HomeEntertainmentFilmMoana ဇာတ်လမ်းကို Live Action အဖြစ် ပြန်လည်ဖန်တီးသွားမယ့် Disney

Moana ဇာတ်လမ်းကို Live Action အဖြစ် ပြန်လည်ဖန်တီးသွားမယ့် Disney

Disney စတူဒီယိုဟာ Moana ဇာတ်လမ်းကို Live Action အဖြစ် ပြန်လည်ဖန်တီးသွားဖို့ ပြင်ဆင်နေပြီလို့ Dwayne Johnson က အတည်ပြုလိုက်ပါတယ်။ ဒီ Animation ရဲ့ဇာတ်လမ်းကတော့ အားလုံးသိကြတဲ့အတိုင်း Polynesian ရွာသူကြီးရဲ့ သမီးဖြစ်သူဟာ သူတို့ကျွန်းပေါ်မှာ ရှင်းပြလို့မရတဲ့ ဖြစ်ရပ်တွေ ဖြစ်လာတာကြောင့် ကျွန်းကနေ ထွက်ခွာလာပြီး သူမရဲ့ရွာသူရွာသားတွေကို ကယ်တင်ဖို့ ကြိုးစားတဲ့အကြောင်းပဲ ဖြစ်ပါတယ်။

photo credit Walt Disney Studios

Moana ဇာတ်လမ်းကတော့ လွန်ခဲ့တဲ့ ခြောက်နှစ်ကျော်က ထွက်ရှိခဲ့ပြီး ယခုအချိန်မှာတော့ Dwayne Johnson ဟာ Moana ဇာတ်လမ်းကို Live Action အဖြစ် မြင်တွေ့ရတော့မယ်လို့ ပရိသတ်တွေကို Surprise လုပ်သွားပါတယ်။ အစတုန်းကတော့ Johnson ဟာ Moana Live Action အဖြစ် ထွက်လာမယ်ဆိုတဲ့ ဗွီဒီယိုကို တွစ်တာပေါ်မှာ တင်ခဲ့တာ ဖြစ်ပြီး ယခုအချိန်မှာတော့ Disney ကပါ ဒီဗွီဒီယိုကို YouTube ပေါ်မှာ တင်ပေးလိုက်တာ ဖြစ်ပါတယ်။

Disney စတူဒီယိုဟာ ဒီဇာတ်လမ်းကို Live Action အဖြစ် ဖန်တီးနေပြီလို့ Dwayne Johnson က ပြောသွားသလို ဒီရုပ်ရှင်ကိုတော့ တကယ့် Samoan ကျွန်းတွေမှာ ရိုက်ကူးသွားမယ်လို့လည်း ဆိုပါတယ်။ မူလဇာတ်လမ်းထဲက Location တွေကလည်း အဲဒီကျွန်းတွေကို မှီငြမ်းပြီး ဖန်တီးထားခဲ့တာ ဖြစ်ပါတယ်။ ဒါ့အပြင် ဒီရုပ်ရှင်ထဲမှာလည်း Dwayne Johnson က Maui အနေနဲ့ ပြန်လည်သရုပ်ဆောင်သွားဦးမှာ ဖြစ်ပါတယ်။

မူလဇာတ်လမ်းထဲမှာတော့ ပရိသတ်တွေရဲ့ ကြိုက်နှစ်သက်မှုတွေကို ရရှိခဲ့တဲ့ ကြက်ကလေး Hei Hei ကိုလည်း ပြန်လည်မြင်တွေ့ရဦးမယ်လို့ ဆိုပါတယ်။ Moana အဖြစ် အသံသရုပ်ဆောင်ခဲ့တဲ့ Auli’i Cravalho ကတော့ ဒီရုပ်ရှင်ထဲမှာ Executive Producer အနေနဲ့ ပါဝင်ထားပြီး Moana အနေနဲ့ ပြန်လည်ပါဝင်လာဦးမလား ဆိုတာတော့ မသိရသေးပါဘူး။ လောလောဆယ်မှာတော့ Disney ဟာ ဒီရုပ်ရှင်ကို ဖန်တီးနေဆဲ ဖြစ်တာကြောင့် နောက်ထပ် တစ်နှစ်၊နှစ်နှစ်လောက်ဆိုရင်တော့ ရုံတင်ပြသသွားနိုင်ပါတယ်။

Legos

Source: Screenrant

RELATED ARTICLES

Most Popular