HomeEntertainmentFilmဒါရိုက်တာ Mike Flanagan ရဲ့ ကြောက်စရာအကောင်းဆုံး Horror ဇာတ်လမ်းများ

ဒါရိုက်တာ Mike Flanagan ရဲ့ ကြောက်စရာအကောင်းဆုံး Horror ဇာတ်လမ်းများ

ဒါရိုက်တာ Mike Flanagan ကတော့ နာမည်ကြီး Horror ဇာတ်လမ်းများစွာကို ဖန်တီးခဲ့ပါတယ်။ ထူးခြားတာကတော့ Mike ဟာ သာမန် Horror ရုပ်ရှင်တွေလို Jumpscare တွေနဲ့ ပရိသတ်တွေကို ခြောက်လှန့်တာ မဟုတ်ဘဲ ကြည့်နေရင်း တဖြည်းဖြည်း ကျောချမ်းလာပြီးတော့ Toilet တောင် မသွားရဲတော့အောင် ဖန်တီးနိုင်တာပဲ ဖြစ်ပါတယ်။ ဒါကြောင့်ပဲ ဒီတစ်ခါမှာတော့ ဒါရိုက်တာ Mike Flanagan ရဲ့ ကြောက်စရာအကောင်းဆုံး Horror ဇာတ်လမ်းအချို့ကို ဖော်ပြပေးချင်ပါတယ်။

Ouija: Origin of Evil

photo credit Universal Pictures

ဒီရုပ်ရှင်ကတော့ ၂၀၁၆ ခုနှစ်မှာ ထွက်ရှိခဲ့ပြီး IMDb (6.2) ရရှိထားပါတယ်။ ဇာတ်လမ်းကတော့ ကလေးနှစ်ယောက်ရှိတဲ့ မုဆိုးမတစ်ယောက်ဟာ Ouija Board ကို အသုံးပြုပြီး သေဆုံးသွားတဲ့ ဝိဥဉ်တွေနဲ့ ဆက်သွယ်ပေးနိုင်တယ်ဆိုပြီး လူတွေကို လိမ်လည်နေပါတယ်။ ဒါပေမယ့်လည်း တစ်ရက်မှာတော့ တကယ့်မကောင်းဆိုးဝါး အစစ်တစ်ကောင်က သူ့ရဲ့သမီးအငယ်ဆုံးလေးကို ဝင်ပူးသွားတဲ့အခါမှာတော့…..။ သရုပ်ဆောင်တွေကတော့ Lulu Wilson ၊ Elizabeth Reaser နဲ့ Annalise Basso တို့ ပါဝင်ထားပါတယ်။

Gerald’s Game

photo credit Netflix

ဒီရုပ်ရှင်ကတော့ ၂၀၁၇ ခုနှစ်မှာ ထွက်ရှိထားပြီး IMDb (6.5) ရရှိထားပါတယ်။ စာရေးဆရာကြီး Stephen King ရဲ့ ဝတ္ထုကို ပြန်လည်ရိုက်ကူးထားတာလည်း ဖြစ်ပါတယ်။ ဇာတ်လမ်းအကျဉ်းကတော့ ဇနီးမောင်နှံနှစ်ယောက်ဟာ အဆင်မပြေဖြစ်နေတဲ့ သူတို့အိမ်ထောင်ရေးကို ပြန်လည်ပြုပြင်ဖို့အတွက် လူသူမနီးတဲ့ နေရာတစ်ခုကို ရောက်လာခဲ့ပါတယ်။

အဲဒီနောက်မှာတော့ အမျိူးသမီးဖြစ်သူကို အိပ်ရာပေါ်မှာ လက်ထိပ်ခတ်ထားပြီး အချစ်ဇာတ်လမ်းစဖို့ လုပ်နေကြတုန်းမှာပဲ အမျိုးသားဖြစ်သူဟာ မတော်တဆ သေဆုံးသွားပါတယ်။ အဲဒီအချိန်မှာပဲ မထင်ထားတဲ့ ဖြစ်ရပ်တွေ ဖြစ်လာပါတော့တယ်။ သရုပ်ဆောင်တွေကတော့ Carla Gugino ၊ Bruce Greenwood နဲ့ Carel Struycken တို့ ပါဝင်ထားပါတယ်။

Oculus

photo credit Entertainment One

ဒီရုပ်ရှင်ကတော့ ၂၀၁၃ ခုနှစ်မှာ ထွက်ရှိခဲ့ပြီး IMDb (6.5) ရရှိထားပါတယ်။ ဇာတ်လမ်းအကျဉ်းကတော့ ကောင်လေးတစ်ယောက်ဟာ လူသတ်မှုတစ်ခုကြောင့် စိတ်ရောဂါကုဆေးရုံမှာ အကျဉ်းကျသွားပါတယ်။ သူပြန်လွတ်လာချိန်မှာတော့ သူ့ရဲ့အစ်မဖြစ်သူဟာ ဒီလူသတ်မှုတွေကို သဘာဝလွန်အရာတစ်ခုက ပြုလုပ်ခဲ့တယ်ဆိုတာ သက်သေပြဖို့ ကြိုးစားတာကို မြင်တွေ့ရမှာပါ။ သရုပ်ဆောင်တွေကတော့ Karen Gillan ၊ Breton Thwaites တို့အပြင် ဒါရိုက်တာ Mike Flanagan ကိုယ်တိုင်လည်း ပါဝင်သရုပ်ဆောင်ထားပါတယ်။

The Haunting of Bly Manor

photo credit Netflix

ဒီဇာတ်လမ်းတွဲကတော့ The Haunting Series ရဲ့ ဒုတိယမြောက် Season ဖြစ်ပြီး IMDb (7.4) ရရှိထားပါတယ်။ ဇာတ်လမ်းကတော့ Bly Manor ကြီးမှာ မိဘမဲ့ကလေးနှစ်ယောက်နဲ့အတူ အခြားအလုပ်သမားတွေ နေထိုင်ကြပါတယ်။

ကလေးထိန်းက သေဆုံးသွားချိန်မှာတော့ မိဘမဲ့ကလေးနှစ်ယောက်ရဲ့ ဦးလေးဖြစ်သူက ကလေးထိန်းအသစ်တစ်ယောက်ကို ခေါ်လိုက်ပါတယ်။ အဲဒီကလေးထိန်းကတော့ ဒီအိမ်ကြီးကို ရောက်လာတဲ့အချိန်ကစပြီး ထူးဆန်းတဲ့ အဖြစ်အပျက်တွေနဲ့ ကြုံတွေ့ရပါတော့တယ်။ သရုပ်ဆောင်တွေကတော့ Victoria Pedretti ၊ Oliver Jackson-Cohen နဲ့ Kate Siegel တို့ ပါဝင်ထားပါတယ်။

The Haunting of Hill House

photo credit Netflix

ဒီဇာတ်လမ်းတွဲကတော့ The Haunting Series ရဲ့ ပထမ Season ဖြစ်ပြီး IMDb (8.6) ရရှိထားပါတယ်။ ဇာတ်လမ်းကတော့ သရဲခြောက်တယ်လို့ နာမည်ကြီးတဲ့အိမ်မှာ ကြီးပြင်းလာရတဲ့ မောင်နှမတွေဟာ အရွယ်ရောက်သွားကြပြီး တစ်ယောက်တစ်နေရာစီ ဖြစ်နေကြပါပြီ။ ဒါပေမယ့်လည်း ဝမ်းနည်းစရာတစ်ခုကြောင့် သူတို့အားလုံး ပြန်လည်စုံစည်းဖြစ်ကြပြီးနောက် သူတို့ရဲ့အတိတ်က မကောင်းဆိုးဝါးတွေနဲ့ ပြန်လည်ရင်ဆိုင်ရပါတော့တယ်။ သရုပ်ဆောင်တွေကတော့ Victoria Pedretti ၊ Oliver Jackson-Cohen နဲ့ Kate Siegel တို့ ပါဝင်ထားပါတယ်။

Legos

(ဆံရစ်ဝိုင်းဝက်ဘ်ဆိုဒ်တွင် ဖော်ပြထားသော သတင်း၊ဆောင်းပါးများကို အခြားမည်သည့် ဝက်ဘ်ဆိုဒ်၊ Facebook စာမျက်နှာတွင်မျှ ကူးယူဖော်ပြခွင့် မပြုပါကြောင်း အသိပေးအပ်ပါသည်။)

RELATED ARTICLES

Most Popular