HomeCelebs Update NewsInternationalmusic နဲ့ ပတ်သက်ရင် ကိုယ်တိုင်ထက် သမီးဖြစ်သူရဲ့အမြင်ကို ပိုပြီးယုံကြည်တယ်ဆိုတဲ့ MGK 

music နဲ့ ပတ်သက်ရင် ကိုယ်တိုင်ထက် သမီးဖြစ်သူရဲ့အမြင်ကို ပိုပြီးယုံကြည်တယ်ဆိုတဲ့ MGK 

ေအာက္တြင္ ေဇာ္ဂ်ီျဖင့္ ဖတ္ပါ။

Machine Gun Kelly ကတော့ သူ့ရဲ့ သမီးလေး Casie Baker ကို ဘယ်လို ချစ်မြတ်နိုး တန်ဖိုးထားကြောင်းနဲ့ ဂီတနဲ့ ပတ်သက်လာရင်လည်း သူကိုယ်တိုင်ရဲ့ အမြင်ထက် သမီးဖြစ်သူရဲ့ အမြင်ကို ပိုပြီးယုံကြည်ကြောင်း ဖွင့်ဟလာပါတယ်။

The Kelly Clarkson Show ရဲ့ ကျေးဇူးတော်နေ့ အထူးအစီအစဉ်မှာတော့ Machine Gun Kelly ဟာ ဧည့်သည်အနေနဲ့ လာရောက်ခဲ့ပြီး သူနဲ့ သမီးဖြစ်သူတို့ကြားက ဆက်ဆံရေးနဲ့ အခြားအကြောင်းအရာတွေကို ပြောပြသွားပါတယ်။ အသက်(၃၁)နှစ်အရွယ် MGK ဟာ အသက်(၁၂)နှစ်အရွယ် သမီးဖြစ်သူ Casie နဲ့ ရင်းနှီးနွေးထွေးတဲ့ ဆက်ဆံရေး ရှိသလို music အသစ်တွေ လုပ်ရင်လည်း သမီးဖြစ်သူဆီက အကြံဉာဏ်တောင်းခံလေ့ရှိတယ်လို့ ဆိုပါတယ်။

Photo: machinegunkelly/ Instagram

“ကျွန်တော်ကတော့ ကိုယ့်အမြင်ထက် သူ့ရဲ့ အမြင်ကို ပိုပြီးယုံကြည်ပါတယ်။ ဘယ်ဟာမျိုးက မိုက်တယ်ဆိုတာ စမ်းသပ်နိုင်တဲ့ အစွမ်းလေးတစ်ခု သူ့လက်ထဲမှာ ပိုင်ဆိုင်ထားသလိုပဲဗျ။ ကျွန်တော် သီချင်းလုပ်ရင်လည်း ဘယ်ဟာက မိုက်တယ်၊ ဘယ်ဟာကတော့ ကွက်တိဖြစ်သွားပြီဆိုတာ သူက အတည်ပြုပေးတယ် … ” လို့ MGK က ဆိုပါတယ်။

ဒ့ါအပြင် သမီးဖြစ်သူ Casie ဟာ သူ့ရဲ့ သီချင်းတွေက မကောင်းရင်လည်း မကောင်းကြောင်း ပြောဖို့ကို ကြောက်ရွံ့မနေဘူးလို့ MGK က ဆိုပါတယ်။ ဆက်လက်ပြီး Casie ဟာ ဂီတနဲ့ ပတ်သက်ရင် အညွှန့်တလူလူ တက်နေတဲ့ ဂျီးနီးယက်စ်တစ်ယောက် ဖြစ်ရုံသာမက ဘော်လီဘောအားကစားမှာလည်း ထူးချွန်သူတစ်ယောက် ဖြစ်တယ်လို့ သိရပါတယ်။

Photo: machinegunkelly/ Instagram

“ကျွန်တော် သူ့ကို လက်ရည်စမ်းသပ်ပေးတဲ့ နေရာတွေကို ခေါ်သွားပေးတယ်။ ပြီးတော့ သူက ကျွန်တော့်ဆီ လက်မှတ်ထိုးပေးဖို့ စာချုပ်တစ်ခု ယူလာတယ်။ ကျွန်တော် ပထမ ဖတ်လိုက်တုန်းကတော့ အိုး … Casie .. ငါ့ကောင် … သူတို့က သူတို့ဆီမှာ လာကစားရင် မင်းကို ဒေါ်လာ (၁၈၀၀)ပေးမယ်တဲ့ပေါ့။ နောက်တော့ သေသေချာချာ ဖတ်ကြည့်လိုက်မှ ဟ … ! ဒီ (၁၈၀၀)က ငါက ပေးရမှာဟဆိုပြီး ဖြစ်သွားတာပဲ … ” လို့ သူတို့ သားအဖနှစ်ယောက်ကြားက ရယ်စရာ အဖြစ်အပျက်တစ်ခုကို ပြောပြသွားပါသေးတယ်။

ပြီးခဲ့တဲ့ တစ်ပတ်က ကျင်းပပြုလုပ်ခဲ့တဲ့ American Music Awards ပွဲမှာလည်း MGK ဟာ သမီးဖြစ်သူ Casie နဲ့အတူ ပွဲတက်ခဲ့ပါသေးတယ်။ အဲဒီနေ့က ဆုပေးပွဲမှာတော့ Favorite Rock Artist ဆုကို ဆွတ်ခူးပြီး အိမ်ပြန်သယ်သွားနိုင်ခဲ့ပါတယ်။

Glasgow

Source: people

(Zawgyi Version)

Machine Gun Kelly ကေတာ့ သူ႔ရဲ့ သမီးေလး Casie Baker ကို ဘယ္လို ခ်စ္ျမတ္နိုး တန္ဖိုးထားေၾကာင္းနဲ႔ ဂီတနဲ႔ ပတ္သက္လာရင္လည္း သူကိုယ္တိုင္ရဲ့ အျမင္ထက္ သမီးျဖစ္သူရဲ့ အျမင္ကို ပိုၿပီးယုံၾကည္ေၾကာင္း ဖြင့္ဟလာပါတယ္။

The Kelly Clarkson Show ရဲ့ ေက်းဇူးေတာ္ေန႔ အထူးအစီအစဥ္မွာေတာ့ Machine Gun Kelly ဟာ ဧည့္သည္အေနနဲ႔ လာေရာက္ခဲ့ၿပီး သူနဲ႔ သမီးျဖစ္သူတို႔ၾကားက ဆက္ဆံေရးနဲ႔ အျခားအေၾကာင္းအရာေတြကို ေျပာျပသြားပါတယ္။ အသက္(၃၁)ႏွစ္အရြယ္ MGK ဟာ အသက္(၁၂)ႏွစ္အရြယ္ သမီးျဖစ္သူ Casie နဲ႔ ရင္းႏွီးေႏြးေထြးတဲ့ ဆက္ဆံေရး ရွိသလို music အသစ္ေတြ လုပ္ရင္လည္း သမီးျဖစ္သူဆီက အႀကံဉာဏ္ေတာင္းခံေလ့ရွိတယ္လို႔ ဆိုပါတယ္။

Photo: machinegunkelly/ Instagram

“ကၽြန္ေတာ္ကေတာ့ ကိုယ့္အျမင္ထက္ သူ႔ရဲ့ အျမင္ကို ပိုၿပီးယုံၾကည္ပါတယ္။ ဘယ္ဟာမ်ိဳးက မိုက္တယ္ဆိုတာ စမ္းသပ္နိုင္တဲ့ အစြမ္းေလးတစ္ခု သူ႔လက္ထဲမွာ ပိုင္ဆိုင္ထားသလိုပဲဗ်။ ကၽြန္ေတာ္ သီခ်င္းလုပ္ရင္လည္း ဘယ္ဟာက မိုက္တယ္၊ ဘယ္ဟာကေတာ့ ကြက္တိျဖစ္သြားၿပီဆိုတာ သူက အတည္ျပဳေပးတယ္ … ” လို႔ MGK က ဆိုပါတယ္။ဒ့ါအျပင္ သမီးျဖစ္သူ Casie ဟာ သူ႔ရဲ့ သီခ်င္းေတြက မေကာင္းရင္လည္း မေကာင္းေၾကာင္း ေျပာဖို႔ကို ေၾကာက္ရြံ့မေနဘူးလို႔ MGK က ဆိုပါတယ္။

ဆက္လက္ၿပီး Casie ဟာ ဂီတနဲ႔ ပတ္သက္ရင္ အညႊန႔္တလူလူ တက္ေနတဲ့ ဂ်ီးနီးယက္စ္တစ္ေယာက္ ျဖစ္႐ုံသာမက ေဘာ္လီေဘာအားကစားမွာလည္း ထူးခၽြန္သူတစ္ေယာက္ ျဖစ္တယ္လို႔ သိရပါတယ္။

Photo: machinegunkelly/ Instagram

“ကၽြန္ေတာ္ သူ႔ကို လက္ရည္စမ္းသပ္ေပးတဲ့ ေနရာေတြကို ေခၚသြားေပးတယ္။ ၿပီးေတာ့ သူက ကၽြန္ေတာ့္ဆီ လက္မွတ္ထိုးေပးဖို႔ စာခ်ဳပ္တစ္ခု ယူလာတယ္။ ကၽြန္ေတာ္ ပထမ ဖတ္လိုက္တုန္းကေတာ့ အိုး … Casie .. ငါ့ေကာင္ … သူတို႔က သူတို႔ဆီမွာ လာကစားရင္ မင္းကို ေဒၚလာ (၁၈၀၀)ေပးမယ္တဲ့ေပါ့။ ေနာက္ေတာ့ ေသေသခ်ာခ်ာ ဖတ္ၾကည့္လိုက္မွ ဟ … ! ဒီ (၁၈၀၀)က ငါက ေပးရမွာဟဆိုၿပီး ျဖစ္သြားတာပဲ … ” လို႔ သူတို႔ သားအဖႏွစ္ေယာက္ၾကားက ရယ္စရာ အျဖစ္အပ်က္တစ္ခုကို ေျပာျပသြားပါေသးတယ္။

ၿပီးခဲ့တဲ့ တစ္ပတ္က က်င္းပျပဳလုပ္ခဲ့တဲ့ American Music Awards ပြဲမွာလည္း MGK ဟာ သမီးျဖစ္သူ Casie နဲ႔အတူ ပြဲတက္ခဲ့ပါေသးတယ္။ အဲဒီေန႔က ဆုေပးပြဲမွာေတာ့ Favorite Rock Artist ဆုကို ဆြတ္ခူးၿပီး အိမ္ျပန္သယ္သြားနိုင္ခဲ့ပါတယ္။

Glasgow

Source: people

RELATED ARTICLES

Most Popular