HomeEntertainmentFilm၂၀၂၂ ခုနှစ် ဇန်နဝါရီလကို ရုံတင်ရက် နောက်ဆုတ်သွားတဲ့ Morbius ရုပ်ရှင်

၂၀၂၂ ခုနှစ် ဇန်နဝါရီလကို ရုံတင်ရက် နောက်ဆုတ်သွားတဲ့ Morbius ရုပ်ရှင်

ေအာက္တြင္ ေဇာ္ဂ်ီျဖင့္ ဖတ္ပါ။

Morbius ရုပ်ရှင်ဟာ မကြာသေးခင်ကပဲ ၂၀၂၁ နှစ်လည်ကို ရုံတင်ရက် ရွှေ့ပြောင်းထားပြီး အခုချိန်မှာတော့ Sony ဟာ ဒီရုပ်ရှင်ကို ၂၀၂၂ ခုနှစ်ထိ ရုံတင်ရက် နောက်ဆုတ်သွားခဲ့ပါတယ်။ အခုလိုမျိူး ရုံတင်ရက် ထပ်မံပြောင်းလဲလိုက်ရတဲ့ အကြောင်းအရင်းကတော့ ဒီနှစ်အတွင်းမှာ ရုပ်ရှင်ရုံတွေ ဖွင့်လှစ်ဖို့ အဆင်သင့်မဖြစ်သေးဘူးလို့ ယူဆလို့ပဲ ဖြစ်ပါတယ်။

photo via screenrant

ဒါ့အပြင် Daniel Craig ရဲ့ နောက်ဆုံး James Bond ရုပ်ရှင်ဖြစ်တဲ့ No Time To Die ကလည်း အောက်တိုဘာမှာ ရုံတင်သွားမှာ ဖြစ်ပါတယ်။ ဒါကြောင့်ပဲ Morbius နဲ့ ရုံတင်ရက် တိုက်နေပြီး ပြိုင်ဆိုင်မှုတွေ များနေပါတယ်။ ဒါ့အပြင် အောက်တိုဘာလအတွင်းမှာပဲ Dune နဲ့ Halloween Kills တို့ကလည်း ထွက်ရှိလာမှာ ဖြစ်ပါတယ်။ ဒီအချက်တွေကြောင့်ပဲ Sony ဟာ Morbius ကို ၂၀၂၂ ခုနှစ်မှာ ရုံတင်ဖို့ ဆုံးဖြတ်ခဲ့တာ ဖြစ်ပါတယ်။

Morbius ရုပ်ရှင်ကို ၂၀၂၂ ခုနှစ် ဇန်နဝါရီ (၂၁) ရက်ကို ရုံတင်ရက် နောက်ဆုတ်လိုက်ပါပြီ ဆိုပြီး Sony ဟာ တရားဝင် ကြေညာခဲ့ပါတယ်။ Sony ဟာ ၂၀၂၂ ခုနှစ်ကို ရုံတင်ရက် ရွှေ့လိုက်တဲ့ ရုပ်ရှင်ဟာ Morbius တစ်ကားတည်း မဟုတ်ဘဲ Tom Holland သရုပ်ဆောင်ထားတဲ့ Uncharted ရုပ်ရှင်ကိုလည်း ၂၀၂၂ ဖေဖော်ဝါရီလကို နောက်ဆုတ်သွားခဲ့ပါတယ်။

photo via screenrant

Sony ရဲ့ Morbius ရုပ်ရှင်ဟာ ကိုဗစ်အပါအဝင် တစ်ခြားအကြောင်းတွေကြောင့်လည်း ရုံတင်ရက်ကို အကြိမ်ကြိမ် ရွှေ့ပြောင်းခဲ့ပါတယ်။ ဒါ့အပြင် Morbius ရုပ်ရှင်ရဲ့ ပထမဆုံးထွေလာကို ပရိသတ်တွေ မြင်တွေ့ခဲ့ရတာကလည်း (၂) နှစ်လောက် ရှိနေပါပြီ။ ဘယ်လိုပဲဖြစ်ဖြစ် ဒီရုပ်ရှင်တွေရဲ့ ရုံတင်ရက်တွေကို စိတ်ရှည်ရှည် စောင့်စားရင်း ကိုဗစ်ကြီးလည်း အမြန်ဆုံး အဆုံးသတ်သွားပါစေလို့ ဆုတောင်းမိပါတယ်။

Legos

Source : Screenrant

(Zawgyi Version)

Morbius ႐ုပ္ရွင္ဟာ မၾကာေသးခင္ကပဲ ၂၀၂၁ ႏွစ္လည္ကို ႐ုံတင္ရက္ ေ႐ႊ႕ေျပာင္းထားၿပီး အခုခ်ိန္မွာေတာ့ Sony ဟာ ဒီ႐ုပ္ရွင္ကို ၂၀၂၂ ခုႏွစ္ထိ ႐ုံတင္ရက္ ေနာက္ဆုတ္သြားခဲ့ပါတယ္။ အခုလိုမ်ိဴး ႐ုံတင္ရက္ ထပ္မံေျပာင္းလဲလိုက္ရတဲ့ အေၾကာင္းအရင္းကေတာ့ ဒီႏွစ္အတြင္းမွာ ႐ုပ္ရွင္႐ုံေတြ ဖြင့္လွစ္ဖို႔ အဆင္သင့္မျဖစ္ေသးဘူးလို႔ ယူဆလို႔ပဲ ျဖစ္ပါတယ္။

photo via screenrant

ဒါ့အျပင္ Daniel Craig ရဲ႕ ေနာက္ဆုံး James Bond ႐ုပ္ရွင္ျဖစ္တဲ့ No Time To Die ကလည္း ေအာက္တိုဘာမွာ ႐ုံတင္သြားမွာ ျဖစ္ပါတယ္။ ဒါေၾကာင့္ပဲ Morbius နဲ႔ ႐ုံတင္ရက္ တိုက္ေနၿပီး ၿပိဳင္ဆိုင္မႈေတြ မ်ားေနပါတယ္။ ဒါ့အျပင္ ေအာက္တိုဘာလအတြင္းမွာပဲ Dune နဲ႔ Halloween Kills တို႔ကလည္း ထြက္ရွိလာမွာ ျဖစ္ပါတယ္။ ဒီအခ်က္ေတြေၾကာင့္ပဲ Sony ဟာ Morbius ကို ၂၀၂၂ ခုႏွစ္မွာ ႐ုံတင္ဖို႔ ဆုံးျဖတ္ခဲ့တာ ျဖစ္ပါတယ္။

Morbius ႐ုပ္ရွင္ကို ၂၀၂၂ ခုႏွစ္ ဇန္နဝါရီ (၂၁) ရက္ကို ႐ုံတင္ရက္ ေနာက္ဆုတ္လိုက္ပါၿပီ ဆိုၿပီး Sony ဟာ တရားဝင္ ေၾကညာခဲ့ပါတယ္။ Sony ဟာ ၂၀၂၂ ခုႏွစ္ကို ႐ုံတင္ရက္ ေ႐ႊ႕လိုက္တဲ့ ႐ုပ္ရွင္ဟာ Morbius တစ္ကားတည္း မဟုတ္ဘဲ Tom Holland သ႐ုပ္ေဆာင္ထားတဲ့ Uncharted ႐ုပ္ရွင္ကိုလည္း ၂၀၂၂ ေဖေဖာ္ဝါရီလကို ေနာက္ဆုတ္သြားခဲ့ပါတယ္။

photo via screenrant

Sony ရဲ႕ Morbius ႐ုပ္ရွင္ဟာ ကိုဗစ္အပါအဝင္ တစ္ျခားအေၾကာင္းေတြေၾကာင့္လည္း ႐ုံတင္ရက္ကို အႀကိမ္ႀကိမ္ ေ႐ႊ႕ေျပာင္းခဲ့ပါတယ္။ ဒါ့အျပင္ Morbius ႐ုပ္ရွင္ရဲ႕ ပထမဆုံးေထြလာကို ပရိသတ္ေတြ ျမင္ေတြ႕ခဲ့ရတာကလည္း (၂) ႏွစ္ေလာက္ ရွိေနပါၿပီ။ ဘယ္လိုပဲျဖစ္ျဖစ္ ဒီ႐ုပ္ရွင္ေတြရဲ႕ ႐ုံတင္ရက္ေတြကို စိတ္ရွည္ရွည္ ေစာင့္စားရင္း ကိုဗစ္ႀကီးလည္း အျမန္ဆုံး အဆုံးသတ္သြားပါေစလို႔ ဆုေတာင္းမိပါတယ္။

Legos

Source : Screenrant

RELATED ARTICLES

Most Popular