HomeCelebs Update NewsInternationalGame of Thrones မှာ casting ဝင်ပြိုင်ခဲ့ပေမယ့် အငြင်းခံခဲ့ရတယ်ဆိုတဲ့ Millie Bobby Brown

Game of Thrones မှာ casting ဝင်ပြိုင်ခဲ့ပေမယ့် အငြင်းခံခဲ့ရတယ်ဆိုတဲ့ Millie Bobby Brown

ေအာက္တြင္ ေဇာ္ဂ်ီျဖင့္ ဖတ္ပါ။

မင်းသမီးလေး Millie Bobby Brown ဟာ Game of Thrones ဇာတ်လမ်းတွဲမှာ သရုပ်ဆောင် ဝင်အရွေးခံခဲ့ပေမယ့် ငြင်းပယ်ခံခဲ့ရတာကြောင့် သရုပ်ဆောင်အလုပ်ကို စွန့်လွှတ်ဖို့အထိ စိတ်ကူးခဲ့ဖူးကြောင်း ပြောပြလာပါတယ်။

အသက်(၁၆)နှစ်အရွယ် ရှိပြီဖြစ်တဲ့ မင်းသမီးလေး Millie ဟာ သူမရဲ့အစောပိုင်း သရုပ်ဆောင်ကာလမှာ Game of Thrones ဇာတ်လမ်းတွဲမှာ သရုပ်ဆောင်ဝင်အရွေးခံခဲ့ဖူးသလို အခြားရုပ်ရှင်နဲ့ ဇာတ်လမ်းတွဲတွေမှာလည်း သရုပ်ဆောင် ဝင်အရွေးခံခဲ့ပေမယ့် အကြိမ်ပေါင်းများစွာ ငြင်းပယ်ခံခဲ့ရတယ်လို့ ဆိုပါတယ်။ ဒီအကြောင်းကိုတော့ အောက်တိုဘာလ(၃)ရက်နေ့က The Tonight Show Starring Jimmy Fallon ရှိုးမှာ အင်တာဗျူး ပြုလုပ်ရင်း Millie က ပြောပြခဲ့တာ ဖြစ်ပါတယ်။

Photo: milliebobbybrown/ Instagram

အဆိုပါ အင်တာဗျူးမှာတော့ သရုပ်ဆောင်လောကကို ဝင်ရောက်ဖို့အတွက် အခက်အခဲမျိုးစုံ ကြုံတွေ့ခဲ့ရပြီး တကယ်ကို မလွယ်ကူတဲ့အကြောင်း သူမရဲ့ အတွေ့အကြုံတွေကို ရင်ဖွင့်ခဲ့တာ ဖြစ်ပါတယ်။ “ကျွန်မ ကြုံဖူးတာကတော့ “Yes” ဆိုတဲ့ စကားတစ်ခွန်း မရခင် “No” ဆိုတာတွေ အများကြီးကို ရင်ဆိုင်ရတာပါပဲ။ အဲ့ဒီ့တုန်းက ကျွန်မ Game of Thrones မှာလည်း သရုပ်ဆောင် ဝင်အရွေးခံခဲ့သေးတယ်။ ဒါပေမယ့် အငြင်းခံခဲ့ရတယ်။ အဲ့ဒီ့အချိန် ခံစားမိတာက သရုပ်ဆောင်ဘဝဆိုတာ တကယ် ခက်ခဲပါလားပေါ့။ ပြီးတော့ ကျွန်မ Game of Thrones ထဲက အဲ့ဒီ့ဇာတ်ရုပ်ကို တကယ် လိုချင်ခဲ့တာပါ …” လို့ Millie က ဆိုပါတယ်။

သရုပ်ဆောင်အလုပ်ကို ဝါသနာပါလွန်းလို့ ကြိုးစားခဲ့ပေမယ့် ငြင်းပယ်မှုများစွာကို ခံစားလာရတဲ့နောက် Stranger Things ဇာတ်လမ်းတွဲဟာ သူမ သရုပ်ဆောင် ဝင်အရွေးခံတဲ့ နောက်ဆုံးရှိုးတစ်ခု ဖြစ်တယ်လို့လည်း ဆိုပါတယ်။ “Stranger Things ကျတော့ ကျွန်မ လူရွေးပွဲ ဝင်ပြိုင်တယ်။ နှစ်လလောက်နေတော့ သူတို့ဘက်က ပြန်ဆက်သွယ်လာတယ်။ ငါတို့ မင်းနဲ့ Skype ပြောချင်တယ်တဲ့။ အဲ့ဒါနဲ့ သူတို့နဲ့ Skype ပြောဖြစ်သွားတယ်။ ကျန်တာကတော့ အားလုံးသိထားကြတဲ့အတိုင်းပါပဲ… ” လို့ သူမရဲ့ နာမည်ကြီးဇာတ်ရုပ် Eleven ကို ရရှိခဲ့ပုံကို ပြောပြထားပါတယ်။

Photo: milliebobbybrown/ Instagram

မင်းသမီးလေး Millie Bobby Brown ဟာ Netflix ရဲ့ Stranger Things ဇာတ်လမ်းတွဲမှာ Eleven ဆိုတဲ့ ထူးခြားတဲ့ စွမ်းအားတစ်ခုကို ပိုင်ဆိုင်ထားတဲ့ ကောင်မလေးတစ်ယောက် နေရာကနေ သရုပ်ဆောင်ပြီး တဟုန်ထိုး အောင်မြင်လာခဲ့သူ ဖြစ်ပါတယ်။ Stranger Things က ရရှိခဲ့တဲ့ အောင်မြင်မှုကြောင့် နာမည်ကြီး ရုပ်ရှင်ဇာတ်ကားတွေထဲမှာလည်း ပါဝင်သရုပ်ဆောင်လာရပြီး လောလောလတ်လတ် အနေနဲ့ Enola Holmes ဇာတ်ကားမှာလည်း အဓိကနေရာကနေ ပါဝင်ထားပါတယ်။

Stranger Things ဇာတ်လမ်းတွဲကတော့ ကိုဗစ်ကပ်ရောဂါကြောင့် season 4 ရိုက်ကူးမှုကို ရပ်နားထားရာကနေ အောက်တိုဘာလ(၁)ရက်နေ့က စတင်ပြီး ရိုက်ကူးရေး ပြန်လည်ပြုလုပ်နေပြီ ဖြစ်ပါတယ်။ Season 4 ရိုက်ကူးရေးနဲ့ ပတ်သက်ပြီးတော့လည်း Millie က သူမရဲ့ခံစားချက်ကို ပြောပြထားပါသေးတယ်။

Photo via IMDb

“တကယ်ကို အလုပ်ပြန်လုပ်ချင်နေပါပြီ။ Eleven နေရာမှာ သရုပ်ဆောင်ရတာကိုလည်း လွမ်းလှပြီ။ Eleven ဇာတ်ကောင်က တကယ်ကို စိန်ခေါ်မှုများတဲ့ ဇာတ်ရုပ်တစ်ခုပါ။ အမှန်အတိုင်း ပြောရရင် အလုပ်ကို တကယ်ကို လွမ်းနေမိတာပါ… ” လို့ သူမက ဆိုထားပါတယ်။

Glasgow

Source: hollywood life

(Zawgyi Version)

မင္းသမီးေလး Millie Bobby Brown ဟာ Game of Thrones ဇာတ္လမ္းတြဲမွာ သ႐ုပ္ေဆာင္ ဝင္အေ႐ြးခံခဲ့ေပမယ့္ ျငင္းပယ္ခံခဲ့ရတာေၾကာင့္ သ႐ုပ္ေဆာင္အလုပ္ကို စြန႔္လႊတ္ဖို႔အထိ စိတ္ကူးခဲ့ဖူးေၾကာင္း ေျပာျပလာပါတယ္။

အသက္(၁၆)ႏွစ္အ႐ြယ္ ရွိၿပီျဖစ္တဲ့ မင္းသမီးေလး Millie ဟာ သူမရဲ႕အေစာပိုင္း သ႐ုပ္ေဆာင္ကာလမွာ Game of Thrones ဇာတ္လမ္းတြဲမွာ သ႐ုပ္ေဆာင္ဝင္အေ႐ြးခံခဲ့ဖူးသလို အျခား႐ုပ္ရွင္နဲ႔ ဇာတ္လမ္းတြဲေတြမွာလည္း သ႐ုပ္ေဆာင္ ဝင္အေ႐ြးခံခဲ့ေပမယ့္ အႀကိမ္ေပါင္းမ်ားစြာ ျငင္းပယ္ခံခဲ့ရတယ္လို႔ ဆိုပါတယ္။ ဒီအေၾကာင္းကိုေတာ့ ေအာက္တိုဘာလ(၃)ရက္ေန႔က The Tonight Show Starring Jimmy Fallon ရႈိးမွာ အင္တာဗ်ဴး ျပဳလုပ္ရင္း Millie က ေျပာျပခဲ့တာ ျဖစ္ပါတယ္။

Photo: milliebobbybrown/ Instagram

အဆိုပါ အင္တာဗ်ဴးမွာေတာ့ သ႐ုပ္ေဆာင္ေလာကကို ဝင္ေရာက္ဖို႔အတြက္ အခက္အခဲမ်ိဳးစုံ ႀကဳံေတြ႕ခဲ့ရၿပီး တကယ္ကို မလြယ္ကူတဲ့အေၾကာင္း သူမရဲ႕ အေတြ႕အႀကဳံေတြကို ရင္ဖြင့္ခဲ့တာ ျဖစ္ပါတယ္။ “ကြၽန္မ ႀကဳံဖူးတာကေတာ့ “Yes” ဆိုတဲ့ စကားတစ္ခြန္း မရခင္ “No” ဆိုတာေတြ အမ်ားႀကီးကို ရင္ဆိုင္ရတာပါပဲ။ အဲ့ဒီ့တုန္းက ကြၽန္မ Game of Thrones မွာလည္း သ႐ုပ္ေဆာင္ ဝင္အေ႐ြးခံခဲ့ေသးတယ္။ ဒါေပမယ့္ အျငင္းခံခဲ့ရတယ္။ အဲ့ဒီ့အခ်ိန္ ခံစားမိတာက သ႐ုပ္ေဆာင္ဘဝဆိုတာ တကယ္ ခက္ခဲပါလားေပါ့။ ၿပီးေတာ့ ကြၽန္မ Game of Thrones ထဲက အဲ့ဒီ့ဇာတ္႐ုပ္ကို တကယ္ လိုခ်င္ခဲ့တာပါ …” လို႔ Millie က ဆိုပါတယ္။

သ႐ုပ္ေဆာင္အလုပ္ကို ဝါသနာပါလြန္းလို႔ ႀကိဳးစားခဲ့ေပမယ့္ ျငင္းပယ္မႈမ်ားစြာကို ခံစားလာရတဲ့ေနာက္ Stranger Things ဇာတ္လမ္းတြဲဟာ သူမ သ႐ုပ္ေဆာင္ ဝင္အေ႐ြးခံတဲ့ ေနာက္ဆုံးရႈိးတစ္ခု ျဖစ္တယ္လို႔လည္း ဆိုပါတယ္။ “Stranger Things က်ေတာ့ ကြၽန္မ လူေ႐ြးပြဲ ဝင္ၿပိဳင္တယ္။ ႏွစ္လေလာက္ေနေတာ့ သူတို႔ဘက္က ျပန္ဆက္သြယ္လာတယ္။ ငါတို႔ မင္းနဲ႔ Skype ေျပာခ်င္တယ္တဲ့။ အဲ့ဒါနဲ႔ သူတို႔နဲ႔ Skype ေျပာျဖစ္သြားတယ္။ က်န္တာကေတာ့ အားလုံးသိထားၾကတဲ့အတိုင္းပါပဲ… ” လို႔ သူမရဲ႕ နာမည္ႀကီးဇာတ္႐ုပ္ Eleven ကို ရရွိခဲ့ပုံကို ေျပာျပထားပါတယ္။

Photo: milliebobbybrown/ Instagram

မင္းသမီးေလး Millie Bobby Brown ဟာ Netflix ရဲ႕ Stranger Things ဇာတ္လမ္းတြဲမွာ Eleven ဆိုတဲ့ ထူးျခားတဲ့ စြမ္းအားတစ္ခုကို ပိုင္ဆိုင္ထားတဲ့ ေကာင္မေလးတစ္ေယာက္ ေနရာကေန သ႐ုပ္ေဆာင္ၿပီး တဟုန္ထိုး ေအာင္ျမင္လာခဲ့သူ ျဖစ္ပါတယ္။ Stranger Things က ရရွိခဲ့တဲ့ ေအာင္ျမင္မႈေၾကာင့္ နာမည္ႀကီး ႐ုပ္ရွင္ဇာတ္ကားေတြထဲမွာလည္း ပါဝင္သ႐ုပ္ေဆာင္လာရၿပီး ေလာေလာလတ္လတ္ အေနနဲ႔ Enola Holmes ဇာတ္ကားမွာလည္း အဓိကေနရာကေန ပါဝင္ထားပါတယ္။

Stranger Things ဇာတ္လမ္းတြဲကေတာ့ ကိုဗစ္ကပ္ေရာဂါေၾကာင့္ season 4 ႐ိုက္ကူးမႈကို ရပ္နားထားရာကေန ေအာက္တိုဘာလ(၁)ရက္ေန႔က စတင္ၿပီး ႐ိုက္ကူးေရး ျပန္လည္ျပဳလုပ္ေနၿပီ ျဖစ္ပါတယ္။ Season 4 ႐ိုက္ကူးေရးနဲ႔ ပတ္သက္ၿပီးေတာ့လည္း Millie က သူမရဲ႕ခံစားခ်က္ကို ေျပာျပထားပါေသးတယ္။

Photo via IMDb

“တကယ္ကို အလုပ္ျပန္လုပ္ခ်င္ေနပါၿပီ။ Eleven ေနရာမွာ သ႐ုပ္ေဆာင္ရတာကိုလည္း လြမ္းလွၿပီ။ Eleven ဇာတ္ေကာင္က တကယ္ကို စိန္ေခၚမႈမ်ားတဲ့ ဇာတ္႐ုပ္တစ္ခုပါ။ အမွန္အတိုင္း ေျပာရရင္ အလုပ္ကို တကယ္ကို လြမ္းေနမိတာပါ… ” လို႔ သူမက ဆိုထားပါတယ္။

Glasgow

Source: hollywood life

RELATED ARTICLES

Most Popular