HomeEntertainmentFilmPeacemaker ဇာတ်လမ်းတွဲ အပိုင်း(၇)ထဲက စိတ်ဝင်စားစရာအချက်များ (Breakdown)

Peacemaker ဇာတ်လမ်းတွဲ အပိုင်း(၇)ထဲက စိတ်ဝင်စားစရာအချက်များ (Breakdown)

***Spoiler Alert***

Peacemaker ဇာတ်လမ်းတွဲဟာ မကြာသေးခင်ကပဲ အပိုင်း(၇) ထွက်ရှိလာပြီး လာမယ့် ကြာသပတေးနေ့ ဆိုရင်တော့ ဇာတ်သိမ်းတော့မှာ ဖြစ်ပါတယ်။ ဒီအပိုင်းထဲမှာတော့ Peacemaker နဲ့ Vigilante တို့ဟာ White Dragon နဲ့အဖွဲ့သားတွေကို ရင်ဆိုင်ခဲ့တာ မြင်တွေ့ခဲ့ရပါတယ်။ အဲ့ဒီနောက်မှာတော့ Task Force X ကလည်း Butterfly တွေကို ချေမှုန်းဖို့အတွက် သူတို့ရဲ့ တစ်ခုတည်းသော အစာရင်းမြစ်ဖြစ်တဲ့ Cow ဆိုတဲ့အရာကို သတ်ပစ်ဖို့ ကြိုးစားတော့မှာ ဖြစ်ပါတယ်။ အပိုင်း(၇)ထဲက စိတ်ဝင်စားစရာအချက်တွေကိုတော့ အောက်မှာ ဆက်လက်ဖတ်ရှုနိုင်ပါတယ်။

(1) အပိုင်း(၆)ထဲက Home Sweet Home သီချင်း
photo via screenrant

အပိုင်း(၆)ရဲ့ အဆုံးသတ်မှာတော့ Peacemaker ဟာ Home Sweet Home သီချင်းကို စန္ဒယားနဲ့ တီးခတ်နေတာ မြင်တွေ့ခဲ့ရပါတယ်။ အစတုန်းကတော့ Peacemaker ဟာ ဘာကြောင့် ဒီသီချင်းကို ရွေးချယ်တီးခတ်ခဲ့တယ်ဆိုတာ မသိရပေမယ့်လည်း အပိုင်း(၇)ထဲမှာတော့ ဒီသီချင်းနဲ့ ဆက်နွယ်မှုတွေကို ပြသသွားပါတယ်။ Peacemaker ရဲ့ ငယ်ဘဝတုန်းက သူ့ရဲ့အစ်ကိုဖြစ်သူ Keith နဲ့အတူ နောက်ဆုံး နားထောင်ခဲ့တဲ့သီချင်းဟာ ဒီသီချင်းပဲ ဖြစ်နေပြီး Peacemaker ကိုယ်တိုင်က သူ့ရဲ့အစ်ကိုကို မတော်တဆ သတ်လိုက်မိတယ်ဆိုတာ သိလိုက်ရပါတယ်။

(2) White Dragon ရဲ့ စွမ်းအားများ
photo via screenrant

ပရိသတ်တွေဟာ White Dragon ရဲ့ ဝတ်စုံကို ယခင်အပိုင်းတွေတည်းက မြင်တွေ့ခဲ့ရပေမယ့်လည်း အခုချိန်မှသာ သူ့ရဲ့ စွမ်းအားတွေကို စတင်မြင်တွေ့ရတာ ဖြစ်ပါတယ်။ ကောမစ်ထဲမှာတော့ White Dragon ဟာ မီးစွမ်းအား ပိုင်ဆိုင်ထားပြီး သူ့ရဲ့ဝတ်စုံက အဲ့ဒီစွမ်းအားကို ထိန်းချုပ်ပေးတာပဲ ဖြစ်ပါတယ်။

ဒီဇာတ်လမ်းတွဲထဲမှာတော့ White Dragon ဟာ ကိုယ်ပိုင်စွမ်းအား မပိုင်ဆိုင်ထားဘဲ Energy တွေ ပစ်ထုတ်နိုင်တဲ့ ဝတ်စုံကို ဝတ်ဆင်ထားတာပဲ ဖြစ်ပါတယ်။ ဒါ့အပြင် ဒီဝတ်စုံဟာ သူ့ရဲ့ ခွန်အားကို မြှင့်တင်ပေးသလို လေပေါ်လည်း ပျံနိုင်ပါတယ်။ ကောမစ်နဲ့ Live Action တို့မှာ ဒီလိုကွာခြားချက်တွေ ရှိနေပေမယ့်လည်း ဗားရှင်းနှစ်ခုလုံးရဲ့ လုပ်နိုင်စွမ်းတွေကတော့ အတော်လေး ဆင်တူပါတယ်။

(3) Raccoon တွေကို ချစ်တတ်တဲ့ James Gunn
photo via screenrant

ဒါရိုက်တာ James Gunn ကတော့ တိရစ္ဆာန်ချစ်တတ်သူတစ်ယောက် ဖြစ်ပြီး Raccoon တွေကတော့ သူ့ရဲ့ အကြိုက်ဆုံးတွေထဲမှာ ပါဝင်ပါတယ်။ သူရိုက်ကူးခဲ့တဲ့ Guardians of the Galaxy Franchise ထဲမှာဆိုရင် Rocket Raccoon ဟာ အဓိကဇာတ်ကောင်အနေနဲ့ ပါဝင်နေတာကြောင့် အခုလို Raccoon တွေကို ချစ်တတ်လာတာလို့ သိရပါတယ်။ ဒီအပိုင်းထဲမှာလည်း Peacemaker ဟာ သူ့ရဲ့ခေါင်းစွပ်ထဲမှာ GPS ထည့်ထားတာကို သိလိုက်တဲ့အချိန်မှာ White Dragon ကို လမ်းလွှဲဖို့အတွက် သူ့ရဲ့ခေါင်းစွပ်ကို Raccoon တစ်ကောင်ဆီမှာ ကြိုးနဲ့ ချည်ပေးခဲ့တာကို မြင်တွေ့ခဲ့ရပါတယ်။

(4) Indiana Jones ရုပ်ရှင်ကို ဂုဏ်ပြုခြင်း
photo via screenrant

Peacemaker ဟာ White Dragon နဲ့ သူ့ရဲ့ အဖွဲ့သားတွေကို လမ်းလွှဲခဲ့ပြီးနောက်မှာတော့ Vigilante နဲ့ ပြန်လည်တွေ့ဆုံကာ လွတ်မြောက်ခဲ့ပါတယ်။ ဒါပေမယ့်လည်း Peacemaker ရဲ့ ခေါင်းစွပ်တွေထဲမှာ GPS ထည့်ထားတာကို မသိတဲ့ Vigilante က ခေါင်းစွပ်အပိုတွေကို ယူလာမိခဲ့တာကြောင့် Peacemaker ဟာ အဲ့ဒီခေါင်းစွပ်တွေကို တောထဲကို လွှင့်ပစ်ခဲ့ပါတယ်။

အဲ့ဒီအချိန်မှာပဲ White Dragon ရဲ့ အဖွဲ့သားတွေဟာ တောထဲက ထွက်လာကြပြီး Peacemaker ကတော့ သူတို့ကို ရင်ဆိုင်မယ့်အစား နောက်လှည့်ပြီး ထွက်ပြေးလာခဲ့ပါတယ်။ ဒီဇာတ်ဝင်ခန်းကတော့ ပထမဆုံး Indiana Jones ရုပ်ရှင်ဖြစ်တဲ့ Raiders of the Lost Ark ကို ဂုဏ်ပြုထားတာဖြစ်ပြီး အဲ့ဒီဇာတ်ဝင်ခန်းကို ရိုက်ကူးထားတဲ့ ပုံစံကအစ အတော်လေး ဆင်တူနေတာ မြင်တွေ့ရပါတယ်။

(5) Cow
photo via screenrant

ဒီဇာတ်လမ်းတွဲဟာ Butterfly တွေရဲ့ အစီအစဉ်တွေနဲ့ Cow ကို တောက်လျှောက် ပြောလာခဲ့ပေမယ့်လည်း အပိုင်း(၇)ရဲ့ အဆုံးကျမှသာ Cow ကို ပထမဆုံးအကြိမ် မြင်တွေ့ခဲ့ရပါတယ်။ ဒီသတ္တဝါကတော့ DC ကောမစ်ထဲမှာ မပါဝင်ဘဲ ဒီဇာတ်လမ်းတွဲအတွက် သီးသန့်ဖန်တီးထားတာ ဖြစ်ပါတယ်။

အလားတူပဲ Butterfly တွေဟာလည်း DC ကောမစ်ထဲက ဇာတ်ကောင်တွေ မဟုတ်ဘဲ ဒီဇာတ်လမ်းတွဲအတွက် ဖန်တီးထားတာ ဖြစ်ပါတယ်။ ဒါကြောင့် Cow ဟာလည်း DC ကောမစ်ထဲက မဟုတ်ဘူးဆိုတဲ့အချက်ဟာ ရှေ့နောက်ကိုက်ညီပြီး အဓိပ္ပာယ်ရှိပါတယ်။

ဘယ်လိုပဲဖြစ်ဖြစ် ဒီအချက်တွေဟာ ကောမစ်ထဲမှာ မပါဝင်တာကြောင့် ဘယ်လိုတွေ ဖြစ်လာမလည်းဆိုတာ ပြောဖို့မဖြစ်နိုင်သေးဘဲ ဇာတ်သိမ်းပိုင်းကို စောင့်ကြည့်ရမှာပဲ ဖြစ်ပါတယ်။

Legos

(ဆံရစ်ဝိုင်းဝက်ဘ်ဆိုဒ်တွင် ဖော်ပြထားသော သတင်း၊ဆောင်းပါးများကို အခြားမည်သည့် ဝက်ဘ်ဆိုဒ်၊ Facebook စာမျက်နှာတွင်မျှ ကူးယူဖော်ပြခွင့် မပြုပါကြောင်း အသိပေးအပ်ပါသည်။)

RELATED ARTICLES

Most Popular