HomeCelebs Update NewsInternationalဘေလာ့ဂါ Kaitlynn Carter နဲ႔ တြဲေနၿပီဆိုတဲ့ Miley Cyrus

ဘေလာ့ဂါ Kaitlynn Carter နဲ႔ တြဲေနၿပီဆိုတဲ့ Miley Cyrus

အောက်တွင် ယူနီကုဒ်ဖြင့် ဖတ်ပါ။

Miley Cyrus တစ္ေယာက္ကေတာ့ ဘေလာ့ဂါမေလး Kaitlynn Carter နဲ႔ တြဲခုတ္ေနၿပီလို႔ သိရပါတယ္။

အသက္(၂၆)ႏွစ္အရြယ္ Miley Cyrus ဟာ အသက္(၂၉)ႏွစ္အရြယ္ရိွ မင္းသား Liam Hemsworth နဲ႔ ဆယ္ႏွစ္ၾကာ ခ်စ္ႀကိဳးသြယ္ခဲ့ၿပီးေနာက္မွာ အိမ္ေထာင္သက္(၈)လနဲ႔ လမ္းခြဲလိုက္ၿပီျဖစ္ေၾကာင္း ၿပီးခဲ့တဲ့ ရက္ပိုင္းေလးကတင္ ေၾကျငာခဲ့ပါတယ္။ ဒီသတင္းဟာ Miley ရဲ႕ ဖန္ေတြကို ရင္ကြဲပက္လက္ျဖစ္ေစခဲ့ပါတယ္။ ဒါတင္မကေသးဘဲ လမ္းခြဲတဲ့သတင္း ထုတ္ျပန္တဲ့ အခ်ိန္မွာေတာ့ သူမဟာ အျခားေသာ အခ်စ္သစ္နဲ႔ အပန္းေျဖခရီးထြက္ေနခဲ့ပါတယ္။

Miley ဟာ အီတလီႏိုင္ငံက ကိုမိုေရကန္ႀကီးရဲ႕ေဘးမွာ Caitlynn Carter နဲ႔ အတူ ရိုမန္႔တစ္ဆန္တဲ့ အခ်ိန္ေတြ ျဖတ္သန္းေနေၾကာင္း IG က ပို႔စ္ေတြအရ သိရပါတယ္။ Liam နဲ႔ Miley တို႔ရဲ႕ အိမ္ေထာင္ေရး ၿပိဳလဲသြားၿပီးေနာက္မွာပဲ ဒီအမ်ိဳးသမီးႏွစ္ေယာက္ၾကားမွာ ခ်စ္ျခင္းအသစ္ေတြ ျဖစ္ေပၚလာပုံရတယ္လို႔ နာမည္ေက်ာ္ သတင္းဌာန TMZ ရဲ႕ တင္ျပခ်က္အရ သိရပါတယ္။ အခုလို လမ္းခြဲလိုက္ေၾကာင္း ထုတ္မေျပာခင္ လေပါင္းမ်ားစြာကတည္းက Miley နဲ႔ Liam တို႔ဟာ ခြဲေနေနၾကတယ္လို႔ TMZ က ဆိုထားပါတယ္။

https://www.instagram.com/p/B09Z3ShgaK7/

Caitlynn Carter ဆိုတာကေတာ့ အသက္(၃၀)အရြယ္ရိွ ဘေလာ့ဂါမမတစ္ေယာက္ ျဖစ္ပါတယ္။ Caitlynn ဆိုသည္မွာလည္း အေမရိကန္ႏိုင္ငံရဲ႕ နာမည္ႀကီး television personality တစ္ေယာက္ျဖစ္တဲ့ Brody Jenner နဲ႔ ယခုလ ၾသဂုတ္(၂)ရက္ေန႔ကမွ လမ္းခြဲထားသူ ျဖစ္ပါတယ္။

Miley နဲ႔ Liam တို႔ရဲ႕ အိမ္ေထာင္ေရးဟာ အေပၚယံၾကည့္ရင္ အဆင္ေျပေနသလို ရိွေပမယ့္ တကယ္တမ္းမွာေတာ့ ျပႆနာေပါင္းမ်ားစြာကို ရင္ဆိုင္ေနခဲ့ရတယ္လို႔ ဆိုပါတယ္။ လင္မယားႏွစ္ေယာက္ၾကားက အဖုအထစ္ေတြ ေျပျပစ္သြားေစဖို႔ Therapist ေတြနဲ႔ ေတြ႕ၿပီး ေဆြးေႏြးဖို႔ရာ Miley က တြန္းအားေပးခဲ့ေပမယ့္ Liam ကေတာ့ ပူးေပါင္းေဆာင္ရြက္မႈ မရိွခဲ့တဲ့အတြက္ ႏွစ္ဦးသား လမ္းခြဲရတဲ့အထိ ျဖစ္ခဲ့ရတယ္လို႔လည္း သိရပါတယ္။

https://www.instagram.com/p/Bf_IRyQH3-E/

တစ္ဖက္က Caitlynn Carter နဲ႔ Brody Jenner တို႔စုံတြဲဟာလည္း အိမ္ေထာင္ေရး ျပႆနာေတြ ရိွေနခဲ့ျပန္ပါတယ္။ သူတို႔ႏွစ္ေယာက္ဟာလည္း ငါးႏွစ္ၾကာ တြဲခဲ့ၿပီး ၂၀၁၈ခုႏွစ္မွာေတာ့ အင္ဒိုနီးရွားထုံးတမ္းစဥ္လာအတိုင္း လက္ထပ္ခဲ့ၾကတယ္လို႔ ဆိုပါတယ္။ သို႔ေပမယ့္ ေနာက္ပိုင္းမွာေတာ့ အဆိုပါ မဂၤလာပြဲဟာ တရား၀င္လက္ထပ္မဂၤလာ မေျမာက္ခဲ့ဘူးလို႔ သိခဲ့ရျပန္ပါတယ္။

မာလီဘူးၿမိဳ႕မွာ ေနထိုင္တာခ်င္း တူၾကတဲ့ Miley ၊ Liam နဲ႔  Caitlynn ၊ Brody တို႔ ဇနီးေမာင္ႏွံ ႏွစ္စုံတြဲဟာ အသီးသီး လမ္းမခြဲၾကခင္တုန္းတည္းက ရင္းႏွီးခဲ့ၾကပါတယ္။ ၂၀၁၈ခုႏွစ္ ႏို၀င္ဘာလမွာ ေလာင္ကၽြမ္းခဲ့တဲ့ မာလီဘူးေတာမီးႀကီးေၾကာင့္ Miley နဲ႔ Liam တို႔ရဲ႕ အိမ္ႀကီး မီးထဲ ပါသြားၿပီးတဲ့ေနာက္မွာေတာ့ ႏွစ္စုံတြဲဟာ ပိုလို႔ေတာင္ ရင္ဘတ္ခ်င္း နီးခဲ့ၾကေသးတယ္လို႔ သိရပါတယ္။

https://www.instagram.com/p/BnBvy9bH3iY/

Miley နဲ႔ Liam တို႔ရဲ႕ လမ္းခြဲလိုက္တဲ့သတင္းကို ေၾကျငာလိုက္ခ်ိန္မွာေတာ့ ႏွစ္ေယာက္သားဟာ ကမာၻတစ္ဖက္ဆီမွာ ေရာက္ရိွလို႔ ေနၾကပါတယ္။ Miley က Caitlynn နဲ႔ အီတလီမွာ အပန္းေျဖခရီးထြက္ေနသလို Liam ကေတာ့ သူ႔ရဲ႕ေမြးရပ္ေျမ ၾသစေတ်းလ်ႏိုင္ငံကို ျပန္သြားခဲ့ပါတယ္။ ေမြးရပ္ေျမ ျပန္ေရာက္ေနတဲ့ Liam ဟာ အသက္(၃၆)ႏွစ္အရြယ္ အစ္ကိုျဖစ္သူ Thor မင္းသားႀကီး Chris Hemsworth နဲ႔ ေရလႊာေလွ်ာစီးေနတဲ့ ပုံရိပ္ေတြကို ျမင္ေတြ႕ၾကရပါတယ္။

https://www.instagram.com/p/B0r37jkJmQD/

Miley Cyrus ဟာ သူမကိုယ္သူမ pan sexual တစ္ေယာက္ပါလို႔ ေၾကျငာထားသူပါ။ pan sexual ဆိုတာကေတာ့ bi-sexual နဲ႔ ဆင္တူပါတယ္။ pan sexual ေတြဟာ သူတို႔ကိုယ္သူတို႔ေတာ့ gender ဆိုတာကို ခြဲျခားမျမင္ႏိုင္သူေတြလို႔ ဆိုၾကပါတယ္။ အဓိပၸါယ္ကေတာ့ သူတို႔ရဲ႕ စိတ္ပိုင္းဆိုင္ရာ၊ ရုပ္ပိုင္းဆိုင္ရာအရ ဆြဲေဆာင္မိတဲ့၊ ခ်စ္ခင္ႏွစ္သက္မိတဲ့ သူေတြဟာ ဘယ္လိုလိင္အမ်ိဳးအစားမဆို ျဖစ္နိုင္တယ္ဆိုတဲ့ သေဘာပါပဲ။ Miley ဟာ အခု Caitlynn နဲ႔ မတိုင္ခင္မွာလည္း Victoria’s Secret ေမာ္ဒယ္လ္ Stella Maxwell နဲ႔ တြဲခဲ့ဖူးပါေသးတယ္။

Xei

Ref: hollywoodlife

(Unicode Version)

Miley Cyrus တစ်ယောက်ကတော့ ဘလော့ဂါမလေး Kaitlynn Carter နဲ့ တွဲခုတ်နေပြီလို့ သိရပါတယ်။

အသက်(၂၆)နှစ်အရွယ် Miley Cyrus ဟာ အသက်(၂၉)နှစ်အရွယ်ရှိ မင်းသား Liam Hemsworth နဲ့ ဆယ်နှစ်ကြာ ချစ်ကြိုးသွယ်ခဲ့ပြီးနောက်မှာ အိမ်ထောင်သက်(၈)လနဲ့ လမ်းခွဲလိုက်ပြီဖြစ်ကြောင်း ပြီးခဲ့တဲ့ ရက်ပိုင်းလေးကတင် ကြေငြာခဲ့ပါတယ်။ ဒီသတင်းဟာ Miley ရဲ့ ဖန်တွေကို ရင်ကွဲပက်လက်ဖြစ်စေခဲ့ပါတယ်။ ဒါတင်မကသေးဘဲ လမ်းခွဲတဲ့သတင်း ထုတ်ပြန်တဲ့ အချိန်မှာတော့ သူမဟာ အခြားသော အချစ်သစ်နဲ့ အပန်းဖြေခရီးထွက်နေခဲ့ပါတယ်။

Miley ဟာ အီတလီနိုင်ငံက ကိုမိုရေကန်ကြီးရဲ့ဘေးမှာ Caitlynn Carter နဲ့ အတူ ရိုမန့်တစ်ဆန်တဲ့ အချိန်တွေ ဖြတ်သန်းနေကြောင်း IG က ပို့စ်တွေအရ သိရပါတယ်။ Liam နဲ့ Miley တို့ရဲ့ အိမ်ထောင်ရေး ပြိုလဲသွားပြီးနောက်မှာပဲ ဒီအမျိုးသမီးနှစ်ယောက်ကြားမှာ ချစ်ခြင်းအသစ်တွေ ဖြစ်ပေါ်လာပုံရတယ်လို့ နာမည်ကျော် သတင်းဌာန TMZ ရဲ့ တင်ပြချက်အရ သိရပါတယ်။ အခုလို လမ်းခွဲလိုက်ကြောင်း ထုတ်မပြောခင် လပေါင်းများစွာကတည်းက Miley နဲ့ Liam တို့ဟာ ခွဲနေနေကြတယ်လို့ TMZ က ဆိုထားပါတယ်။

https://www.instagram.com/p/B09Z3ShgaK7/

Caitlynn Carter ဆိုတာကတော့ အသက်(၃၀)အရွယ်ရှိ ဘလော့ဂါမမတစ်ယောက် ဖြစ်ပါတယ်။ Caitlynn ဆိုသည်မှာလည်း အမေရိကန်နိုင်ငံရဲ့ နာမည်ကြီး television personality တစ်ယောက်ဖြစ်တဲ့ Brody Jenner နဲ့ ယခုလ သြဂုတ်(၂)ရက်နေ့ကမှ လမ်းခွဲထားသူ ဖြစ်ပါတယ်။

Miley နဲ့ Liam တို့ရဲ့ အိမ်ထောင်ရေးဟာ အပေါ်ယံကြည့်ရင် အဆင်ပြေနေသလို ရှိပေမယ့် တကယ်တမ်းမှာတော့ ပြဿနာပေါင်းများစွာကို ရင်ဆိုင်နေခဲ့ရတယ်လို့ ဆိုပါတယ်။ လင်မယားနှစ်ယောက်ကြားက အဖုအထစ်တွေ ပြေပြစ်သွားစေဖို့ Therapist တွေနဲ့ တွေ့ပြီး ဆွေးနွေးဖို့ရာ Miley က တွန်းအားပေးခဲ့ပေမယ့် Liam ကတော့ ပူးပေါင်းဆောင်ရွက်မှု မရှိခဲ့တဲ့အတွက် နှစ်ဦးသား လမ်းခွဲရတဲ့အထိ ဖြစ်ခဲ့ရတယ်လို့လည်း သိရပါတယ်။

https://www.instagram.com/p/Bf_IRyQH3-E/

တစ်ဖက်က Caitlynn Carter နဲ့ Brody Jenner တို့စုံတွဲဟာလည်း အိမ်ထောင်ရေး ပြဿနာတွေ ရှိနေခဲ့ပြန်ပါတယ်။ သူတို့နှစ်ယောက်ဟာလည်း ငါးနှစ်ကြာ တွဲခဲ့ပြီး ၂၀၁၈ခုနှစ်မှာတော့ အင်ဒိုနီးရှားထုံးတမ်းစဉ်လာအတိုင်း လက်ထပ်ခဲ့ကြတယ်လို့ ဆိုပါတယ်။ သို့ပေမယ့် နောက်ပိုင်းမှာတော့ အဆိုပါ မင်္ဂလာပွဲဟာ တရားဝင်လက်ထပ်မင်္ဂလာ မမြောက်ခဲ့ဘူးလို့ သိခဲ့ရပြန်ပါတယ်။

မာလီဘူးမြို့မှာ နေထိုင်တာချင်း တူကြတဲ့ Miley ၊ Liam နဲ့  Caitlynn ၊ Brody တို့ ဇနီးမောင်နှံ နှစ်စုံတွဲဟာ အသီးသီး လမ်းမခွဲကြခင်တုန်းတည်းက ရင်းနှီးခဲ့ကြပါတယ်။ ၂၀၁၈ခုနှစ် နိုဝင်ဘာလမှာ လောင်ကျွမ်းခဲ့တဲ့ မာလီဘူးတောမီးကြီးကြောင့် Miley နဲ့ Liam တို့ရဲ့ အိမ်ကြီး မီးထဲ ပါသွားပြီးတဲ့နောက်မှာတော့ နှစ်စုံတွဲဟာ ပိုလို့တောင် ရင်ဘတ်ချင်း နီးခဲ့ကြသေးတယ်လို့ သိရပါတယ်။

https://www.instagram.com/p/BnBvy9bH3iY/

Miley နဲ့ Liam တို့ရဲ့ လမ်းခွဲလိုက်တဲ့သတင်းကို ကြေငြာလိုက်ချိန်မှာတော့ နှစ်ယောက်သားဟာ ကမ္ဘာတစ်ဖက်ဆီမှာ ရောက်ရှိလို့ နေကြပါတယ်။ Miley က Caitlynn နဲ့ အီတလီမှာ အပန်းဖြေခရီးထွက်နေသလို Liam ကတော့ သူ့ရဲ့မွေးရပ်မြေ သြစတျေးလျနိုင်ငံကို ပြန်သွားခဲ့ပါတယ်။ မွေးရပ်မြေ ပြန်ရောက်နေတဲ့ Liam ဟာ အသက်(၃၆)နှစ်အရွယ် အစ်ကိုဖြစ်သူ Thor မင်းသားကြီး Chris Hemsworth နဲ့ ရေလွှာလျှောစီးနေတဲ့ ပုံရိပ်တွေကို မြင်တွေ့ကြရပါတယ်။

https://www.instagram.com/p/B0r37jkJmQD/

Miley Cyrus ဟာ သူမကိုယ်သူမ pan sexual တစ်ယောက်ပါလို့ ကြေငြာထားသူပါ။ pan sexual ဆိုတာကတော့ bi-sexual နဲ့ ဆင်တူပါတယ်။ pan sexual တွေဟာ သူတို့ကိုယ်သူတို့တော့ gender ဆိုတာကို ခွဲခြားမမြင်နိုင်သူတွေလို့ ဆိုကြပါတယ်။ အဓိပ္ပါယ်ကတော့ သူတို့ရဲ့ စိတ်ပိုင်းဆိုင်ရာ၊ ရုပ်ပိုင်းဆိုင်ရာအရ ဆွဲဆောင်မိတဲ့၊ ချစ်ခင်နှစ်သက်မိတဲ့ သူတွေဟာ ဘယ်လိုလိင်အမျိုးအစားမဆို ဖြစ်နိုင်တယ်ဆိုတဲ့ သဘောပါပဲ။ Miley ဟာ အခု Caitlynn နဲ့ မတိုင်ခင်မှာလည်း Victoria’s Secret မော်ဒယ်လ် Stella Maxwell နဲ့ တွဲခဲ့ဖူးပါသေးတယ်။

Xei

Ref: hollywoodlife

RELATED ARTICLES

Most Popular