HomeCharacterMoon Knight ထဲမှာ အီဂျစ်နတ်ဘုရားတွေဟာ ဘာကြောင့် Khonshu ကို နယ်နှင်ဒဏ်ပေးခဲ့တာလဲ?

Moon Knight ထဲမှာ အီဂျစ်နတ်ဘုရားတွေဟာ ဘာကြောင့် Khonshu ကို နယ်နှင်ဒဏ်ပေးခဲ့တာလဲ?

*** Spoiler Alert ***

Marvel Cinematic Universe ထဲမှာတော့ Super Soldier Serum တွေ၊ အဆင့်မြင့်နည်းပညာတွေ၊ မှော်ပညာတွေအပြင် စွမ်းအားတွေ ပိုင်ဆိုင်ထားတဲ့ ဇာတ်ကောင်တွေကို ဖော်ပြခဲ့ပြီး Moon Knight ဇာတ်လမ်းတွဲထဲမှာတော့ MCU ရဲ့ သဘာဝလွန် အကြောင်းအရာတွေကို စတင်ဖော်ပြနေပြီ ဖြစ်ပါတယ်။ ဒီဇာတ်လမ်းတွဲထဲမှာတော့ Marc ကို Moon Knight ဖြစ်လာစေတဲ့ Khonshu ကို တခြားအီဂျစ်နတ်ဘုရားတွေက နယ်နှင်ဒဏ်ပေးခဲ့တယ်လို့ ပြောခဲ့ပါတယ်။ ဒါကြောင့် အီဂျစ်နတ်ဘုရားတွေဟာ Khonshu ကို ဘာကြောင့် နယ်နှင်ဒဏ်ပေးခဲ့ကြတာလည်းဆိုတာ ဖော်ပြပေးချင်ပါတယ်။

photo via screenrant

ဒီဇာတ်လမ်းတွဲထဲမှာတော့ နတ်ဘုရားကိုးယောက် စုစည်းထားတဲ့ Ennead အဖွဲ့အကြောင်းလည်း ပါဝင်ပြီး သူတို့ဟာ တခြားနတ်ဘုရားတွေကို ကြီးကြပ်ပေးကြသူတွေ ဖြစ်ပါတယ်။ Khonshu က ယခုလိုမျိူး နယ်နှင်ဒဏ် ပေးခံလိုက်ရတာကလည်း သူ့ရဲ့လူသားတွေနဲ့ ပတ်သက်မှုကြောင့်ပဲ ဖြစ်ပါတယ်။ အီဂျစ်နတ်ဘုရားတွေကတော့ လူသားတွေရဲ့ အရေးကိစ္စတွေမှာ ကြီးကြီးမားမား ပါဝင်ပတ်သက်မှု မရှိကြပေမယ့်လည်း Khonshu ကတော့ အဲ့ဒီစည်းကမ်းကို အလေးမထားပါဘူး။

Khonshu ကတော့ သူ့ရဲ့ Avatar တွေကနေ တဆင့် သူ ထိုက်တန်တယ်လို့ ယူဆတဲ့သူတွေကို တရားမျှတမှု ပြန်လည်ပေးချင်တာပဲ ဖြစ်ပါတယ်။ Moon Knight ဇာတ်လမ်းတွဲထဲမှာလည်း Khonshu ဟာ Marc ကို အဲ့ဒီအကြောင်းပြချက်ကြောင့်ပဲ အသုံးချနေတာ ဖြစ်ပါတယ်။ ယခုမြင်တွေ့ရတဲ့အတိုင်း ဆိုရင်တော့ Khonshu ဟာ အတိတ်မှာ စည်းကျော်သွားခဲ့တာကြောင့် တခြားအီဂျစ်နတ်ဘုရားတွေက သူ့ကို နယ်နှင်ဒဏ် ပေးခဲ့တာ ဖြစ်ပါလိမ့်မယ်။

photo via screenrant

လောလောဆယ်မှာတော့ Khonshu ကို တခြားအီဂျစ်နတ်ဘုရားတွေက ဘယ်အချိန်မှာ နယ်နှင်ဒဏ်ပေးခဲ့တာလည်း ဆိုတာကို သေချာမသိရသေးပါဘူး။ ဒါ့အပြင် အပိုင်း(၂)ထဲမှာလည်း Arthur ဟာ Khonshu ရဲ့ Avatar ဖြစ်ခဲ့ဖူးတယ်လို့ ပြောသွားပါသေးတယ်။ ဒါကြောင့်ပဲ ဖြစ်နိုင်တာကတော့ သူတို့နှစ်ယောက် ပူးပေါင်းပြီး တရားမျှတမှုကို ဖန်တီးတဲ့အချိန်မှာတော့ လက်လွန်တာမျိူးတွေ ဖြစ်သွားခဲ့လို့ ဖြစ်ပါတယ်။

Legos

(ဆံရစ်ဝိုင်းဝက်ဘ်ဆိုဒ်တွင် ဖော်ပြထားသော သတင်း၊ဆောင်းပါးများကို အခြားမည်သည့် ဝက်ဘ်ဆိုဒ်၊ Facebook စာမျက်နှာတွင်မျှ ကူးယူဖော်ပြခွင့် မပြုပါကြောင်း အသိပေးအပ်ပါသည်။)

RELATED ARTICLES

Most Popular