HomeCelebs Update NewsInternational၂၀၁၉ခုနှစ်အတွက် Instagram ဖော်လိုဝါအများဆုံး ရရှိထားတဲ့ အကောင့်(၂၀)

၂၀၁၉ခုနှစ်အတွက် Instagram ဖော်လိုဝါအများဆုံး ရရှိထားတဲ့ အကောင့်(၂၀)

ေအာက္တြင္ ေဇာ္ဂ်ီျဖင့္ ဖတ္ပါ။

Instagram ဟာ ကမ္ဘာ့ လူသုံးအများဆုံး ဆိုရှယ်မီဒီယာ ပလက်ဖောင်းတစ်ခုဖြစ်ပြီး လစဉ် Active User (၁)ဘီလျံလောက် ရှိနေပါတယ်။ လူသုံးအရမ်းများတဲ့ ပလက်ဖောင်းတစ်ခုဖြစ်လို့ IG ကနေ ဆယ်လီဖြစ်ကာ influencer အဖြစ် အသက်မွေးဝမ်းကျောင်းပြုနိုင်သူတွေအထိ ရှိလာပါတယ်။ တစ်ကမ္ဘာလုံးက user တွေကြားထဲမှာမှ ဖော်လိုဝါအများဆုံးကို ဘယ်သူတွေ ပိုင်ဆိုင်ထားမလည်းလို့ စဉ်းစားကြည့်လိုက်ရင်တော့ တော်တော်လေး စိတ်ဝင်စားစရာကောင်းပါတယ်။ ဒါကြောင့် Brand Watch အဖွဲ့က ဖော်ပြထားတဲ့ ၂၀၁၉ခုနှစ်အတွက် ဖော်လိုဝါအများဆုံး ပိုင်ဆိုင်ထားတဲ့ Instagram အကောင့် (၂၀)ကို ဖော်ပြပေးလိုက်ပါတယ်။

နံပါတ်(၂၀) Katy Perry (87.2 သန်း)

Photo: katyperry/ Instagram

ပေါ့ပ်စတားတစ်ယောက်ဖြစ်တဲ့ Katy Perry ကတော့ လက်ရှိအချိန်အထိ ဖော်လိုဝါ ၈၇.၂သန်း ပိုင်ဆိုင်ထားပါတယ်။ သူမရဲ့အကောင့်မှာတော့ music event တွေ၊ MV တွေနဲ့ ပတ်သက်တာတွေ၊ ဆယ်လ်ဖီတွေနဲ့ အခြား နေ့စဉ်လှုပ်ရှားမှုတွေကို update တင်ပေးလေ့ ရှိပါတယ်။

နံပါတ်(၁၉) Nike (96 သန်း)

Photo: nike/ Instagram

နာမည်ကျော်ကုန်ပစ္စည်း အမှတ်တံဆိပ်တစ်ခုဖြစ်တဲ့ Nike ကတော့ ဖော်လိုဝါအများဆုံး နံပါတ်(၁၉)နေရာမှာ ရပ်တည်နေပါတယ်။ လက်ရှိအချိန်အထိ ဖော်လိုဝါ (၉၆)သန်း ရရှိထားတာကို ကြည့်ခြင်းအားဖြင့် ဆိုရှယ်မီဒီယာ ပလက်ဖောင်းကို ကောင်းကောင်းကြီး အသုံးချနိုင်တဲ့ Brand တစ်ခုဆိုတာ ငြင်းဖွယ်ရာ မရှိပါဘူး။ သူ့အကောင့်မှာတော့ ဓာတ်ပုံတွေနဲ့ ဗွီဒီယိုတွေကို ထွေးရောယှက်တင် တင်လေ့ရှိသလို သူ့ brand နဲ့ လိုက်ဖက်ညီမယ့် အကြောင်းအရာ content တွေကို အမြဲတမ်း တင်ပေးလေ့ ရှိပါတယ်။

နံပါတ်(၁၈) Miley Cyrus (101 သန်း)

Photo: mileycyrus/ Instagram

ကလေးဘ၀တည်းက နာမည်ကျော်လာတဲ့ စူပါစတား Miley Cyrus ကတော့ ယနေ့အချိန်မှာ ပေါ့ပ်ရေစီးကြောင်းရဲ့ စတားတစ်ပွင့် ဖြစ်နေပါပြီ။ လက်ရှိအချိန်မှာ ဖော်လိုဝါ (၁၀၁)သန်း ရရှိထားပြီး သူမရဲ့အကောင့်မှာတော့ မြင်နေကျ IG အကောင့်တွေလိုပဲ ဆယ်လ်ဖီတွေ၊ သူမရဲ့ music event နဲ့ ပတ်သက်တာတွေကို တင်လေ့ရှိပါတယ်။ သူမရဲ့ သီချင်းအသစ်တွေကိုလည်း teaser အနေနဲ့ တင်လေ့ရှိပါတယ်။

နံပါတ်(၁၇) Khloé Kardashian (101.1 သန်း)

Photo: khloekardashian/ Instagram

နာမည်ကျော် Kardashian မိသားစုဝင်တစ်ယောက်ဖြစ်တဲ့ Khloé Kardashian ကတော့ ဖော်လိုဝါအများဆုံး နံပါတ်(၁၇)နေရာမှာ ရပ်တည်နေပါတယ်။ Kardashian မိသားစုကတော့ ဆိုရှယ်မီဒီယာကို အကြောင်းပြုပြီးတော့မှ ကောင်းကောင်းအမြတ်ထုတ် စီးပွားရှာတတ်ကြသူတွေ ဖြစ်ပါတယ်။ Khloé ရဲ့အကောင့်မှာဆိုရင် သူမရဲ့ဘ၀အကြောင်းနဲ့ စီးပွားရေးနဲ့ ပတ်သက်တာတွေ၊ နေ့စဉ် သွားလာလှုပ်ရှားမှုတွေအကြောင်းကို တင်လေ့ရှိပါတယ်။ Khloé နဲ့ Miley ကတော့ လက်ရှိအချိန်မှာ ဖော်လိုဝါ ရရှိထားမှုက မတိမ်းမယိမ်း ဖြစ်နေပါတယ်။

နံပါတ်(၁၆) Jennifer Lopez (106.1 သန်း)

Photo: jlo/ Instagram

အဆိုတော်လည်းဖြစ်၊ သရုပ်ဆောင်လည်းဖြစ်တဲ့ Jennifer Lopez ကတော့ လက်ရှိအချိန်အထိ ဖော်လိုဝါ (၁၀၆.၁)သန်း ပိုင်ဆိုင်ထားပြီး နံပါတ်(၁၆)မှာ ရပ်တည်နေပါတယ်။ သူမရဲ့အကောင့်မှာတော့ ရိုက်ကွင်းနောက်ကွယ်က ပုံရိပ်တွေ၊ ဗွီဒီယိုတွေ၊ music ပရိုမိုးရှင်းတွေအကြောင်းကို တင်လေ့ရှိပါတယ်။

နံပါတ်(၁၅) Nicki Minaj (108.4 သန်း)

Photo: nickiminaj/ Instagram

နာမည်ကျော် ရက်ပ်ပါ Nicki Minaj ကလည်း သူမရဲ့ နယ်လှည့်ဖျော်ဖြေရေးခရီးစဉ်က ပုံရိပ်တွေ၊ event တွေအကြောင်းနဲ့ သူမရဲ့ ပုဂ္ဂိုလ်ရေးဘဝအကြောင်းတွေကို တင်လေ့ရှိပါတယ်။ (၁၀၈.၄)သန်းကတော့ လက်ရှိအချိန်အထိ ပိုင်ဆိုင်ထားတဲ့ ဖော်လိုဝါ ပမာဏဖြစ်ပါတယ်။

နံပါတ်(၁၄) Kendall Jenner (119.2 သန်း)

Photo: kendalljenner/ Instagram

Kardashian မိသားစုဝင်တစ်ယောက်ဖြစ်တဲ့ နာမည်ကျော်မော်ဒယ်လ် Kendall ဟာလည်း ဖော်လိုဝါ (၁၁၉.၂)သန်းနဲ့ နံပါတ်(၁၄)နေရာမှာ ရပ်တည်နေပါတယ်။ သူမရဲ့အကောင့်ကတော့ မော်ဒယ်လ်တစ်ယောက်ရဲ့ အကောင့်ပီပီ photoshoot တွေက ပရိုမိုးရှင်းတွေ၊ ဖက်ရှင်နဲ့ ပတ်သက်တာတွေနဲ့ သူမရဲ့ပါဆင်နယ်ဘဝအကြောင်းတွေ ပါဝင်ပါတယ်။

နံပါတ်(၁၃) Justin Bieber (122.2 သန်း)

Photo: justinbieber/ Instagram

လူငယ်ပရိသတ်တွေကြားမှာ ရေပန်းစားလွန်းတဲ့ ပေါ့ပ်စတား Justin Bieber ဟာလည်း ပေါ့ပ်ရေစီးကြောင်းရဲ့ ပြယုဂ်တစ်ခု ဖြစ်တာကြောင့် ဒီစာရင်းမှာ ပါဝင်နေတာ ဆန်းတော့မဆန်းပါဘူး။ သူ့အကောင့်မှာတော့ မိတ်ဆွေသူငယ်ချင်းတွေနဲ့ အလည်ထွက်တာတွေ၊ ဆယ်လ်ဖီတွေနဲ့ ပါဆင်နယ်ဘဝအကြောင်းတွေ ပါဝင်ပါတယ်။

နံပါတ်(၁၂) Taylor Swift (123.3 သန်း)

Photo: taylorswift/ Instagram

အမာခံပရိသတ်တွေ အများအပြား ရရှိထားတဲ့ ပေါ့ပ်စူပါစတား Taylor ကတော့ ရောင်စုံပန်းခင်းနဲ့တူတဲ့ IG အကောင့်ကို ပိုင်ဆိုင်ထားသူပါ။ သူမရဲ့အကောင့်မှာ MV အသစ်တွေနဲ့ ပတ်သက်တဲ့ ဓာတ်ပုံတွေ၊ နောက်ဆုံးထွက် သီချင်းတွေနဲ့ ပတ်သက်တဲ့ ပရိုမိုးရှင်းတွေ၊ ဆယ်လ်ဖီတွေနဲ့ ပါဆင်နယ်ဘဝအကြောင်း ပို့စ်တွေ ပါဝင်ပါတယ်။

နံပါတ်(၁၁) National Geographic (127.2 သန်း)

Photo: natgeo/ Instagram

ဖော်လိုဝါအများဆုံး စာရင်းဝင်လာတဲ့ နောက်ထပ် Brand တစ်ခုကတော့ သဘာဝအလှအပနဲ့ ရေမြေတောတောင်၊ တိရစ္ဆာန်တွေအကြောင်းကို တင်ဆက်ပေးလေ့ရှိတဲ့ နာမည်ကျော်မဂ္ဂဇင်း National Geographic ဖြစ်ပါတယ်။ Instagram ဟာ visual အသားပေး ပလက်ဖောင်းတစ်ခုဖြစ်တာနဲ့အညီ National Geographic ကလည်း သူတို့ရဲ့ အပျံစား ဓာတ်ပုံတွေ၊ ဗွီဒီယိုတွေကို စဉ်ဆက်မပြတ် တင်ဆက်ပေးလေ့ ရှိနေပါတယ်။

နံပါတ်(၁၀) Neymar (129.3 သန်း)

Photo/ neymarjr/ Instagram

top ten စာရင်းထဲကို ဝင်လာတဲ့အခါမှာတော့ နံပါတ်(၁၀)နေရာမှာ ရပ်တည်နေတာက ကမ္ဘာကျော်ဘောလုံးသမား Neymar ဖြစ်ပါတယ်။ လက်ရှိအချိန်အထိ ဖော်လိုဝါ (၁၂၉.၃)သန်းကို ပိုင်ဆိုင်ထားပြီး သူ့ရဲ့ဘောလုံးကစားနေတဲ့ပုံရိပ်တွေ၊ အခြားဆယ်လီတွေနဲ့ တွေ့ဆုံတဲ့ပုံရိပ်တွေနဲ့ နေ့စဉ်ဘဝအကြောင်းတွေကို တင်လေ့ရှိပါတယ်။

နံပါတ်(၉) Beyoncé (135.4 သန်း)

Photo: beyonce/ Instagram

Queen Bey ကတော့ နံပါတ်(၉)နေရာမှာ ရပ်တည်နေပြီး သူမရဲ့အကောင့်မှာတော့ ဂီတနဲ့ပတ်သက်တဲ့ လှုပ်ရှားမှုတွေ၊ ဖျော်ဖြေပွဲတွေက ပုံရိပ်တွေကို အများဆုံး တင်လေ့ရှိပြီး ပါဆင်နယ်ဘဝအကြောင်းအနည်းငယ်ကိုလည်း တင်လေ့ရှိပါတယ်။ သူမရဲ့ ကိုယ်ဝန်ရှိကြောင်း ကြေငြာအသိပေးတဲ့ ပို့စ်ဟာလည်း IG မှာ Like အများဆုံး ပို့စ်တစ်ခု ဖြစ်ခဲ့ဖူးပါသေးတယ်။

နံပါတ်(၈) Lionel Messi (137 သန်း)

Photo: leomessi/ Instagram

အဆိုတော်တွေ၊ သရုပ်ဆောင်တွေလိုပဲ အားပေးခံရသူတွေကတော့ ဘောလုံးသမားတွေပါပဲ။ ဘာစီလိုနာအသင်းနဲ့ အာဂျင်တီးနားနိုင်ငံ လက်ရွေးစင်အသင်းတို့ရဲ့ အသင်းခေါင်းဆောင်ဖြစ်တဲ့ နာမည်ကျော် ဘောလုံးသမား Lionel Messi ကတော့ ဖော်လိုဝါအများဆုံး နံပါတ်(၈)နေရာမှာ ရပ်တည်နေပါတယ်။ ကမ္ဘာပေါ်က နာမည်အကျော်ဆုံး ဘောလုံးသမားတစ်ယောက် ဖြစ်တာနဲ့အညီ သူ့ရဲ့ IG မှာတော့ ဘောလုံးကွင်းထက်က သူ့ရဲ့လှုပ်ရှားကစားဟန် ပုံရိပ်တွေနဲ့ ပါဆင်နယ်ဘဝ ဖြတ်သန်းမှုတွေအကြောင်း တင်လေ့ရှိပါတယ်။

နံပါတ်(၇) Kylie Jenner (152.2 သန်း)

Photo: kyliejenner/ Instagram

ဆိုရှယ်မီဒီယာပေါ်မှာ လှုပ်လှုပ်ခတ်ခတ်ဖြစ်အောင် စွမ်းဆောင်နိုင်တဲ့ နောက်ထပ် Kardashian မိသားစုဝင်ကတော့ Kylie Jenner ပါ။ သူမရဲ့အကောင့်မှာတော့ သမီးလေး Stormi Webster ရဲ့ပုံရိပ်တွေ၊ သူမပိုင်ကုမ္ပဏီက cosmetics တွေရဲ့ ပရိုမိုးရှင်းကြော်ငြာတွေနဲ့ ပါဆင်နယ်အကြောင်းတွေ တင်လေ့ရှိပါတယ်။

နံပါတ်(၆) Kim Kardashian (152.8 သန်း)

Photo: kimkardashian/ Instagram

Kardashian မိသားစုထဲက နာမည်အကြီးဆုံးလို့ ပြောလို့ရတဲ့ Kim ကတော့ ဆိုရှယ်မီဒီယာကို ကောင်းကောင်းကြီး အသုံးချတတ်သူ ဖြစ်ပါတယ်။ သူမရဲ့အကောင့်မှာတော့ အခြားမိသားစုဝင်တွေလိုပဲ သူမကိုယ်တိုင် ထုတ်လုပ်တဲ့ အလှကုန်ပစ္စည်းပရိုမိုးရှင်းတွေ၊ မိသားစုတွေရဲ့ ဓာတ်ပုံအဟောင်းတွေနဲ့ ပါဆင်နယ်ဘဝအကြောင်းတွေ တင်လေ့ရှိပါတယ်။

နံပါတ်(၅) Selena Gomez (162.7 သန်း)

Photo: selenagomez/ Instagram

ပေါ့ပ်စတားတစ်ယောက်ဖြစ်တဲ့ Sel ဟာ တင်လိုက်တဲ့ ပို့စ်တွေတိုင်း Like အများဆုံး ရရှိထားတဲ့သူတွေထဲက တစ်ယောက်ပါ။ သူမရဲ့အကောင့်မှာတော့ ဂီတနဲ့ပတ်သက်တာတွေ၊ မိသားစုမိတ်ဆွေတွေနဲ့ ပုံရိပ်တွေနဲ့အတူ ပါဆင်နယ်အကြောင်းတွေ တင်လေ့ရှိသလို အမျိုးသမီးအခွင့်အရေး လှုပ်ရှားမှုလိုမျိုး နိုင်ငံရေးနဲ့ သက်ဆိုင်တဲ့ ပို့စ်တွေလည်း တင်လေ့ရှိပါတယ်။

နံပါတ်(၄) Dwayne Johnson (The Rock) (163.1 သန်း)

Photo: therock/ Instagram

နားပန်းသမားဘဝကနေ အောင်မြင်တဲ့ သရုပ်ဆောင်ဘဝကို တက်လှမ်းနိုင်ခဲ့တဲ့ The Rock (ခေါ်) Dwayne Johnson ရဲ့ အောင်မြင်မှုကတော့ ကြောက်ခမန်းလိလိပါပဲ။ လက်ရှိအချိန်အထိ ဖော်လိုဝါ သန်း(၁၆၀)ကျော် ရရှိထားပြီး များမကြာခင်ကာလမှာလည်း ဒီ့ထက်ပိုများလာဖို့ပဲ ရှိနေပါတယ်။ သူ့ရဲ့အကောင့်မှာတော့ ရုပ်ရှင်ပိတ်ကားနောက်ကွယ်က ပုံရိပ်တွေ၊ မိသားစုမိတ်ဆွေတွေနဲ့ ပုံရိပ်တွေနဲ့ ဂျင်မ်မှာ အားကစားလုပ်တဲ့ ပုံရိပ်တွေကို တင်လေ့ရှိပါတယ်။

နံပါတ်(၃) Ariana Grande (167.9 သန်း)

Photo: arianagrande/ Instagram

နာမည်ကျော်အဆိုတော်တစ်ယောက်ဖြစ်တဲ့ Ariana Grande ကတော့ ကမ္ဘာတစ်ဝှမ်းမှာလည်း အလွန်ရေပန်းစားတာကြောင့် ဖော်လိုဝါအများဆုံး နံပါတ်(၃)နေရာမှာ ရပ်တည်နေတာ တွေ့ရပါတယ်။ ဒါဟာ အမျိုးသမီးထဲမှာဆိုရင်တော့ ဖော်လိုဝါအများဆုံး ပိုင်ဆိုင်ထားသူလို့ ပြောရမှာပါ။ သူမရဲ့အကောင့်မှာတော့ ဂီတဖျော်ဖြေပွဲပုံရိပ်တွေ၊ ပါဆင်နယ်ဘဝအကြောင်းတွေ တင်လေ့ရှိပါတယ်။

နံပါတ်(၂) Cristiano Ronaldo (191.3 သန်း)

Photo: cristiano/ Instagram

လူပုဂ္ဂိုလ်တွေထဲမှာ ဖော်လိုဝါအများဆုံး ပိုင်ဆိုင်ထားတဲ့ စူပါစတားတစ်ယောက်ဆီကို ရောက်ရှိလာပါပြီ။ Cristiano Ronaldo ဟာ ကမ္ဘာပေါ်က ဘောလုံးသမားတွေထဲမှာ နာမည်အကျော်ကြားဆုံးတွေထဲကတစ်ယောက်ဖြစ်ပြီး ဂျူဗင်တက်အသင်းနဲ့ ပေါ်တူဂီနိုင်ငံ လက်ရွေးစင်အသင်းတို့ရဲ့ အသင်းခေါင်းဆောင်ဖြစ်ပါတယ်။ သူ့ရဲ့အကောင့်ကို သွားကြည့်ရင်တော့ ဘောလုံးကစားနေတဲ့ပုံရိပ်တွေ၊ မိသားစုတွေနဲ့ ပျော်ရွှင်နေတဲ့ပုံရိပ်တွေနဲ့ ထိတ်ထိတ်ကြဲတွေရဲ့ ထုံးစံအတိုင်း အပျံစား lifestyle ကို ဖြတ်သန်းနေတာတွေကို မြင်တွေ့ရမှာ ဖြစ်ပါတယ်။

နံပါတ်(၁) Instagram (319.5 သန်း)

Photo: instagram/ Instagram

အံ့ဩပြီး ရယ်ချင်ပက်ကျိဖြစ်စရာကောင်းတာကတော့ Instagram မှာ ဖော်လိုဝါအများဆုံး ပိုင်ဆိုင်ထားတဲ့အကောင့်ဟာ Instagram ရဲ့ official အကောင့် ဖြစ်နေတာပါပဲ။ ဒီအကောင့်မှာတော့ Instagram ပေါ်က ရေပန်းစားနေတဲ့ အကြောင်းအရာတွေကို ရွေးချယ်တင်ဆက်ပေးလေ့ရှိပြီး သူတို့ရဲ့ကိုယ်ပိုင် content တွေနဲ့လည်း Instagram ကို promote လုပ်လေ့ရှိပါတယ်။

ဒါကတော့ ၂၀၁၉ခုနှစ်အတွက် ဖော်လိုဝါအများဆုံး ပိုင်ဆိုင်ထားတဲ့ Instagram အကောင့်(၂၀) ဖြစ်ပါတယ်။ ဖော်လိုဝါအရေအတွက်ဟာ အချိန်နဲ့အမျှ တိုးတက်ပြောင်းလဲနေတာဖြစ်တဲ့အတွက် ရက်ပိုင်း၊ လပိုင်းကြာသွားတာနဲ့ ယခုဖော်ပြထားတဲ့ ပမာဏထက် ပိုမိုများပြားတဲ့ ပမာဏတွေလည်း ဖြစ်နိုင်ပါတယ်။ စာဖတ်သူတို့ အားပေးတဲ့ ဆယ်လီတွေရော ဒီစာရင်းထဲမှာ ပါရဲ့လားဆိုတာ ပြန်လည်မျှဝေပေးခဲ့ပါဦး။

LaNina

Ref: brandwatch

(ဆံရစ်ဝိုင်းမီဒီယာမှ တင်ဆက်သော ကိုယ်တိုင်ရေး (သို့မဟုတ်) ဘာသာပြန်သတင်း၊ဆောင်းပါးများကို ခွင့်ပြုချက်တစ်စုံတစ်ရာ မရရှိဘဲ မိမိတို့၏အကျိုးစီးပွားအတွက် အခြားသော မီဒီယာစာမျက်နှာများပေါ်တွင် ပြန်လည်ကူးယူဖော်ပြခြင်းများ မပြုလုပ်ကြပါရန် သတိပေးအပ်ပါသည်။)

(Zawgyi Version)

Instagram ဟာ ကမာၻ႔ လူသုံးအမ်ားဆုံး ဆိုရွယ္မီဒီယာ ပလက္ေဖာင္းတစ္ခုျဖစ္ၿပီး လစဥ္ Active User (၁)ဘီလ်ံေလာက္ ရွိေနပါတယ္။ လူသုံးအရမ္းမ်ားတဲ့ ပလက္ေဖာင္းတစ္ခုျဖစ္လို႔ IG ကေန ဆယ္လီျဖစ္ကာ influencer အျဖစ္ အသက္ေမြးဝမ္းေက်ာင္းျပဳႏိုင္သူေတြအထိ ရွိလာပါတယ္။ တစ္ကမာၻလုံးက user ေတြၾကားထဲမွာမွ ေဖာ္လိုဝါအမ်ားဆုံးကို ဘယ္သူေတြ ပိုင္ဆိုင္ထားမလည္းလို႔ စဥ္းစားၾကည့္လိုက္ရင္ေတာ့ ေတာ္ေတာ္ေလး စိတ္ဝင္စားစရာေကာင္းပါတယ္။ ဒါေၾကာင့္ Brand Watch အဖြဲ႕က ေဖာ္ျပထားတဲ့ ၂၀၁၉ခုႏွစ္အတြက္ ေဖာ္လိုဝါအမ်ားဆုံး ပိုင္ဆိုင္ထားတဲ့ Instagram အေကာင့္ (၂၀)ကို ေဖာ္ျပေပးလိုက္ပါတယ္။

နံပါတ္(၂၀) Katy Perry (87.2 သန္း)

Photo: katyperry/ Instagram

‌ေပါ့ပ္စတားတစ္ေယာက္ျဖစ္တဲ့ Katy Perry ကေတာ့ လက္ရွိအခ်ိန္အထိ ေဖာ္လိုဝါ ၈၇.၂သန္း ပိုင္ဆိုင္ထားပါတယ္။ သူမရဲ႕အေကာင့္မွာေတာ့ music event ေတြ၊ MV ေတြနဲ႔ ပတ္သက္တာေတြ၊ ဆယ္လ္ဖီေတြနဲ႔ အျခား ေန႔စဥ္လႈပ္ရွားမႈေတြကို update တင္ေပးေလ့ ရွိပါတယ္။

နံပါတ္(၁၉) Nike (96 သန္း)

Photo: nike/ Instagram

နာမည္ေက်ာ္ကုန္ပစၥည္း အမွတ္တံဆိပ္တစ္ခုျဖစ္တဲ့ Nike ကေတာ့ ေဖာ္လိုဝါအမ်ားဆုံး နံပါတ္(၁၉)ေနရာမွာ ရပ္တည္ေနပါတယ္။ လက္ရွိအခ်ိန္အထိ ေဖာ္လိုဝါ (၉၆)သန္း ရရွိထားတာကို ၾကည့္ျခင္းအားျဖင့္ ဆိုရွယ္မီဒီယာ ပလက္ေဖာင္းကို ေကာင္းေကာင္းႀကီး အသုံးခ်ႏိုင္တဲ့ Brand တစ္ခုဆိုတာ ျငင္းဖြယ္ရာ မရွိပါဘူး။ သူ႔အေကာင့္မွာေတာ့ ဓာတ္ပုံေတြနဲ႔ ဗြီဒီယိုေတြကို ေထြးေရာယွက္တင္ တင္ေလ့ရွိသလို သူ႔ brand နဲ႔ လိုက္ဖက္ညီမယ့္ အေၾကာင္းအရာ content ေတြကို အၿမဲတမ္း တင္ေပးေလ့ ရွိပါတယ္။

နံပါတ္(၁၈) Miley Cyrus (101 သန္း)

Photo: mileycyrus/ Instagram

ကေလးဘ၀တည္းက နာမည္ေက်ာ္လာတဲ့ စူပါစတား Miley Cyrus ကေတာ့ ယေန႔အခ်ိန္မွာ ေပါ့ပ္ေရစီးေၾကာင္းရဲ႕ စတားတစ္ပြင့္ ျဖစ္ေနပါၿပီ။ လက္ရွိအခ်ိန္မွာ ေဖာ္လိုဝါ (၁၀၁)သန္း ရရွိထားၿပီး သူမရဲ႕အေကာင့္မွာေတာ့ ျမင္ေနက် IG အေကာင့္ေတြလိုပဲ ဆယ္လ္ဖီေတြ၊ သူမရဲ႕ music event နဲ႔ ပတ္သက္တာေတြကို တင္ေလ့ရွိပါတယ္။ သူမရဲ႕ သီခ်င္းအသစ္ေတြကိုလည္း teaser အေနနဲ႔ တင္ေလ့ရွိပါတယ္။

နံပါတ္(၁၇) Khloé Kardashian (101.1 သန္း)

Photo: khloekardashian/ Instagram

နာမည္ေက်ာ္ Kardashian မိသားစုဝင္တစ္ေယာက္ျဖစ္တဲ့ Khloé Kardashian ကေတာ့ ေဖာ္လိုဝါအမ်ားဆုံး နံပါတ္(၁၇)ေနရာမွာ ရပ္တည္ေနပါတယ္။ Kardashian မိသားစုကေတာ့ ဆိုရွယ္မီဒီယာကို အေၾကာင္းျပဳၿပီးေတာ့မွ ေကာင္းေကာင္းအျမတ္ထုတ္ စီးပြားရွာတတ္ၾကသူေတြ ျဖစ္ပါတယ္။ Khloé ရဲ႕အေကာင့္မွာဆိုရင္ သူမရဲ႕ဘ၀အေၾကာင္းနဲ႔ စီးပြားေရးနဲ႔ ပတ္သက္တာေတြ၊ ေန႔စဥ္ သြားလာလႈပ္ရွားမႈေတြအေၾကာင္းကို တင္ေလ့ရွိပါတယ္။ Khloé နဲ႔ Miley ကေတာ့ လက္ရွိအခ်ိန္မွာ ေဖာ္လိုဝါ ရရွိထားမႈက မတိမ္းမယိမ္း ျဖစ္ေနပါတယ္။

နံပါတ္(၁၆) Jennifer Lopez (106.1 သန္း)

Photo: jlo/ Instagram

အဆိုေတာ္လည္းျဖစ္၊ သ႐ုပ္ေဆာင္လည္းျဖစ္တဲ့ Jennifer Lopez ကေတာ့ လက္ရွိအခ်ိန္အထိ ေဖာ္လိုဝါ (၁၀၆.၁)သန္း ပိုင္ဆိုင္ထားၿပီး နံပါတ္(၁၆)မွာ ရပ္တည္ေနပါတယ္။ သူမရဲ႕အေကာင့္မွာေတာ့ ႐ိုက္ကြင္းေနာက္ကြယ္က ပုံရိပ္ေတြ၊ ဗြီဒီယိုေတြ၊ music ပ႐ိုမိုးရွင္းေတြအေၾကာင္းကို တင္ေလ့ရွိပါတယ္။

နံပါတ္(၁၅) Nicki Minaj (108.4 သန္း)

Photo: nickiminaj/ Instagram

နာမည္ေက်ာ္ ရက္ပ္ပါ Nicki Minaj ကလည္း သူမရဲ႕ နယ္လွည့္ေဖ်ာ္ေျဖေရးခရီးစဥ္က ပုံရိပ္ေတြ၊ event ေတြအေၾကာင္းနဲ႔ သူမရဲ႕ ပုဂၢိဳလ္ေရးဘဝအေၾကာင္းေတြကို တင္ေလ့ရွိပါတယ္။ (၁၀၈.၄)သန္းကေတာ့ လက္ရွိအခ်ိန္အထိ ပိုင္ဆိုင္ထားတဲ့ ေဖာ္လိုဝါ ပမာဏျဖစ္ပါတယ္။

နံပါတ္(၁၄) Kendall Jenner (119.2 သန္း)

Photo: kendalljenner/ Instagram

Kardashian မိသားစုဝင္တစ္ေယာက္ျဖစ္တဲ့ နာမည္ေက်ာ္ေမာ္ဒယ္လ္ Kendall ဟာလည္း ေဖာ္လိုဝါ (၁၁၉.၂)သန္းနဲ႔ နံပါတ္(၁၄)ေနရာမွာ ရပ္တည္ေနပါတယ္။ သူမရဲ႕အေကာင့္ကေတာ့ ေမာ္ဒယ္လ္တစ္ေယာက္ရဲ႕ အေကာင့္ပီပီ photoshoot ေတြက ပ႐ိုမိုးရွင္းေတြ၊ ဖက္ရွင္နဲ႔ ပတ္သက္တာေတြနဲ႔ သူမရဲ႕ပါဆင္နယ္ဘဝအေၾကာင္းေတြ ပါဝင္ပါတယ္။

နံပါတ္(၁၃) Justin Bieber (122.2 သန္း)

Photo: justinbieber/ Instagram

လူငယ္ပရိသတ္ေတြၾကားမွာ ေရပန္းစားလြန္းတဲ့ ေပါ့ပ္စတား Justin Bieber ဟာလည္း ေပါ့ပ္ေရစီးေၾကာင္းရဲ႕ ျပယုဂ္တစ္ခု ျဖစ္တာေၾကာင့္ ဒီစာရင္းမွာ ပါဝင္ေနတာ ဆန္းေတာ့မဆန္းပါဘူး။ သူ႔အေကာင့္မွာေတာ့ မိတ္ေဆြသူငယ္ခ်င္းေတြနဲ႔ အလည္ထြက္တာေတြ၊ ဆယ္လ္ဖီေတြနဲ႔ ပါဆင္နယ္ဘဝအေၾကာင္းေတြ ပါဝင္ပါတယ္။

နံပါတ္(၁၂) Taylor Swift (123.3 သန္း)

Photo: taylorswift/ Instagram

အမာခံပရိသတ္ေတြ အမ်ားအျပား ရရွိထားတဲ့ ေပါ့ပ္စူပါစတား Taylor ကေတာ့ ေရာင္စုံပန္းခင္းနဲ႔တူတဲ့ IG အေကာင့္ကို ပိုင္ဆိုင္ထားသူပါ။ သူမရဲ႕အေကာင့္မွာ MV အသစ္ေတြနဲ႔ ပတ္သက္တဲ့ ဓာတ္ပုံေတြ၊ ေနာက္ဆုံးထြက္ သီခ်င္းေတြနဲ႔ ပတ္သက္တဲ့ ပ႐ိုမိုးရွင္းေတြ၊ ဆယ္လ္ဖီေတြနဲ႔ ပါဆင္နယ္ဘဝအေၾကာင္း ပို႔စ္ေတြ ပါဝင္ပါတယ္။

နံပါတ္(၁၁) National Geographic (127.2 သန္း)

Photo: natgeo/ Instagram

‌ေဖာ္လိုဝါအမ်ားဆုံး စာရင္းဝင္လာတဲ့ ေနာက္ထပ္ Brand တစ္ခုကေတာ့ သဘာဝအလွအပနဲ႔ ေရေျမေတာေတာင္၊ တိရစာၦန္ေတြအေၾကာင္းကို တင္ဆက္ေပးေလ့ရွိတဲ့ နာမည္ေက်ာ္မဂၢဇင္း National Geographic ျဖစ္ပါတယ္။ Instagram ဟာ visual အသားေပး ပလက္ေဖာင္းတစ္ခုျဖစ္တာနဲ႔အညီ National Geographic ကလည္း သူတို႔ရဲ႕ အပ်ံစား ဓာတ္ပုံေတြ၊ ဗြီဒီယိုေတြကို စဥ္ဆက္မျပတ္ တင္ဆက္ေပးေလ့ ရွိေနပါတယ္။

နံပါတ္(၁၀) Neymar (129.3 သန္း)

Photo/ neymarjr/ Instagram

top ten စာရင္းထဲကို ဝင္လာတဲ့အခါမွာေတာ့ နံပါတ္(၁၀)ေနရာမွာ ရပ္တည္ေနတာက ကမာၻေက်ာ္ေဘာလုံးသမား Neymar ျဖစ္ပါတယ္။ လက္ရွိအခ်ိန္အထိ ေဖာ္လိုဝါ (၁၂၉.၃)သန္းကို ပိုင္ဆိုင္ထားၿပီး သူ႔ရဲ႕ေဘာလုံးကစားေနတဲ့ပုံရိပ္ေတြ၊ အျခားဆယ္လီေတြနဲ႔ ေတြ႕ဆုံတဲ့ပုံရိပ္ေတြနဲ႔ ေန႔စဥ္ဘဝအေၾကာင္းေတြကို တင္ေလ့ရွိပါတယ္။

နံပါတ္(၉) Beyoncé (135.4 သန္း)

Photo: beyonce/ Instagram

Queen Bey ကေတာ့ နံပါတ္(၉)ေနရာမွာ ရပ္တည္ေနၿပီး သူမရဲ႕အေကာင့္မွာေတာ့ ဂီတနဲ႔ပတ္သက္တဲ့ လႈပ္ရွားမႈေတြ၊ ေဖ်ာ္ေျဖပြဲေတြက ပုံရိပ္ေတြကို အမ်ားဆုံး တင္ေလ့ရွိၿပီး ပါဆင္နယ္ဘဝအေၾကာင္းအနည္းငယ္ကိုလည္း တင္ေလ့ရွိပါတယ္။ သူမရဲ႕ ကိုယ္ဝန္ရွိေၾကာင္း ေၾကျငာအသိေပးတဲ့ ပို႔စ္ဟာလည္း IG မွာ Like အမ်ားဆုံး ပို႔စ္တစ္ခု ျဖစ္ခဲ့ဖူးပါေသးတယ္။

နံပါတ္(၈) Lionel Messi (137 သန္း)

Photo: leomessi/ Instagram

အဆိုေတာ္ေတြ၊ သ႐ုပ္ေဆာင္ေတြလိုပဲ အားေပးခံရသူေတြကေတာ့ ေဘာလုံးသမားေတြပါပဲ။ ဘာစီလိုနာအသင္းနဲ႔ အာဂ်င္တီးနားႏိုင္ငံ လက္ေ႐ြးစင္အသင္းတို႔ရဲ႕ အသင္းေခါင္းေဆာင္ျဖစ္တဲ့ နာမည္ေက်ာ္ ေဘာလုံးသမား Lionel Messi ကေတာ့ ေဖာ္လိုဝါအမ်ားဆုံး နံပါတ္(၈)ေနရာမွာ ရပ္တည္ေနပါတယ္။ ကမာၻေပၚက နာမည္အေက်ာ္ဆုံး ေဘာလုံးသမားတစ္ေယာက္ ျဖစ္တာနဲ႔အညီ သူ႔ရဲ႕ IG မွာေတာ့ ေဘာလုံးကြင္းထက္က သူ႔ရဲ႕လႈပ္ရွားကစားဟန္ ပုံရိပ္ေတြနဲ႔ ပါဆင္နယ္ဘဝ ျဖတ္သန္းမႈေတြအေၾကာင္း တင္ေလ့ရွိပါတယ္။

နံပါတ္(၇) Kylie Jenner (152.2 သန္း)

Photo: kyliejenner/ Instagram

ဆိုရွယ္မီဒီယာေပၚမွာ လႈပ္လႈပ္ခတ္ခတ္ျဖစ္ေအာင္ စြမ္းေဆာင္ႏိုင္တဲ့ ေနာက္ထပ္ Kardashian မိသားစုဝင္ကေတာ့ Kylie Jenner ပါ။ သူမရဲ႕အေကာင့္မွာေတာ့ သမီးေလး Stormi Webster ရဲ႕ပုံရိပ္ေတြ၊ သူမပိုင္ကုမၸဏီက cosmetics ေတြရဲ႕ ပ႐ိုမိုးရွင္းေၾကာ္ျငာေတြနဲ႔ ပါဆင္နယ္အေၾကာင္းေတြ တင္ေလ့ရွိပါတယ္။

နံပါတ္(၆) Kim Kardashian (152.8 သန္း)

Photo: kimkardashian/ Instagram

Kardashian မိသားစုထဲက နာမည္အႀကီးဆုံးလို႔ ေျပာလို႔ရတဲ့ Kim ကေတာ့ ဆိုရွယ္မီဒီယာကို ေကာင္းေကာင္းႀကီး အသုံးခ်တတ္သူ ျဖစ္ပါတယ္။ သူမရဲ႕အေကာင့္မွာေတာ့ အျခားမိသားစုဝင္ေတြလိုပဲ သူမကိုယ္တိုင္ ထုတ္လုပ္တဲ့ အလွကုန္ပစၥည္းပ႐ိုမိုးရွင္းေတြ၊ မိသားစုေတြရဲ႕ ဓာတ္ပုံအေဟာင္းေတြနဲ႔ ပါဆင္နယ္ဘဝအေၾကာင္းေတြ တင္ေလ့ရွိပါတယ္။

နံပါတ္(၅) Selena Gomez (162.7 သန္း)

Photo: selenagomez/ Instagram

‌ေပါ့ပ္စတားတစ္ေယာက္ျဖစ္တဲ့ Sel ဟာ တင္လိုက္တဲ့ ပို႔စ္ေတြတိုင္း Like အမ်ားဆုံး ရရွိထားတဲ့သူေတြထဲက တစ္ေယာက္ပါ။ သူမရဲ႕အေကာင့္မွာေတာ့ ဂီတနဲ႔ပတ္သက္တာေတြ၊ မိသားစုမိတ္ေဆြေတြနဲ႔ ပုံရိပ္ေတြနဲ႔အတူ ပါဆင္နယ္အေၾကာင္းေတြ တင္ေလ့ရွိသလို အမ်ိဳးသမီးအခြင့္အေရး လႈပ္ရွားမႈလိုမ်ိဳး ႏိုင္ငံေရးနဲ႔ သက္ဆိုင္တဲ့ ပို႔စ္ေတြလည္း တင္ေလ့ရွိပါတယ္။

နံပါတ္(၄) Dwayne Johnson (The Rock) (163.1 သန္း)

Photo: therock/ Instagram

နားပန္းသမားဘဝကေန ေအာင္ျမင္တဲ့ သ႐ုပ္ေဆာင္ဘဝကို တက္လွမ္းႏိုင္ခဲ့တဲ့ The Rock (ေခၚ) Dwayne Johnson ရဲ႕ ေအာင္ျမင္မႈကေတာ့ ေၾကာက္ခမန္းလိလိပါပဲ။ လက္ရွိအခ်ိန္အထိ ေဖာ္လိုဝါ သန္း(၁၆၀)ေက်ာ္ ရရွိထားၿပီး မ်ားမၾကာခင္ကာလမွာလည္း ဒီ့ထက္ပိုမ်ားလာဖို႔ပဲ ရွိေနပါတယ္။ သူ႔ရဲ႕အေကာင့္မွာေတာ့ ႐ုပ္ရွင္ပိတ္ကားေနာက္ကြယ္က ပုံရိပ္ေတြ၊ မိသားစုမိတ္ေဆြေတြနဲ႔ ပုံရိပ္ေတြနဲ႔ ဂ်င္မ္မွာ အားကစားလုပ္တဲ့ ပုံရိပ္ေတြကို တင္ေလ့ရွိပါတယ္။

နံပါတ္(၃) Ariana Grande (167.9 သန္း)

Photo: arianagrande/ Instagram

နာမည္ေက်ာ္အဆိုေတာ္တစ္ေယာက္ျဖစ္တဲ့ Ariana Grande ကေတာ့ ကမာၻတစ္ဝွမ္းမွာလည္း အလြန္ေရပန္းစားတာေၾကာင့္ ေဖာ္လိုဝါအမ်ားဆုံး နံပါတ္(၃)ေနရာမွာ ရပ္တည္ေနတာ ေတြ႕ရပါတယ္။ ဒါဟာ အမ်ိဳးသမီးထဲမွာဆိုရင္ေတာ့ ေဖာ္လိုဝါအမ်ားဆုံး ပိုင္ဆိုင္ထားသူလို႔ ေျပာရမွာပါ။ သူမရဲ႕အေကာင့္မွာေတာ့ ဂီတေဖ်ာ္ေျဖပြဲပုံရိပ္ေတြ၊ ပါဆင္နယ္ဘဝအေၾကာင္းေတြ တင္ေလ့ရွိပါတယ္။

နံပါတ္(၂) Cristiano Ronaldo (191.3 သန္း)

Photo: cristiano/ Instagram

လူပုဂၢိဳလ္ေတြထဲမွာ ေဖာ္လိုဝါအမ်ားဆုံး ပိုင္ဆိုင္ထားတဲ့ စူပါစတားတစ္ေယာက္ဆီကို ေရာက္ရွိလာပါၿပီ။ Cristiano Ronaldo ဟာ ကမာၻေပၚက ေဘာလုံးသမားေတြထဲမွာ နာမည္အေက်ာ္ၾကားဆုံးေတြထဲကတစ္ေယာက္ျဖစ္ၿပီး ဂ်ဴဗင္တက္အသင္းနဲ႔ ေပၚတူဂီႏိုင္ငံ လက္ေ႐ြးစင္အသင္းတို႔ရဲ႕ အသင္းေခါင္းေဆာင္ျဖစ္ပါတယ္။ သူ႔ရဲ႕အေကာင့္ကို သြားၾကည့္ရင္ေတာ့ ေဘာလုံးကစားေနတဲ့ပုံရိပ္ေတြ၊ မိသားစုေတြနဲ႔ ေပ်ာ္႐ႊင္ေနတဲ့ပုံရိပ္ေတြနဲ႔ ထိတ္ထိတ္ႀကဲေတြရဲ႕ ထုံးစံအတိုင္း အပ်ံစား lifestyle ကို ျဖတ္သန္းေနတာေတြကို ျမင္ေတြ႕ရမွာ ျဖစ္ပါတယ္။

နံပါတ္(၁) Instagram (319.5 သန္း)

Photo: instagram/ Instagram

အံ့ဩၿပီး ရယ္ခ်င္ပက္က်ိျဖစ္စရာေကာင္းတာကေတာ့ Instagram မွာ ေဖာ္လိုဝါအမ်ားဆုံး ပိုင္ဆိုင္ထားတဲ့အေကာင့္ဟာ Instagram ရဲ႕ official အေကာင့္ ျဖစ္ေနတာပါပဲ။ ဒီအေကာင့္မွာေတာ့ Instagram ေပၚက ေရပန္းစားေနတဲ့ အေၾကာင္းအရာေတြကို ေ႐ြးခ်ယ္တင္ဆက္ေပးေလ့ရွိၿပီး သူတို႔ရဲ႕ကိုယ္ပိုင္ content ေတြနဲ႔လည္း Instagram ကို promote လုပ္ေလ့ရွိပါတယ္။

ဒါကေတာ့ ၂၀၁၉ခုႏွစ္အတြက္ ေဖာ္လိုဝါအမ်ားဆုံး ပိုင္ဆိုင္ထားတဲ့ Instagram အေကာင့္(၂၀) ျဖစ္ပါတယ္။ ေဖာ္လိုဝါအေရအတြက္ဟာ အခ်ိန္နဲ႔အမွ် တိုးတက္ေျပာင္းလဲေနတာျဖစ္တဲ့အတြက္ ရက္ပိုင္း၊ လပိုင္းၾကာသြားတာနဲ႔ ယခုေဖာ္ျပထားတဲ့ ပမာဏထက္ ပိုမိုမ်ားျပားတဲ့ ပမာဏေတြလည္း ျဖစ္ႏိုင္ပါတယ္။ စာဖတ္သူတို႔ အားေပးတဲ့ ဆယ္လီေတြေရာ ဒီစာရင္းထဲမွာ ပါရဲ႕လားဆိုတာ ျပန္လည္မွ်ေဝေပးခဲ့ပါဦး။

LaNina

Ref: brandwatch

(ဆံရစ္ဝိုင္းမီဒီယာမွ တင္ဆက္ေသာ ကိုယ္တိုင္ေရး (သို႔မဟုတ္) ဘာသာျပန္သတင္း၊ေဆာင္းပါးမ်ားကို ခြင့္ျပဳခ်က္တစ္စုံတစ္ရာ မရရွိဘဲ မိမိတို႔၏အက်ိဳးစီးပြားအတြက္ အျခားေသာ မီဒီယာစာမ်က္ႏွာမ်ားေပၚတြင္ ျပန္လည္ကူးယူေဖာ္ျပျခင္းမ်ား မျပဳလုပ္ၾကပါရန္ သတိေပးအပ္ပါသည္။)

RELATED ARTICLES

Most Popular