HomeCelebs Update NewsInternationalတရားဝင် ကွာရှင်းလိုက်ပေမယ့် Last Name ကို မပြောင်းဘဲထားမယ့် Melinda Gates 

တရားဝင် ကွာရှင်းလိုက်ပေမယ့် Last Name ကို မပြောင်းဘဲထားမယ့် Melinda Gates 

ေအာက္တြင္ ေဇာ္ဂ်ီျဖင့္ ဖတ္ပါ။

နာမည်ကျော် ဘီလျံနာစုံတွဲဖြစ်တဲ့ Bill Gates နဲ့ Melinda Gates တို့ဟာ (၂၇)နှစ်ကြာ အိမ်ထောင်သက်တမ်းကို တရားဝင် အဆုံးသတ်လိုက်ပြီ ဖြစ်ပါတယ်။

အဲဒါကတော့ သူတို့နှစ်ဦးရဲ့ ကွာရှင်းခွင့် လျှောက်ထားမှုကို ပြီးခဲ့တဲ့ တနင်္လာနေ့မှာပဲ King County က တရားသူကြီးက ခွင့်ပြုပေးလိုက်တာ ဖြစ်ပါတယ်။ ကွာရှင်းမှုရဲ့ အပြီးသတ် သဘောတူညီမှုမှာတော့ Melinda ဟာ သူမရဲ့ last name ကိုလည်း ပြောင်းလဲသွားမှာ မဟုတ်သလို ဇနီးမယား ထောက်ပံ့ကြေးကိုလည်း တစ်ပြားတစ်ချပ်မျှ ရယူသွားမှာ မဟုတ်ဘူးလို့ ပါရှိပါတယ်။

Photo: thisisbillgates/ Instagram

ဒီသတင်းနဲ့ ပတ်သက်ပြီး Bill နဲ့ Melinda တို့ရဲ့ ကိုယ်စားလှယ်တွေကို People မဂ္ဂဇင်းက ဆက်သွယ်မေးမြန်းခဲ့ရာ တစုံတရာ ပြန်လည်ဖြေကြားခြင်း မရှိသေးဘူးလို့ သိရပါတယ်။ Gates မောင်နှံဟာ ပြီးခဲ့တဲ့ မေလကပဲ နှစ်ယောက် ခွဲနေတော့မယ်ဆိုတာကို လူသိရှင်ကြား ကြေညာခဲ့တာ ဖြစ်ပါတယ်။ အဲဒီအချိန်က တရားရုံးကို Melinda လျှောက်ထားခဲ့တဲ့ ကွာရှင်းခွင့် လျှောက်လွှာ စာရွက်စာတမ်းတွေအရ သူတို့ရဲ့အိမ်ထောင်ရေးကို “အဖတ်ဆယ်မရအောင် ပျက်စီးနေခဲ့ပြီ …”လို့ ဖော်ပြထားကြောင်း‌ သိရပါတယ်။

“ကျွန်တော်၊ ကျွန်မတို့ရဲ့ အိမ်ထောင်ရေးနဲ့ ပတ်သက်ပြီး အလေးအနက် တွေးတောခဲ့ကြသလို အားထုတ်ကြိုးပမ်းမှုများစွာလည်း လုပ်ဆောင်ခဲ့ကြပြီးတဲ့နောက် ကျွန်တော်၊ ကျွန်မတို့ရဲ့ အိမ်ထောင်ရေးကို အဆုံးသတ်လိုက်ဖို့ ဆုံးဖြတ်လိုက်ရပါတယ်။ ပြီးခဲ့တဲ့ (၂၇)နှစ်လုံးမှာ အံ့ဩစရာကောင်းတဲ့ ကလေးသုံးယောက်ကို အတူတကွ ပြုစုပျိုးထောင်နိုင်ခဲ့ပြီး ကမ္ဘာတစ်ဝန်းလုံးက လူတွေ ကျန်းမာစေဖို့နဲ့ အလုပ်အကိုင် ဖြစ်ထွန်းစေဖို့ ဖောင်ဒေးရှင်းတစ်ခုကို အတူတကွ တည်ထောင်နိုင်ခဲ့ပါတယ် … ” ဆိုတဲ့ ပူးတွဲကြေညာချက်တစ်စောင်ကို သူတို့ရဲ့ တရားဝင် ဆိုရှယ်မီဒီယာ စာမျက်နှာတွေကတဆင့် အသိပေးခဲ့ပါတယ်။

Photo: thisisbillgates/ Instagram

Bill & Melinda Gates Foundation ကိုတော့ ၂၀၀၀ခုနှစ်မှာ သူတို့နှစ်ဦး အတူတကွ တည်ထောင်ခဲ့ကြတာ ဖြစ်ပြီး ယခုဆိုရင်တော့ ဒီဖောင်ဒေးရှင်းဟာ ဒေါ်လာ(၄၀)ဘီလျံကျော် တန်ကြေးရှိနေပြီ ဖြစ်ပါတယ်။

ဆက်လက်ပြီး “ကျွန်တော်၊ ကျွန်မတို့ ယုံကြည်ထားတဲ့ ဒီမစ်ရှင်အပေါ်မှာတော့ အတူတကွ ဆက်လက် လုပ်ဆောင်သွားမှာ ဖြစ်ပြီး ကျွန်တော်၊ ကျွန်မတို့ရဲ့ ကျန်ရှိနေတဲ့ ဘဝအချိန်တွေကိုတော့ နှစ်ယောက်အတူတူ ဖြတ်သန်းဖို့ မဖြစ်နိုင်တော့ပါဘူး။ ကျွန်တော်၊ ကျွန်မတို့ဟာ ဘဝခရီးလမ်းအသစ်ကို စတင်လျှောက်လှမ်းကြတော့မှာ ဖြစ်တဲ့အတွက် ကျွန်တော်၊ ကျွန်မတို့ရဲ့ မိသားစုနဲ့ ပတ်သက်ပြီး privacy ပေးကြဖို့ မေတ္တာရပ်ခံပါတယ် … ” လို့ အဆိုပါ ပူးတွဲကြေညာချက်မှာ ဆိုထားပါတယ်။

Photo: thisisbillgates/ Instagram

ဘီလျံနာတစ်ဦးဖြစ်ပြီး မိုက်ခရိုဆော့ဖ်ရဲ့ ပူးတွဲတည်ထောင်သူဖြစ်တဲ့ Bill Gates နဲ့ ပရဟိတသမား၊ မိုက်ခရိုဆော့ဖ်ရဲ့ အထွေထွေမန်နေဂျာဟောင်း ဖြစ်သူ Melinda French Gates တို့ဟာ ၁၉၉၄ ခုနှစ် ဇန်နဝါရီလ(၁)ရက်နေ့က ဟာဝိုင်ယီကျွန်းပေါ်မှာ လက်ထပ်ခဲ့ကြတာ ဖြစ်ပါတယ်။ သူတို့နှစ်ဦးမှာ အသက်(၂၅)နှစ်အရွယ် သမီးကြီး Jennifer Katherine ၊ အသက်(၂၁)နှစ်အရွယ် သားဖြစ်သူ Rory John နဲ့ အသက်(၁၈)နှစ်အရွယ် သမီးငယ် Phoebe Adele တို့ ထွန်းကားထားပါတယ်။

Glasgow

Source: people

(Zawgyi Version)

နာမည္ေက်ာ္ ဘီလ်ံနာစုံတြဲျဖစ္တဲ့ Bill Gates နဲ႔ Melinda Gates တို႔ဟာ (၂၇)ႏွစ္ၾကာ အိမ္ေထာင္သက္တမ္းကို တရားဝင္ အဆုံးသတ္လိုက္ၿပီ ျဖစ္ပါတယ္။

အဲဒါကေတာ့ သူတို႔ႏွစ္ဦးရဲ႕ ကြာရွင္းခြင့္ ေလွ်ာက္ထားမႈကို ၿပီးခဲ့တဲ့ တနလၤာေန႔မွာပဲ King County က တရားသူႀကီးက ခြင့္ျပဳေပးလိုက္တာ ျဖစ္ပါတယ္။ ကြာရွင္းမႈရဲ႕ အၿပီးသတ္ သေဘာတူညီမႈမွာေတာ့ Melinda ဟာ သူမရဲ႕ last name ကိုလည္း ေျပာင္းလဲသြားမွာ မဟုတ္သလို ဇနီးမယား ေထာက္ပံ့ေၾကးကိုလည္း တစ္ျပားတစ္ခ်ပ္မွ် ရယူသြားမွာ မဟုတ္ဘူးလို႔ ပါရွိပါတယ္။

Photo: thisisbillgates/ Instagram

ဒီသတင္းနဲ႔ ပတ္သက္ၿပီး Bill နဲ႔ Melinda တို႔ရဲ႕ ကိုယ္စားလွယ္ေတြကို People မဂၢဇင္းက ဆက္သြယ္ေမးျမန္းခဲ့ရာ တစုံတရာ ျပန္လည္ေျဖၾကားျခင္း မရွိေသးဘူးလို႔ သိရပါတယ္။ Gates ေမာင္ႏွံဟာ ၿပီးခဲ့တဲ့ ေမလကပဲ ႏွစ္ေယာက္ ခြဲေနေတာ့မယ္ဆိုတာကို လူသိရွင္ၾကား ေၾကညာခဲ့တာ ျဖစ္ပါတယ္။ အဲဒီအခ်ိန္က တရား႐ုံးကို Melinda ေလွ်ာက္ထားခဲ့တဲ့ ကြာရွင္းခြင့္ ေလွ်ာက္လႊာ စာ႐ြက္စာတမ္းေတြအရ သူတို႔ရဲ႕အိမ္ေထာင္ေရးကို “အဖတ္ဆယ္မရေအာင္ ပ်က္စီးေနခဲ့ၿပီ …”လို႔ ေဖာ္ျပထားေၾကာင္း‌ သိရပါတယ္။

“ကြၽန္ေတာ္၊ ကြၽန္မတို႔ရဲ႕ အိမ္ေထာင္ေရးနဲ႔ ပတ္သက္ၿပီး အေလးအနက္ ေတြးေတာခဲ့ၾကသလို အားထုတ္ႀကိဳးပမ္းမႈမ်ားစြာလည္း လုပ္ေဆာင္ခဲ့ၾကၿပီးတဲ့ေနာက္ ကြၽန္ေတာ္၊ ကြၽန္မတို႔ရဲ႕ အိမ္ေထာင္ေရးကို အဆုံးသတ္လိုက္ဖို႔ ဆုံးျဖတ္လိုက္ရပါတယ္။ ၿပီးခဲ့တဲ့ (၂၇)ႏွစ္လုံးမွာ အံ့ဩစရာေကာင္းတဲ့ ကေလးသုံးေယာက္ကို အတူတကြ ျပဳစုပ်ိဳးေထာင္ႏိုင္ခဲ့ၿပီး ကမာၻတစ္ဝန္းလုံးက လူေတြ က်န္းမာေစဖို႔နဲ႔ အလုပ္အကိုင္ ျဖစ္ထြန္းေစဖို႔ ေဖာင္ေဒးရွင္းတစ္ခုကို အတူတကြ တည္ေထာင္ႏိုင္ခဲ့ပါတယ္ … ” ဆိုတဲ့ ပူးတြဲေၾကညာခ်က္တစ္ေစာင္ကို သူတို႔ရဲ႕ တရားဝင္ ဆိုရွယ္မီဒီယာ စာမ်က္ႏွာေတြကတဆင့္ အသိေပးခဲ့ပါတယ္။

Photo: thisisbillgates/ Instagram

Bill & Melinda Gates Foundation ကိုေတာ့ ၂၀၀၀ခုႏွစ္မွာ သူတို႔ႏွစ္ဦး အတူတကြ တည္ေထာင္ခဲ့ၾကတာ ျဖစ္ၿပီး ယခုဆိုရင္ေတာ့ ဒီေဖာင္ေဒးရွင္းဟာ ေဒၚလာ(၄၀)ဘီလ်ံေက်ာ္ တန္ေၾကးရွိေနၿပီ ျဖစ္ပါတယ္။

ဆက္လက္ၿပီး “ကြၽန္ေတာ္၊ ကြၽန္မတို႔ ယုံၾကည္ထားတဲ့ ဒီမစ္ရွင္အေပၚမွာေတာ့ အတူတကြ ဆက္လက္ လုပ္ေဆာင္သြားမွာ ျဖစ္ၿပီး ကြၽန္ေတာ္၊ ကြၽန္မတို႔ရဲ႕ က်န္ရွိေနတဲ့ ဘဝအခ်ိန္ေတြကိုေတာ့ ႏွစ္ေယာက္အတူတူ ျဖတ္သန္းဖို႔ မျဖစ္ႏိုင္ေတာ့ပါဘူး။ ကြၽန္ေတာ္၊ ကြၽန္မတို႔ဟာ ဘဝခရီးလမ္းအသစ္ကို စတင္ေလွ်ာက္လွမ္းၾကေတာ့မွာ ျဖစ္တဲ့အတြက္ ကြၽန္ေတာ္၊ ကြၽန္မတို႔ရဲ႕ မိသားစုနဲ႔ ပတ္သက္ၿပီး privacy ေပးၾကဖို႔ ေမတၱာရပ္ခံပါတယ္ … ” လို႔ အဆိုပါ ပူးတြဲေၾကညာခ်က္မွာ ဆိုထားပါတယ္။

Photo: thisisbillgates/ Instagram

ဘီလ်ံနာတစ္ဦးျဖစ္ၿပီး မိုက္ခ႐ိုေဆာ့ဖ္ရဲ႕ ပူးတြဲတည္ေထာင္သူျဖစ္တဲ့ Bill Gates နဲ႔ ပရဟိတသမား၊ မိုက္ခ႐ိုေဆာ့ဖ္ရဲ႕ အေထြေထြမန္ေနဂ်ာေဟာင္း ျဖစ္သူ Melinda French Gates တို႔ဟာ ၁၉၉၄ ခုႏွစ္ ဇန္နဝါရီလ(၁)ရက္ေန႔က ဟာဝိုင္ယီကြၽန္းေပၚမွာ လက္ထပ္ခဲ့ၾကတာ ျဖစ္ပါတယ္။ သူတို႔ႏွစ္ဦးမွာ အသက္(၂၅)ႏွစ္အ႐ြယ္ သမီးႀကီး Jennifer Katherine ၊ အသက္(၂၁)ႏွစ္အ႐ြယ္ သားျဖစ္သူ Rory John နဲ႔ အသက္(၁၈)ႏွစ္အ႐ြယ္ သမီးငယ္ Phoebe Adele တို႔ ထြန္းကားထားပါတယ္။

Glasgow

Source: people

RELATED ARTICLES

Most Popular