HomeEntertainmentFilmSpider-Man: No Way Home ထဲမှာ ပါဝင်လုနီးပါး ဖြစ်ခဲ့တဲ့ Morgan Stark

Spider-Man: No Way Home ထဲမှာ ပါဝင်လုနီးပါး ဖြစ်ခဲ့တဲ့ Morgan Stark

ကလေးသရုပ်ဆောင် Lexi Rabe ဟာ Avengers: Endgame ထဲမှာ Tony Stark ရဲ့ သမီးဖြစ်သူ Morgan Stark နေရာမှာ ပါဝင်သရုပ်ဆောင်ခဲ့ပြီး သူမဟာ Spider-Man: No Way Home ထဲမှာလည်း ပါဝင်လုနီးပါး ဖြစ်ခဲ့ပါတယ်။

Tony Stark ကတော့ Peter Parker အတွက် ဖခင်လိုရော၊ ဆရာလိုပါ အရေးပါတဲ့ လူတစ်ယောက် ဖြစ်ပြီး သူတို့နှစ်ယောက်ရဲ့ ဆက်ဆံရေးကို Civil War ကနေ Endgame အထိ မြင်တွေ့ခဲ့ရပါတယ်။ Far From Home ထဲမှာလည်း Tony မရှိတော့တဲ့နောက် Peter တစ်ယောက် ဘယ်လိုမျိူး ရှေ့ဆက်နေရလည်းဆိုတာ မြင်တွေ့ခဲ့ရပါသေးတယ်။

Photo: lexi_rabe/ Instagram

ယခုရုံတင်ပြသနေတဲ့ No Way Home ထဲမှာတော့ Peter က Spider-Man ဆိုတာ တစ်ကမ္ဘာလုံးက သိသွားတာကြောင့် Peter တစ်ယောက် Doctor Strange ဆီမှာ အကူအညီသွားတောင်းခဲ့ပါတယ်။ အဲ့ဒီအချိန်မှာတော့ Doctor Strange ရဲ့ Spell ဟာ အမှားအယွင်းတွေ ဖြစ်သွားပြီး တခြား Universe က Spider-Man ရဲ့ ဗီလိန်တွေဖြစ်တဲ့ Doc Ock ၊ Green Goblin ၊ Sandman ၊ Electro ၊ Lizard တို့ ပါဝင်လာပါတယ်။

No Way Home ကတော့ Spider-Man ရဲ့ ဇာတ်လမ်း ဖြစ်ပေမယ့်လည်း Tony ကို အမှတ်ရစေတဲ့ အချက်တွေ ပါဝင်နေပါတယ်။ တကယ်တော့ ဒီရုပ်ရှင်ထဲမှာ Tony ရဲ့ သမီးဖြစ်သူ Morgan Stark လည်း ပါဝင်ခဲ့ပါတယ်။ စိတ်မကောင်းစရာကတော့ သူမ ပါဝင်ထားတဲ့ ဇာတ်ဝင်ခန်းဟာ ရုပ်ရှင်ထဲက ဖြတ်ထုတ်ခံလိုက်ရပါတယ်။ ဒီအကြောင်းကိုတော့ သရုပ်ဆောင်လေး Lexi Rabe ဟာ တခြားသရုပ်ဆောင်တွေနဲ့ တွဲရိုက်ထားတဲ့ ဓာတ်ပုံတွေကို အင်စတာဂရမ်ပေါ်မှာ တင်ပြီး ပြောပြထားပါတယ်။

 

View this post on Instagram

 

A post shared by Lexi Rabe (@lexi_rabe)

သေချာသတိထားပြီး ကြည့်မယ်ဆိုရင် Happy ရဲ့ တိုက်ခန်းထဲမှာ Morgan ဆွဲထားတဲ့ ပန်းချီတွေကိုလည်း မြင်တွေ့ခဲ့ရပါတယ်။ ဒီအချက်ကို ကြည့်ခြင်းအားဖြင့် Happy ဟာ Tony မရှိတော့တဲ့ နောက်မှာတောင် Morgan ကို စောင့်ရှောက်နေဆဲ ဖြစ်တယ်ဆိုတာ သိသာစေပါတယ်။ နောက်ပိုင်းမှာတော့ သူမ ပါဝင်ထားတဲ့ ဇာတ်ဝင်ခန်းဟာလည်း အင်တာနက်ပေါ်မှာ ပျံ့နှံ့လာမယ်လို့ ယူဆရပါတယ်။

Legos

Source: Screenrant

RELATED ARTICLES

Most Popular