HomeCelebs Update NewsInternationalအိမ္ေထာင္သက္(၈)လအၾကာမွာ လမ္းခြဲလိုက္ၾကၿပီျဖစ္တဲ့ Miley Cyrus နဲ႔ Liam Hemsworth

အိမ္ေထာင္သက္(၈)လအၾကာမွာ လမ္းခြဲလိုက္ၾကၿပီျဖစ္တဲ့ Miley Cyrus နဲ႔ Liam Hemsworth

အောက်တွင် ယူနီကုဒ်ဖြင့် ဖတ်ပါ။

နာမည္ေက်ာ္ စုံတြဲတစ္တြဲျဖစ္တဲ့ Miley Cyrus နဲ႔ Liam Hemsworth တို႔ဟာ အိမ္ေထာင္သက္(၈)လအၾကာမွာ လမ္းခြဲလိုက္ၾကၿပီလို႔ သိရပါတယ္။ ၂၀၁၈ခုႏွစ္ ဒီဇင္ဘာလက လက္ထပ္ခဲ့ၾကတဲ့ ဒီစုံတြဲဟာ အိမ္ေထာင္သက္တစ္ႏွစ္ေတာင္ မျပည့္ေသးတဲ့အခ်ိန္မွာ ႏွစ္ဦးႏွစ္ဖက္ သေဘာတူညီမႈနဲ႔ လမ္းခြဲလိုက္ၾကတာ ျဖစ္ပါတယ္။

ျပတ္လိုက္တြဲလိုက္နဲ႔ ဆယ္ႏွစ္ၾကာ သံေယာဇဥ္ႀကိဳးဟာ ေနာက္ဆုံးမွာေတာ့ အဆုံးသတ္ၿပီလားလို႔ ေမးရေတာ့မွာပါ။ Miley ရဲ႕ ကိုယ္စားလွယ္က နာမည္ေက်ာ္ People မဂၢဇင္းႀကီးကို ေျပာျပခ်က္အရ ႏွစ္ဦးစလုံးဟာ အခုခ်ိန္မွာ ခြဲေနၾကဖို႔ သေဘာတူလိုက္ၾကၿပီလို႔ သိရပါတယ္။

https://www.instagram.com/p/BxJ2DwMh8HD/

“ႏွစ္ေယာက္ၾကားက ဆက္ဆံေရးဟာ အၿမဲတမ္း ေျပာင္းလဲေနခဲ့ၿပီး အခုအခ်ိန္မွာေတာ့ သူတို႔အတြက္ အေကာင္းဆုံးလို႔ ထင္တဲ့အရာကို ေရြးခ်ယ္လိုက္ၾကတာ ျဖစ္ပါတယ္။ ႏွစ္ေယာက္လုံးက သူတို႔အလုပ္ေတြနဲ႔၊ သူတို႔ဘ၀ကို ပိုၿပီးအာရုံစိုက္ႏိုင္ၾကဖို႔ ဒီလမ္းကို ေရြးလိုက္ၾကတာပါ။ သူတို႔ရဲ႕ အသည္းႏွလုံးျဖစ္တဲ့ အိမ္ေမြးတိရစာၦန္ေလးေတြကိုေတာ့ အရင္ကလိုပဲ ႏွစ္ေယာက္လုံးက ခ်စ္ေနၾကဦးမွာပါ။ ေက်းဇူးျပဳၿပီး သူတို႔ရဲ႕ဆုံးျဖတ္ခ်က္နဲ႔ အတြင္းေရးကို ေလးစားသမႈ ထားေပးၾကပါ”လို႔ အဆိုပါ ကိုယ္စားလွယ္က ေျပာထားပါတယ္။

Miley နဲ႔ Liam တို႔ဟာ ၂၀၁၀ခုႏွစ္က ထြက္ရိွခဲ့တဲ့ The Last Song ရုပ္ရွင္ဇာတ္ကားရဲ႕ ရိုက္ကြင္းမွာ ဆုံေတြ႕ၿပီး ခ်စ္ကၽြမ္း၀င္ခဲ့ၾကတာ ျဖစ္ပါတယ္။ သူတို႔စုံတြဲဟာ ၂၀၁၂ခုႏွစ္မွာ ေစ့စပ္ခဲ့ၾကၿပီး  အဲ့ဒီ့အခ်ိန္တုန္းကေတာ့ “Liam နဲ႔ ေပ်ာ္ရႊင္တဲ့ဘ၀ေလး ရေတာ့မွာကို ေမွ်ာ္လင့္ၿပီး ေစ့စပ္လိုက္တာကို သိပ္ေပ်ာ္ပါတယ္” လို႔ Miley က ေျပာခဲ့ဖူးပါတယ္။

သို႔ေပမယ့္ ၂၀၁၃ခုႏွစ္မွာေတာ့ ေစ့စပ္ပြဲပ်က္ၿပီး ႏွစ္ဦးသား လမ္းခြဲခဲ့ျပန္ပါတယ္။ အဲ့ဒီ့ေနာက္မွာ Miley ဟာ နာမည္ေက်ာ္ အက္ရွင္မင္းသားႀကီး အာႏိုးရဲ႕သား Patrick Schwarzenegger နဲ႔ တြဲခဲ့ပါေသးတယ္။ Patrick နဲ႔ ပ်က္ၿပီးေနာက္မွာေတာ့ Stella Maxwell နဲ႔ တြဲျပန္ပါတယ္။ သို႔ေပမယ့္ ၂၀၁၅ခုႏွစ္အေရာက္မွာေတာ့ သူမရဲ႕အခ်စ္ရထား ဆိုက္ကပ္ရာဘူတာ ျဖစ္တဲ့ Liam ဆီကို ျပန္လာခဲ့ပါတယ္။ ႏွစ္ေယာက္သားဟာ တစစနဲ႔ ျပန္အဆင္ေျပလာခဲ့ၿပီး ၂၀၁၆ခုႏွစ္ ႏွစ္ဆန္းပိုင္းမွာပဲ အရင္က ခၽြတ္ထားခဲ့တဲ့ ေစ့စပ္လက္စြပ္ကို ျပန္လည္၀တ္ဆင္လာခဲ့ပါတယ္။

https://www.instagram.com/p/BuW3AQPBc0i/

ေနာက္ပိုင္းမွာေတာ့ မာလီဘူးက သူတို႔ရဲ႕ဇိမ္ခံအိမ္ႀကီးဆီကို ႏွစ္ေယာက္သား ေျပာင္းေရႊ႕ေနထိုင္ၿပီး တိရစာၦန္ေလးေတြ ေမြးျမဴကာ ေအးေအးလူလူ ျဖတ္သန္းခဲ့ၾကပါတယ္။ သို႔ေပမယ့္ စိတ္မေကာင္းစရာ ေကာင္းစြာနဲ႔ပဲ သူတို႔ရဲ႕ၿခံႀကီးဟာ ၂၀၁၈ခုႏွစ္ ႏို၀င္ဘာလက ေလာင္ခဲ့တဲ့ မာလီဘူးေတာမီးထဲမွာ ပါသြားခဲ့ပါတယ္။ သူတို႔ႏွစ္ေယာက္ ေမြးထားတဲ့ အခ်စ္ေတာ္ တိရစာၦန္ေလးေတြကို မီးထဲမပါသြားေအာင္ ကယ္ထုတ္ေပးႏိုင္ခဲ့လို႔ Liam ကို အၿမဲတမ္း ေက်းဇူးတင္ေနခဲ့တယ္လို႔ ဆိုပါေသးတယ္။

၂၀၁၈ခုႏွစ္ ဒီဇင္ဘာလမွာေတာ့ Nashville က Miley ရဲ႕အိမ္မွာ လက္ထပ္မဂၤလာပြဲကို က်င္းပခဲ့ၾကပါတယ္။ သူတို႔ႏွစ္ေယာက္ရဲ႕ အိမ္ေထာင္ေရးမွာ ျပႆနာတစ္စုံတစ္ရာ ရိွေနတဲ့ လကၡဏာတစ္ခုမွ မေတြ႕ခဲ့ရေပမယ့္ ေႏြရာသီကို ေရာက္လာတာနဲ႔ Miley ရဲ႕ Instagram ဟာ အရင္က active ျဖစ္ခဲ့သေလာက္ တစထက္တစ ၿငိမ္သက္လာခဲ့ပါတယ္။ Liam နဲ႔ ပတ္သက္လို႔ IG မွာ Miley ေနာက္ဆုံးတင္ခဲ့တဲ့ပို႔စ္ဟာ ဇြန္လ(၂)ရက္ေန႔က ျဖစ္ပါတယ္။

ဇြန္လထဲမွာပဲ ႏွစ္ေယာက္ၾကားမွာ လမ္းခြဲေတာ့မယ္ဆိုတဲ့ ေကာလာဟလေတြ ထြက္ခဲ့ေပမယ့္ ဇြန္လ(၁၁)ရက္ေန႔မွာ က်ေရာက္တဲ့ ႏွစ္ပတ္လည္ေန႔မွာ Twitter က ေၾကြစရာ ဆုေတာင္းစကားေလးနဲ႔ ေကာလာဟလေတြကို ရပ္တန္႔ပစ္ခဲ့ပါတယ္။ အဆိုပါ ပို႔စ္မွာေတာ့ “ေပ်ာ္ရႊင္ေသာ (၁၀)ႏွစ္ျပည့္ ႏွစ္ပတ္လည္ေန႔ေလးပါ အခ်စ္ေရ … အရာရာဟာ ၂၀၀၉ခုႏွစ္ကအတိုင္းပဲ ရိွေနေသးတာ ေကာင္းတယ္ကြယ္။ တစ္ခ်ိဳ႕အရာေတြဟာ ဘယ္ေတာ့မွ မေျပာင္းလဲဘူး။ အဲ့ဒီ့ထဲမွာ ကိုယ့္အေပၚထားတဲ့ မင္းရဲ႕ခံစားခ်က္ေတြလည္း ပါမယ္လို႔ ေမွ်ာ္လင့္ပါတယ္”လို႔ ေရးထားခဲ့ပါတယ္။

https://www.instagram.com/p/B09Z3ShgaK7/?utm_source=ig_embed

ေလာေလာလတ္လတ္မွာေတာ့ Miley ဟာ ဘေလာ့ဂါ Kaitlynn Carter နဲ႔ အပန္းေျဖခရီးထြက္ေနတာကို ေတြ႕ရပါတယ္။ ၾသဂုတ္လ(၉)ရက္ေန႔က ကိုမိုေရကန္ႀကီးရဲ႕ေဘးမွာ ႏွစ္ေယာက္သားဖက္ၿပီး နမ္းေနၾကတာကို ေတြ႔လိုက္ၾကရပါေသးတယ္။ အသက္(၂၆)ႏွစ္အရြယ္ ရိွၿပီျဖစ္တဲ့ Miley Cyrus ဟာ Pan sexual (လိင္တူ၊ လိင္ကြဲႏွစ္သက္သူ) တစ္ေယာက္ျဖစ္တယ္လို႔ ၀န္ခံထားသူျဖစ္ၿပီး အရင္တုန္းကလည္း ေမာ္ဒယ္လ္ Stella Maxwell နဲ႔ တြဲခဲ့ဖူးပါေသးတယ္။

Liam နဲ႔ Miley တို႔ၾကားက အခ်စ္နဲ႔ သံေယာဇဥ္ေတြကေရာ ဒီလိုနဲ႔ပဲ အဆုံးသတ္သြားမွာလား။ တစ္ဖန္ ျပန္လည္ရွင္သန္လာဦးမွာလားဆိုတာကေတာ့ …

Xei

Ref: hollywoodlife

(Unicode Version)

နာမည်ကျော် စုံတွဲတစ်တွဲဖြစ်တဲ့ Miley Cyrus နဲ့ Liam Hemsworth တို့ဟာ အိမ်ထောင်သက်(၈)လအကြာမှာ လမ်းခွဲလိုက်ကြပြီလို့ သိရပါတယ်။ ၂၀၁၈ခုနှစ် ဒီဇင်ဘာလက လက်ထပ်ခဲ့ကြတဲ့ ဒီစုံတွဲဟာ အိမ်ထောင်သက်တစ်နှစ်တောင် မပြည့်သေးတဲ့အချိန်မှာ နှစ်ဦးနှစ်ဖက် သဘောတူညီမှုနဲ့ လမ်းခွဲလိုက်ကြတာ ဖြစ်ပါတယ်။

ပြတ်လိုက်တွဲလိုက်နဲ့ ဆယ်နှစ်ကြာ သံယောဇဉ်ကြိုးဟာ နောက်ဆုံးမှာတော့ အဆုံးသတ်ပြီလားလို့ မေးရတော့မှာပါ။ Miley ရဲ့ ကိုယ်စားလှယ်က နာမည်ကျော် People မဂ္ဂဇင်းကြီးကို ပြောပြချက်အရ နှစ်ဦးစလုံးဟာ အခုချိန်မှာ ခွဲနေကြဖို့ သဘောတူလိုက်ကြပြီလို့ သိရပါတယ်။

https://www.instagram.com/p/BxJ2DwMh8HD/

“နှစ်ယောက်ကြားက ဆက်ဆံရေးဟာ အမြဲတမ်း ပြောင်းလဲနေခဲ့ပြီး အခုအချိန်မှာတော့ သူတို့အတွက် အကောင်းဆုံးလို့ ထင်တဲ့အရာကို ရွေးချယ်လိုက်ကြတာ ဖြစ်ပါတယ်။ နှစ်ယောက်လုံးက သူတို့အလုပ်တွေနဲ့၊ သူတို့ဘဝကို ပိုပြီးအာရုံစိုက်နိုင်ကြဖို့ ဒီလမ်းကို ရွေးလိုက်ကြတာပါ။ သူတို့ရဲ့ အသည်းနှလုံးဖြစ်တဲ့ အိမ်မွေးတိရစ္ဆာန်လေးတွေကိုတော့ အရင်ကလိုပဲ နှစ်ယောက်လုံးက ချစ်နေကြဦးမှာပါ။ ကျေးဇူးပြုပြီး သူတို့ရဲ့ဆုံးဖြတ်ချက်နဲ့ အတွင်းရေးကို လေးစားသမှု ထားပေးကြပါ”လို့ အဆိုပါ ကိုယ်စားလှယ်က ပြောထားပါတယ်။

Miley နဲ့ Liam တို့ဟာ ၂၀၁၀ခုနှစ်က ထွက်ရှိခဲ့တဲ့ The Last Song ရုပ်ရှင်ဇာတ်ကားရဲ့ ရိုက်ကွင်းမှာ ဆုံတွေ့ပြီး ချစ်ကျွမ်းဝင်ခဲ့ကြတာ ဖြစ်ပါတယ်။ သူတို့စုံတွဲဟာ ၂၀၁၂ခုနှစ်မှာ စေ့စပ်ခဲ့ကြပြီး  အဲ့ဒီ့အချိန်တုန်းကတော့ “Liam နဲ့ ပျော်ရွှင်တဲ့ဘဝလေး ရတော့မှာကို မျှော်လင့်ပြီး စေ့စပ်လိုက်တာကို သိပ်ပျော်ပါတယ်” လို့ Miley က ပြောခဲ့ဖူးပါတယ်။

သို့ပေမယ့် ၂၀၁၃ခုနှစ်မှာတော့ စေ့စပ်ပွဲပျက်ပြီး နှစ်ဦးသား လမ်းခွဲခဲ့ပြန်ပါတယ်။ အဲ့ဒီ့နောက်မှာ Miley ဟာ နာမည်ကျော် အက်ရှင်မင်းသားကြီး အာနိုးရဲ့သား Patrick Schwarzenegger နဲ့ တွဲခဲ့ပါသေးတယ်။ Patrick နဲ့ ပျက်ပြီးနောက်မှာတော့ Stella Maxwell နဲ့ တွဲပြန်ပါတယ်။ သို့ပေမယ့် ၂၀၁၅ခုနှစ်အရောက်မှာတော့ သူမရဲ့အချစ်ရထား ဆိုက်ကပ်ရာဘူတာ ဖြစ်တဲ့ Liam ဆီကို ပြန်လာခဲ့ပါတယ်။ နှစ်ယောက်သားဟာ တစစနဲ့ ပြန်အဆင်ပြေလာခဲ့ပြီး ၂၀၁၆ခုနှစ် နှစ်ဆန်းပိုင်းမှာပဲ အရင်က ချွတ်ထားခဲ့တဲ့ စေ့စပ်လက်စွပ်ကို ပြန်လည်ဝတ်ဆင်လာခဲ့ပါတယ်။

https://www.instagram.com/p/BuW3AQPBc0i/

နောက်ပိုင်းမှာတော့ မာလီဘူးက သူတို့ရဲ့ဇိမ်ခံအိမ်ကြီးဆီကို နှစ်ယောက်သား ပြောင်းရွှေ့နေထိုင်ပြီး တိရစ္ဆာန်လေးတွေ မွေးမြူကာ အေးအေးလူလူ ဖြတ်သန်းခဲ့ကြပါတယ်။ သို့ပေမယ့် စိတ်မကောင်းစရာ ကောင်းစွာနဲ့ပဲ သူတို့ရဲ့ခြံကြီးဟာ ၂၀၁၈ခုနှစ် နိုဝင်ဘာလက လောင်ခဲ့တဲ့ မာလီဘူးတောမီးထဲမှာ ပါသွားခဲ့ပါတယ်။ သူတို့နှစ်ယောက် မွေးထားတဲ့ အချစ်တော် တိရစ္ဆာန်လေးတွေကို မီးထဲမပါသွားအောင် ကယ်ထုတ်ပေးနိုင်ခဲ့လို့ Liam ကို အမြဲတမ်း ကျေးဇူးတင်နေခဲ့တယ်လို့ ဆိုပါသေးတယ်။

၂၀၁၈ခုနှစ် ဒီဇင်ဘာလမှာတော့ Nashville က Miley ရဲ့အိမ်မှာ လက်ထပ်မင်္ဂလာပွဲကို ကျင်းပခဲ့ကြပါတယ်။ သူတို့နှစ်ယောက်ရဲ့ အိမ်ထောင်ရေးမှာ ပြဿနာတစ်စုံတစ်ရာ ရှိနေတဲ့ လက္ခဏာတစ်ခုမှ မတွေ့ခဲ့ရပေမယ့် နွေရာသီကို ရောက်လာတာနဲ့ Miley ရဲ့ Instagram ဟာ အရင်က active ဖြစ်ခဲ့သလောက် တစထက်တစ ငြိမ်သက်လာခဲ့ပါတယ်။ Liam နဲ့ ပတ်သက်လို့ IG မှာ Miley နောက်ဆုံးတင်ခဲ့တဲ့ပို့စ်ဟာ ဇွန်လ(၂)ရက်နေ့က ဖြစ်ပါတယ်။

ဇွန်လထဲမှာပဲ နှစ်ယောက်ကြားမှာ လမ်းခွဲတော့မယ်ဆိုတဲ့ ကောလာဟလတွေ ထွက်ခဲ့ပေမယ့် ဇွန်လ(၁၁)ရက်နေ့မှာ ကျရောက်တဲ့ နှစ်ပတ်လည်နေ့မှာ Twitter က ကြွေစရာ ဆုတောင်းစကားလေးနဲ့ ကောလာဟလတွေကို ရပ်တန့်ပစ်ခဲ့ပါတယ်။ အဆိုပါ ပို့စ်မှာတော့ “ပျော်ရွှင်သော (၁၀)နှစ်ပြည့် နှစ်ပတ်လည်နေ့လေးပါ အချစ်ရေ … အရာရာဟာ ၂၀၀၉ခုနှစ်ကအတိုင်းပဲ ရှိနေသေးတာ ကောင်းတယ်ကွယ်။ တစ်ချို့အရာတွေဟာ ဘယ်တော့မှ မပြောင်းလဲဘူး။ အဲ့ဒီ့ထဲမှာ ကိုယ့်အပေါ်ထားတဲ့ မင်းရဲ့ခံစားချက်တွေလည်း ပါမယ်လို့ မျှော်လင့်ပါတယ်”လို့ ရေးထားခဲ့ပါတယ်။

https://www.instagram.com/p/B09Z3ShgaK7/?utm_source=ig_embed

လောလောလတ်လတ်မှာတော့ Miley ဟာ ဘလော့ဂါ Kaitlynn Carter နဲ့ အပန်းဖြေခရီးထွက်နေတာကို တွေ့ရပါတယ်။ သြဂုတ်လ(၉)ရက်နေ့က ကိုမိုရေကန်ကြီးရဲ့ဘေးမှာ နှစ်ယောက်သားဖက်ပြီး နမ်းနေကြတာကို တွေ့လိုက်ကြရပါသေးတယ်။ အသက်(၂၆)နှစ်အရွယ် ရှိပြီဖြစ်တဲ့ Miley Cyrus ဟာ Pan sexual (လိင်တူ၊ လိင်ကွဲနှစ်သက်သူ) တစ်ယောက်ဖြစ်တယ်လို့ ဝန်ခံထားသူဖြစ်ပြီး အရင်တုန်းကလည်း မော်ဒယ်လ် Stella Maxwell နဲ့ တွဲခဲ့ဖူးပါသေးတယ်။

Liam နဲ့ Miley တို့ကြားက အချစ်နဲ့ သံယောဇဉ်တွေကရော ဒီလိုနဲ့ပဲ အဆုံးသတ်သွားမှာလား။ တစ်ဖန် ပြန်လည်ရှင်သန်လာဦးမှာလားဆိုတာကတော့ …

Xei

Ref: hollywoodlife

 

RELATED ARTICLES

Most Popular