HomeCelebs Update NewsInternationalရုပ်ရှင်ဘက်မှာ Colson Baker နာမည်ကို respect နဲ့ အသုံးပြုတယ်ဆိုတဲ့ MGK 

ရုပ်ရှင်ဘက်မှာ Colson Baker နာမည်ကို respect နဲ့ အသုံးပြုတယ်ဆိုတဲ့ MGK 

Machine Gun Kelly (MGK) ဟာ မကြာသေးခင်က ပြုလုပ်ခဲ့တဲ့ အင်တာဗျူးတစ်ခုမှာ သရုပ်ဆောင်အလုပ်နဲ့ ဂီတအလုပ်အတွက် မတူညီတဲ့ အမည်နှစ်ခုကို ဘာကြောင့် သုံးစွဲရသလည်းဆိုတာ ပြောပြထားပါတယ်။

MGK ဟာ The Hollywood Reporter သတင်းဌာနနဲ့ အင်တာဗျူးမှာတော့ သူ့ရဲ့ ရုပ်ရှင်အသစ် The Last Son အကြောင်းအပြင် သရုပ်ဆောင်အလုပ်မှာ သူ့ရဲ့ အမည်ရင်းဖြစ်တဲ့ Colson Baker ကို ဘာကြောင့် အသုံးပြုရတယ်ဆိုတာ ပြောပြထားတာ ဖြစ်ပါတယ်။

Photo: machinegunkelly/ Instagram

“ကျွန်တော်တွေးမိတာကတော့ အနုပညာအပေါ်ထားတဲ့ လေးစားမှုဆိုတာထက် ပိုပါတယ်။ ခင်ဗျား Basquiat အကြောင်း ရုပ်ရှင်ကို ကြည့်ပြီး သူ့အပေါ် ပုဂ္ဂိုလ်ရေးခံစားချက်တစ်ခုခု ရှိခဲ့ရင် အဲဒီခံစားချက်ကြောင့်နဲ့ အနုပညာအပေါ်ကျတော့ တရားမျှတမှု ရှိပါ့မလား ”

“ဂီတတွေလည်း ရှိတယ်။ ရုပ်ရှင်တွေလည်း ရှိတယ်ဗျာ။ လူတစ်ယောက်တည်းမှာပဲ Inception လို ခံစားနေရတာမျိုး ကျွန်တော် မကြိုက်ဘူး … ” လို့ ၂၀၁၀ ခုနှစ်က ထွက်ရှိခဲ့တဲ့ ဒါရိုက်တာ Christopher Nolan ရဲ့ Inception ရုပ်ရှင်ကိုလည်း ကိုးကားပြီး MGK က ပြောထားပါသေးတယ်။

Photo: machinegunkelly/ Instagram

“ကာရိုက်တာတစ်ခုထဲမှာ နောက်ထပ် ကာရိုက်တာတစ်ခု။ အဲဒီထဲမှာလည်း နောက်ထပ် ကာရိုက်တာတစ်ခု။ အဲဒီထဲမှာလည်း နောက်ထပ် အဆင့်ဆင့် ကာရိုက်တာတွေ ရှိနေသလိုမျိုးပေါ့။ ကျွန်တော်ကတော့ ကမ္ဘာတစ်ခုမှာ ကာရိုက်တာတစ်ခုအနေနဲ့ ရှိနေမယ်။ နောက်ထပ် ကမ္ဘာတစ်ခုမှာ နောက်ထပ် ကာရိုက်တာတစ်ခုနဲ့ ရှိနေမယ်။ အဲဒါမျိုးကို ပိုသဘောကျတယ် … ” လို့ MGK က ဆိုပါတယ်။

ဂီတဘက်ကနေ ရုပ်ရှင်ဘက်ကို ကူးပြောင်းလာသူတွေ ဖြစ်တဲ့ Lady Gaga ၊ Barbara Streisand တို့လိုပဲ MGK ဟာ The Last Son ဇာတ်ကားထဲက သူ့ရဲ့ ဇာတ်ရုပ်နဲ့ ရုပ်ရှင်လောကမှာ နေရာတစ်ခု ရယူနိုင်တော့မှာလားဆိုတာကတော့ စိတ်ဝင်စားစရာပါပဲ။

Photo via IMDb

တကယ်တော့ The Last Son ဟာ သူ့ရဲ့ ပထမဆုံး ရုပ်ရှင်ကားတော့ မဟုတ်ပါဘူး။ ကနဦးမှာ ဧည့်သည်သရုပ်ဆောင်အဖြစ်နဲ့ ဇာတ်ကားများစွာမှာ ပါဝင်ခဲ့ဖူးသလို အရေးပါတဲ့ဇာတ်ရုပ်အနေနဲ့ ၂၀၁၉ ခုနှစ်မှာ ထွက်ရှိခဲ့တဲ့ The Dirt ၊ ၂၀၁၆ ခုနှစ်မှာ ထွက်ရှိခဲ့တဲ့ Roadies ဇာတ်လမ်းတွဲနဲ့ ၂၀၁၄ ခုနှစ်မှာ ထွက်ရှိခဲ့တဲ့ Beyond the Lights တို့မှာလည်း ပါဝင်ခဲ့ဖူးပါတယ်။

ဒါ့အပြင် ဒါရိုက်တာ Randall Emmett ရိုက်ကူးထားတဲ့ အင်ဒီး သည်းထိတ်ရင်ဖိုဇာတ်ကား Midnight In Switchgrass ထဲမှာလည်း ဇာတ်ရန်နေရာက ပါဝင်ခဲ့ပြီး သူ့ရဲ့ချစ်သူဖြစ်လာမယ့် မင်းသမီး Megan Fox နဲ့လည်း အဲဒီဇာတ်ကားမှာ ဆုံတွေ့ခဲ့တာ ဖြစ်ပါတယ်။

Glasgow

Source: people

RELATED ARTICLES

Most Popular