HomeCelebs Update NewsInternationalMegan Fox နဲ့တွဲကာစမှာ ရှိုးထုတ်ရင်း မတော်တဆ ကိုယ့်ကိုယ့်ကို ဓားနဲ့ထိုးခဲ့မိတယ်ဆိုတဲ့ MGK

Megan Fox နဲ့တွဲကာစမှာ ရှိုးထုတ်ရင်း မတော်တဆ ကိုယ့်ကိုယ့်ကို ဓားနဲ့ထိုးခဲ့မိတယ်ဆိုတဲ့ MGK

ေအာက္တြင္ ေဇာ္ဂ်ီျဖင့္ ဖတ္ပါ။

Colson Baker တဖြစ်လည်း Machine Gun Kelly (MGK)ဟာ Megan Fox နဲ့ တွဲကာစအချိန်တုန်းက သူမကို အထင်ကြီးအောင် ရှိုးထုတ်ပြရင်းနဲ့ မတော်တဆ သူ့ကိုယ်သူ ဓားနဲ့ထိုးခဲ့မိတယ်လို့ မကြာသေးခင်က ပြုလုပ်ခဲ့တဲ့ talk show တစ်ခုမှာ ပြောပြသွားပါတယ်။

အသက်(၃၁)နှစ်အရွယ် ရှိပြီဖြစ်တဲ့ MGK ဟာ ဒီဇင်ဘာလ(၁)ရက်နေ့မှာ The Tonight Show Starring Jimmy Fallon ကို ဧည့်သည်အဖြစ် လာရောက်ခဲ့ပြီး ပြီးခဲ့တဲ့နှစ် အစောပိုင်းကာလ Megan Fox နဲ့ တွဲကာစအချိန်က အဖြစ်အပျက်တစ်ခုကို ပြောပြခဲ့တာ ဖြစ်ပါတယ်။

သူ့ရဲ့ ပြောပြချက်အရ အဆိုပါဖြစ်ရပ် ဖြစ်ခဲ့တဲ့နေ့ဟာ သူနဲ့ Pete Davidson တို့ Saturday Night Live စင်ပေါ်က ပြုတ်ကျခဲ့တဲ့နေ့ရက်နဲ့ တစ်ရက်တည်းပဲလို့ သိရပါတယ်။ “အဲဒီညကတော့ တကယ် ကံဆိုးတဲ့ညပါပဲဗျာ … ” လို့ အစချီပြီး ဓားနဲ့ မတော်တဆ ထိုးမိခဲ့တဲ့ ဖြစ်ရပ်ကို ပြောပြခဲ့ပါတယ်။

Photo: machinegunkelly/ Instagram

ဖြစ်ပုံကတော့ MGK ဟာ Saturday Night Live က ဖြစ်ရပ်အပြီး သူ့ရဲ့နေအိမ်ကို Megan နဲ့အတူ ပြန်သွားခဲ့တယ်လို့ ဆိုပါတယ်။ အိမ်ရောက်တဲ့အခါမှာတော့ သူ့ရဲ့ဘော်ဒါသူငယ်ချင်း Travis Barker က လက်ဆောင်ပေးထားတဲ့ ဓားကို ကောက်ယူလိုက်ပါတယ်။ အဲဒီဓားမှာတော့ ၂၀၂၀ ခုနှစ်က ထွက်ရှိခဲ့တဲ့ သူတို့ရဲ့အယ်လ်ဘမ်အမည် “Tickets To My Downfall” ကို ထွင်းပေးထားတာ ဖြစ်ပါတယ်။

အဲဒီနောက် MGK ဟာ ” ဒီမှာကြည့်ဦး … လုပ်ထားပုံက … ” လို့ ပြောပြီး  ဓားကို လေထဲမှာ မြှောက်တင်လိုက်တယ်လို့ ဆိုပါတယ်။ ဖြစ်ချင်တော့ ဓားဟာ သူ့ရဲ့ ညာဘက်လက်ပေါ်ကိုပဲ ပြန်စိုက်သွားတယ်လို့ သိရပါတယ်။

“သိတယ်မှတ်လား။ ဓားကို အဲလိုမြှောက်တင်ပြီးသွားရင် ခင်ဗျားက ပြန်ဖမ်းရမယ်လေ။ အဲဒီမှာ ကျွန်တော်က သူ့ကို ကြည့်နေမိတာ။ ပြီးမှ ဒီမှာကြည့်လို့လည်း ပြောလိုက်မိရော … အားခနဲ ဖြစ်သွားတာပဲ … ” လို့ ပြောပြပြီး သူ့လက်ပေါ်က ကျန်နေသေးတဲ့ အမာရွတ်ကိုတောင် ပြသွားပါတယ်။

Photo: machinegunkelly/ Instagram

သို့သော်လည်း လက်ကိုထိမိသွားပြီးချင်းမှာပဲ Megan အထင်ကြီးသွားစေဖို့ ဘာမှမဖြစ်သလို အေးဆေးတဲ့ပုံစံနဲ့ နေခဲ့တယ်လို့ ဆိုပါတယ်။ နောက်တစ်ရက် Megan သူ့အိမ်က ပြန်သွားတော့မှသာ သူ့လက်က ဒဏ်ရာကို ဆေးကုဖို့ လုပ်ခဲ့ရတယ်လို့လည်း ဆိုပါတယ်။

“နောက်တစ်နေ့မနက် သူ ကျွန်တော့်အိမ်က ပြန်သွားတော့မှပဲ … ငါ့လက်ကို မြန်မြန်ချုပ်ပေးကြပါဦးလို့ ဖြစ်သွားတော့တာပဲ … ” လို့ ရယ်မောရင်း သူ့ရဲ့ အဖြစ်အပျက်ကို ပြောပြသွားပါတယ်။

အခုလို အသားနာခံပြီး Megan ရဲ့စိတ်မှာ အထင်ကြီး အားကိုးချင်စိတ်ဖြစ်သွားအောင် ကြိုးစားခဲ့ရကျိုး နပ်ပုံတော့ ရပါတယ်။ MGK နဲ့ Megan တို့ဟာ အဲဒီတုန်းတည်းက အခုချိန်ထိ ခိုင်မာတဲ့ relationship တစ်ခုကို ပိုင်ဆိုင်ထားကြတာလည်း တွေ့ရပါတယ်။

Glasgow

Source: hollywoodlife

(Zawgyi Version)

Colson Baker တျဖစ္လည္း Machine Gun Kelly (MGK)ဟာ Megan Fox နဲ႔ တြဲကာစအခ်ိန္တုန္းက သူမကို အထင္ႀကီးေအာင္ ရွိုးထုတ္ျပရင္းနဲ႔ မေတာ္တဆ သူ႔ကိုယ္သူ ဓားနဲ႔ထိုးခဲ့မိတယ္လို႔ မၾကာေသးခင္က ျပဳလုပ္ခဲ့တဲ့ talk show တစ္ခုမွာ ေျပာျပသြားပါတယ္။

အသက္(၃၁)ႏွစ္အရြယ္ ရွိၿပီျဖစ္တဲ့ MGK ဟာ ဒီဇင္ဘာလ(၁)ရက္ေန႔မွာ The Tonight Show Starring Jimmy Fallon ကို ဧည့္သည္အျဖစ္ လာေရာက္ခဲ့ၿပီး ၿပီးခဲ့တဲ့ႏွစ္ အေစာပိုင္းကာလ Megan Fox နဲ႔ တြဲကာစအခ်ိန္က အျဖစ္အပ်က္တစ္ခုကို ေျပာျပခဲ့တာ ျဖစ္ပါတယ္။

သူ႔ရဲ့ ေျပာျပခ်က္အရ အဆိုပါျဖစ္ရပ္ ျဖစ္ခဲ့တဲ့ေန႔ဟာ သူနဲ႔ Pete Davidson တို႔ Saturday Night Live စင္ေပၚက ျပဳတ္က်ခဲ့တဲ့ေန႔ရက္နဲ႔ တစ္ရက္တည္းပဲလို႔ သိရပါတယ္။ “အဲဒီညကေတာ့ တကယ္ ကံဆိုးတဲ့ညပါပဲဗ်ာ … ” လို႔ အစခ်ီၿပီး ဓားနဲ႔ မေတာ္တဆ ထိုးမိခဲ့တဲ့ ျဖစ္ရပ္ကို ေျပာျပခဲ့ပါတယ္။

Photo: machinegunkelly/ Instagram

ျဖစ္ပုံကေတာ့ MGK ဟာ Saturday Night Live က ျဖစ္ရပ္အၿပီး သူ႔ရဲ့ေနအိမ္ကို Megan နဲ႔အတူ ျပန္သြားခဲ့တယ္လို႔ ဆိုပါတယ္။ အိမ္ေရာက္တဲ့အခါမွာေတာ့ သူ႔ရဲ့ေဘာ္ဒါသူငယ္ခ်င္း Travis Barker က လက္ေဆာင္ေပးထားတဲ့ ဓားကို ေကာက္ယူလိုက္ပါတယ္။ အဲဒီဓားမွာေတာ့ ၂၀၂၀ ခုႏွစ္က ထြက္ရွိခဲ့တဲ့ သူတို႔ရဲ့အယ္လ္ဘမ္အမည္ “Tickets To My Downfall” ကို ထြင္းေပးထားတာ ျဖစ္ပါတယ္။

အဲဒီေနာက္ MGK ဟာ ” ဒီမွာၾကည့္ဦး … လုပ္ထားပုံက … ” လို႔ ေျပာၿပီး  ဓားကို ေလထဲမွာ ေျမႇာက္တင္လိုက္တယ္လို႔ ဆိုပါတယ္။ ျဖစ္ခ်င္ေတာ့ ဓားဟာ သူ႔ရဲ့ ညာဘက္လက္ေပၚကိုပဲ ျပန္စိုက္သြားတယ္လို႔ သိရပါတယ္။

“သိတယ္မွတ္လား။ ဓားကို အဲလိုေျမႇာက္တင္ၿပီးသြားရင္ ခင္ဗ်ားက ျပန္ဖမ္းရမယ္ေလ။ အဲဒီမွာ ကၽြန္ေတာ္က သူ႔ကို ၾကည့္ေနမိတာ။ ၿပီးမွ ဒီမွာၾကည့္လို႔လည္း ေျပာလိုက္မိေရာ … အားခနဲ ျဖစ္သြားတာပဲ … ” လို႔ ေျပာျပၿပီး သူ႔လက္ေပၚက က်န္ေနေသးတဲ့ အမာရြတ္ကိုေတာင္ ျပသြားပါတယ္။

Photo: machinegunkelly/ Instagram

သို႔ေသာ္လည္း လက္ကိုထိမိသြားၿပီးခ်င္းမွာပဲ Megan အထင္ႀကီးသြားေစဖို႔ ဘာမွမျဖစ္သလို ေအးေဆးတဲ့ပုံစံနဲ႔ ေနခဲ့တယ္လို႔ ဆိုပါတယ္။ ေနာက္တစ္ရက္ Megan သူ႔အိမ္က ျပန္သြားေတာ့မွသာ သူ႔လက္က ဒဏ္ရာကို ေဆးကုဖို႔ လုပ္ခဲ့ရတယ္လို႔လည္း ဆိုပါတယ္။

“ေနာက္တစ္ေန႔မနက္ သူ ကၽြန္ေတာ့္အိမ္က ျပန္သြားေတာ့မွပဲ … ငါ့လက္ကို ျမန္ျမန္ခ်ဳပ္ေပးၾကပါဦးလို႔ ျဖစ္သြားေတာ့တာပဲ … ” လို႔ ရယ္ေမာရင္း သူ႔ရဲ့ အျဖစ္အပ်က္ကို ေျပာျပသြားပါတယ္။

အခုလို အသားနာခံၿပီး Megan ရဲ့စိတ္မွာ အထင္ႀကီး အားကိုးခ်င္စိတ္ျဖစ္သြားေအာင္ ႀကိဳးစားခဲ့ရက်ိဳး နပ္ပုံေတာ့ ရပါတယ္။ MGK နဲ႔ Megan တို႔ဟာ အဲဒီတုန္းတည္းက အခုခ်ိန္ထိ ခိုင္မာတဲ့ relationship တစ္ခုကို ပိုင္ဆိုင္ထားၾကတာလည္း ေတြ႕ရပါတယ္။

Glasgow

Source: hollywoodlife

RELATED ARTICLES

Most Popular