HomeInspirationသင့္ဘ၀ကို ေျပာင္းလဲေစမယ့္ မနက္ခင္းအေလ့အထမ်ား

သင့္ဘ၀ကို ေျပာင္းလဲေစမယ့္ မနက္ခင္းအေလ့အထမ်ား

အောက်တွင် ယူနီကုဒ်ဖြင့် ဖတ်ရှုပါ။

တစ္ညတာ အိပ္စက္ၿပီး ႏိုးထလာတဲ့ မနက္ခင္းတိုင္းမွာ ေပ်ာ္ရႊင္ခ်မ္းေျမ႕စြာနဲ႔ ႏိုးထႏိုင္ဖို႔ လိုအပ္ပါတယ္။ ဒါေၾကာင့္လည္း လူတစ္ေယာက္ရဲ႕ အေရးႀကီးဆုံးအခ်ိန္ဟာ မနက္ခင္းလို႔ ေျပာၾကတာပါ။ မနက္ခင္းမွာ စိတ္ၾကည္ေနရင္ တစ္ေနကုန္ ျမဴးၾကြရႊင္လန္းေနေလ့ရိွၿပီး စိတ္မၾကည္လင္စရာေတြ ျဖစ္ခဲ့မယ္ဆိုရင္ေတာ့ တစ္ေန႔ခင္းလုံး စိတ္ဖိစီးမႈေတြနဲ႔ ထိုင္းမိႈင္းေနေတာ့မွာပါ။

လူတစ္ေယာက္ဟာ မနက္ခင္းမွာ ႏိုးလာၿပီဆိုရင္ ႏိုးႏိုးခ်င္း ပထမဆုံးအခ်ိန္ (၁၀)မိနစ္ဟာ အင္မတန္ အေရးပါပါတယ္။ အဲ့ဒီ့မိနစ္ပိုင္းေလးအတြင္းမွာ မွန္ကန္တဲ့ အမူအက်င့္ေလးေတြနဲ႔ စိတ္ကေလး ၾကည္လင္ရႊင္ပ်ေစဖို႔ လုပ္ေဆာင္ႏိုင္မယ္ဆိုရင္ က်န္တဲ့တစ္ေန႔တာလုံးမွာ အင္အားအျပည့္နဲ႔ ေမာင္းႏွင္ႏိုင္မွာ အေသအခ်ာပါပဲ။ ျပဳလုပ္ရမယ့္ အရာေတြကေတာ့ …

Snooze မလုပ္ပါနဲ႔။

မနက္ခင္းထမယ့္အခ်ိန္ကို ႏိႈးစက္ေပးတဲ့အခါ လူအမ်ားစုဟာ ျပန္ေမွးဖို႔အတြက္ အခ်ိန္ေလးေတြပါ ထည့္ထားတတ္ၾကပါတယ္။ ဒါဟာ ေရွာင္က်ဥ္သင့္တဲ့အရာပါ။ ညကတည္းက ကိုယ္တကယ္ ထမယ့္အခ်ိန္ကို သတ္မွတ္ၿပီး တစ္ခါတည္း ထပါ။ Snooze ဟာ ေရြးခ်ယ္စရာ မဟုတ္ဘူးလို႔သာ စိတ္ထဲမွတ္ထားလိုက္ပါ။ Snooze ခဏခဏလုပ္ၿပီး ျပန္ေမွးျခင္းဟာ အိပ္ေရးမ၀တဲ့ ခံစားခ်က္ကို ပိုခံစားရေစၿပီး လူကိုလည္း ထိုင္းမိႈင္းႏုံးခ်ိေစသလို အခန္႔မသင့္ရင္ အလုပ္ေတြ၊ ေက်ာင္းေတြပါ ေနာက္က်ေစႏိုင္ပါတယ္။

အေၾကာဆန္႔ပါ။

အိပ္ေရး၀၀အိပ္ၿပီး ႏိုးလာၿပီဆိုတာနဲ႔ တန္းၿပီး မထလိုက္ပါနဲ႔။ ခႏၶာကိုယ္တစ္ခုလုံး ေျပေလ်ာ႔သြားေအာင္ ေကာင္းေကာင္းႀကီး အေၾကာဆန္႔လိုက္ပါ။ မနက္ခင္းအခ်ိန္မွာ အေၾကာဆန္႔တာဟာ ၾကြက္သားေတြကို ေပ်ာ႔ေပ်ာင္းေစၿပီး အဆစ္အျမစ္ေတြကိုလည္း သူ႔ေနရာနဲ႔သူ ေကာင္းမြန္ေစပါတယ္။ စိတ္ဖိစီးမႈေတြကို ေလွ်ာ႔ခ်ေပးၿပီး ေသြးလည္ပတ္မႈကိုလည္း ေကာင္းမြန္ေစပါတယ္။

ေရေသာက္ပါ။

လူ႔ခႏၶာကိုယ္ရဲ႕ (၆၀)ရာခိုင္ႏႈန္းေက်ာ္ဟာ ေရဓာတ္ေတြနဲ႔ ဖြဲ႕စည္းထားတာပါ။ (၇)နာရီ၊ (၈)နာရီေလာက္ တစ္ညလုံး အိပ္လာရတဲ့ သင့္ခႏၶာကိုယ္ဟာ မနက္မိုးလင္းခ်ိန္မွာေတာ့ ေရဓာတ္ေတြ ခန္းေျခာက္ေနေလာက္ပါၿပီ။ ဒါေၾကာင့္ ေန႔တစ္ေန႔ကို အေကာင္းဆုံး အစျပဳဖို႔ ေရ တစ္ဖန္ခြက္အျပည့္ကို ေသာက္ေပးသင့္ပါတယ္။

မနက္စာ စားပါ။

မနက္စာဟာ တကယ္အေရးႀကီးပါတယ္။ မနက္စာကို ေကာင္းေကာင္းေလး စားလိုက္တာနဲ႔ တစ္ေန႔လုံး အားေတြရိွသြားသလို ခံစားရေစၿပီး ကိုယ္တြင္း ကလီစာေတြအေနနဲ႔လည္း အစာေခ်ဖ်က္ရာမွာ အရိွန္ရၿပီးသား ျဖစ္သြားေစပါတယ္။ ဒါ့အျပင္ တင္းတိမ္တဲ့ ခံစားခ်က္ကို ခံစားရမွာ ျဖစ္တာေၾကာင့္ တစ္ေနကုန္ ဟိုဟာစားခ်င္၊ ဒီဟာစားခ်င္ျဖစ္တဲ့ စိတ္ကိုလည္း ေလ်ာ႔နည္းေစမွာပါ။

ဂီတနဲ႔ ႏိုးထပါ။

မနက္ခင္းႏိုးလို႔ သင္လုပ္စရာရိွတာေတြ လုပ္ေနခ်ိန္မွာ သီခ်င္းတစ္ခုခု ဖြင့္နားေထာင္ဖို႔ကိုလည္း မေမ့လုိက္ပါနဲ႔။ ျမဴးၾကြေပ်ာ္ရႊင္စရာေကာင္းတဲ့ သံစဥ္၊ ဒါမွမဟုတ္ ေအးေဆးသာယာတဲ့ သံစဥ္ တစ္ခုခုကို သင္ႏွစ္သက္ရာ ေရြးၿပီး နားေထာင္ႏိုင္ပါတယ္။ ဒါဟာ စိတ္ထဲမွာလည္း ေအးခ်မ္းေပ်ာ္ရႊင္သြားေစၿပီး တစ္ေန႔လုံးကိုလည္း အေကာင္းျမင္စိတ္ေလးနဲ႔ ၾကည့္ျမင္ေစႏိုင္ပါတယ္။

ဖုန္းမသုံးပါနဲ႔။

မနက္ခင္းအခ်ိန္ဟာ က်န္းမာေရးအရေရာ၊ စိတ္ပိုင္းဆိုင္ရာအရေရာ အေရးႀကီးတဲ့အခ်ိန္ျဖစ္လို႔ အက်ိဳးမရိွတဲ့ ဖုန္းသုံးၿပီး အခ်ိန္ကုန္မခံပါနဲ႔။ ျဖစ္ႏိုင္ရင္ ႏိုတီေတြကို ပိတ္ထားပါ။ အရမ္းအေရးႀကီးလို႔ မျဖစ္မေန ဆက္သြယ္ရမယ့္လူဟာ သင့္ဆီကို ေသခ်ာေပါက္ ဖုန္းဆက္ပါလိမ့္မယ္။ ဒါေၾကာင့္ ဖုန္းကို ေနာက္ဆံတင္းမေနဘဲ အေရးႀကီးတာေတြကိုသာ လုပ္ပါ။

ဒါေလးေတြဟာ ခက္ခဲတာမ်ိဳး မဟုတ္ေပမယ့္ အခုေခတ္မွာ လူေတာ္ေတာ္မ်ားမ်ားက မလုပ္ျဖစ္ဘဲ ေမ့ေလ်ာ႔ေနၾကတတ္ပါတယ္။ မိမိကိုယ္ကို စိတ္ေရာ၊လူပါ က်န္းမာရႊင္လန္းေစမယ့္ အရာေတြကို မနက္ခင္းအခ်ိန္အခါတည္းက ေန႔စဥ္ ဦးစားေပးၿပီး လုပ္ေဆာင္တဲ့အခါ အခ်ိန္ေတြၾကာလာေလ သိသာေကာင္းမြန္တဲ့ အက်ိဳးရလဒ္ေတြကို ခံစားရေလျဖစ္မွာ မလြဲမေသြပါပဲ။

Xei 

(Unicode Version)

တစ်ညတာ အိပ်စက်ပြီး နိုးထလာတဲ့ မနက်ခင်းတိုင်းမှာ ပျော်ရွှင်ချမ်းမြေ့စွာနဲ့ နိုးထနိုင်ဖို့ လိုအပ်ပါတယ်။ ဒါကြောင့်လည်း လူတစ်ယောက်ရဲ့ အရေးကြီးဆုံးအချိန်ဟာ မနက်ခင်းလို့ ပြောကြတာပါ။ မနက်ခင်းမှာ စိတ်ကြည်နေရင် တစ်နေကုန် မြူးကြွရွှင်လန်းနေလေ့ရှိပြီး စိတ်မကြည်လင်စရာတွေ ဖြစ်ခဲ့မယ်ဆိုရင်တော့ တစ်နေ့ခင်းလုံး စိတ်ဖိစီးမှုတွေနဲ့ ထိုင်းမှိုင်းနေတော့မှာပါ။

လူတစ်ယောက်ဟာ မနက်ခင်းမှာ နိုးလာပြီဆိုရင် နိုးနိုးချင်း ပထမဆုံးအချိန် (၁၀)မိနစ်ဟာ အင်မတန် အရေးပါပါတယ်။ အဲ့ဒီ့မိနစ်ပိုင်းလေးအတွင်းမှာ မှန်ကန်တဲ့ အမူအကျင့်လေးတွေနဲ့ စိတ်ကလေး ကြည်လင်ရွှင်ပျစေဖို့ လုပ်ဆောင်နိုင်မယ်ဆိုရင် ကျန်တဲ့တစ်နေ့တာလုံးမှာ အင်အားအပြည့်နဲ့ မောင်းနှင်နိုင်မှာ အသေအချာပါပဲ။ ပြုလုပ်ရမယ့် အရာတွေကတော့ …

Snooze မလုပ်ပါနဲ့။

မနက်ခင်းထမယ့်အချိန်ကို နှိုးစက်ပေးတဲ့အခါ လူအများစုဟာ ပြန်မှေးဖို့အတွက် အချိန်လေးတွေပါ ထည့်ထားတတ်ကြပါတယ်။ ဒါဟာ ရှောင်ကျဉ်သင့်တဲ့အရာပါ။ ညကတည်းက ကိုယ်တကယ် ထမယ့်အချိန်ကို သတ်မှတ်ပြီး တစ်ခါတည်း ထပါ။ Snooze ဟာ ရွေးချယ်စရာ မဟုတ်ဘူးလို့သာ စိတ်ထဲမှတ်ထားလိုက်ပါ။ Snooze ခဏခဏလုပ်ပြီး ပြန်မှေးခြင်းဟာ အိပ်ရေးမဝတဲ့ ခံစားချက်ကို ပိုခံစားရစေပြီး လူကိုလည်း ထိုင်းမှိုင်းနုံးချိစေသလို အခန့်မသင့်ရင် အလုပ်တွေ၊ ကျောင်းတွေပါ နောက်ကျစေနိုင်ပါတယ်။

အကြောဆန့်ပါ။

အိပ်ရေး၀၀အိပ်ပြီး နိုးလာပြီဆိုတာနဲ့ တန်းပြီး မထလိုက်ပါနဲ့။ ခန္ဓာကိုယ်တစ်ခုလုံး ပြေလျော့သွားအောင် ကောင်းကောင်းကြီး အကြောဆန့်လိုက်ပါ။ မနက်ခင်းအချိန်မှာ အကြောဆန့်တာဟာ ကြွက်သားတွေကို ပျော့ပျောင်းစေပြီး အဆစ်အမြစ်တွေကိုလည်း သူ့နေရာနဲ့သူ ကောင်းမွန်စေပါတယ်။ စိတ်ဖိစီးမှုတွေကို လျှော့ချပေးပြီး သွေးလည်ပတ်မှုကိုလည်း ကောင်းမွန်စေပါတယ်။

ရေသောက်ပါ။

လူ့ခန္ဓာကိုယ်ရဲ့ (၆၀)ရာခိုင်နှုန်းကျော်ဟာ ရေဓာတ်တွေနဲ့ ဖွဲ့စည်းထားတာပါ။ (၇)နာရီ၊ (၈)နာရီလောက် တစ်ညလုံး အိပ်လာရတဲ့ သင့်ခန္ဓာကိုယ်ဟာ မနက်မိုးလင်းချိန်မှာတော့ ရေဓာတ်တွေ ခန်းခြောက်နေလောက်ပါပြီ။ ဒါကြောင့် နေ့တစ်နေ့ကို အကောင်းဆုံး အစပြုဖို့ ရေ တစ်ဖန်ခွက်အပြည့်ကို သောက်ပေးသင့်ပါတယ်။

မနက်စာ စားပါ။

မနက်စာဟာ တကယ်အရေးကြီးပါတယ်။ မနက်စာကို ကောင်းကောင်းလေး စားလိုက်တာနဲ့ တစ်နေ့လုံး အားတွေရှိသွားသလို ခံစားရစေပြီး ကိုယ်တွင်း ကလီစာတွေအနေနဲ့လည်း အစာချေဖျက်ရာမှာ အရှိန်ရပြီးသား ဖြစ်သွားစေပါတယ်။ ဒါ့အပြင် တင်းတိမ်တဲ့ ခံစားချက်ကို ခံစားရမှာ ဖြစ်တာကြောင့် တစ်နေကုန် ဟိုဟာစားချင်၊ ဒီဟာစားချင်ဖြစ်တဲ့ စိတ်ကိုလည်း လျော့နည်းစေမှာပါ။

ဂီတနဲ့ နိုးထပါ။

မနက်ခင်းနိုးလို့ သင်လုပ်စရာရှိတာတွေ လုပ်နေချိန်မှာ သီချင်းတစ်ခုခု ဖွင့်နားထောင်ဖို့ကိုလည်း မမေ့လိုက်ပါနဲ့။ မြူးကြွပျော်ရွှင်စရာကောင်းတဲ့ သံစဉ်၊ ဒါမှမဟုတ် အေးဆေးသာယာတဲ့ သံစဉ် တစ်ခုခုကို သင်နှစ်သက်ရာ ရွေးပြီး နားထောင်နိုင်ပါတယ်။ ဒါဟာ စိတ်ထဲမှာလည်း အေးချမ်းပျော်ရွှင်သွားစေပြီး တစ်နေ့လုံးကိုလည်း အကောင်းမြင်စိတ်လေးနဲ့ ကြည့်မြင်စေနိုင်ပါတယ်။

ဖုန်းမသုံးပါနဲ့။

မနက်ခင်းအချိန်ဟာ ကျန်းမာရေးအရရော၊ စိတ်ပိုင်းဆိုင်ရာအရရော အရေးကြီးတဲ့အချိန်ဖြစ်လို့ အကျိုးမရှိတဲ့ ဖုန်းသုံးပြီး အချိန်ကုန်မခံပါနဲ့။ ဖြစ်နိုင်ရင် နိုတီတွေကို ပိတ်ထားပါ။ အရမ်းအရေးကြီးလို့ မဖြစ်မနေ ဆက်သွယ်ရမယ့်လူဟာ သင့်ဆီကို သေချာပေါက် ဖုန်းဆက်ပါလိမ့်မယ်။ ဒါကြောင့် ဖုန်းကို နောက်ဆံတင်းမနေဘဲ အရေးကြီးတာတွေကိုသာ လုပ်ပါ။

ဒါလေးတွေဟာ ခက်ခဲတာမျိုး မဟုတ်ပေမယ့် အခုခေတ်မှာ လူတော်တော်များများက မလုပ်ဖြစ်ဘဲ မေ့လျော့နေကြတတ်ပါတယ်။ မိမိကိုယ်ကို စိတ်ရော၊လူပါ ကျန်းမာရွှင်လန်းစေမယ့် အရာတွေကို မနက်ခင်းအချိန်အခါတည်းက နေ့စဉ် ဦးစားပေးပြီး လုပ်ဆောင်တဲ့အခါ အချိန်တွေကြာလာလေ သိသာကောင်းမွန်တဲ့ အကျိုးရလဒ်တွေကို ခံစားရလေဖြစ်မှာ မလွဲမသွေပါပဲ။

Xei 

 

RELATED ARTICLES

Most Popular