HomeCelebs Update NewsInternationalMegan Fox ကြောင့် အတိုင်းထက်အလွန် ကြည်နူးနေတဲ့ MGK 

Megan Fox ကြောင့် အတိုင်းထက်အလွန် ကြည်နူးနေတဲ့ MGK 

ေအာက္တြင္ ေဇာ္ဂ်ီျဖင့္ ဖတ္ပါ။

နာမည်ကျော် ရက်ပ်ပါတစ်ယောက်ဖြစ်တဲ့ MGK ဟာ မင်းသမီးချော Megan Fox နဲ့ တရားဝင်တွဲခုတ်နေပြီ ဖြစ်ပါတယ်။ အတွင်းစကားတွေအရ MGK တစ်ယောက် ဒီလောက်ပျော်ရွှင်မြူးတူးနေတာကို တစ်ခါမှ မမြင်ခဲ့ဖူးလို့ သူငယ်ချင်းတွေကတောင် အံ့ဩနေရတယ်လို့ ဆိုပါတယ်။ Megan Fox ဟာ သိပ်ကိုလှပကျော့ရှင်းလွန်းပြီး ရိုးရိုးသားသား ဟန်မဆောင်တတ်သူဖြစ်တာကြောင့် ဆုအကြီးကြီးတစ်ခု ရလိုက်သလို MGK မှာ ပျော်ရွှင်မြူးတူးနေရတယ်လို့ အတွင်းစကားတွေက ဆိုကြပါတယ်။

Megan ဟာ သူမရဲ့ခင်ပွန်းသည် Brian Austin Green နဲ့ လမ်းခွဲပြီးနောက်မှာ MGK နဲ့ အီစီကလီအဆင့်ကနေ ချစ်သူတွေအဖြစ် ရောက်ရှိသွားကြတာ ဖြစ်ပါတယ်။ အမည်ရင်း Colson Baker ဖြစ်တဲ့ MGK ကတော့ လက်ရှိအခြေအနေအပေါ် အတိုင်းထက်အလွန် ကျေနပ်အားရနေတာလည်း ဖြစ်ပါတယ်။

Photo: machinegunkelly/ Instagram

Hollywood Life သတင်းဌာနရဲ့ ဆက်သွယ်မေးမြန်းချက်အရ MGK နဲ့ နီးစပ်တဲ့အသိုင်းအဝိုင်းက အခုလိုပဲ ပြောပြထားပါတယ်။ “Colson ကတော့ မြေကြီးနဲ့ကို မထိတော့တာပါ။ သူ့သူငယ်ချင်းတွေဆို တစ်ခါမှ သူ ဒီလောက်ပျော်နေတာ မမြင်ဖူးဘူးလို့တောင် ပြောကြတယ်။ Megan ကို ချစ်သူအဖြစ် ရရှိလိုက်တာက တကယ့် ဆုလာဘ်တစ်ခုကို ဆွတ်ခူးလိုက်ရသလိုပဲ ပျော်မဆုံး ဖြစ်နေပါတယ်…” လို့ ဆိုထားပါတယ်။

“Megan ကတော့ သိပ်ကိုဆွဲဆောင်မှုရှိပြီး ဟန်ဆောင်မှုကင်းတဲ့ လူတစ်ယောက်ဖြစ်တာကြောင့် သူတို့နှစ်ယောက် လိုက်ဖက်ညီကြပါတယ်။ MGK ရဲ့ သူငယ်ချင်းတွေကတော့ သူ့အတွက် သိပ်ကိုပျော်ရွှင်နေကြပါတယ်။ ပြီးတော့ သူ စိတ်နာကျင်ခံစားရမှာကိုလည်း မဖြစ်စေချင်ကြဘူးလေ။ Megan က တကယ့် လေးနက်တဲ့ အိမ်ထောင်ရေးတစ်ခုကနေ အခုမှ ထွက်ခွာလာတဲ့သူဆိုတာ MGK သူငယ်ချင်းတွေက သိထားကြတယ်လေ။ အဲ့ဒါကြောင့် ဖြည်းဖြည်းချင်းပဲ သူ့သဘာဝအတိုင်း တစ်ဆင့်ချင်းစီသွားမယ်ဆိုရင်တော့ ရေရှည်မှာ သူတို့နှစ်ယောက်အတွက် ပိုအဆင်ပြေကြမယ်လို့လည်း ထင်နေကြတယ်…  ” လို့ အတွင်းသတင်းက ဆိုပါတယ်။

Photo: Machine Gun Kelly/ VeVo

MGK နဲ့ Megan တို့ဟာ သူတို့နှစ်ယောက်ရဲ့ ဆက်ဆံရေးအခြေအနေကို Bloody Valentine ဆိုတဲ့ music video ကို မေလ(၁၉)ရက်နေ့က လွှင့်ထုတ်ပြီး ပရိသတ်တွေဆီ အရိပ်အမြွက် အသိပေးခဲ့ကြတာ ဖြစ်ပါတယ်။ အဆိုပါ music video ထဲမှာဆိုရင် နှစ်ယောက်ကြားက ပတ်သက်မှုကို ဆက်ဆီကျကျ ပုံရိပ်တွေနဲ့ ပြသထားတာကြောင့် အဲ့ဒီ့အချိန်တည်းက တွဲနေကြပြီလားလို့ ကောလာဟလတွေ ထွက်နေခဲ့တာပါ။

ဒီလိုနဲ့ ဇွန်လ(၁၅)ရက်နေ့မှာတော့ နှစ်ယောက်က တကယ်တွဲနေတဲ့အကြောင်းကို MGK က သူ့ရဲ့သီချင်းထဲက စာသားအချို့နဲ့ Twitter မှာ ပို့စ်တင်ပြီး အတည်ပြုပေးခဲ့ပါတယ်။ အဲ့ဒီ့နေ့မှာပဲ ကယ်လီဖိုးနီးယားက Sherman Oaks ကို သွားရောက်လည်ပတ်ကြတဲ့ ခရီးစဉ်မှာ နှစ်ယောက်သား လက်ချင်းတွဲပြီး အနမ်းတွေခြွေနေတဲ့ ပုံရိပ်တွေကို တွေ့ခဲ့ကြရပါတယ်။

Photo: meganfox/ Instagram

သူတို့နှစ်ယောက်ရဲ့ အချစ်ရေးရာဇဝင်တွေကို ပြန်လှန်ကြည့်မယ်ဆိုရင်တော့ အသက်(၃၄)နှစ်အရွယ် ရှိပြီဖြစ်တဲ့ Megan ဟာ သူမ အသက်(၁၈)နှစ်ကတည်းက ခင်ပွန်းသည် Brian နဲ့ ချစ်သူတွေဖြစ်ခဲ့တာပါ။ ဒီလိုနဲ့ ၂၀၁၀ခုနှစ်မှာ Brian နဲ့ လက်ထပ်ခဲ့ပြီး ကလေးသုံးယောက် ထွန်းကားထားပါတယ်။ Megan နဲ့ Brian တို့ ခွဲနေကြပြီဖြစ်ကြောင်း Brian က တရားဝင်ပြောကြားခဲ့တာကတော့ မေလ(၁၈)ရက်နေ့မှာ ဖြစ်ပါတယ်။ Megan နဲ့ Brian တို့ဟာ ချစ်သူဘဝကစလို့ လက်ထပ်ပြီးတဲ့အထိ အကြိမ်ပေါင်းများစွာ ကွဲလိုက်၊ ပြတ်လိုက်၊ ပြန်ပေါင်းထုပ်လိုက် ဖြစ်ခဲ့ကြသူတွေပါ။

MGK ဘက်ကို ကြည့်မယ်ဆိုရင်တော့ Casie ဆိုတဲ့ (၁၂)နှစ်အရွယ် သမီးလေးတစ်ယောက် ရှိပါတယ်။ ကလေးရဲ့အမေကတော့ MGK အသက်(၁၈)နှစ်အရွယ်က တွဲခဲ့တဲ့ Emma Cannon ဆိုတဲ့အမျိုးသမီး ဖြစ်ပါတယ်။ MGK ဟာ နာမည်ကျော်အဆိုတော်၊ သရုပ်ဆောင် အမျိုးသမီးများစွာနဲ့ တွဲခုတ်ခဲ့ဖူးသူဖြစ်ပြီး နောက်ဆုံး တွဲခဲ့ဖူးတဲ့သူကတော့ Sommer Ray ဆိုတဲ့ အမေရိကန်မော်ဒယ်လ် ဖြစ်ပါတယ်။ Sommer Ray နဲ့ တွဲနေကြောင်း မတ်လမှာ အတည်ပြုပြောကြားခဲ့ပြီး ဧပြီလအလယ်လောက်မှာ လမ်းခွဲခဲ့ကြတာ ဖြစ်ပါတယ်။

Photo: meganfox/ Instagram

လောလောဆယ် ပရိသတ်တွေကြားမှာ ဟစ်ဖြစ်နေတဲ့ MGK နဲ့ Megan Fox တို့ရဲ့ အချစ်ရေးဟာ ရေရှည်တည်တံ့မှာလား၊ ဘယ်လိုစခန်းသွားမှာလည်းဆိုတာကိုတော့ ဆက်လက်စောင့်ကြည့်ကြရမှာ ဖြစ်ပါတယ်။

LaNina

Source: hollywoodlife

(Zawgyi Version)

နာမည္ေက်ာ္ ရက္ပ္ပါတစ္ေယာက္ျဖစ္တဲ့ MGK ဟာ မင္းသမီးေခ်ာ Megan Fox နဲ႔ တရားဝင္တြဲခုတ္ေနၿပီ ျဖစ္ပါတယ္။ အတြင္းစကားေတြအရ MGK တစ္ေယာက္ ဒီေလာက္ေပ်ာ္႐ႊင္ျမဴးတူးေနတာကို တစ္ခါမွ မျမင္ခဲ့ဖူးလို႔ သူငယ္ခ်င္းေတြကေတာင္ အံ့ဩေနရတယ္လို႔ ဆိုပါတယ္။ Megan Fox ဟာ သိပ္ကိုလွပေက်ာ့ရွင္းလြန္းၿပီး ႐ိုး႐ိုးသားသား ဟန္မေဆာင္တတ္သူျဖစ္တာေၾကာင့္ ဆုအႀကီးႀကီးတစ္ခု ရလိုက္သလို MGK မွာ ေပ်ာ္႐ႊင္ျမဴးတူးေနရတယ္လို႔ အတြင္းစကားေတြက ဆိုၾကပါတယ္။

Megan ဟာ သူမရဲ႕ခင္ပြန္းသည္ Brian Austin Green နဲ႔ လမ္းခြဲၿပီးေနာက္မွာ MGK နဲ႔ အီစီကလီအဆင့္ကေန ခ်စ္သူေတြအျဖစ္ ေရာက္ရွိသြားၾကတာ ျဖစ္ပါတယ္။ အမည္ရင္း Colson Baker ျဖစ္တဲ့ MGK ကေတာ့ လက္ရွိအေျခအေနအေပၚ အတိုင္းထက္အလြန္ ေက်နပ္အားရေနတာလည္း ျဖစ္ပါတယ္။

Photo: machinegunkelly/ Instagram

Hollywood Life သတင္းဌာနရဲ႕ ဆက္သြယ္ေမးျမန္းခ်က္အရ MGK နဲ႔ နီးစပ္တဲ့အသိုင္းအဝိုင္းက အခုလိုပဲ ေျပာျပထားပါတယ္။ “Colson ကေတာ့ ေျမႀကီးနဲ႔ကို မထိေတာ့တာပါ။ သူ႔သူငယ္ခ်င္းေတြဆို တစ္ခါမွ သူ ဒီေလာက္ေပ်ာ္ေနတာ မျမင္ဖူးဘူးလို႔ေတာင္ ေျပာၾကတယ္။ Megan ကို ခ်စ္သူအျဖစ္ ရရွိလိုက္တာက တကယ့္ ဆုလာဘ္တစ္ခုကို ဆြတ္ခူးလိုက္ရသလိုပဲ ေပ်ာ္မဆုံး ျဖစ္ေနပါတယ္…” လို႔ ဆိုထားပါတယ္။

“Megan ကေတာ့ သိပ္ကိုဆြဲေဆာင္မႈရွိၿပီး ဟန္ေဆာင္မႈကင္းတဲ့ လူတစ္ေယာက္ျဖစ္တာေၾကာင့္ သူတို႔ႏွစ္ေယာက္ လိုက္ဖက္ညီၾကပါတယ္။ MGK ရဲ႕ သူငယ္ခ်င္းေတြကေတာ့ သူ႔အတြက္ သိပ္ကိုေပ်ာ္႐ႊင္ေနၾကပါတယ္။ ၿပီးေတာ့ သူ စိတ္နာက်င္ခံစားရမွာကိုလည္း မျဖစ္ေစခ်င္ၾကဘူးေလ။ Megan က တကယ့္ ေလးနက္တဲ့ အိမ္ေထာင္ေရးတစ္ခုကေန အခုမွ ထြက္ခြာလာတဲ့သူဆိုတာ MGK သူငယ္ခ်င္းေတြက သိထားၾကတယ္ေလ။ အဲ့ဒါေၾကာင့္ ျဖည္းျဖည္းခ်င္းပဲ သူ႔သဘာဝအတိုင္း တစ္ဆင့္ခ်င္းစီသြားမယ္ဆိုရင္ေတာ့ ေရရွည္မွာ သူတို႔ႏွစ္ေယာက္အတြက္ ပိုအဆင္ေျပၾကမယ္လို႔လည္း ထင္ေနၾကတယ္…  ” လို႔ အတြင္းသတင္းက ဆိုပါတယ္။

Photo: Machine Gun Kelly/ VeVo

MGK နဲ႔ Megan တို႔ဟာ သူတို႔ႏွစ္ေယာက္ရဲ႕ ဆက္ဆံေရးအေျခအေနကို Bloody Valentine ဆိုတဲ့ music video ကို ေမလ(၁၉)ရက္ေန႔က လႊင့္ထုတ္ၿပီး ပရိသတ္ေတြဆီ အရိပ္အႁမြက္ အသိေပးခဲ့ၾကတာ ျဖစ္ပါတယ္။ အဆိုပါ music video ထဲမွာဆိုရင္ ႏွစ္ေယာက္ၾကားက ပတ္သက္မႈကို ဆက္ဆီက်က် ပုံရိပ္ေတြနဲ႔ ျပသထားတာေၾကာင့္ အဲ့ဒီ့အခ်ိန္တည္းက တြဲေနၾကၿပီလားလို႔ ေကာလာဟလေတြ ထြက္ေနခဲ့တာပါ။

ဒီလိုနဲ႔ ဇြန္လ(၁၅)ရက္ေန႔မွာေတာ့ ႏွစ္ေယာက္က တကယ္တြဲေနတဲ့အေၾကာင္းကို MGK က သူ႔ရဲ႕သီခ်င္းထဲက စာသားအခ်ိဳ႕နဲ႔ Twitter မွာ ပို႔စ္တင္ၿပီး အတည္ျပဳေပးခဲ့ပါတယ္။ အဲ့ဒီ့ေန႔မွာပဲ ကယ္လီဖိုးနီးယားက Sherman Oaks ကို သြားေရာက္လည္ပတ္ၾကတဲ့ ခရီးစဥ္မွာ ႏွစ္ေယာက္သား လက္ခ်င္းတြဲၿပီး အနမ္းေတြေႁခြေနတဲ့ ပုံရိပ္ေတြကို ေတြ႕ခဲ့ၾကရပါတယ္။

Photo: meganfox/ Instagram

သူတို႔ႏွစ္ေယာက္ရဲ႕ အခ်စ္ေရးရာဇဝင္ေတြကို ျပန္လွန္ၾကည့္မယ္ဆိုရင္ေတာ့ အသက္(၃၄)ႏွစ္အ႐ြယ္ ရွိၿပီျဖစ္တဲ့ Megan ဟာ သူမ အသက္(၁၈)ႏွစ္ကတည္းက ခင္ပြန္းသည္ Brian နဲ႔ ခ်စ္သူေတြျဖစ္ခဲ့တာပါ။ ဒီလိုနဲ႔ ၂၀၁၀ခုႏွစ္မွာ Brian နဲ႔ လက္ထပ္ခဲ့ၿပီး ကေလးသုံးေယာက္ ထြန္းကားထားပါတယ္။ Megan နဲ႔ Brian တို႔ ခြဲေနၾကၿပီျဖစ္ေၾကာင္း Brian က တရားဝင္ေျပာၾကားခဲ့တာကေတာ့ ေမလ(၁၈)ရက္ေန႔မွာ ျဖစ္ပါတယ္။ Megan နဲ႔ Brian တို႔ဟာ ခ်စ္သူဘဝကစလို႔ လက္ထပ္ၿပီးတဲ့အထိ အႀကိမ္ေပါင္းမ်ားစြာ ကြဲလိုက္၊ ျပတ္လိုက္၊ ျပန္ေပါင္းထုပ္လိုက္ ျဖစ္ခဲ့ၾကသူေတြပါ။

MGK ဘက္ကို ၾကည့္မယ္ဆိုရင္ေတာ့ Casie ဆိုတဲ့ (၁၂)ႏွစ္အ႐ြယ္ သမီးေလးတစ္ေယာက္ ရွိပါတယ္။ ကေလးရဲ႕အေမကေတာ့ MGK အသက္(၁၈)ႏွစ္အ႐ြယ္က တြဲခဲ့တဲ့ Emma Cannon ဆိုတဲ့အမ်ိဳးသမီး ျဖစ္ပါတယ္။ MGK ဟာ နာမည္ေက်ာ္အဆိုေတာ္၊ သ႐ုပ္ေဆာင္ အမ်ိဳးသမီးမ်ားစြာနဲ႔ တြဲခုတ္ခဲ့ဖူးသူျဖစ္ၿပီး ေနာက္ဆုံး တြဲခဲ့ဖူးတဲ့သူကေတာ့ Sommer Ray ဆိုတဲ့ အေမရိကန္ေမာ္ဒယ္လ္ ျဖစ္ပါတယ္။ Sommer Ray နဲ႔ တြဲေနေၾကာင္း မတ္လမွာ အတည္ျပဳေျပာၾကားခဲ့ၿပီး ဧၿပီလအလယ္ေလာက္မွာ လမ္းခြဲခဲ့ၾကတာ ျဖစ္ပါတယ္။

Photo: meganfox/ Instagram

ေလာေလာဆယ္ ပရိသတ္ေတြၾကားမွာ ဟစ္ျဖစ္ေနတဲ့ MGK နဲ႔ Megan Fox တို႔ရဲ႕ အခ်စ္ေရးဟာ ေရရွည္တည္တံ့မွာလား၊ ဘယ္လိုစခန္းသြားမွာလည္းဆိုတာကိုေတာ့ ဆက္လက္ေစာင့္ၾကည့္ၾကရမွာ ျဖစ္ပါတယ္။

LaNina

Source: hollywoodlife

RELATED ARTICLES

Most Popular