HomeCelebs Update NewsInternationalရင်ထဲမှာ Megan Fox ရှိပြီးသားမို့ ဘယ်သူ့ကိုမှ ထပ်မဒိတ်တော့ဘူးလို့ ဆိုလိုက်တဲ့ MGK

ရင်ထဲမှာ Megan Fox ရှိပြီးသားမို့ ဘယ်သူ့ကိုမှ ထပ်မဒိတ်တော့ဘူးလို့ ဆိုလိုက်တဲ့ MGK

ေအာက္တြင္ ေဇာ္ဂ်ီျဖင့္ ဖတ္ပါ။

နာမည်ကျော် rapper MGK ဟာ မင်းသမီး Megan Fox နဲ့ တွဲခုတ်နေတာ လအနည်းငယ်ပဲ ရှိသေးတယ်ဆိုပေမယ့် တကယ်ကြီး အတည်တကျဖြစ်ဖို့ကို တွေးနေပြီလို့ သိရပါတယ်။

အသက်(၃၀)နှစ်အရွယ် MGK ဟာ အသက်(၃၄)နှစ်အရွယ် Megan Fox နဲ့ သူ့ရဲ့ကြားထဲက အချစ်ရေးဟာ ဘယ်လိုခိုင်မာအားကောင်းနေတယ်ဆိုတာကို ဖွင့်ဟလာတာ ဖြစ်ပါတယ်။ အဲ့ဒါကတော့ Buzzfeed သတင်းဌာနရဲ့ Thirst Tweets ဆိုတဲ့ အစီအစဉ်မှာ MGK တစ်ယောက် သူ့မမတစ်ယောက်တည်းကိုပဲ အလေးအနက်ထားတယ်လို့ ပြောသွားတာပါ။

Photo: machinegunkelly/ Instagram

အဆိုပါ Thirst Tweets ဆိုတဲ့ အစီအစဉ်ကတော့ ဆယ်လီတွေနဲ့ ပတ်သက်ပြီး ပရိသတ်တွေဘက်ကရေးတဲ့ တွစ်တာစာမျက်နှာက comment တွေကို ဆယ်လီတွေကိုယ်တိုင်က ဖတ်ပြပြီး ပြန်လည်တုံ့ပြန် ပြောကြားတဲ့ အစီအစဉ် ဖြစ်ပါတယ်။ အစီအစဉ်ရဲ့ခေါင်းစဉ်အတိုင်းပဲ ဖတ်ပြတဲ့ comment တွေကလည်း ခပ်ဟော့ဟော့ ပုဂ္ဂိုလ်ရေးဆန်တဲ့ comment တွေကိုပဲ ရွေးချယ်တုံ့ပြန်ရတာ ဖြစ်ပါတယ်။

MGK ရဲ့ အချစ်ရေးနဲ့ ပတ်သက်တဲ့ အတွင်းရေးကို ဖွင့်ဟစေခဲ့တဲ့ ပထမဆုံး comment ကတော့ “Machine Gun Kelly ရေ … အခုလာမယ့် တနင်္ဂနွေနေ့မှာ ကျွန်မအားတယ်ဆိုတော့ ကျွန်မနဲ့တူတူ ဒိတ်များသွားနိုင်မလားဆိုတာ သိချင်မိတယ်။ ရှင် အားတယ်ဆိုရင် ကျွန်မကို ပြောပါနော်။ ဒိတ်လုပ်ကြရအောင် … ” ဆိုပြီး တွစ်တာမှာ ရေးထားတာပါ။

Photo: machinegunkelly/ Instagram

ဒီမှာတင် MGK ကလည်း “ကျွန်တော်က အခုရင်ခွင်တံခါးကို သော့ခတ်ပြီးပါပြီ။ ဘာဒိတ်မှ မလိုအပ်တော့ပါဘူး။ နောက်ထပ် ဘယ်တော့မှ ထပ်မဒိတ်တော့ဖို့လည်း များပါတယ်… ” လို့ ပြန်လည်ဖြေဆိုခဲ့ပါတယ်။ သူပြောချင်တဲ့ သဘောကတော့ မမ Megan Fox ရဲ့ရင်ခွင်မှာပဲ ခိုလှုံပြီး ဒီဘဝကို ကျေနပ်စွာ ဖြတ်သန်းတော့မယ်ဆိုတာမျိုးပါ။

နောက်ထပ် comment တစ်ခုကတော့ တော်တော်လေး ဟော့ပါတယ်။ “Machine Gun Kelly သာဆို ကျွန်မရဲ့ခြေချောင်းလေးတွေကို စုပ်ခွင့်ပေးမယ်.. ” ဆိုပြီး ရေးထားတာပါ။ ဒီလိုမှတ်ချက်ကိုလည်း “ကျွန်တော်ပြောပြီးပါရော။ ကျွန်တော်က တစ်စုံတည်းသော ခြေချောင်းလေးတွေကိုပဲ စုပ်နေပါတယ်… ” လို့ ကိုယ်တော်ချောက ပြန်လည်တုံ့ပြန်ထားပါတယ်။

Photo: machinegunkelly/ Instagram

နောက်ထပ်တစ်ယောက်ကလည်း MGK ရဲ့ လက်ချောင်းလေးတွေကို ကြိုက်တယ်ဆိုပြီး ရေးထားရာမှာ “ကျွန်တော့်ကောင်မလေးကလည်း ကျွန်တော့်လက်ချောင်းတွေကို မှော်ဆရာလက်ချောင်းတွေလို့ ပြောလေ့ရှိတယ်… ” လို့ တုံ့ပြန်ထားပါသေးတယ်။

MGK နဲ့ Megan Fox တို့ဟာ ပြီးခဲ့တဲ့ မေလလောက်တည်းက တွဲနေတယ်ဆိုပြီး သတင်းထွက်ခဲ့ကြတာ ဖြစ်ပေမယ့် မောင်လေး MGK နဲ့ ပတ်သက်ပြီး ပထမဆုံးတရားဝင် IG မှာ ပို့စ်တင်တာကတော့ ဩဂုတ်လ(၅)ရက်နေ့ကမှပါ။ Megan Fox ဟာ အဖြူအမည်းနဲ့ နှစ်ယောက်တွဲ mirror selfie ကို တင်ထားပြီး “သိပ်ကိုလှပလွန်းတဲ့ ကောင်လေး … ကျွန်မနှလုံးသားက ရှင့်အတွက်ပဲ… ” ဆိုတဲ့ ကပ်ပရှင်ကိုလည်း ရေးထားပါသေးတယ်။

Photo: meganfox/ Instagram

MGK ဘက်ကလည်း ပထမဆုံး နှစ်ယောက်တွဲဓာတ်ပုံကို Megan ပို့စ်မတင်ခင် ရက်အနည်းငယ်လောက် စောပြီး တင်ခဲ့ပါသေးတယ်။ အဆိုပါဓာတ်ပုံမှာတော့ “ခင်ဗျားလေးနဲ့ တွေ့ရဖို့ ထာဝရလောက် စောင့်ခဲ့ရတယ်… ” လို့ ရေးသားထားတာကို တွေ့ရပါတယ်။

MGK နဲ့ Megan Fox တို့ဟာ MGK ရဲ့ Bloody Valentine ဆိုတဲ့ MV ကို အတူတူရိုက်ကူးပြီးချိန်ကစလို့ တွဲခဲ့ကြတာဖြစ်ပြီး လက်ရှိအချိန်ထိလည်း ခိုင်မာအားကောင်းနေဆဲ ဖြစ်ပါတယ်။

Glasgow

Source: hollywood life

(Zawgyi Version)

နာမည္ေက်ာ္ rapper MGK ဟာ မင္းသမီး Megan Fox နဲ႔ တြဲခုတ္ေနတာ လအနည္းငယ္ပဲ ရွိေသးတယ္ဆိုေပမယ့္ တကယ္ႀကီး အတည္တက်ျဖစ္ဖို႔ကို ေတြးေနၿပီလို႔ သိရပါတယ္။

အသက္(၃၀)ႏွစ္အ႐ြယ္ MGK ဟာ အသက္(၃၄)ႏွစ္အ႐ြယ္ Megan Fox နဲ႔ သူ႔ရဲ႕ၾကားထဲက အခ်စ္ေရးဟာ ဘယ္လိုခိုင္မာအားေကာင္းေနတယ္ဆိုတာကို ဖြင့္ဟလာတာ ျဖစ္ပါတယ္။ အဲ့ဒါကေတာ့ Buzzfeed သတင္းဌာနရဲ႕ Thirst Tweets ဆိုတဲ့ အစီအစဥ္မွာ MGK တစ္ေယာက္ သူ႔မမတစ္ေယာက္တည္းကိုပဲ အေလးအနက္ထားတယ္လို႔ ေျပာသြားတာပါ။

Photo: machinegunkelly/ Instagram

အဆိုပါ Thirst Tweets ဆိုတဲ့ အစီအစဥ္ကေတာ့ ဆယ္လီေတြနဲ႔ ပတ္သက္ၿပီး ပရိသတ္ေတြဘက္ကေရးတဲ့ တြစ္တာစာမ်က္ႏွာက comment ေတြကို ဆယ္လီေတြကိုယ္တိုင္က ဖတ္ျပၿပီး ျပန္လည္တုံ႔ျပန္ ေျပာၾကားတဲ့ အစီအစဥ္ ျဖစ္ပါတယ္။ အစီအစဥ္ရဲ႕ေခါင္းစဥ္အတိုင္းပဲ ဖတ္ျပတဲ့ comment ေတြကလည္း ခပ္ေဟာ့ေဟာ့ ပုဂၢိဳလ္ေရးဆန္တဲ့ comment ေတြကိုပဲ ေ႐ြးခ်ယ္တုံ႔ျပန္ရတာ ျဖစ္ပါတယ္။

MGK ရဲ႕ အခ်စ္ေရးနဲ႔ ပတ္သက္တဲ့ အတြင္းေရးကို ဖြင့္ဟေစခဲ့တဲ့ ပထမဆုံး comment ကေတာ့ “Machine Gun Kelly ေရ … အခုလာမယ့္ တနဂၤေႏြေန႔မွာ ကြၽန္မအားတယ္ဆိုေတာ့ ကြၽန္မနဲ႔တူတူ ဒိတ္မ်ားသြားႏိုင္မလားဆိုတာ သိခ်င္မိတယ္။ ရွင္ အားတယ္ဆိုရင္ ကြၽန္မကို ေျပာပါေနာ္။ ဒိတ္လုပ္ၾကရေအာင္ … ” ဆိုၿပီး တြစ္တာမွာ ေရးထားတာပါ။

Photo: machinegunkelly/ Instagram

ဒီမွာတင္ MGK ကလည္း “ကြၽန္ေတာ္က အခုရင္ခြင္တံခါးကို ေသာ့ခတ္ၿပီးပါၿပီ။ ဘာဒိတ္မွ မလိုအပ္ေတာ့ပါဘူး။ ေနာက္ထပ္ ဘယ္ေတာ့မွ ထပ္မဒိတ္ေတာ့ဖို႔လည္း မ်ားပါတယ္… ” လို႔ ျပန္လည္ေျဖဆိုခဲ့ပါတယ္။ သူေျပာခ်င္တဲ့ သေဘာကေတာ့ မမ Megan Fox ရဲ႕ရင္ခြင္မွာပဲ ခိုလႈံၿပီး ဒီဘဝကို ေက်နပ္စြာ ျဖတ္သန္းေတာ့မယ္ဆိုတာမ်ိဳးပါ။

ေနာက္ထပ္ comment တစ္ခုကေတာ့ ေတာ္ေတာ္ေလး ေဟာ့ပါတယ္။ “Machine Gun Kelly သာဆို ကြၽန္မရဲ႕ေျခေခ်ာင္းေလးေတြကို စုပ္ခြင့္ေပးမယ္.. ” ဆိုၿပီး ေရးထားတာပါ။ ဒီလိုမွတ္ခ်က္ကိုလည္း “ကြၽန္ေတာ္ေျပာၿပီးပါေရာ။ ကြၽန္ေတာ္က တစ္စုံတည္းေသာ ေျခေခ်ာင္းေလးေတြကိုပဲ စုပ္ေနပါတယ္… ” လို႔ ကိုယ္ေတာ္ေခ်ာက ျပန္လည္တုံ႔ျပန္ထားပါတယ္။

Photo: machinegunkelly/ Instagram

ေနာက္ထပ္တစ္ေယာက္ကလည္း MGK ရဲ႕ လက္ေခ်ာင္းေလးေတြကို ႀကိဳက္တယ္ဆိုၿပီး ေရးထားရာမွာ “ကြၽန္ေတာ့္ေကာင္မေလးကလည္း ကြၽန္ေတာ့္လက္ေခ်ာင္းေတြကို ေမွာ္ဆရာလက္ေခ်ာင္းေတြလို႔ ေျပာေလ့ရွိတယ္… ” လို႔ တုံ႔ျပန္ထားပါေသးတယ္။

MGK နဲ႔ Megan Fox တို႔ဟာ ၿပီးခဲ့တဲ့ ေမလေလာက္တည္းက တြဲေနတယ္ဆိုၿပီး သတင္းထြက္ခဲ့ၾကတာ ျဖစ္ေပမယ့္ ေမာင္ေလး MGK နဲ႔ ပတ္သက္ၿပီး ပထမဆုံးတရားဝင္ IG မွာ ပို႔စ္တင္တာကေတာ့ ဩဂုတ္လ(၅)ရက္ေန႔ကမွပါ။ Megan Fox ဟာ အျဖဴအမည္းနဲ႔ ႏွစ္ေယာက္တြဲ mirror selfie ကို တင္ထားၿပီး “သိပ္ကိုလွပလြန္းတဲ့ ေကာင္ေလး … ကြၽန္မႏွလုံးသားက ရွင့္အတြက္ပဲ… ” ဆိုတဲ့ ကပ္ပရွင္ကိုလည္း ေရးထားပါေသးတယ္။

Photo: meganfox/ Instagram

MGK ဘက္ကလည္း ပထမဆုံး ႏွစ္ေယာက္တြဲဓာတ္ပုံကို Megan ပို႔စ္မတင္ခင္ ရက္အနည္းငယ္ေလာက္ ေစာၿပီး တင္ခဲ့ပါေသးတယ္။ အဆိုပါဓာတ္ပုံမွာေတာ့ “ခင္ဗ်ားေလးနဲ႔ ေတြ႕ရဖို႔ ထာဝရေလာက္ ေစာင့္ခဲ့ရတယ္… ” လို႔ ေရးသားထားတာကို ေတြ႕ရပါတယ္။

MGK နဲ႔ Megan Fox တို႔ဟာ MGK ရဲ႕ Bloody Valentine ဆိုတဲ့ MV ကို အတူတူ႐ိုက္ကူးၿပီးခ်ိန္ကစလို႔ တြဲခဲ့ၾကတာျဖစ္ၿပီး လက္ရွိအခ်ိန္ထိလည္း ခိုင္မာအားေကာင္းေနဆဲ ျဖစ္ပါတယ္။

Glasgow

Source: hollywood life

 

RELATED ARTICLES

Most Popular