HomeEntertainmentFilmနောက်ဆုံးထွေလာ ထွက်ရှိလာတဲ့ Morbius ရုပ်ရှင်

နောက်ဆုံးထွေလာ ထွက်ရှိလာတဲ့ Morbius ရုပ်ရှင်

အကြိမ်ပေါင်းများစွာ နှောင့်နှေးမှုတွေ ဖြစ်နေတဲ့ Sony စတူဒီယိုရဲ့ Morbius ရုပ်ရှင်ကတော့ မကြာသေးခင်ကပဲ တတိယမြောက်နဲ့ နောက်ဆုံး ထွေလာ ထွက်ရှိလာပါတယ်။ အဓိကဇာတ်ကောင်ဖြစ်တဲ့ Morbius နေရာမှာတော့ Jared Leto က ပါဝင်သရုပ်ဆောင်ထားပြီး ကောမစ်ထဲမှာတော့ Morbius ဟာ Spider-Man ရဲ့ ဗီလိန်တစ်ယောက် ဖြစ်ပါတယ်။ Sony စတူဒီယိုဟာ Venom လိုမျိူး ဗီလိန်ဆန်တဲ့ ဇာတ်ကောင်ကိုလည်း ပရိသတ်တွေအကြိုက် ဖြစ်အောင် ဖန်တီးခဲ့ပြီး Morbius ကိုတော့ ဘယ်လိုမျိူး မြင်တွေ့ရမလည်းဆိုတာ စိတ်ဝင်စားစရာပဲ ဖြစ်ပါတယ်။

photo via screenrant

ဒီရုပ်ရှင်ကတော့ ၂၀၂၀ ခုနှစ် ဇူလိုင်လကတည်းက ရုံတင်ဖို့ စီစဉ်ထားတာ ဖြစ်ပေမယ့်လည်း ကိုဗစ်ကြောင့် ရက်ရွှေ့ပြောင်းမှုတွေ မကြာခဏ ပြုလုပ်ခဲ့ရပြီး နောက်ဆုံးမှာတော့ ယခုနှစ် ဧပြီလ (၁)ရက်နေ့မှာ ရုံတင်တော့မှာ ဖြစ်ပါတယ်။ ဇာတ်လမ်းအကျဉ်းကတော့ ရှားပါးတဲ့ သွေးရောဂါကို ခံစားနေတဲ့ သိပ္ပံပညာရှင်တစ်ယောက်ဟာ သူ့ကိုယ်သူ ကုသဖို့ ကြိုးစားနေရင်း မထင်မှတ်ဘဲ သွေးစုပ်ဖုတ်ကောင်တစ်ကောင်လို ဖြစ်သွားတာကို မြင်တွေ့ရမှာပါ။

ရုံတင်ဖို့ တစ်လလောက်ပဲ လိုတော့တဲ့အချိန်မှာ Sony စတူဒီယိုဟာ ဒီရုပ်ရှင်ရဲ့ နောက်ဆုံး ထွေလာကို တင်ပေးလိုက်ပါတယ်။ ဒီထွေလာထဲမှာတော့ Marvel ရုပ်ရှင်တွေရဲ့ ထုံးစံအတိုင်း သဘောကျစရာကောင်းတဲ့ အထူးပြုလုပ်ချက်တွေကို မြင်တွေ့ရမှာ ဖြစ်ပြီး ပရိသတ်တွေကို ဆွဲဆောင်နိုင်တဲ့ ဇာတ်ဝင်ခန်းတွေလည်း ပါဝင်နေပါတယ်။ အဲ့ဒီထွေလာကိုတော့ အောက်မှာ ကြည့်ရှုနိုင်ပါတယ်။

ဒီရုပ်ရှင်ထဲမှာတော့ နာမည်ကြီး သရုပ်ဆောင်တွေ ဖြစ်တဲ့ Michael Keaton ၊ Matt Smith ၊ Tyrese Gibson နဲ့ Adria Arjona တို့လည်း ပါဝင်ထားပါတယ်။ Michael Keaton ကတော့ ဘယ်ဇာတ်ကောင်နေရာမှာ ပါဝင်လာမယ်ဆိုတာ သေချာ မပြသထားပေမယ့်လည်း Vulture အနေနဲ့ ပါဝင်လာဖို့ ဖြစ်နိုင်ချေ များပါတယ်။ ဒီအတိုင်းဆိုရင်တော့ Morbius ဟာလည်း MCU ထဲမှာ ပါဝင်လာနိုင်ပြီး ဒီရုပ်ရှင်ကလည်း MCU ပရိသတ်တွေအနေနဲ့ ကြည့်ရှုသင့်တဲ့ ရုပ်ရှင်တစ်ကားဆိုလည်း မမှားပါဘူး။

Legos

Source: Screenrant

RELATED ARTICLES

Most Popular