HomeEntertainmentFilmအနည်းဆုံး နှစ်ခါလောက် ပြန်ကြည့်မှ အပြည့်အဝ နားလည်မယ့် ရုပ်ရှင်ကားများ

အနည်းဆုံး နှစ်ခါလောက် ပြန်ကြည့်မှ အပြည့်အဝ နားလည်မယ့် ရုပ်ရှင်ကားများ

ေအာက္တြင္ ေဇာ္ဂ်ီျဖင့္ ဖတ္ပါ။

သာမန်ရုပ်ရှင်တွေဟာ တစ်ခါကြည့်ပြီးတာနဲ့ အကုန်နားလည်သွားပေမယ့်လည်း တချို့ရုပ်ရှင်တွေကတော့ အနည်းဆုံးနှစ်ခါလောက် ပြန်ကြည့်မှ ဇာတ်လမ်းကို ပိုနားလည်နိုင်မှာ ဖြစ်သလို ပိုပြီးတော့ အရသာရှိပြီး ကြည့်လို့ကောင်းတာမျိူးတွေလည်း ရှိပါတယ်။ အဲ့ဒီ့လိုရုပ်ရှင်တွေကတော့ ကြည့်ပြီးသွားတဲ့အခါ ဇာတ်လမ်းအကြောင်းတွေကို ခေါင်းထဲက ထုတ်မရဘဲ တစ်ချိန်လုံး စဉ်းစားမိနေတာမျိူးတွေ ဖြစ်တတ်ပါတယ်။ ကြည့်ပြီးသွားတာတောင် စဉ်းစားရစေတာမျိူးနဲ့ လွယ်လွယ်နဲ့ နားလည်သွားတာမျိူးကို မကြိုက်တဲ့သူတွေအတွက် အခုဖော်ပြပေးမယ့် ရုပ်ရှင်တွေကို ကြည့်သင့်ပါတယ်။

(7) Tenet
photo via screenrant

ဒီရုပ်ရှင်ကတော့ ၂၀၂၀ခုနှစ်မှာ ထွက်ရှိထားတာ ဖြစ်ပြီး IMDb (7.7) ရရှိထားပါတယ်။ ဇာတ်လမ်းအကျဉ်းကတော့ လျှို့ဝှက်အေးဂျင့်တစ်ယောက်ဟာ တစ်နေ့မှာ အံ့ဩမှင်သက်ဖို့ကောင်းတဲ့ အကြောင်းအရာတစ်ခုကို သိလိုက်ရပါတယ်။ အဲ့ဒါကတော့ အနာဂတ်ကာလက လူသားတွေဟာ အလွန်မြင့်မားတဲ့ နည်းပညာတွေကို အသုံးပြုနေကြပြီး တတိယကမ္ဘာစစ် ဖြစ်ဖို့အတွက် နီးကပ်နေတာပဲ ဖြစ်ပါတယ်။ ဒါကြောင့်ပဲ အဲ့ဒီ့အေးဂျင့်ဟာ အန္တရာယ်များလွန်းတဲ့ မစ်ရှင်ကို ပြုလုပ်ဖို့အတွက် အကြောင်းဖန်လာပါတော့တယ်။

ဒါရိုက်တာ Christopher Nolan က ရိုက်ကူးထားပြီး သရုပ်ဆောင်တွေကတော့ John David Washington ၊ Elizabeth Debicki နဲ့ Robert Pattinson တို့က အဓိက ပါဝင်ထားပါတယ်။

(6) The Sixth Sense
photo via screenrant

ဒီရုပ်ရှင်ကတော့ ၁၉၉၉ခုနှစ်မှာ ထွက်ရှိခဲ့ပြီးတော့ IMDb (8.1) ရရှိထားပါတယ်။ ဇာတ်လမ်းကတော့ Malcolm Crowe ဆိုတဲ့ ကလေးစိတ်ရောဂါ အထူးကုတစ်ယောက်ဟာ ကောင်လေးတစ်ယောက်ကို စတင်ပြီး ကုသပေးရာက စတင်ပါတယ်။ အဲ့ဒီကောင်လေးဟာ ဝိဉာဉ်တွေနဲ့ ဆက်သွယ်နိုင်သူလည်း ဖြစ်ပါတယ်။

ဒါရိုက်တာ M. Night Shyamalan က ရိုက်ကူးပေးထားပြီး သရုပ်ဆောင်တွေကတော့ Bruce Willis ၊ Toni Collette နဲ့ Haley Joel Osment တို့ အဓိက ပါဝင်ထားပါတယ်။ ဒါ့အပြင် အော်စကာ (၆)ဆုအတွက် စံကာတင်စာရင်း ဝင်ထားပါတယ်။

(5) Eternal Sunshine of the Spotless Mind
photo via screenrant

ဒီဇာတ်ကားကတော့ ၂၀၀၄ခုနှစ်မှာ ထွက်ရှိခဲ့တာ ဖြစ်ပြီး IMDb (8.3) ရရှိထားပါတယ်။ Joel ဆိုတဲ့ကောင်လေးနဲ့ Clementine ဆိုတဲ့ ကောင်မလေးဟာ ခရီးတစ်ခုကို သွားဖို့ ရထားစီးနေရင်းနဲ့ နှစ်ယောက်သား ရင်းနှီးသွားကြပါတယ်။ အဲ့ဒီနောက်မှာတော့ တစ်ယောက်နဲ့တစ်ယောက်ဟာ ပိုပြီးတော့ သံယောဇဉ် ဖြစ်လာခဲ့တဲ့အပြင် သူတို့နှစ်ယောက်လုံးဟာ ဟိုးအရင်တည်းက သိကျွမ်းခဲ့သလို ခံစားလာရပါတော့တယ်။

ဒီဇာတ်ကားကို ရိုက်ကူးပေးထားတဲ့ ဒါရိုက်တာကတော့ Michel Gondry ဖြစ်ပါတယ်။ သရုပ်ဆောင်တွေကတော့ Jim Carrey ၊ Kate Winslet ၊ Elijah Wood နဲ့ Mark Ruffalo တို့က အဓိက ပါဝင်ထားပြီး အော်စကာတစ်ဆု ရရှိထားပါတယ်။

(4) The Prestige
photo via screenrant

ဒီကားကတော့ ၂၀၀၆ခုနှစ်တုန်းက ထွက်ရှိထားပြီး IMDb (8.5) ရရှိထားပါတယ်။ ဇာတ်လမ်းကတော့ မျက်လှည့်ဆရာနှစ်ယောက်အကြောင်းကို ရိုက်ကူးထားတာ ဖြစ်ပါတယ်။ သူတို့နှစ်ယောက်ဟာ နဂိုက သူငယ်ချင်းတွေ ဖြစ်ကြပေမယ့်လည်း စိတ်မကောင်းစရာ ဖြစ်ရပ်တစ်ခု ဖြစ်သွားပြီးတဲ့ နောက်ပိုင်းမှာတော့ ရန်သူတွေ ဖြစ်သွားခဲ့ကြပါတယ်။ သူတို့နှစ်ယောက်ဟာ ပြိုင်ဘက်တွေ ဖြစ်သွားတာကြောင့် ဘယ်သူက ပိုပြီးသာလည်းဆိုတာကို ဆုံးဖြတ်ဖို့အတွက် သူတို့မှာရှိသမျှ အရာအားလုံး စွန့်လွှတ်ပြီးတော့ တစ်ယောက်ထက် တစ်ယောက်က ပိုသာအောင် ကြိုးစားကြပါတော့တယ်။

ဒီဇာတ်ကားကိုတော့ ဒါရိုက်တာ Christopher Nolan က ရိုက်ကူးပေးထားပါတယ်။ သရုပ်ဆောင်တွေကတော့ Christian Bale ၊ Hugh Jackman နဲ့ Scarlett Johansson တို့က အဓိက ပါဝင်ထားပြီးတော့ အော်စကာ (၂)ဆုအတွက် စံကာတင်စာရင်း ဝင်ထားပါတယ်။

(3) Interstellar
photo via screenrant

ဒီရုပ်ရှင်ကတော့ ၂၀၁၄ခုနှစ်မှာ ထွက်ရှိခဲ့တာ ဖြစ်ပြီး IMDb (8.6) ရရှိထားပါတယ်။ ဇာတ်လမ်းကတော့ ကမ္ဘာကြီးရဲ့ သယံဇာတတွေဟာ ကုန်သလောက် ဖြစ်လာတာကြောင့် လူသားတွေ နေထိုင်ဖို့အတွက် ဂြိုဟ်အသစ်ကို ရှာဖွေရပါတော့တယ်။ ဒီလိုနဲ့ လေယာဉ်မှူးဘဝကနေ အနားယူထားပြီး လယ်သမားလုပ်နေတဲ့ Cooper ဟာ နာဆာရဲ့ ကမ်းလှမ်းမှုနဲ့ နေထိုင်ရာ ဂြိုဟ်အသစ် ရှာဖွေမယ့်မစ်ရှင်မှာ ပါဝင်ဖို့ ဖြစ်လာပါတော့တယ်။

ဒီဇာတ်ကားကိုလည်း ဒါရိုက်တာ Christopher Nolan က ရိုက်ကူးပေးထားတာ ဖြစ်ပါတယ်။ သရုပ်ဆောင်တွေအနေနဲ့ Matthew McConaughey ၊ Anne Hathaway ၊ Jessica Chastain နဲ့ Michael Caine တို့က အဓိက ပါဝင်ထားပြီးတော့ အော်စကာတစ်ဆု ရရှိထားပါတယ်။

(2) Fight Club
photo via screenrant

ဒီရုပ်ရှင်ကတော့ ၁၉၉၉ခုနှစ်မှာ ထွက်ရှိခဲ့ပြီး IMDb (8.8) ရရှိထားပါတယ်။ လက်ရှိနေထိုင်မှုပုံစံကြီးကို သဘောမကျတော့တဲ့ လူတစ်ယောက်ဟာ Tyler ဆိုသူနဲ့ ပူးပေါင်းပြီးတော့ တရားမဝင် ထိုးသတ်ပွဲတွေကို တည်ထောင်ခဲ့ပါတယ်။ ဒါပေမယ့်လည်း နောက်ပိုင်းမှာတော့ သူတို့ရဲ့ အစီအစဉ်ကြီးဟာ တဖြည်းဖြည်းနဲ့ မကောင်းတာတွေ ဖြစ်လာပါတော့တယ်။

ဒီဇာတ်ကားကို ရိုက်ကူးပေးထားတဲ့ ဒါရိုက်တာကတော့ David Fincher ဖြစ်ပါတယ်။ သရုပ်ဆောင်တွေကတော့ Brad Pitt ၊ Edward Norton ၊ Jared Leto နဲ့ Helena Bonham Carter တို့က အဓိက ပါဝင်ထားပြီး အော်စကာတစ်ဆုအတွက် စံကာတင်စာရင်း ဝင်ခဲ့ပါတယ်။

(1) Inception
photo via screenrant

ဒီရုပ်ရှင်ကတော့ ၂၀၁၀ခုနှစ်မှာ ထွက်ရှိခဲ့ပြီး IMDb (8.8) ရရှိထားပါတယ်။ ဇာတ်လမ်းအကျဉ်းကတော့ Cobb ဟာ သူ့ပစ်မှတ်တွေရဲ့ အိပ်မက်တွေထဲကို ဝင်ရောက်ပြီး အရေးကြီး အချက်အလက်တွေကို ရယူနိုင်သူတစ်ယောက် ဖြစ်ပါတယ်။ အဲ့ဒီနောက်မှာတော့ Saito ဟာ သူ့ပြိုင်ဘက်ရဲ့ သားကို သူဖြစ်စေချင်တဲ့အတိုင်း အိပ်မက်ထဲကနေတစ်ဆင့် ပုံသွင်းပေးဖို့ Cobb ကို တောင်းဆိုခဲ့ပါတယ်။ အပြန်အလှန်အနေနဲ့တော့ Saito ဟာ Cobb ရဲ့ ပြစ်မှုမှတ်တမ်းတွေကို ဖျောက်ဖျက်ပေးရမှာ ဖြစ်ပါတယ်။

ဒီဇာတ်ကားကိုတော့ ဒါရိုက်တာ Christopher Nolan က ရိုက်ကူးပေးထားတာ ဖြစ်ပါတယ်။ သရုပ်ဆောင်တွေကတော့ Leonardo DiCaprio ၊ Joseph Gordon-Levitt ၊ Ellen Page နဲ့ Tom Hardy တို့က အဓိက ပါဝင်ထားပြီး အော်စကာ (၄)ဆုတောင် ရရှိထားပါတယ်။

Legos

(ဆံရစ်ဝိုင်းဝက်ဘ်ဆိုဒ်တွင် ဖော်ပြထားသော သတင်း၊ဆောင်းပါးများကို အခြားမည်သည့် ဝက်ဘ်ဆိုဒ်၊ Facebook စာမျက်နှာတွင်မျှ ကူးယူဖော်ပြခွင့် မပြုပါကြောင်း အသိပေးအပ်ပါသည်။)

(Zawgyi Version)

သာမန္႐ုပ္ရွင္ေတြဟာ တစ္ခါၾကည့္ၿပီးတာနဲ႔ အကုန္နားလည္သြားေပမယ့္လည္း တခ်ိဳ႕႐ုပ္ရွင္ေတြကေတာ့ အနည္းဆုံးႏွစ္ခါေလာက္ ျပန္ၾကည့္မွ ဇာတ္လမ္းကို ပိုနားလည္ႏိုင္မွာ ျဖစ္သလို ပိုၿပီးေတာ့ အရသာရွိၿပီး ၾကည့္လို႔ေကာင္းတာမ်ိဴးေတြလည္း ရွိပါတယ္။ အဲ့ဒီ့လို႐ုပ္ရွင္ေတြကေတာ့ ၾကည့္ၿပီးသြားတဲ့အခါ ဇာတ္လမ္းအေၾကာင္းေတြကို ေခါင္းထဲက ထုတ္မရဘဲ တစ္ခ်ိန္လုံး စဥ္းစားမိေနတာမ်ိဴးေတြ ျဖစ္တတ္ပါတယ္။ ၾကည့္ၿပီးသြားတာေတာင္ စဥ္းစားရေစတာမ်ိဴးနဲ႔ လြယ္လြယ္နဲ႔ နားလည္သြားတာမ်ိဴးကို မႀကိဳက္တဲ့သူေတြအတြက္ အခုေဖာ္ျပေပးမယ့္ ႐ုပ္ရွင္ေတြကို ၾကည့္သင့္ပါတယ္။

(7) Tenet
photo via screenrant

ဒီ႐ုပ္ရွင္ကေတာ့ ၂၀၂၀ခုႏွစ္မွာ ထြက္ရွိထားတာ ျဖစ္ၿပီး IMDb (7.7) ရရွိထားပါတယ္။ ဇာတ္လမ္းအက်ဥ္းကေတာ့ လွ်ိဳ႕ဝွက္ေအးဂ်င့္တစ္ေယာက္ဟာ တစ္ေန႔မွာ အံ့ဩမွင္သက္ဖို႔ေကာင္းတဲ့ အေၾကာင္းအရာတစ္ခုကို သိလိုက္ရပါတယ္။ အဲ့ဒါကေတာ့ အနာဂတ္ကာလက လူသားေတြဟာ အလြန္ျမင့္မားတဲ့ နည္းပညာေတြကို အသုံးျပဳေနၾကၿပီး တတိယကမာၻစစ္ ျဖစ္ဖို႔အတြက္ နီးကပ္ေနတာပဲ ျဖစ္ပါတယ္။ ဒါေၾကာင့္ပဲ အဲ့ဒီ့ေအးဂ်င့္ဟာ အႏၲရာယ္မ်ားလြန္းတဲ့ မစ္ရွင္ကို ျပဳလုပ္ဖို႔အတြက္ အေၾကာင္းဖန္လာပါေတာ့တယ္။

ဒါ႐ိုက္တာ Christopher Nolan က ႐ိုက္ကူးထားၿပီး သ႐ုပ္ေဆာင္ေတြကေတာ့ John David Washington ၊ Elizabeth Debicki နဲ႔ Robert Pattinson တို႔က အဓိက ပါဝင္ထားပါတယ္။

(6) The Sixth Sense
photo via screenrant

ဒီ႐ုပ္ရွင္ကေတာ့ ၁၉၉၉ခုႏွစ္မွာ ထြက္ရွိခဲ့ၿပီးေတာ့ IMDb (8.1) ရရွိထားပါတယ္။ ဇာတ္လမ္းကေတာ့ Malcolm Crowe ဆိုတဲ့ ကေလးစိတ္ေရာဂါ အထူးကုတစ္ေယာက္ဟာ ေကာင္ေလးတစ္ေယာက္ကို စတင္ၿပီး ကုသေပးရာက စတင္ပါတယ္။ အဲ့ဒီေကာင္ေလးဟာ ဝိဉာဥ္ေတြနဲ႔ ဆက္သြယ္ႏိုင္သူလည္း ျဖစ္ပါတယ္။

ဒါ႐ိုက္တာ M. Night Shyamalan က ႐ိုက္ကူးေပးထားၿပီး သ႐ုပ္ေဆာင္ေတြကေတာ့ Bruce Willis ၊ Toni Collette နဲ႔ Haley Joel Osment တို႔ အဓိက ပါဝင္ထားပါတယ္။ ဒါ့အျပင္ ေအာ္စကာ (၆)ဆုအတြက္ စံကာတင္စာရင္း ဝင္ထားပါတယ္။

(5) Eternal Sunshine of the Spotless Mind
photo via screenrant

ဒီဇာတ္ကားကေတာ့ ၂၀၀၄ခုႏွစ္မွာ ထြက္ရွိခဲ့တာ ျဖစ္ၿပီး IMDb (8.3) ရရွိထားပါတယ္။ Joel ဆိုတဲ့ေကာင္ေလးနဲ႔ Clementine ဆိုတဲ့ ေကာင္မေလးဟာ ခရီးတစ္ခုကို သြားဖို႔ ရထားစီးေနရင္းနဲ႔ ႏွစ္ေယာက္သား ရင္းႏွီးသြားၾကပါတယ္။ အဲ့ဒီေနာက္မွာေတာ့ တစ္ေယာက္နဲ႔တစ္ေယာက္ဟာ ပိုၿပီးေတာ့ သံေယာဇဥ္ ျဖစ္လာခဲ့တဲ့အျပင္ သူတို႔ႏွစ္ေယာက္လုံးဟာ ဟိုးအရင္တည္းက သိကြၽမ္းခဲ့သလို ခံစားလာရပါေတာ့တယ္။

ဒီဇာတ္ကားကို ႐ိုက္ကူးေပးထားတဲ့ ဒါ႐ိုက္တာကေတာ့ Michel Gondry ျဖစ္ပါတယ္။ သ႐ုပ္ေဆာင္ေတြကေတာ့ Jim Carrey ၊ Kate Winslet ၊ Elijah Wood နဲ႔ Mark Ruffalo တို႔က အဓိက ပါဝင္ထားၿပီး ေအာ္စကာတစ္ဆု ရရွိထားပါတယ္။

(4) The Prestige
photo via screenrant

ဒီကားကေတာ့ ၂၀၀၆ခုႏွစ္တုန္းက ထြက္ရွိထားၿပီး IMDb (8.5) ရရွိထားပါတယ္။ ဇာတ္လမ္းကေတာ့ မ်က္လွည့္ဆရာႏွစ္ေယာက္အေၾကာင္းကို ႐ိုက္ကူးထားတာ ျဖစ္ပါတယ္။ သူတို႔ႏွစ္ေယာက္ဟာ နဂိုက သူငယ္ခ်င္းေတြ ျဖစ္ၾကေပမယ့္လည္း စိတ္မေကာင္းစရာ ျဖစ္ရပ္တစ္ခု ျဖစ္သြားၿပီးတဲ့ ေနာက္ပိုင္းမွာေတာ့ ရန္သူေတြ ျဖစ္သြားခဲ့ၾကပါတယ္။ သူတို႔ႏွစ္ေယာက္ဟာ ၿပိဳင္ဘက္ေတြ ျဖစ္သြားတာေၾကာင့္ ဘယ္သူက ပိုၿပီးသာလည္းဆိုတာကို ဆုံးျဖတ္ဖို႔အတြက္ သူတို႔မွာရွိသမွ် အရာအားလုံး စြန႔္လႊတ္ၿပီးေတာ့ တစ္ေယာက္ထက္ တစ္ေယာက္က ပိုသာေအာင္ ႀကိဳးစားၾကပါေတာ့တယ္။

ဒီဇာတ္ကားကိုေတာ့ ဒါ႐ိုက္တာ Christopher Nolan က ႐ိုက္ကူးေပးထားပါတယ္။ သ႐ုပ္ေဆာင္ေတြကေတာ့ Christian Bale ၊ Hugh Jackman နဲ႔ Scarlett Johansson တို႔က အဓိက ပါဝင္ထားၿပီးေတာ့ ေအာ္စကာ (၂)ဆုအတြက္ စံကာတင္စာရင္း ဝင္ထားပါတယ္။

(3) Interstellar
photo via screenrant

ဒီ႐ုပ္ရွင္ကေတာ့ ၂၀၁၄ခုႏွစ္မွာ ထြက္ရွိခဲ့တာ ျဖစ္ၿပီး IMDb (8.6) ရရွိထားပါတယ္။ ဇာတ္လမ္းကေတာ့ ကမာၻႀကီးရဲ႕ သယံဇာတေတြဟာ ကုန္သေလာက္ ျဖစ္လာတာေၾကာင့္ လူသားေတြ ေနထိုင္ဖို႔အတြက္ ၿဂိဳဟ္အသစ္ကို ရွာေဖြရပါေတာ့တယ္။ ဒီလိုနဲ႔ ေလယာဥ္မႉးဘဝကေန အနားယူထားၿပီး လယ္သမားလုပ္ေနတဲ့ Cooper ဟာ နာဆာရဲ႕ ကမ္းလွမ္းမႈနဲ႔ ေနထိုင္ရာ ၿဂိဳဟ္အသစ္ ရွာေဖြမယ့္မစ္ရွင္မွာ ပါဝင္ဖို႔ ျဖစ္လာပါေတာ့တယ္။

ဒီဇာတ္ကားကိုလည္း ဒါ႐ိုက္တာ Christopher Nolan က ႐ိုက္ကူးေပးထားတာ ျဖစ္ပါတယ္။ သ႐ုပ္ေဆာင္ေတြအေနနဲ႔ Matthew McConaughey ၊ Anne Hathaway ၊ Jessica Chastain နဲ႔ Michael Caine တို႔က အဓိက ပါဝင္ထားၿပီးေတာ့ ေအာ္စကာတစ္ဆု ရရွိထားပါတယ္။

(2) Fight Club
photo via screenrant

ဒီ႐ုပ္ရွင္ကေတာ့ ၁၉၉၉ခုႏွစ္မွာ ထြက္ရွိခဲ့ၿပီး IMDb (8.8) ရရွိထားပါတယ္။ လက္ရွိေနထိုင္မႈပုံစံႀကီးကို သေဘာမက်ေတာ့တဲ့ လူတစ္ေယာက္ဟာ Tyler ဆိုသူနဲ႔ ပူးေပါင္းၿပီးေတာ့ တရားမဝင္ ထိုးသတ္ပြဲေတြကို တည္ေထာင္ခဲ့ပါတယ္။ ဒါေပမယ့္လည္း ေနာက္ပိုင္းမွာေတာ့ သူတို႔ရဲ႕ အစီအစဥ္ႀကီးဟာ တျဖည္းျဖည္းနဲ႔ မေကာင္းတာေတြ ျဖစ္လာပါေတာ့တယ္။

ဒီဇာတ္ကားကို ႐ိုက္ကူးေပးထားတဲ့ ဒါ႐ိုက္တာကေတာ့ David Fincher ျဖစ္ပါတယ္။ သ႐ုပ္ေဆာင္ေတြကေတာ့ Brad Pitt ၊ Edward Norton ၊ Jared Leto နဲ႔ Helena Bonham Carter တို႔က အဓိက ပါဝင္ထားၿပီး ေအာ္စကာတစ္ဆုအတြက္ စံကာတင္စာရင္း ဝင္ခဲ့ပါတယ္။

(1) Inception
photo via screenrant

ဒီ႐ုပ္ရွင္ကေတာ့ ၂၀၁၀ခုႏွစ္မွာ ထြက္ရွိခဲ့ၿပီး IMDb (8.8) ရရွိထားပါတယ္။ ဇာတ္လမ္းအက်ဥ္းကေတာ့ Cobb ဟာ သူ႔ပစ္မွတ္ေတြရဲ႕ အိပ္မက္ေတြထဲကို ဝင္ေရာက္ၿပီး အေရးႀကီး အခ်က္အလက္ေတြကို ရယူႏိုင္သူတစ္ေယာက္ ျဖစ္ပါတယ္။ အဲ့ဒီေနာက္မွာေတာ့ Saito ဟာ သူ႔ၿပိဳင္ဘက္ရဲ႕ သားကို သူျဖစ္ေစခ်င္တဲ့အတိုင္း အိပ္မက္ထဲကေနတစ္ဆင့္ ပုံသြင္းေပးဖို႔ Cobb ကို ေတာင္းဆိုခဲ့ပါတယ္။ အျပန္အလွန္အေနနဲ႔ေတာ့ Saito ဟာ Cobb ရဲ႕ ျပစ္မႈမွတ္တမ္းေတြကို ေဖ်ာက္ဖ်က္ေပးရမွာ ျဖစ္ပါတယ္။

ဒီဇာတ္ကားကိုေတာ့ ဒါ႐ိုက္တာ Christopher Nolan က ႐ိုက္ကူးေပးထားတာ ျဖစ္ပါတယ္။ သ႐ုပ္ေဆာင္ေတြကေတာ့ Leonardo DiCaprio ၊ Joseph Gordon-Levitt ၊ Ellen Page နဲ႔ Tom Hardy တို႔က အဓိက ပါဝင္ထားၿပီး ေအာ္စကာ (၄)ဆုေတာင္ ရရွိထားပါတယ္။

Legos

(ဆံရစ္ဝိုင္းဝက္ဘ္ဆိုဒ္တြင္ ေဖာ္ျပထားေသာ သတင္း၊ေဆာင္းပါးမ်ားကို အျခားမည္သည့္ ဝက္ဘ္ဆိုဒ္၊ Facebook စာမ်က္ႏွာတြင္မွ် ကူးယူေဖာ္ျပခြင့္ မျပဳပါေၾကာင္း အသိေပးအပ္ပါသည္။)

RELATED ARTICLES

Most Popular