HomeCelebs Update NewsInternationalVMAs ဆုပေးပွဲတစ်လျှောက် အုတ်အော်သောင်းနင်း အဖြစ်ခဲ့ဆုံး ဂယက်များ

VMAs ဆုပေးပွဲတစ်လျှောက် အုတ်အော်သောင်းနင်း အဖြစ်ခဲ့ဆုံး ဂယက်များ

ေအာက္တြင္ ေဇာ္ဂ်ီျဖင့္ ဖတ္ပါ။

VMAs လို့ အတိုကောက် ခေါ်တဲ့ MTV Video Music Awards ဟာ ဟောလိဝုဒ်ရဲ့ ဂီတပညာရှင်တွေကြားမှာ နာမည်ကျော်ပြီး အတော်အသင့် ဩဇာရှိတဲ့ ဆုတစ်ခုဖြစ်ပါတယ်။ နှစ်စဉ်ကျင်းပလေ့ ရှိခဲ့တဲ့ VMAs ဆုပေးပွဲမှာ တစ်နှစ်မဟုတ် တစ်နှစ်တော့ ဂယက်တွေ ထလေ့ရှိတာဟာလည်း အစဉ်အလာလို ဖြစ်နေပါပြီ။ ဒါကြောင့် VMAs ဆုပေးပွဲတစ်လျှောက်မှာ အုတ်အော်သောင်းနင်း အဖြစ်ခဲ့ဆုံး ဂယက်တွေကို ဖော်ပြပေးလိုက်ပါတယ်။

ဆုလက်ခံစကားပြောနေတဲ့Taylor Swift ကို ကြားဖြတ်ဝင်နှောက်ခဲ့တဲ့ Kanye West
Photo: taylorswift/ kanyewest_official/ Instagram

ပထမဆုံး ဖော်ပြပေးမယ့် ဂယက်တစ်ခုကတော့ ၂၀၀၉ခုနှစ် VMAs မှာ ဖြစ်ခဲ့တာပါ။ အဲ့ဒီ့နှစ်မှာ Taylor Swift ဟာ သူမရဲ့ ပထမဆုံး VMAs ဆုကို လက်ခံရရှိခဲ့ပြီး အသက်(၁၉)နှစ်သာ ရှိပါသေးတယ်။ Best Female Video ဆုကို ရရှိခဲ့တဲ့ Taylor ဟာ သူမရဲ့ဆုလက်ခံစကားကို စင်ပေါ်မှာ ပြောနေတုန်းမှာပဲ Kanye West ကလည်း စင်ပေါ်ကို တက်လာပြီး Taylor လက်ထဲက မိုက်ခရိုဖုန်းကို လုယူလိုက်ပါတယ်။ ပြီးနောက် အဆိုပါ Best Female Video ဆုဟာ Beyonce နဲ့သာ ထိုက်တန်ကြောင်းကိုလည်း ပြောလိုက်ပါသေးတယ်။ Taylor နဲ့ Kanye တို့ဟာ အစပိုင်းတုန်းက မိတ်ဆွေတွေ ဖြစ်ခဲ့ကြပေမယ့် ဒီအဖြစ်အပျက်ကစလို့ နှစ်ပေါင်းများစွာ မဟာရန်သူတွေအဖြစ်ကို ပြောင်းလဲသွားခဲ့ကြတာ ဖြစ်ပါတယ်။

ဖျော်ဖြေမှုအဆုံးမှာ အကြင်နာပေးခဲ့ကြတဲ့ Madonna နဲ့ Britney Spears
Photo: britneyspears/ madonna/ Instagram

VMAs ရဲ့ နောက်ထပ် ဂယက်တစ်ခုကတော့ ၂၀၀၃ခုနှစ်မှာ ဖြစ်ခဲ့တာပါ။ အဲ့ဒီ့နှစ်တုန်းက Madonna ၊ Britney Spears နဲ့ Christina Aguilera တို့ သုံးယောက်ပေါင်းပြီး ဖျော်ဖြေခဲ့တဲ့ ဖျော်ဖြေမှုဟာ တကယ့် ရင်သပ်ရှုမောဖွယ်ရာ ဖြစ်ခဲ့ပါတယ်။ သုံးယောက်လုံးဟာ အဲ့ဒီ့အချိန်မှာ ပေါ့ပ်ဂီတလောကရဲ့ ဘုရင်မတွေ ဖြစ်နေကြတာကြောင့် သုံးယောက်ဆုံပြီး ဖျော်ဖြေခဲ့တာက တကယ့်ကို ဟစ်ဖြစ်ခဲ့ပါတယ်။ ဒါတင်မက ပွဲကို ပိုဆူစေအောင်လို့ ဖျော်ဖြေမှုရဲ့အဆုံးမှာ Madonna နဲ့ Britney တို့က စင်ပေါ်မှာ အကြင်နာတွေ ပေးခဲ့ကြပါတယ်။ ပရိသတ်တွေလည်း တဝုန်းဝုန်းနဲ့ ပွဲတွေကျခဲ့ကြပါတယ်။

ပရိသတ်တွေကို surprise အကြီးကြီး တိုက်ခဲ့တဲ့ Beyonce
Photo: beyonce/ Instagram

၂၀၁၁ခုနှစ်ရဲ့ VMAs မှာတော့ Beyonce ဟာ Love On Top သီချင်းနဲ့ အမိုက်စား ဖျော်ဖြေခဲ့ပါတယ်။ သူမဟာ အဲ့ဒီ့သီချင်းနဲ့ စင်ပေါ်မှာ ကခုန်ပြီး အားမာန်အပြည့်နဲ့ ဖျော်ဖြေခဲ့ပေမယ့် လူတိုင်း ပြောမဆုံးဖြစ်ခဲ့တာကတော့ သီချင်းရဲ့အဆုံးသတ်အချိန်မှာ ဖြစ်ပါတယ်။ အကြောင်းကတော့ သီချင်းလည်းအပြီး Beyonce ကလည်း သူမရဲ့ဂျာကင်အင်္ကျီကို ဖွင့်ပြပြီး ကိုယ်ဝန်ရှိနေကြောင်းကို ဖွင့်ဟ အသိပေးလိုက်လို့ ဖြစ်ပါတယ်။ အဲ့ဒီ့အချိန် မတိုင်ခင်အထိ ပရိသတ်တွေဟာ Beyonce မှာ ကိုယ်ဝန်ရှိနေကြောင်း လုံးဝမသိခဲ့ကြတာပါ။ အဲ့လို surprise တိုက်ပြီး လအနည်းငယ်အကြာမှာပဲ Blue Ivy Carter လေးကို မွေးဖွားခဲ့ပါတယ်။

Lady Gaga ရဲ့ အသားစိမ်းဝတ်စုံ
Photo: poparaphernalia/ Instagram

Lady Gaga ရဲ့ အဆိုတော်ဘဝ အစပိုင်းမှာ ပွဲအခမ်းအနားတွေ ရှိလာတိုင်း ကော်ဇောနီပေါ်မှာ သူမ ဘာဝတ်မယ်ဆိုတာ ဘယ်သူမှ မခန့်မှန်းနိုင်ခဲ့ကြပါဘူး။ ဒီလိုနဲ့ ၂၀၁၀ခုနှစ် VMAs မှာတော့ ဘယ်သူမှ မထင်ထားတဲ့ ဝတ်စုံတစ်ခုကို ဝတ်ဆင်ပြီး ပွဲတက်လာခဲ့ပါတယ်။ အဲ့ဒါကတော့ အသားစိမ်းတွေနဲ့ ပြုလုပ်ထားတဲ့ ဝတ်စုံဖြစ်ပြီး ပွဲမှာ အားလုံးကို ဟာခနဲ ဟင်ခနဲဖြစ်အောင် ပြုစားနိုင်ခဲ့ပါတယ်။ Gaga ဟာ ဒီဝတ်စုံကို ဝတ်ဆင်ခဲ့တဲ့အတွက် ဝေဖန်မှုများစွာကို ရင်ဆိုင်ခဲ့ရပေမယ့် ဖက်ရှင်သမိုင်းမှာတော့ မှတ်တိုင်တစ်ခုအနေနဲ့ စိုက်ထူနိုင်ခဲ့တယ်လို့လည်း ဆိုကြပါတယ်။

မဖွယ်မရာ ကကွက်နဲ့ ဖျော်ဖြေခဲ့တဲ့ Miley Cyrus
Photo: mileycyrus/ robinthicke/ Instagram

Miley Cyrus ဟာ သူမရဲ့သရုပ်ဆောင်၊ အဆိုတော်ဘဝ အစပိုင်းမှာ Hannah Montana နဲ့ ပရိသတ်အချစ်ကို ရရှိခဲ့သမျှ အဲ့ဒီ့ဇာတ်ကောင်ရဲ့ လွှမ်းမိုးမှုကို မခံချင်တဲ့အတွက် သူမရဲ့ကိုယ်ပိုင်သရုပ်မှန်တစ်ခုကို အားလုံး သိအောင် အတင်းအကြပ် ကြိုးစားယူခဲ့သူ ဖြစ်ပါတယ်။

အဲ့ဒီ့ကြိုးစားမှုတွေထဲမှာတော့ ၂၀၁၃ခုနှစ် VMAs ပွဲက ဂယက်ကလည်း တစ်ခုအပါအဝင်လို့ ပြောရမှာပါ။ အဲ့ဒီ့ပွဲမှာ Miley ဟာ အဆိုတော် Robin Thicke နဲ့ အတူတွဲဖျော်ဖြေခဲ့ပြီး ဘယ်သူမှ မထင်ထားတဲ့ ကကွက်ကြီးတစ်ခုနဲ့ စင်ပေါ်မှာ ကပြသွားခဲ့ပါတယ်။ Robin ကို ပွတ်သပ်ပြီး အမြင်မတင့်တယ်တဲ့ ကကွက်ကြီးနဲ့ ကပြသွားခဲ့တာဖြစ်ပြီး အဲ့ဒီ့အချိန်တုန်းက Miley ဟာ Liam Hemsworth နဲ့ စေ့စပ်ထားတဲ့အချိန်လည်း ဖြစ်ပါတယ်။ တစ်ဖက်က Robin Thicke ကလည်း အဲ့ဒီ့တုန်းက Paula Patton နဲ့ လက်ထပ်ထားတာပါ။ ဒီလိုကကွက်ကြီးနဲ့ ‌နှစ်ယောက်အတူ ဖျော်ဖြေပြီးနောက်မှာတော့ သူတို့နှစ်ယောက်စလုံးရဲ့ အချစ်ရေး၊ အိမ်ထောင်ရေးတွေဟာ တဖြည်းဖြည်းနဲ့ ပျက်စီးကိန်းဆိုက်ခဲ့ရပါတယ်။

ဒါကတော့ VMAs ဆုပေးပွဲမှာ ဖြစ်ပျက်ခဲ့တဲ့ ဂယက်တွေထဲက လူတိုင်း ပြောမဆုံးဖြစ်ခဲ့ရတဲ့ အဖြစ်အပျက်အချို့ပဲ ဖြစ်ပါတယ်။ စာဖတ်သူတို့ သတိရမိတဲ့ အခြားဖြစ်ရပ်တွေ ရှိသေးရင်လည်း မျှဝေခဲ့ပါဦး။

Glasgow

Source: hollywood life

(Zawgyi Version)

VMAs လို႔ အတိုေကာက္ ေခၚတဲ့ MTV Video Music Awards ဟာ ေဟာလိဝုဒ္ရဲ႕ ဂီတပညာရွင္ေတြၾကားမွာ နာမည္ေက်ာ္ၿပီး အေတာ္အသင့္ ဩဇာရွိတဲ့ ဆုတစ္ခုျဖစ္ပါတယ္။ ႏွစ္စဥ္က်င္းပေလ့ ရွိခဲ့တဲ့ VMAs ဆုေပးပြဲမွာ တစ္ႏွစ္မဟုတ္ တစ္ႏွစ္ေတာ့ ဂယက္ေတြ ထေလ့ရွိတာဟာလည္း အစဥ္အလာလို ျဖစ္ေနပါၿပီ။ ဒါေၾကာင့္ VMAs ဆုေပးပြဲတစ္ေလွ်ာက္မွာ အုတ္ေအာ္ေသာင္းနင္း အျဖစ္ခဲ့ဆုံး ဂယက္ေတြကို ေဖာ္ျပေပးလိုက္ပါတယ္။

ဆုလက္ခံစကားေျပာေနတဲ့Taylor Swift ကို ၾကားျဖတ္ဝင္ေႏွာက္ခဲ့တဲ့ Kanye West
Photo: taylorswift/ kanyewest_official/ Instagram

ပထမဆုံး ေဖာ္ျပေပးမယ့္ ဂယက္တစ္ခုကေတာ့ ၂၀၀၉ခုႏွစ္ VMAs မွာ ျဖစ္ခဲ့တာပါ။ အဲ့ဒီ့ႏွစ္မွာ Taylor Swift ဟာ သူမရဲ႕ ပထမဆုံး VMAs ဆုကို လက္ခံရရွိခဲ့ၿပီး အသက္(၁၉)ႏွစ္သာ ရွိပါေသးတယ္။ Best Female Video ဆုကို ရရွိခဲ့တဲ့ Taylor ဟာ သူမရဲ႕ဆုလက္ခံစကားကို စင္ေပၚမွာ ေျပာေနတုန္းမွာပဲ Kanye West ကလည္း စင္ေပၚကို တက္လာၿပီး Taylor လက္ထဲက မိုက္ခ႐ိုဖုန္းကို လုယူလိုက္ပါတယ္။ ၿပီးေနာက္ အဆိုပါ Best Female Video ဆုဟာ Beyonce နဲ႔သာ ထိုက္တန္ေၾကာင္းကိုလည္း ေျပာလိုက္ပါေသးတယ္။ Taylor နဲ႔ Kanye တို႔ဟာ အစပိုင္းတုန္းက မိတ္ေဆြေတြ ျဖစ္ခဲ့ၾကေပမယ့္ ဒီအျဖစ္အပ်က္ကစလို႔ ႏွစ္ေပါင္းမ်ားစြာ မဟာရန္သူေတြအျဖစ္ကို ေျပာင္းလဲသြားခဲ့ၾကတာ ျဖစ္ပါတယ္။

ေဖ်ာ္ေျဖမႈအဆုံးမွာ အၾကင္နာေပးခဲ့ၾကတဲ့ Madonna နဲ႔ Britney Spears
Photo: britneyspears/ madonna/ Instagram

VMAs ရဲ႕ ေနာက္ထပ္ ဂယက္တစ္ခုကေတာ့ ၂၀၀၃ခုႏွစ္မွာ ျဖစ္ခဲ့တာပါ။ အဲ့ဒီ့ႏွစ္တုန္းက Madonna ၊ Britney Spears နဲ႔ Christina Aguilera တို႔ သုံးေယာက္ေပါင္းၿပီး ေဖ်ာ္ေျဖခဲ့တဲ့ ေဖ်ာ္ေျဖမႈဟာ တကယ့္ ရင္သပ္ရႈေမာဖြယ္ရာ ျဖစ္ခဲ့ပါတယ္။ သုံးေယာက္လုံးဟာ အဲ့ဒီ့အခ်ိန္မွာ ေပါ့ပ္ဂီတေလာကရဲ႕ ဘုရင္မေတြ ျဖစ္ေနၾကတာေၾကာင့္ သုံးေယာက္ဆုံၿပီး ေဖ်ာ္ေျဖခဲ့တာက တကယ့္ကို ဟစ္ျဖစ္ခဲ့ပါတယ္။ ဒါတင္မက ပြဲကို ပိုဆူေစေအာင္လို႔ ေဖ်ာ္ေျဖမႈရဲ႕အဆုံးမွာ Madonna နဲ႔ Britney တို႔က စင္ေပၚမွာ အၾကင္နာေတြ ေပးခဲ့ၾကပါတယ္။ ပရိသတ္ေတြလည္း တဝုန္းဝုန္းနဲ႔ ပြဲေတြက်ခဲ့ၾကပါတယ္။

ပရိသတ္ေတြကို surprise အႀကီးႀကီး တိုက္ခဲ့တဲ့ Beyonce
Photo: beyonce/ Instagram

၂၀၁၁ခုႏွစ္ရဲ႕ VMAs မွာေတာ့ Beyonce ဟာ Love On Top သီခ်င္းနဲ႔ အမိုက္စား ေဖ်ာ္ေျဖခဲ့ပါတယ္။ သူမဟာ အဲ့ဒီ့သီခ်င္းနဲ႔ စင္ေပၚမွာ ကခုန္ၿပီး အားမာန္အျပည့္နဲ႔ ေဖ်ာ္ေျဖခဲ့ေပမယ့္ လူတိုင္း ေျပာမဆုံးျဖစ္ခဲ့တာကေတာ့ သီခ်င္းရဲ႕အဆုံးသတ္အခ်ိန္မွာ ျဖစ္ပါတယ္။ အေၾကာင္းကေတာ့ သီခ်င္းလည္းအၿပီး Beyonce ကလည္း သူမရဲ႕ဂ်ာကင္အက်ႌကို ဖြင့္ျပၿပီး ကိုယ္ဝန္ရွိေနေၾကာင္းကို ဖြင့္ဟ အသိေပးလိုက္လို႔ ျဖစ္ပါတယ္။ အဲ့ဒီ့အခ်ိန္ မတိုင္ခင္အထိ ပရိသတ္ေတြဟာ Beyonce မွာ ကိုယ္ဝန္ရွိေနေၾကာင္း လုံးဝမသိခဲ့ၾကတာပါ။ အဲ့လို surprise တိုက္ၿပီး လအနည္းငယ္အၾကာမွာပဲ Blue Ivy Carter ေလးကို ေမြးဖြားခဲ့ပါတယ္။

Lady Gaga ရဲ႕ အသားစိမ္းဝတ္စုံ
Photo: poparaphernalia/ Instagram

Lady Gaga ရဲ႕ အဆိုေတာ္ဘဝ အစပိုင္းမွာ ပြဲအခမ္းအနားေတြ ရွိလာတိုင္း ေကာ္ေဇာနီေပၚမွာ သူမ ဘာဝတ္မယ္ဆိုတာ ဘယ္သူမွ မခန႔္မွန္းႏိုင္ခဲ့ၾကပါဘူး။ ဒီလိုနဲ႔ ၂၀၁၀ခုႏွစ္ VMAs မွာေတာ့ ဘယ္သူမွ မထင္ထားတဲ့ ဝတ္စုံတစ္ခုကို ဝတ္ဆင္ၿပီး ပြဲတက္လာခဲ့ပါတယ္။ အဲ့ဒါကေတာ့ အသားစိမ္းေတြနဲ႔ ျပဳလုပ္ထားတဲ့ ဝတ္စုံျဖစ္ၿပီး ပြဲမွာ အားလုံးကို ဟာခနဲ ဟင္ခနဲျဖစ္ေအာင္ ျပဳစားႏိုင္ခဲ့ပါတယ္။ Gaga ဟာ ဒီဝတ္စုံကို ဝတ္ဆင္ခဲ့တဲ့အတြက္ ေဝဖန္မႈမ်ားစြာကို ရင္ဆိုင္ခဲ့ရေပမယ့္ ဖက္ရွင္သမိုင္းမွာေတာ့ မွတ္တိုင္တစ္ခုအေနနဲ႔ စိုက္ထူႏိုင္ခဲ့တယ္လို႔လည္း ဆိုၾကပါတယ္။

မဖြယ္မရာ ကကြက္နဲ႔ ေဖ်ာ္ေျဖခဲ့တဲ့ Miley Cyrus
Photo: mileycyrus/ robinthicke/ Instagram

Miley Cyrus ဟာ သူမရဲ႕သ႐ုပ္ေဆာင္၊ အဆိုေတာ္ဘဝ အစပိုင္းမွာ Hannah Montana နဲ႔ ပရိသတ္အခ်စ္ကို ရရွိခဲ့သမွ် အဲ့ဒီ့ဇာတ္ေကာင္ရဲ႕ လႊမ္းမိုးမႈကို မခံခ်င္တဲ့အတြက္ သူမရဲ႕ကိုယ္ပိုင္သ႐ုပ္မွန္တစ္ခုကို အားလုံး သိေအာင္ အတင္းအၾကပ္ ႀကိဳးစားယူခဲ့သူ ျဖစ္ပါတယ္။

အဲ့ဒီ့ႀကိဳးစားမႈေတြထဲမွာေတာ့ ၂၀၁၃ခုႏွစ္ VMAs ပြဲက ဂယက္ကလည္း တစ္ခုအပါအဝင္လို႔ ေျပာရမွာပါ။ အဲ့ဒီ့ပြဲမွာ Miley ဟာ အဆိုေတာ္ Robin Thicke နဲ႔ အတူတြဲေဖ်ာ္ေျဖခဲ့ၿပီး ဘယ္သူမွ မထင္ထားတဲ့ ကကြက္ႀကီးတစ္ခုနဲ႔ စင္ေပၚမွာ ကျပသြားခဲ့ပါတယ္။ Robin ကို ပြတ္သပ္ၿပီး အျမင္မတင့္တယ္တဲ့ ကကြက္ႀကီးနဲ႔ ကျပသြားခဲ့တာျဖစ္ၿပီး အဲ့ဒီ့အခ်ိန္တုန္းက Miley ဟာ Liam Hemsworth နဲ႔ ေစ့စပ္ထားတဲ့အခ်ိန္လည္း ျဖစ္ပါတယ္။ တစ္ဖက္က Robin Thicke ကလည္း အဲ့ဒီ့တုန္းက Paula Patton နဲ႔ လက္ထပ္ထားတာပါ။ ဒီလိုကကြက္ႀကီးနဲ႔ ‌ႏွစ္ေယာက္အတူ ေဖ်ာ္ေျဖၿပီးေနာက္မွာေတာ့ သူတို႔ႏွစ္ေယာက္စလုံးရဲ႕ အခ်စ္ေရး၊ အိမ္ေထာင္ေရးေတြဟာ တျဖည္းျဖည္းနဲ႔ ပ်က္စီးကိန္းဆိုက္ခဲ့ရပါတယ္။

ဒါကေတာ့ VMAs ဆုေပးပြဲမွာ ျဖစ္ပ်က္ခဲ့တဲ့ ဂယက္ေတြထဲက လူတိုင္း ေျပာမဆုံးျဖစ္ခဲ့ရတဲ့ အျဖစ္အပ်က္အခ်ိဳ႕ပဲ ျဖစ္ပါတယ္။ စာဖတ္သူတို႔ သတိရမိတဲ့ အျခားျဖစ္ရပ္ေတြ ရွိေသးရင္လည္း မွ်ေဝခဲ့ပါဦး။

Glasgow

Source: hollywood life

 

RELATED ARTICLES

Most Popular