HomeEntertainmentFilmပရိသတ်တွေ နှစ်သက်ကြဦးမယ့် Minions: The Rise of Gru

ပရိသတ်တွေ နှစ်သက်ကြဦးမယ့် Minions: The Rise of Gru

Illumination စတူဒီယိုကတော့ မကြာသေးခင်ကပဲ ပရိသတ်တွေ စောင့်မျှော်နေတဲ့ Minions: The Rise of Gru ရဲ့ ထွေလာကို ထုတ်ပေးလိုက်ပါတယ်။ ဒီ Animation ကတော့ Despicable Me ရဲ့ Prequel ပဲ ဖြစ်ပြီး Gru နဲ့ Minion တွေ ဘယ်လိုစတင်တွေ့ဆုံခဲ့ကြလည်းဆိုတာ မြင်တွေ့ရမှာ ဖြစ်ပါတယ်။ အဲဒီနောက်မှာတော့ သူတို့ဟာ Vicious 6 ဆိုတဲ့ ဗီလိန်အဖွဲ့တစ်ခုကို ပူးပေါင်းရင်ဆိုင်ကြတာကိုလည်း မြင်တွေ့ရမှာ ဖြစ်ပါတယ်။

photo via screenrant

ဒီ Animation ထဲမှာတော့ Steve Carell ဟာ Gru အနေနဲ့ ပြန်လည်ပါဝင်ထားပြီး Taraji P. Henson ၊ Michelle Yeoh ၊ Julie Andrews နဲ့ Alan Arkin တို့ကလည်း အသံသရုပ်ဆောင်အနေနဲ့ ပါဝင်ထားကြပါတယ်။ ၂၀၁၅ ခုနှစ်မှာ ထွက်ရှိခဲ့တဲ့ Minions နဲ့ ၂၀၁၇ ခုနှစ်မှာ ထွက်ရှိခဲ့တဲ့ Despicable Me 3 တို့ကို ရိုက်ကူးခဲ့တဲ့ ဒါရိုက်တာ Kyle Balda ကပဲ ဒီ Animation ကို ဒါရိုက်တာအနေနဲ့ တာဝန်ယူ ရိုက်ကူးထားတာ ဖြစ်ပါတယ်။

အသစ်ထွက်ရှိလာတဲ့ ထွေလာထဲမှာတော့ Minion တွေဟာ လေယာဉ်မောင်းနေတာကို မြင်တွေ့ရပြီး ထုံးစံအတိုင်း ပေါက်ကရတွေ ပြုလုပ်နေတာကိုလည်း မြင်တွေ့ခဲ့ရပါတယ်။ ဒါ့အပြင် (၁၂)နှစ်သားအရွယ်သာ ရှိသေးတဲ့ Gru ကိုလည်း မြင်တွေ့ခဲ့ရပါသေးတယ်။

Minions တွေကတော့ Illumination စတူဒီယိုက စတင်ထုတ်လုပ်ခဲ့တဲ့ အချိန်ကတည်းက ကလေးလူကြီးမကျန် ကြိုက်နှစ်သက်ခဲ့ကြတဲ့ ဇာတ်ကောင်တွေပဲ ဖြစ်ပါတယ်။ ပရိသတ်တွေကတော့ ဒီရုပ်ရှင်ကို စောင့်မျှော်နေကြတာ အချိန်တွေ ကြာမြင့်နေပြီ ဖြစ်ပြီး ယခုအချိန်မှာတော့ အသစ်ထွက်ရှိလာမယ့် ရုပ်ရှင်အတွက် ထွေလာကြည့်ရှုရင်း အနည်းငယ် ထပ်မံစောင့်ဆိုင်းစရာပဲ ကျန်ပါတယ်။ ဒီရုပ်ရှင်ကတော့ လာမယ့် ဇူလိုင်လ(၁)ရက်နေ့မှာ ရုံတင်ပြသတော့မှာ ဖြစ်ပါတယ်။

Legos

Source: Screenrant

RELATED ARTICLES

Most Popular