HomeEntertainmentFilmDCEU Cameo တွေ ထပ်မံပါဝင်လာဦးမယ့် Peacemaker Season 2

DCEU Cameo တွေ ထပ်မံပါဝင်လာဦးမယ့် Peacemaker Season 2

HBO Max က ပြသသွားမယ့် Peacemaker Season 2 ထဲမှာတော့ နောက်ထပ် DCEU Cameo တွေ ထပ်မံ ပါဝင်လာဦးမယ်လို့ ဒါရိုက်တာ James Gunn က အရိပ်အမြွက် ပြောပြထားပါတယ်။ ၂၀၂၁ ခုနှစ်မှာ ထွက်ရှိခဲ့တဲ့ The Suicide Squad ရုပ်ရှင်ရဲ့ အောင်မြင်မှုကြောင့်ပဲ ဒါရိုက်တာ James Gunn ဟာ Peacemaker ဇာတ်လမ်းတွဲကို ထပ်မံ ရိုက်ကူးခဲ့ရပြီး ဒီဇာတ်လမ်းတွဲဟာ HBO Max အတွက် ကြည့်ရှုသူ စံချိန်ကိုတောင် ချိူးဖျက်သွားခဲ့ပါတယ်။

ပထမ Season ထဲမှာတော့ DC ကောမစ်နဲ့ ပတ်သက်တဲ့ Easter Egg တွေနဲ့ Reference တွေ ထည့်သွင်းခဲ့သလို ကောမစ်ထဲက ဇာတ်ကောင်တွေရဲ့ နာမည်တွေကိုလည်း Mention လုပ်ခဲ့တာမျိူးတွေ ရှိပါတယ်။ ဒါ့အပြင် နောက်ဆုံးပိုင်းမှာတော့ ပရိသတ်တွေကို အံ့ဩစရာ ဖြစ်စေတဲ့ ဇာတ်ဝင်ခန်းအဖြစ် Justice League အဖွဲ့ဝင်တွေဖြစ်တဲ့ Wonder Woman ၊ Superman ၊ Flash နဲ့ Aquaman တို့က Cameo အနေနဲ့ ပါဝင်ခဲ့ကြပါတယ်။

photo via screenrant

Total Film နဲ့ အင်တာဗျူးမှာတော့ ဒုတိယ Season ထဲမှာ DCEU ရဲ့ နောက်ထပ် Cameo တွေ ပါဝင်လာနိုင်သေးတယ်လို့ ဒါရိုက်တာ James Gunn က ပြောပြခဲ့ပါတယ်။

“Peacemaker နဲ့ HBO max က တခြားဇာတ်လမ်းတွဲတွေ ထွက်လာတာနဲ့အမျှ တခြားအရာတွေနဲ့ ဆက်စပ်နေတာတွေကို ပိုပြီး မြင်တွေ့လာရမှာပါ။ အဲ့တော့ Cameo တွေကတော့ ဆက်ပြီး ပါနေဦးမှာပါ။ Justice League က Peacemaker Season တိုင်းမှာ ပါနေမလား ဆိုတာတော့ ကျွန်တော်လည်း မသိပါဘူး။ အဲ့ဒါက ဒီတစ်ကြိမ်ပဲ ပါဝင်တာလည်း ဖြစ်နိုင်ပါတယ်။”

ဒီသတင်းတင် မကသေးဘဲ James Gunn ဟာ The Suicide Squad ရဲ့ နောက်ထပ် Spin-Off ဇာတ်လမ်းတွဲတစ်ခုနဲ့ DC အတွက် တခြားပရောဂျက်တွေကိုလည်း ဖန်တီးဖို့ ပြင်ဆင်နေတယ်လို့ ဆိုပါတယ်။ လောလောဆယ်မှာတော့ Peacemaker Season 2 ဟာ ဘယ်အချိန်မှာ ထွက်ရှိလာမယ်ဆိုတာ မသိရသေးပါဘူး။ ဘယ်လိုပဲဖြစ်ဖြစ် ဒီဇာတ်လမ်းတွဲကိုတော့ လာမယ့် ရှေ့နှစ်ဆန်းပိုင်းမှာ မြင်တွေ့ရနိုင်ပါတယ်။

Legos

Source: Screenrant

RELATED ARTICLES

Most Popular