂၤလာပြဲမွာ Dior ကို ဝတ္ဆင္ခဲ့ျခင္း။
Photo: hrhofsussex/ Instagram

ဒီတစ္ေခါက္ ဝတ္ဆင္ခဲ့တဲ့ ဝတ္စုံမွာေတာ့ အေရာင္အေသြးေရာ၊ ဒီဇိုင္းမွာပါ ေတာ္ဝင္ထုံးတမ္းစဥ္လာေတြကို ခ်ိဳးေဖာက္ခဲ့ျခင္း မရွိပါဘူး။ ဒါေပမယ့္ သူမ ေ႐ြးခ်ယ္ခဲ့တဲ့ ဒီဇိုင္နာေၾကာင့္ ဘက္ကင္ဟမ္နန္းေတာ္ထဲမွာ လႈပ္လႈပ္ခတ္ခတ္ ျဖစ္သြားခဲ့ပါတယ္။ အေၾကာင္းကေတာ့ ေတာ္ဝင္မိသားစုဟာ သူတို႔ရဲ႕အထင္ကရ ပြဲ၊အခမ္းအနားေတြအတြက္ ဝတ္စုံဒီဇိုင္နာ ေ႐ြးခ်ယ္တဲ့အခါ ၿဗိတိန္ဒီဇိုင္နာေတြကိုပဲ အစဥ္တစိုက္ ေ႐ြးခ်ယ္ခဲ့တဲ့ အစဥ္အလာရွိပါတယ္။ Kate ဆိုရင္ သူမ ကေလးေတြရဲ႕ ေရဖ်န္းမဂၤလာပြဲအားလုံးမွာ ဝတ္ဆင္ခဲ့တဲ့ ဝတ္စုံေတြကို ၿဗိတိန္ဒီဇိုင္နာတစ္ေယာက္ျဖစ္တဲ့ Alexander McQueen ကို ေ႐ြးခ်ယ္ခဲ့ပါတယ္။ Meghan ကေတာ့ ျပင္သစ္ဒီဇိုင္နာျဖစ္တဲ့ Dior ကို ေ႐ြးခ်ယ္ခဲ့ရာက လႈပ္လႈပ္ခတ္ခတ္ေတြ ျဖစ္သြားခဲ့တာပါ။

လက္သည္းအမည္းေရာင္ ဆိုးျခင္း။
Photo: meghanmarkle_styles/ Instagram

CNBC သတင္းဌာနရဲ႕ ေဖာ္ျပခ်က္အရ ေတာ္ဝင္မိသားစုက အမ်ိဳးသမီးေတြဟာ လက္သည္းနီအေရာင္ ေ႐ြးခ်ယ္တဲ့အခါ အေရာင္ေတာက္ေတြ၊ အလက္အလက္ပါတာေတြ၊ အမည္းေရာင္ေတြကို ေ႐ြးခ်ယ္ေလ့ မရွိၾကဘူးလို႔ ဆိုပါတယ္။ ဘုရင္မႀကီးဆိုရင္လည္း သဘာဝအသားအေရာင္အတိုင္း နီးစပ္တဲ့ အေရာင္ျဖစ္ၿပီး Essie လို႔ေခၚတဲ့ ကုမၸဏီကထုတ္လုပ္တဲ့ Ballet Slippers ဆိုတဲ့ အေရာင္ကိုသာ ေ႐ြးခ်ယ္တတ္ပါတယ္။

Meghan ကေတာ့ ၂၀၁၈ခုႏွစ္မွာ က်င္းပခဲ့တဲ့ ၿဗိတိန္ဖက္ရွင္ဆုေပးပြဲမွာ လက္သည္းအမည္းေရာင္ဆိုးၿပီး တစ္ခုထက္မကတဲ့ စည္းမ်ဥ္းေတြကို ခ်ိဳးဖ်က္ခဲ့ပါတယ္။ ေတာ္ဝင္မိသားစုအတြင္းမွာ အေရာင္ရင့္ေတြနဲ႔ အမည္းဘက္ကို ေရာက္တဲ့အေရာင္ေတြကို လူထုေရွ႕မွာ မသုံးစြဲရတဲ့ အေၾကာင္းရင္းလည္း ရွိပါတယ္။ အမည္းေရာင္ဟာ ေတာ္ဝင္မိသားစုအတြင္း ဝမ္းနည္းေၾကကြဲစရာ ရွိမွသာ ဝမ္းနည္းမႈကို ေဖာ္ျပဖို႔ သုံးစြဲတဲ့အေရာင္လို႔ သတ္မွတ္ထားၾကတာေၾကာင့္ ျဖစ္ပါတယ္။

Clutch အိတ္အစား handbag အိတ္ကို အသုံးျပဳခဲ့ျခင္း။
Photo: meghanmarkle_styles/ Instagram

Meghan ဟာ handbag အိတ္ေတြနဲ႔ စလြယ္သိုင္းလြယ္ရတဲ့ crossbody bag ေတြကို အျခားေတာ္ဝင္အမ်ိဳးသမီးေတြထက္ပိုၿပီး အႀကိမ္ေရမ်ားမ်ား အသုံးျပဳခဲ့ပါတယ္။ ဒီအခ်က္ကေတာ့ စည္းကမ္းရယ္လို႔ ထုတ္ထားတဲ့အခ်က္ မဟုတ္ေပမယ့္ ေတာ္ဝင္အမ်ိဳးသမီးအမ်ားစုဟာ Clutch အိတ္ေတြကိုသာ ပိုၿပီးအသုံးမ်ားၾကတာေၾကာင့္‌ ျဖစ္ပါတယ္။ Clutch အိတ္ကို ေ႐ြးခ်ယ္ရတဲ့ အေၾကာင္းရင္းကေတာ့ Clutch အိတ္ကိုင္ထားျခင္းအားျဖင့္ ေတြ႕သမွ်လူနဲ႔ လက္ဆြဲႏႈတ္ဆက္ေနစရာ မလိုေတာ့လို႔ပါ။ ေလဒီဒိုင္ယာနာကေတာ့ ကားအတက္အဆင္းေတြမွာ အက်ႌရင္ဘတ္မဟသြားေအာင္ စတိုင္လ္က်က် ဖိထားဖို႔အတြက္ Clutch အိတ္ကို အသုံးျပဳတယ္လို႔ ဆိုၾကပါတယ္။

ဒါကေတာ့ Meghan Markle ခ်ိဳးဖ်က္ခဲ့တဲ့ ေတာ္ဝင္အလွအပ စံခ်ိန္စံႏႈန္းေတြပါ။ Meghan နဲ႔ Kate ဘယ္သူ႔ကို ပိုၿပီးႏွစ္သက္သေဘာက်လည္းဆိုတာလည္း ေျပာျပေပးခဲ့ပါဦး။

LaNina

(ဆံရစ္ဝိုင္းဝက္ဘ္ဆိုဒ္တြင္ ေဖာ္ျပထားေသာ သတင္း၊ေဆာင္းပါးမ်ားကို အျခားမည္သည့္ ဝက္ဘ္ဆိုဒ္၊ Facebook စာမ်က္ႏွာတြင္မွ် ကူးယူေဖာ္ျပခြင့္ မျပဳပါေၾကာင္း အသိေပးအပ္ပါသည္။)

 

RELATED ARTICLES

Most Popular