HomeCelebs Update NewsInternationalနာမည်ကြီး Le Mans ကားပြိုင်ပွဲမှာ ပွဲဦးထွက်ဝင်ပြိုင်ခဲ့တဲ့ မင်းသား Michael Fassbender

နာမည်ကြီး Le Mans ကားပြိုင်ပွဲမှာ ပွဲဦးထွက်ဝင်ပြိုင်ခဲ့တဲ့ မင်းသား Michael Fassbender

မြန်မာပရိသတ်တွေကြားမှာ Magneto အဖြစ် လူသိများတဲ့ မင်းသား Michael Fassbender ကတော့ သရုပ်ဆောင်အလုပ်အပြင် ကားပြိုင်ပွဲဝင်ရတာကိုလည်း အလွန်စွဲလန်း နှစ်သက်သူ ဖြစ်ပါတယ်။ အခုဆိုရင်တော့ သူ အနှစ်နှစ်အလလက ကြိုးစားလေ့ကျင့်လာတဲ့ အိပ်မက်ကို အကောင်အထည်ဖော်နိုင်ခဲ့ပြီ ဖြစ်ပါတယ်။ အဲဒါကတော့ Michael ဟာ (၂၄)နာရီကြာ ယှဉ်ပြိုင်ရတဲ့ ပြင်သစ်နိုင်ငံရဲ့ နာမည်ကြီး Le Mans ကားပြိုင်ပွဲမှာ ပွဲဦးထွက် ဝင်ပြိုင်နိုင်ခဲ့တာပဲ ဖြစ်ပါတယ်။

GQ မဂ္ဂဇင်းရဲ့ဖော်ပြချက်အရ အသက်(၄၅)နှစ်အရွယ် ရှိပြီဖြစ်တဲ့ Michael ဟာ 911 RSR-19 Porsche ကားကို မောင်းနှင်ပြီး ပြိုင်ပွဲဝင်ခဲ့တာလို့ သိရပါတယ်။ မင်းသား ပြိုင်ပွဲဝင်ခဲ့တဲ့အသင်းကတော့ ဂျာမန်အသင်းဖြစ်တဲ့ Proton Competition အသင်း ဖြစ်ပါတယ်။ Le Mans ကားပြိုင်ပွဲကတော့ သမိုင်းဝင် နာမည်ကြီးကားပြိုင်ပွဲတစ်ခု ဖြစ်ပြီး (၂၄)နာရီကြာ မောင်းနှင်ယှဉ်ပြိုင်ရာမှာ အကွာအဝေးအများဆုံး ရောက်အောင် မောင်းနှင်နိုင်တဲ့အဖွဲ့က အနိုင်ရရှိတာ ဖြစ်ပါတယ်။ ဒီပြိုင်ပွဲကတော့ ကားနဲ့ မောင်းနှင်သူရဲ့ အကြမ်းခံနိုင်မှုကို အပြင်းထန်ဆုံး စစ်ဆေးတဲ့ ပြိုင်ပွဲတစ်ခုလည်း ဖြစ်ပါတယ်။

Photo: fassbenderthebest/ Instagram

Michael ဟာ ပြင်သစ်နိုင်ငံ၊ Ciruit de la Sarthe ကားပြိုင်ကွင်းမှာ ပြုလုပ်ကျင်းပတဲ့ ဒီပြိုင်ပွဲကို ပြီးခဲ့တဲ့ ဇွန်လ(၁၁)ရက်နေ့က ပါဝင်ယှဉ်ပြိုင်ခဲ့တာ ဖြစ်ပါတယ်။ (၂၄)နာရီကြာ ယှဉ်ပြိုင်ရတဲ့ ဒီကားမောင်းပြိုင်ပွဲမှာတော့ Michael နဲ့အတူ အခြား racer နှစ်ယောက်ဖြစ်တဲ့ Matt Campbell နဲ့ Zacharie Robichon တို့က အလှည့်ကျ မောင်းနှင် ယှဉ်ပြိုင်ခဲ့ကြပါတယ်။

Michael ဟာ ဒီပြိုင်ပွဲအတွက် အကောင်းဆုံး ပြင်ဆင်ပြီး ဝင်ရောက်ယှဉ်ပြိုင်ခဲ့တာ ဖြစ်ပေမယ့် ပြိုင်ပွဲရလဒ်မှာတော့ မအောင်မြင်ခဲ့ပါဘူး။ (၆၂)သင်း ဝင်ရောက်ယှဉ်ပြိုင်ရာမှာ Michael ရဲ့အသင်းကတော့ (၅၁)နေရာမှာ ရပ်တည်နေခဲ့တာ ဖြစ်ပါတယ်။ ဒီပြိုင်ပွဲမှာတော့ ဝါသနာရှင်အဆင့် ကားမောင်းသမားတွေကနေ ပရော်ဖက်ရှင်နယ် ပြိုင်ပွဲသမားတွေအထိ ပါဝင်ပါတယ်။ သို့သော်လည်း အများစုကတော့ အလွန်ထူးချွန်ကြတဲ့ ကားမောင်းသမားတွေ ဖြစ်ကြပါတယ်။

Photo: fassbenderthebest/ Instagram

ဒါကြောင့်ပဲ Michael ကတော့ ဒီပြိုင်ပွဲမှာ ဝင်ပြိုင်ရတာ မရွံ့မရဲဖြစ်မိတယ်လို့တောင် ပြောထားပါသေးတယ်။ ဒါ့အပြင် Michael ဟာ ပြိုင်ပွဲယှဉ်ပြိုင်နေစဉ်အတွင်းမှာ သုံးကြိမ် ကားတိုက်မိခဲ့တယ်လို့လည်း သိရပါတယ်။ သို့သော်လည်း မင်းသားဟာ ကားမောင်းရတာကို အလွန်နှစ်သက်တာကြောင့် Le Mans (24)Hours ပြိုင်ပွဲမှာ ဝင်မပြိုင်ခင် အခြားပြိုင်ပွဲတွေမှာ ဝင်ပြိုင်ပြီး နှစ်အတန်ကြာ လေ့ကျင့်မှု ယူထားခဲ့တယ်လို့ သိရပါတယ်။

“ကျွန်တော်ကတော့ အခြေခံအားဖြင့် ဘီးလေးဘီးပါတဲ့ ဘယ်ယာဉ်မဆို ကြိုက်တာပဲဗျ။ စက်ဘီးကိုတော့ ကျွန်တော် သိပ်မကြိုက်ဘူး။ ကားကတော့ အမြဲတမ်း စွဲလန်းနေခဲ့တာပဲ။ ပြိုင်ပွဲကတော့ တချို့တလေ ဝင်ပြိုင်ထားပါတယ်။ European Le Mans Series ဆိုရင် အခုတစ်ကြိမ်က ကျွန်တော့်ရဲ့ တတိယမြောက်ရာသီ ဖြစ်ပါတယ်။ အဲဒီမှာ Le Mans prototype ကားတွေနဲ့ ယာဉ်စီမံခန့်ခွဲမှုတွေကို ကြုံတွေ့ခဲ့ရတော့ အတွေ့အကြုံတော့ နည်းနည်းရှိတယ် ပြောရမှာပေါ့ … ”

Photo: fassbenderthebest/ Instagram

“ဒါပေမယ့် ဒီပြိုင်ပွဲကကျတော့ ကမ္ဘာပေါ်က အကောင်းဆုံး ကားမောင်းသမားတွေ စုပြုံရောက်လာတဲ့ နေရာလေ။ ပြိုင်ကွင်းထဲမှာ သူတို့နဲ့အတူ ဝင်ပြိုင်ရတာကိုက စိတ်ထဲမှာ ကျွတ်ကြဲမိတယ်ဗျ။ အဲဒီတော့ ပြောရရင် စိတ်ထဲမှာတော့ အများကြီး ရှိနေတာပေါ့ဗျာ …” လို့ Michael က ပြောထားပါတယ်။ ဒါ့အပြင် သူ့အနေနဲ့ ပရော်ဖက်ရှင်နယ် ပြိုင်ကားမောင်းသူတစ်ယောက် ဖြစ်လာမှာ မဟုတ်ပေမယ့် ဒီအားကစားအပေါ်မှာတော့ အမြဲတမ်း စိတ်နှစ်ထားမယ်လို့ ဆိုထားပါသေးတယ်။

Vancouver

Source: people

RELATED ARTICLES

Most Popular