HomeEntertainmentFilmfan theory မှာ ခေတ်စားနေတဲ့ Mephisto ပါဝင်လာမှာ မဟုတ်တော့တဲ့ Loki ဇာတ်လမ်းတွဲ

fan theory မှာ ခေတ်စားနေတဲ့ Mephisto ပါဝင်လာမှာ မဟုတ်တော့တဲ့ Loki ဇာတ်လမ်းတွဲ

ေအာက္တြင္ ေဇာ္ဂ်ီျဖင့္ ဖတ္ပါ။

Loki ဇာတ်လမ်းတွဲထဲမှာတော့ ပရိသတ်တွေ မျှော်လင့်နေတဲ့ Mephisto ပါဝင်မှာ မဟုတ်တဲ့အကြောင်း ဒါရိုက်တာ Kate Herron က အတည်ပြုလိုက်ပါတယ်။ ဒါကြောင့် အပိုင်း(၁)ထဲမှာ ပြောသွားတဲ့ “Devil” ဆိုတဲ့ စကားလုံးဟာ Mephisto ကို ညွှန်းဆိုတာ မဟုတ်ဘဲ Loki ကိုပဲ ညွှန်းဆိုတာ ဖြစ်ပါတယ်။

WandaVision ဇာတ်လမ်းတွဲတုန်းကလည်း Mephisto ပါဝင်လာမယ်ဆိုတဲ့ ပရိသတ်တွေရဲ့ သီအိုရီအမျိူးမျိူးကို မြင်တွေ့ခဲ့ရပါသေးတယ်။ အချိန်တစ်ခုထိတော့ Mephisto ပါဝင်မယ်ဆိုတဲ့ ကောလာဟလဟာ ပရိသတ်တွေကြားမှာ ရေပန်းစားခဲ့ပေမယ့်လည်း တကယ့် လက်တွေ့မှာတော့ ပါဝင်လာခဲ့ခြင်း မရှိပါဘူး။ ယခုအသစ်ထွက်ရှိလာတဲ့ Loki ဇာတ်လမ်းတွဲဟာလည်း ယခင်က ပြသခဲ့တဲ့ ထွေလာကို အခြေခံပြီး Mephisto ပါဝင်လာမယ်လို့ သီအိုရီတွေ ထွက်ထားပေမယ့်လည်း အခုချိန်မှာတော့ တကယ်မဟုတ်ကြောင်း သိလိုက်ရပါပြီ။

photo via screenrant

Loki ဇာတ်လမ်းတွဲရဲ့ ဒါရိုက်တာဖြစ်သူ Kate Herron ကတော့ ယခုထွက်ရှိနေတဲ့ ကောလာဟလတွေကို ငြင်းပယ်လိုက်တာကြောင့် မျှော်လင့်နေကြတဲ့ ပရိသတ်တွေအတွက်တော့ စိတ်မကောင်းစရာပဲ ဖြစ်ပါတယ်။ အပိုင်း(၁)ထဲမှာတော့ အေးဂျင့် Mobius ဟာ ဘုရားကျောင်းတစ်ခုထဲ ရောက်နေတာကို တွေ့ခဲ့ရပါတယ်။ အဲ့ဒီအချိန်မှာတော့ သူတို့တွေဟာ အဲ့ဒီ “Devil” ကိစ္စကို ဖြေရှင်းလိုက်မယ်လို့ ပြောနေကြပါတယ်။ ဒါရိုက်တာ Kate ကတော့ အဲ့ဒီ Devil ဆိုတဲ့ စကားလုံးဟာ Mephisto ကို ပြောတာ မဟုတ်ဘဲ Loki ကိုပဲ ညွှန်းဆိုတာပါလို့ ET Online သတင်းဌာနကို ပြောပြသွားပါတယ်။

photo via screenrant

“အမှန်တိုင်းပြောရရင်တော့ အဲ့ဒါက တော်တော်ထူးဆန်းတဲ့ တိုက်ဆိုင်မှုပဲဗျ။ အဲ့ဒီမှန်ချပ်ပေါ်က ရုပ်ပုံက Loki ကို ရည်ညွှန်းထားတာပါ။ Loki က နတ်ပြည်က နှင်ထုတ်ခံခဲ့ရတာရယ်၊ သူ့ရဲ့ချိုတွေ အစရှိတဲ့ အချက်တွေကို ရည်ညွှန်းထားတာပေါ့။ ကျွန်တော်လည်း အင်တာနက်ပေါ်က သီအိုရီတွေကို တွေ့ပြီး  စိတ်ဝင်စားဖို့ကောင်းတယ်ဟ ဆိုပြီး ဖြစ်သွားသေးတယ်။ ဒါပေမယ့်လည်း အဲ့ဒီသီအိုရီတွေက မဟုတ်ပါဘူး … “

သို့သော်လည်း Loki ဇာတ်လမ်းတွဲထဲမှာ Mephisto မပါဝင်တော့တာနဲ့ MCU ထဲမှာ လုံးဝ ပါလာမှာ မဟုတ်တော့ဘူးလို့တော့ သတ်မှတ်လို့ မရပါဘူး။ Marvel ဟာ ဒီဇာတ်ကောင်ကို ပွဲထုတ်ဖို့အတွက် အချိန်ကောင်းကို စောင့်နေတာ ဖြစ်နိုင်ပါတယ်။ ဒါကြောင့် နောင်တစ်ချိန်ချိန်မှာတော့ Mephisto ကို မြင်ရနိုင်ချေ ရှိပါသေးတယ်။

Legos

Source: Screenrant

(Zawgyi Version)

Loki ဇာတ္လမ္းတြဲထဲမွာေတာ့ ပရိသတ္ေတြ ေမွ်ာ္လင့္ေနတဲ့ Mephisto ပါဝင္မွာ မဟုတ္တဲ့အေၾကာင္း ဒါ႐ိုက္တာ Kate Herron က အတည္ျပဳလိုက္ပါတယ္။ ဒါေၾကာင့္ အပိုင္း(၁)ထဲမွာ ေျပာသြားတဲ့ “Devil” ဆိုတဲ့ စကားလုံးဟာ Mephisto ကို ၫႊန္းဆိုတာ မဟုတ္ဘဲ Loki ကိုပဲ ၫႊန္းဆိုတာ ျဖစ္ပါတယ္။

WandaVision ဇာတ္လမ္းတြဲတုန္းကလည္း Mephisto ပါဝင္လာမယ္ဆိုတဲ့ ပရိသတ္ေတြရဲ႕ သီအိုရီအမ်ိဴးမ်ိဴးကို ျမင္ေတြ႕ခဲ့ရပါေသးတယ္။ အခ်ိန္တစ္ခုထိေတာ့ Mephisto ပါဝင္မယ္ဆိုတဲ့ ေကာလာဟလဟာ ပရိသတ္ေတြၾကားမွာ ေရပန္းစားခဲ့ေပမယ့္လည္း တကယ့္ လက္ေတြ႕မွာေတာ့ ပါဝင္လာခဲ့ျခင္း မရွိပါဘူး။ ယခုအသစ္ထြက္ရွိလာတဲ့ Loki ဇာတ္လမ္းတြဲဟာလည္း ယခင္က ျပသခဲ့တဲ့ ေထြလာကို အေျခခံၿပီး Mephisto ပါဝင္လာမယ္လို႔ သီအိုရီေတြ ထြက္ထားေပမယ့္လည္း အခုခ်ိန္မွာေတာ့ တကယ္မဟုတ္ေၾကာင္း သိလိုက္ရပါၿပီ။

photo via screenrant

Loki ဇာတ္လမ္းတြဲရဲ႕ ဒါ႐ိုက္တာျဖစ္သူ Kate Herron ကေတာ့ ယခုထြက္ရွိေနတဲ့ ေကာလာဟလေတြကို ျငင္းပယ္လိုက္တာေၾကာင့္ ေမွ်ာ္လင့္ေနၾကတဲ့ ပရိသတ္ေတြအတြက္ေတာ့ စိတ္မေကာင္းစရာပဲ ျဖစ္ပါတယ္။ အပိုင္း(၁)ထဲမွာေတာ့ ေအးဂ်င့္ Mobius ဟာ ဘုရားေက်ာင္းတစ္ခုထဲ ေရာက္ေနတာကို ေတြ႕ခဲ့ရပါတယ္။ အဲ့ဒီအခ်ိန္မွာေတာ့ သူတို႔ေတြဟာ အဲ့ဒီ “Devil” ကိစၥကို ေျဖရွင္းလိုက္မယ္လို႔ ေျပာေနၾကပါတယ္။ ဒါ႐ိုက္တာ Kate ကေတာ့ အဲ့ဒီ Devil ဆိုတဲ့ စကားလုံးဟာ Mephisto ကို ေျပာတာ မဟုတ္ဘဲ Loki ကိုပဲ ၫႊန္းဆိုတာပါလို႔ ET Online သတင္းဌာနကို ေျပာျပသြားပါတယ္။

photo via screenrant

“အမွန္တိုင္းေျပာရရင္ေတာ့ အဲ့ဒါက ေတာ္ေတာ္ထူးဆန္းတဲ့ တိုက္ဆိုင္မႈပဲဗ်။ အဲ့ဒီမွန္ခ်ပ္ေပၚက ႐ုပ္ပုံက Loki ကို ရည္ၫႊန္းထားတာပါ။ Loki က နတ္ျပည္က ႏွင္ထုတ္ခံခဲ့ရတာရယ္၊ သူ႔ရဲ႕ခ်ိဳေတြ အစရွိတဲ့ အခ်က္ေတြကို ရည္ၫႊန္းထားတာေပါ့။ ကြၽန္ေတာ္လည္း အင္တာနက္ေပၚက သီအိုရီေတြကို ေတြ႕ၿပီး  စိတ္ဝင္စားဖို႔ေကာင္းတယ္ဟ ဆိုၿပီး ျဖစ္သြားေသးတယ္။ ဒါေပမယ့္လည္း အဲ့ဒီသီအိုရီေတြက မဟုတ္ပါဘူး … “

သို႔ေသာ္လည္း Loki ဇာတ္လမ္းတြဲထဲမွာ Mephisto မပါဝင္ေတာ့တာနဲ႔ MCU ထဲမွာ လုံးဝ ပါလာမွာ မဟုတ္ေတာ့ဘူးလို႔ေတာ့ သတ္မွတ္လို႔ မရပါဘူး။ Marvel ဟာ ဒီဇာတ္ေကာင္ကို ပြဲထုတ္ဖို႔အတြက္ အခ်ိန္ေကာင္းကို ေစာင့္ေနတာ ျဖစ္ႏိုင္ပါတယ္။ ဒါေၾကာင့္ ေနာင္တစ္ခ်ိန္ခ်ိန္မွာေတာ့ Mephisto ကို ျမင္ရႏိုင္ေခ် ရွိပါေသးတယ္။

Legos

Source: Screenrant

RELATED ARTICLES

Most Popular