HomeEntertainmentFilmမတူညီတဲ့ ဇာတ်သိမ်းတစ်မျိူး ရှိသေးတယ်ဆိုတဲ့ Moon Knight ဇာတ်လမ်းတွဲ

မတူညီတဲ့ ဇာတ်သိမ်းတစ်မျိူး ရှိသေးတယ်ဆိုတဲ့ Moon Knight ဇာတ်လမ်းတွဲ

Moon Knight ဇာတ်လမ်းတွဲရဲ့ ဒါရိုက်တာ Mohamed Diab ကတော့ ဒီဇာတ်လမ်းတွဲမှာ မတူညီတဲ့ နောက်ထပ် ဇာတ်သိမ်းတစ်မျိူး ရှိသေးတယ်လို့ ပြောပြလာပါတယ်။ ဒီဇာတ်လမ်းတွဲထဲမှာတော့ DID (Dissociative Identity Disorder)လို့ခေါ်တဲ့ လူတစ်ယောက်တည်းမှာ စိတ်အမျိူးမျိူးကွဲထွက်နေတဲ့ Steven ရဲ့အကြောင်းကို မြင်တွေ့ရမှာပဲ ဖြစ်ပါတယ်။

photo via screenrant

ဒီဇာတ်လမ်းတွဲကတော့ MCU ရဲ့ အကောင်းဆုံး ဇာတ်လမ်းတွဲတစ်ခု ဖြစ်ပြီး သရုပ်ဆောင် Oscar Isaac ကတော့ Identity တွေ မတူညီတဲ့ ဇာတ်ကောင်တွေကို ပြောင်မြောက်စွာ သရုပ်ဆောင်ထားပါတယ်။ ဇာတ်လမ်းအစမှာတော့ Steven ဟာ သာမန်လူတစ်ယောက်ပဲ ဖြစ်ပြီး နောက်ပိုင်းမှာတော့ သူ့ရဲ့ Identity အခွဲဟာ Moon Knight လို့ ခေါ်တဲ့ ဟီးရိုးတစ်ယောက် ဖြစ်နေပါတယ်။

ယခုဆိုရင်တော့ ဒီဇာတ်လမ်းတွဲဟာ အဆုံးသတ်သွားပြီ ဖြစ်ပေမယ့်လည်း ဒါရိုက်တာ Mohamed Diab ကတော့ မတူညီတဲ့ ဇာတ်သိမ်းတစ်ခု ရှိသေးတဲ့အကြောင်းကို Comic Book Website နဲ့ အင်တာဗျူးမှာ ပြောပြခဲ့ပါတယ်။

“နောက်ဆုံးခန်းက အက်ရှင်ခန်းတွေအားလုံးကို နတ်ဘုရားတွေရဲ့ ခန်းမဆောင်ထဲမှာပဲ ဇာတ်ညွှန်းရေးခဲ့တာကို မှတ်မိပါသေးတယ်။ ပြီးတော့မှ မဟုတ်သေးပါဘူး။ Cairo မြို့ရဲ့ ညဘက်မြင်ကွင်းတွေကို တွေ့ချင်တယ်လို့ ကျွန်တော်တို့ စဉ်းစားမိသွားတယ်။ အဲဒါကြောင့် ဇာတ်ညွှန်းက တောက်လျှောက် ပြောင်းလဲလာတာပေါ့။ အပိုင်း(၃)ထဲမှာ ပရိသတ်တွေက Cairo မြို့ကို နေ့ခင်းဘက်မှာ မြင်ခဲ့ရပြီးပြီဆိုတော့ ဒီမြို့ကြီးနဲ့ သဲကန္တာရရဲ့ ညဘက်မှာ ဖြစ်ပေါ်နေမယ့် အလှတရားကို ပြချင်လို့ပါ ….

photo via screenrant

ဒီဇာတ်လမ်းတွဲဟာ အီဂျစ်လူမျိုးတွေရဲ့ ယဉ်ကျေးမှု၊ ယုံကြည်မှုတွေနဲ့ များစွာ ပတ်သက်နေတာကြောင့် ဒါရိုက်တာ Mohamed Diab က ယခုလိုမျိူး ဖန်တီးခဲ့တာလည်း ဖြစ်ပါတယ်။ ပရိသတ်တွေ အများစုဟာ Cairo မြို့ကို မရင်းနှီးကြတာကြောင့် အခုလိုမျိူး ဖန်တီးခဲ့တာ ဖြစ်ပြီး ယခုလို ဖန်တီးခဲ့ခြင်းအားဖြင့် အီဂျစ်နိုင်ငံရဲ့ Cairo မြို့က အလှအပကိုလည်း လူသိများအောင် တခါတည်း ကြော်ငြာပေးပြီးသားလည်း ဖြစ်သွားပါတယ်။

Legos

Source: Screenrant

RELATED ARTICLES

Most Popular