HomeCharacterThanos ထက်တောင် ပိုပြီးစွမ်းအားကြီးနေနိုင်တဲ့ Gorr the God Butcher

Thanos ထက်တောင် ပိုပြီးစွမ်းအားကြီးနေနိုင်တဲ့ Gorr the God Butcher

လောလောဆယ်အထိတော့ Thanos ဟာ MCU ထဲက စွမ်းအားအကြီးဆုံး ဇာတ်ကောင်တွေထဲမှာ ပါဝင်ပြီး Avengers တွေတောင် အနိုင်ယူဖို့ မလွယ်ကူခဲ့ပါဘူး။ Infinity War ထဲမှာတော့ Thanos ဟာ Hulk ကို အလွယ်တကူပဲ အနိုင်ယူခဲ့သလို Endgame ထဲမှာလည်း Thor ၊ Iron Man နဲ့ Captain America တို့ကို Infinity Stone တွေ မပါဝင်ဘဲ သူတစ်ယောက်တည်း ရင်ဆိုင် တိုက်ခိုက်ခဲ့ပါတယ်။

photo via screenrant

Phase 4 ထဲမှာတော့ MCU ဟာ Thanos ထက် စွမ်းအားကြီးတဲ့ ဇာတ်ကောင်တွေကို မိတ်ဆက်ပေးနေပါတယ်။ Endgame ထဲမှာတော့ Scarlet Witch ဟာ Thanos ကို အနိုင်ယူနိုင်လုနီးပါး ဖြစ်ခဲ့သလို Doctor Strange 2 ထဲမှာလည်း အဲဒီထက်ပိုပြီး စွမ်းအားကြီးလာတာကို မြင်တွေ့ရမှာ ဖြစ်ပါတယ်။ ဒီလိုစွမ်းအားကြီး ဇာတ်ကောင်တွေထဲမှာတော့ Thor: Love and Thunder ထဲမှာ ပါဝင်လာမယ့် Gorr the God Butcher လည်း အပါအဝင်ပဲ ဖြစ်ပါတယ်။

Gorr the God Butcher ကတော့ သူနဲ့တွေ့ဆုံသမျှ နတ်ဘုရားတွေကို သတ်ပစ်နေသူ ဖြစ်ပါတယ်။ သူဟာ နတ်ဘုရားတစ်ပါး မဟုတ်ပေမယ့်လည်း နတ်ဘုရားနဲ့ တူညီတဲ့ စွမ်းအားကို ပိုင်ဆိုင်ထားပါတယ်။ သူ့ရဲ့လက်နက်ကတော့ All-Black the Necrosword ပဲ ဖြစ်ပြီး Slicer of Worlds နဲ့ Annihiblade လို့လည်း ခေါ်ကြပါတယ်။ ဒီဓားကတော့ လွန်ခဲ့တဲ့ နှစ်သန်းပေါင်း များစွာကတည်းက Celestial ကို သတ်ဖို့အတွက် ပြုလုပ်ထားတာ ဖြစ်ပြီး ဒီဓားနဲ့ သတ်ခဲ့သူတွေရဲ့ စွမ်းအားတွေကိုလည်း ထုတ်သုံးနိုင်ပါတယ်။ ဒါကြောင့်ပဲ Gorr ဟာ နတ်ဘုရားတွေကို သတ်တာများလေလေ စွမ်းအားကြီးလေလေ ဖြစ်လာမှာပါ။

photo via screenrant

ယခုဆိုရင်တော့ Christian Bale သရုပ်ဆောင်ထားတဲ့ Gorr ရဲ့ ပုံစံဟာ ကောမစ်ထဲက ပုံစံနဲ့ အနည်းငယ် ကွာခြားနေပေမယ့်လည်း တခြားအချက်တွေ အများစုကတော့ ကောမစ်ထဲက ပုံစံအတိုင်း အနီးစပ်ဆုံးတူအောင် ဖန်တီးထားပါတယ်။ ထွေလာထဲမှာ ဆိုရင်လည်း Gorr သတ်ပစ်ခဲ့တဲ့ နတ်ဘုရားတစ်ယောက်ကို မြင်တွေ့ခဲ့ရပြီး အဲ့ဒီဇာတ်ဝင်ခန်းဟာ ကောမစ်ထဲကပုံစံနဲ့ တစ်ပုံစံတည်းပဲ ဖြစ်ပါတယ်။ ဒီရုပ်ရှင်ထဲမှာတော့ Gorr ဟာ Thor နဲ့ တွေ့ဆုံတဲ့အချိန်မှာ တခြားနတ်ဘုရားတွေ များစွာကိုလည်း သတ်ပြီးသား ဖြစ်နေခဲ့ပြီး သူ့ရဲ့လက်နက်စွမ်းအားကိုလည်း မပြောင်းလဲထားဘူး ဆိုရင်တော့ သူဟာ Thanos ထက်တောင် စွမ်းအားကြီးနေနိုင်ပါတယ်။

Legos

(ဆံရစ်ဝိုင်းဝက်ဘ်ဆိုဒ်တွင် ဖော်ပြထားသော သတင်း၊ဆောင်းပါးများကို အခြားမည်သည့် ဝက်ဘ်ဆိုဒ်၊ Facebook စာမျက်နှာတွင်မျှ ကူးယူဖော်ပြခွင့် မပြုပါကြောင်း အသိပေးအပ်ပါသည်။)

RELATED ARTICLES

Most Popular