HomeBiographyဖခင်နဲ့မတူတဲ့ လမ်းကြောင်းပေါ်မှာ လျှောက်လှမ်းနေတဲ့ Eminem ရဲ့သမီးလေး Hailie Jade

ဖခင်နဲ့မတူတဲ့ လမ်းကြောင်းပေါ်မှာ လျှောက်လှမ်းနေတဲ့ Eminem ရဲ့သမီးလေး Hailie Jade

အောက်တွင် ယူနီကုဒ်ဖြင့် ဖတ်ပါ။

Eminem ရဲ႕ ပရိသတ္ေတြဆိုရင္ေတာ့ Hailie Jade ဆိုတဲ့ နာမည္ေလးကို Rapper ႀကီးရဲ႕ သီခ်င္းစာသားေတြကေနတစ္ဆင့္ ရင္းႏွီးၿပီးသား ျဖစ္ေနမွာပါ။ Eminem ရဲ႕ 97 Bonnie & Clyde ဆိုတဲ့ သီခ်င္းထဲက ခ်စ္စရာကေလးသံေလးရဲ႕ ပိုင္ရွင္ဟာ အခုဆိုရင္ေတာ့ (၂၄)ႏွစ္အရြယ္ မိန္းမလွေလးတစ္ဦး ျဖစ္ေနပါၿပီ။

သူမဟာ နာမည္ႀကီး Rapper Eminem ရဲ႕ တစ္ဦးတည္းေသာ သမီးေလးျဖစ္ၿပီး နာမည္အျပည့္အစုံကေတာ့ Hailie Jade Scott Mathers ျဖစ္ပါတယ္။ လက္ရိွမွာ Michigan ျပည္နယ္၊ Detroit ၿမိဳ႕မွာ ေနထိုင္ေနၿပီး မိခင္ျဖစ္သူကေတာ့ Eminem ရဲ႕ အထက္တန္းေက်ာင္းက ခ်စ္သူျဖစ္ခဲ့တဲ့ Kimberly Anne Scott ျဖစ္ပါတယ္။

Photo: hailiejade/ Instagram

Eminem နဲ႔ Kimberly တို႔ဟာ ၁၉၉၉ခုႏွစ္မွာ လက္ထပ္ခဲ့ၾကၿပီး ၂၀၀၁ခုႏွစ္မွာေတာ့ ကြာရွင္းျပတ္စဲခဲ့ၾကပါတယ္။ အဲ့ဒီ့ေနာက္မွာ Eminem ဟာ ေနာက္ထပ္ ဘယ္ေတာ့မွ လက္ထပ္ျဖစ္မွာ မဟုတ္ေတာ့ဘူးလို႔ ေျပာခဲ့ေပမယ့္ ၂၀၀၆ခုႏွစ္မွာေတာ့ ႏွစ္ဦးသား ျပန္လည္ရင္ၾကားေစ့သြားခဲ့ၿပီး တစ္ဖန္ျပန္လည္ လက္ထပ္ခဲ့ၾကပါတယ္။ သို႔ေပမယ့္ ျပတ္ေသာႀကိဳးတို႔ရဲ႕ ထုံးစံအတိုင္း ဆက္ထုံးေတြနဲ႔မို႔ လအနည္းငယ္အၾကာမွာေတာ့ Eminem ဘက္ကစၿပီး ကြာရွင္းခြင့္ကို တရားရုံးမွာ ေလွ်ာက္ထားခဲ့ပါတယ္။

Photo: hailiejade/ Instagram

Hailie မွာ (၁၇)ႏွစ္အရြယ္ Whitney Scott Mathers နဲ႔ (၂၆)ႏွစ္အရြယ္ Alaina Marie Mathers ဆိုတဲ့ ၀မ္းကြဲညီအစ္မႏွစ္ဦး ရိွပါတယ္။ သူတို႔ႏွစ္ေယာက္ဟာ Hailie ရဲ႕အေမဘက္က ေတာ္စပ္တာျဖစ္ၿပီး Hailie ရဲ႕အေဒၚ Dawn ရဲ႕ သမီးေလးေတြျဖစ္ကာ ေနာက္ပိုင္းမွာ Eminem က တရား၀င္ ေမြးစားလိုက္တာ ျဖစ္ပါတယ္။ ဒါ့အျပင္ Hailie မွာ Parker လို႔ေခၚတဲ့ အစ္ကိုတစ္ေယာက္လည္း ရိွပါေသးတယ္။ သူကေတာ့ အေမဘက္က ပါလာတဲ့ အစ္ကိုျဖစ္ၿပီး သူ႔ရဲ႕အေဖကေတာ့ ဘယ္သူဘယ္၀ါဆိုတာ မသိရပါဘူး။

Photo: hailiejade/ Instagram

Eminem ဟာ တစ္ေယာက္တည္းရိွတဲ့ သမီးအရင္းေလးကိုေတာ့ အေတာ္ေလး ခ်စ္ခင္ပုံရပါတယ္။ ဒါေၾကာင့္လည္း Hailie’s Song ၊ My Dad’s Gone Crazy ၊ Kim ၊ 97 Bonnie & Clyde ၊ Beautiful ၊ My Darling အမည္ရ သီခ်င္းေတြအပါအ၀င္ Hailie ရဲ႕အေၾကာင္းကို သီခ်င္း(၂၂)ပုဒ္ေလာက္မွာ ထည့္ဆိုခဲ့တာ ျဖစ္ပါတယ္။

အေဖလုပ္သူက ကမာၻေက်ာ္ Rapper ႀကီးတစ္ေယာက္ ျဖစ္ေပမယ့္ Hailie ဟာ အေဖ့ရဲ႕အရိွန္အ၀ါနဲ႔ ၾကြားၾကြား၀ါ၀ါ ေနေလ့ရိွသူေတာ့ မဟုတ္ပါဘူး။ ဖခင္ျဖစ္သူက ဂီတလမ္းေၾကာင္းကို ေလွ်ာက္ခဲ့ေပမယ့္ သူမကေတာ့ ေအးေအးေဆးေဆးနဲ႔ပဲ ဖခင္နဲ႔မတူတဲ့ Social Influencer လမ္းေၾကာင္းကို ေလွ်ာက္လွမ္းေနတာ ျဖစ္ပါတယ္။

Photo: hailiejade/ Instagram

လက္ရိွမွာ သူမဟာ Instagram Model တစ္ဦးျဖစ္ၿပီး ဖက္ရွင္၊ အလွအပ၊ Lifestyle ၊ Fitness နဲ႔ ပတ္သက္တဲ့ အေၾကာင္းအရာေတြကို Instagram မွာ ေ၀မွ်ၿပီး Influencer တစ္ေယာက္ ျဖစ္လာေနပါၿပီ။ သူမရဲ႕ ေခ်ာေမာလွပတဲ့ ရုပ္ရည္အျပင္ က်စ္လ်စ္ေတာင့္တင္းတဲ့ ခႏၶာကိုယ္ေၾကာင့္လည္း ေက်ာ္ၾကားသူေလးပါ။ သူမရဲ႕ခႏၶာကိုယ္အလွကို ျဖစ္ေစတဲ့ ေလ့က်င့္ခန္းပုံစံေတြကိုလည္း တစိုက္မတ္မတ္ ေ၀မွ်ေလ့ ရိွသူေလး ျဖစ္ပါတယ္။

Photo: hailiejade/ Instagram

လက္ရိွ သူမရဲ႕ Instagram အေကာင့္ဟာ follower (၂)သန္း ရိွေနၿပီး သူမဘာသာ ရပ္တည္ေနႏိုင္တဲ့ ၀င္ေငြပမာဏတစ္ခုကို ပိုင္ဆိုင္ထားၿပီလို႔လည္း ေျပာလို႔ရပါတယ္။ သူမဟာ ၁၉၉၅ခုႏွစ္ ဒီဇင္ဘာလ(၂၅)ရက္ေန႔မွာ ေမြးဖြားခဲ့တဲ့ ခရစ္စမတ္ရဲ႕ သမီးေလးတစ္ေယာက္ ျဖစ္ပါတယ္။ သူမရဲ႕ Instagram မွာ ဖခင္လုပ္သူရဲ႕ နာမည္ကို ေဖာ္ျပေလ့မရိွတာကလည္း အေဖလုပ္သူရဲ႕ အရိွန္အ၀ါနဲ႔ ေက်ာ္ၾကားလိုစိတ္မရိွတဲ့ ခ်ီးက်ဴးစရာစိတ္ဓာတ္ေလးလို႔ ေျပာရမွာပါ။ Michigan State University ကေန စိတ္ပညာအထူးျပဳဘာသာရပ္နဲ႔ ဘြဲ႕ရရိွထားၿပီး လက္ရိွမွာ သူမရဲ႕ Social Media ေပၚက လႈပ္ရွားမႈေတြကိုသာ အခ်ိန္ေပး၊ အာရုံစိုက္ထားတဲ့ ခ်စ္စရာ Instagram ေမာ္ဒယ္လ္ေလးတစ္ေယာက္ ျဖစ္ပါတယ္လို႔ ဆိုရင္း ….။

Xei

(ဆံရစ္ဝိုင္းမီဒီယာစာမ်က္ႏွာေပၚတြင္ ေဖာ္ျပထားေသာ သတင္း၊ေဆာင္းပါးမ်ားကို ခြင့္ျပဳခ်က္ တစ္စုံတစ္ရာ မရရွိဘဲ မိမိတို႔ကိုယ္က်ိဳးအတြက္ ကူးယူသုံးစြဲျခင္း မျပဳလုပ္ၾကပါရန္ သတိေပးအပ္ပါသည္။)

(Unicode Version)

Eminem ရဲ့ ပရိသတ်တွေဆိုရင်တော့ Hailie Jade ဆိုတဲ့ နာမည်လေးကို Rapper ကြီးရဲ့ သီချင်းစာသားတွေကနေတစ်ဆင့် ရင်းနှီးပြီးသား ဖြစ်နေမှာပါ။ Eminem ရဲ့ 97 Bonnie & Clyde ဆိုတဲ့ သီချင်းထဲက ချစ်စရာကလေးသံလေးရဲ့ ပိုင်ရှင်ဟာ အခုဆိုရင်တော့ (၂၄)နှစ်အရွယ် မိန်းမလှလေးတစ်ဦး ဖြစ်နေပါပြီ။

သူမဟာ နာမည်ကြီး Rapper Eminem ရဲ့ တစ်ဦးတည်းသော သမီးလေးဖြစ်ပြီး နာမည်အပြည့်အစုံကတော့ Hailie Jade Scott Mathers ဖြစ်ပါတယ်။ လက်ရှိမှာ Michigan ပြည်နယ်၊ Detroit မြို့မှာ နေထိုင်နေပြီး မိခင်ဖြစ်သူကတော့ Eminem ရဲ့ အထက်တန်းကျောင်းက ချစ်သူဖြစ်ခဲ့တဲ့ Kimberly Anne Scott ဖြစ်ပါတယ်။

Photo: hailiejade/ Instagram

Eminem နဲ့ Kimberly တို့ဟာ ၁၉၉၉ခုနှစ်မှာ လက်ထပ်ခဲ့ကြပြီး ၂၀၀၁ခုနှစ်မှာတော့ ကွာရှင်းပြတ်စဲခဲ့ကြပါတယ်။ အဲ့ဒီ့နောက်မှာ Eminem ဟာ နောက်ထပ် ဘယ်တော့မှ လက်ထပ်ဖြစ်မှာ မဟုတ်တော့ဘူးလို့ ပြောခဲ့ပေမယ့် ၂၀၀၆ခုနှစ်မှာတော့ နှစ်ဦးသား ပြန်လည်ရင်ကြားစေ့သွားခဲ့ပြီး တစ်ဖန်ပြန်လည် လက်ထပ်ခဲ့ကြပါတယ်။ သို့ပေမယ့် ပြတ်သောကြိုးတို့ရဲ့ ထုံးစံအတိုင်း ဆက်ထုံးတွေနဲ့မို့ လအနည်းငယ်အကြာမှာတော့ Eminem ဘက်ကစပြီး ကွာရှင်းခွင့်ကို တရားရုံးမှာ လျှောက်ထားခဲ့ပါတယ်။

Photo: hailiejade/ Instagram

Hailie မှာ (၁၇)နှစ်အရွယ် Whitney Scott Mathers နဲ့ (၂၆)နှစ်အရွယ် Alaina Marie Mathers ဆိုတဲ့ ဝမ်းကွဲညီအစ်မနှစ်ဦး ရှိပါတယ်။ သူတို့နှစ်ယောက်ဟာ Hailie ရဲ့အမေဘက်က တော်စပ်တာဖြစ်ပြီး Hailie ရဲ့အဒေါ် Dawn ရဲ့ သမီးလေးတွေဖြစ်ကာ နောက်ပိုင်းမှာ Eminem က တရားဝင် မွေးစားလိုက်တာ ဖြစ်ပါတယ်။ ဒါ့အပြင် Hailie မှာ Parker လို့ခေါ်တဲ့ အစ်ကိုတစ်ယောက်လည်း ရှိပါသေးတယ်။ သူကတော့ အမေဘက်က ပါလာတဲ့ အစ်ကိုဖြစ်ပြီး သူ့ရဲ့အဖေကတော့ ဘယ်သူဘယ်ဝါဆိုတာ မသိရပါဘူး။

Photo: hailiejade/ Instagram

Eminem ဟာ တစ်ယောက်တည်းရှိတဲ့ သမီးအရင်းလေးကိုတော့ အတော်လေး ချစ်ခင်ပုံရပါတယ်။ ဒါကြောင့်လည်း Hailie’s Song ၊ My Dad’s Gone Crazy ၊ Kim ၊ 97 Bonnie & Clyde ၊ Beautiful ၊ My Darling အမည်ရ သီချင်းတွေအပါအဝင် Hailie ရဲ့အကြောင်းကို သီချင်း(၂၂)ပုဒ်လောက်မှာ ထည့်ဆိုခဲ့တာ ဖြစ်ပါတယ်။

အဖေလုပ်သူက ကမ္ဘာကျော် Rapper ကြီးတစ်ယောက် ဖြစ်ပေမယ့် Hailie ဟာ အဖေ့ရဲ့အရှိန်အဝါနဲ့ ကြွားကြွားဝါဝါ နေလေ့ရှိသူတော့ မဟုတ်ပါဘူး။ ဖခင်ဖြစ်သူက ဂီတလမ်းကြောင်းကို လျှောက်ခဲ့ပေမယ့် သူမကတော့ အေးအေးဆေးဆေးနဲ့ပဲ ဖခင်နဲ့မတူတဲ့ Social Influencer လမ်းကြောင်းကို လျှောက်လှမ်းနေတာ ဖြစ်ပါတယ်။

Photo: hailiejade/ Instagram

လက်ရှိမှာ သူမဟာ Instagram Model တစ်ဦးဖြစ်ပြီး ဖက်ရှင်၊ အလှအပ၊ Lifestyle ၊ Fitness နဲ့ ပတ်သက်တဲ့ အကြောင်းအရာတွေကို Instagram မှာ ဝေမျှပြီး Influencer တစ်ယောက် ဖြစ်လာနေပါပြီ။ သူမရဲ့ ချောမောလှပတဲ့ ရုပ်ရည်အပြင် ကျစ်လျစ်တောင့်တင်းတဲ့ ခန္ဓာကိုယ်ကြောင့်လည်း ကျော်ကြားသူလေးပါ။ သူမရဲ့ခန္ဓာကိုယ်အလှကို ဖြစ်စေတဲ့ လေ့ကျင့်ခန်းပုံစံတွေကိုလည်း တစိုက်မတ်မတ် ဝေမျှလေ့ ရှိသူလေး ဖြစ်ပါတယ်။

Photo: hailiejade/ Instagram

လက်ရှိ သူမရဲ့ Instagram အကောင့်ဟာ follower (၂)သန်း ရှိနေပြီး သူမဘာသာ ရပ်တည်နေနိုင်တဲ့ ဝင်ငွေပမာဏတစ်ခုကို ပိုင်ဆိုင်ထားပြီလို့လည်း ပြောလို့ရပါတယ်။ သူမဟာ ၁၉၉၅ခုနှစ် ဒီဇင်ဘာလ(၂၅)ရက်နေ့မှာ မွေးဖွားခဲ့တဲ့ ခရစ်စမတ်ရဲ့ သမီးလေးတစ်ယောက် ဖြစ်ပါတယ်။ သူမရဲ့ Instagram မှာ ဖခင်လုပ်သူရဲ့ နာမည်ကို ဖော်ပြလေ့မရှိတာကလည်း အဖေလုပ်သူရဲ့ အရှိန်အဝါနဲ့ ကျော်ကြားလိုစိတ်မရှိတဲ့ ချီးကျူးစရာစိတ်ဓာတ်လေးလို့ ပြောရမှာပါ။ Michigan State University ကနေ စိတ်ပညာအထူးပြုဘာသာရပ်နဲ့ ဘွဲ့ရရှိထားပြီး လက်ရှိမှာ သူမရဲ့ Social Media ပေါ်က လှုပ်ရှားမှုတွေကိုသာ အချိန်ပေး၊ အာရုံစိုက်ထားတဲ့ ချစ်စရာ Instagram မော်ဒယ်လ်လေးတစ်ယောက် ဖြစ်ပါတယ်လို့ ဆိုရင်း ….။

Xei

(ဆံရစ်ဝိုင်းမီဒီယာစာမျက်နှာပေါ်တွင် ဖော်ပြထားသော သတင်း၊ဆောင်းပါးများကို ခွင့်ပြုချက် တစ်စုံတစ်ရာ မရရှိဘဲ မိမိတို့ကိုယ်ကျိုးအတွက် ကူးယူသုံးစွဲခြင်း မပြုလုပ်ကြပါရန် သတိပေးအပ်ပါသည်။)

 

RELATED ARTICLES

Most Popular