HomeCelebs Update NewsInternational2020 မှာ ဖော်လိုဝါအများဆုံး ပိုင်ဆိုင်ထားတဲ့ Instagram အကောင့်(၁၀)ခု

2020 မှာ ဖော်လိုဝါအများဆုံး ပိုင်ဆိုင်ထားတဲ့ Instagram အကောင့်(၁၀)ခု

ေအာက္တြင္ ေဇာ္ဂ်ီျဖင့္ ဖတ္ပါ။

ဘာလိုလိုနဲ့ ၂၀၂၀ ဟာ ကုန်လွန်တော့မှာ ဖြစ်ပါတယ်။ ယခုနှစ်အတွင်း ပြင်ပ လှုပ်ရှားမှုတွေထက် အွန်လိုင်းနဲ့ ဆိုရှယ်မီဒီယာမှာသာ လူအများစုက အချိန်တွေ ကုန်လွန်နေကြရတာ ဖြစ်ပါတယ်။ လူတွေရဲ့ အွန်လိုင်းသုံးစွဲချိန်ဟာလည်း ယခင်ကထက် မြင့်တက်လာကြတာကြောင့် ဆိုရှယ်မီဒီယာမှာ ပိုပြီး active ဖြစ်လာကြပါတယ်။ ဒါဟာ နာမည်ကျော်ဆယ်လီတွေအတွက်လည်း အလားတူပဲ ဖြစ်တာကြောင့် ယခုနှစ် ၂၀၂၀ အတွက် အင်စတာဂရမ်မှာ ဖော်လိုဝါအများဆုံး ပိုင်ဆိုင်ထားတဲ့ အကောင့်(၁၀)ခုကို ဖော်ပြပေးလိုက်ပါတယ်။

(10) Justin Bieber – (၁၅၄) သန်း
Photo: justinbieber/ Instagram

နှုတ်ခမ်းနီမလေးတွေရဲ့ အသည်းစွဲ အဆိုတော် Justin Bieber ကတော့ ၂၀၂၀ အတွက် ဖော်လိုဝါအများဆုံး အင်စတာဂရမ်အကောင့် (၁၀)ခုစာရင်းမှာ နံပါတ်(၁၀)နေရာက ရပ်တည်နေပါတယ်။ လက်ရှိအချိန်အထိ ဖော်လိုဝါအရေအတွက်ကတော့ (၁၅၄)သန်း ရှိနေပြီး ရှေ့လျှောက်လည်း ဒီ့ထက် တိုးသွားဖို့ပဲ ရှိနေပါတယ်။ ယခုနှစ်အတွင်းမှာတော့ Justin ဟာ Changes လို့ အမည်ရတဲ့ အယ်လ်ဘမ်သစ်တစ်ချပ်ကို ထွက်ရှိထားပြီး ပရိသတ်ရဲ့ အားပေးမှုကိုလည်း တခဲနက် ရရှိထားပါတယ်။

(9) Beyonce – (၁၅၈) သန်း
Photo: beyonce/ Instagram

Queen Bey လို့ ပရိသတ်တွေက ချစ်စနိုးနဲ့ ခေါ်ကြတဲ့ အဆိုတော်၊ သရုပ်ဆောင် Beyonce ကတော့ လက်ရှိအချိန်အထိ ဖော်လိုဝါ (၁၅၈)သန်းနဲ့ နံပါတ်(၉)နေရာက ရပ်တည်နေပါတယ်။ Beyonce ဟာ ယခုနှစ်အတွင်းမှာတော့ Black is King လို့ အမည်ရတဲ့ musical and visual ရုပ်ရှင်တစ်ခုကို ကိုယ်တိုင် ရေးသား၊ ရိုက်ကူး၊ ထုတ်လုပ်ထားပါတယ်။

(8) Lionel Messi – (၁၇၂) သန်း
Photo: leomessi/ Instagram

နာမည်ကျော် ဘောလုံးသမား Lionel Messi ကတော့ လက်ရှိအချိန်အထိ အင်စတာဂရမ် ဖော်လိုဝါ (၁၇၂)သန်း ပိုင်ဆိုင်ထားပြီး နံပါတ်(၈)နေရာမှာ ရပ်တည်ထားပါတယ်။ ၂၀၂၀ခုနှစ်ကတော့ ခါတိုင်းနှစ်တွေိလိုပဲ Messi အတွက် အောင်မြင်မှုများစွာ ယူဆောင်ပေးနိုင်ခဲ့ပြီး စံချိန်များစွာလည်း ထပ်မံတင်နိုင်ခဲ့ပါတယ်။

(7) Kim Kardashian West – (၁၉၅) သန်း
Photo: kimkardashian/ Instagram

နာမည်ကျော် TV personality တစ်ဦးဖြစ်ပြီး KKW Beauty ရဲ့ ပဲ့ကိုင်ရှင်လည်းဖြစ်တဲ့ Kim Kardashian ကတော့ လက်ရှိအချိန်အထိ ဖော်လိုဝါ (၁၉၅)သန်း ပိုင်ဆိုင်ထားပါတယ်။

(6) Selena Gomez – (၁၉၈) သန်း
Photo: selenagomez/ Instagram

အဆိုတော်၊ သရုပ်ဆောင် Selena Gomez ကတော့ လက်ရှိအချိန်အထိ ဖော်လိုဝါ (၁၉၈)သန်း ရရှိထားပါတယ်။ ယခုနှစ်အတွင်းမှာတော့ Selena ဟာ Rare ဆိုတဲ့ အယ်လ်ဘမ်အသစ်ကို ထွက်ရှိထားပါတယ်။ ဒါ့အပြင် Rare Beauty လို့ အမည်ပေးထားတဲ့ အလှကုန်ကုမ္ပဏီကိုလည်း ယခုနှစ်အတွင်းမှာ တည်ထောင်ခဲ့ပါသေးတယ်။

(5) Kylie Jenner – (၂၀၅) သန်း
Photo: kyliejenner/ Instagram

နာမည်ကျော် TV personality တစ်ဦးဖြစ်ပြီး အလှအပဆိုင်ရာ ဂုရုတစ်ယောက်ဖြစ်တဲ့ Kylie Jenner ကတော့ လက်ရှိအချိန်အထိ ဖော်လိုဝါ (၂၀၅)သန်း ရရှိထားပါတယ်။ Forbes ရဲ့ ဖော်ပြချက်အရ Kylie ဟာ ၂၀၂၀ ရဲ့ ဝင်ငွေအများဆုံး ရရှိထားတဲ့ဆယ်လီ ဖြစ်ပြီး သူမ ပိုင်ဆိုင်တ‌ဲ့ Kylie Cosmetics brand ရဲ့ (၅၁)ရာခိုင်နှုန်းကို အခြားကုမ္ပဏီတစ်ခုစီ ရောင်းချခဲ့ပြီး အခွန်မဆောင်ခင် ဝင်ငွေ ဒေါ်လာ သန်း(၅၄၀) ရရှိခဲ့ပါတယ်။ ဒါဟာ ကမ္ဘာပေါ်က ဆယ်လီတွေအားလုံးထက် ကျော်လွန်ပြီး ရရှိခဲ့တဲ့ တစ်နှစ်တာ ဝင်ငွေလည်း ဖြစ်ပါတယ်။

(4) Dwayne Johnson (The Rock) – (၂၀၇) သန်း
Photo: therock/ Instagram

WWE ကစားသမားဟောင်း တစ်ဖြစ်လည်း နာမည်ကျော် ရုပ်ရှင်မင်းသား Dwayne Johnson ကတော့ ဖော်လိုဝါ (၂၀၇)သန်းနဲ့ နံပါတ်(၄)နေရာမှာ ရပ်တည်နေပါတယ်။ Dwayne ဟာ ပရိသတ်ရဲ့ အားပေးမှုကို တခဲနက် ရရှိထားပြီး သူ့ရဲ့ဇာတ်ကားအသစ်တွေကိုလည်း လာမယ့်နှစ်ထဲမှာ ကြည့်ရှုကြရတော့မှာ ဖြစ်ပါတယ်။

(3) Ariana Grande – (၂၁၁) သန်း
Photo: arianagrande/ Instagram

နာမည်ကျော် အဆိုတော်၊ သရုပ်ဆောင် Ariana Grande ကတော့ ဖော်လိုဝါ (၂၁၁)သန်းနဲ့ လက်ရှိအချိန်အထိ နံပါတ်(၃)နေရာမှာ ရပ်တည်နေပါတယ်။ Ariana ဟာ ယခုနှစ်အတွင်းမှာ Positions လို့ အမည်ရတဲ့ အယ်လ်ဘမ်သစ်တစ်ချပ်ကို ထွက်ရှိထားပြီး မကြာသေးခင်ကပဲ ချစ်သူ Dalton Gomez နဲ့ စေ့စပ်သွားပြီ ဖြစ်ပါတယ်။

(2) Cristiano Ronaldo – (၂၄၇) သန်း
Photo: cristianoronaldo/ Instagram

နာမည်ကျော် ဘောလုံးသမား Cristiano Ronaldo ကတော့ လက်ရှိအချိန်အထိ ဖော်လိုဝါ(၂၄၇)သန်း ရရှိထားပြီး လူပုဂ္ဂိုလ်တွေထဲမှာ ဖော်လိုဝါအများဆုံး အကောင့်တစ်ခုအဖြစ် ရပ်တည်နေပါတယ်။ ကြောက်ခမန်းလိလိ အောင်မြင်တဲ့ ဘောလုံးသမားတစ်ယောက် ဖြစ်တာကြောင့် ယခုနှစ်မှာလည်း Ronaldo ဟာ စံချိန်သစ်များစွာကို မှတ်တမ်းတင်နိုင်ခဲ့ပါတယ်။ ရှေ့လျှောက်လည်း ဒီထက်မကတဲ့ အောင်မြင်မှုတွေကို ရယူနိုင်ဦးမယ်ဆိုတာ မလွဲဧကန်ပါပဲ။

(1) Instagram – (၃၈၂) သန်း
Photo: instagram

နာမည်ကျော် ဆိုရှယ်မီဒီယာ ပလက်ဖောင်းတစ်ခုဖြစ်တဲ့ Instagram ကတော့ လက်ရှိအချိန်အထိ ဖော်လိုဝါ (၃၈၂)သန်းနဲ့ ဖော်လိုဝါအများဆုံးအကောင့် ဖြစ်နေပါတယ်။ ဒီအကောင့်မှာတော့ သတင်းအချက်အလက်တွေ၊ ရင်သပ်ရှုမောဖွယ် ဓာတ်ပုံတွေနဲ့ အခြားစိတ်ဝင်စားဖွယ်ရာတွေကို မျှဝေပေးနေတာ ဖြစ်ပါတယ်။

ဒါကတော့ ၂၀၂၀ အတွက် ဖော်လိုဝါအများဆုံး ပိုင်ဆိုင်ထားတဲ့ အင်စတာဂရမ်အကောင့် (၁၀)ခု ဖြစ်ပါတယ်။ စာဖတ်သူတို့ရော ဘယ်ဆိုရှယ်မီဒီယာ ပလက်ဖောင်းကို အများဆုံး သုံးဖြစ်လည်းဆိုတာ ပြောပြခဲ့ပါဦး။

Linda December

(ဆံရစ်ဝိုင်းဝက်ဘ်ဆိုဒ်တွင် ဖော်ပြထားသော သတင်း၊ဆောင်းပါးများကို အခြားမည်သည့် ဝက်ဘ်ဆိုဒ်၊ Facebook စာမျက်နှာတွင်မျှ ကူးယူဖော်ပြခွင့် မပြုပါကြောင်း အသိပေးအပ်ပါသည်။)

(Zawgyi Version)

ဘာလိုလိုနဲ႔ ၂၀၂၀ ဟာ ကုန္လြန္ေတာ့မွာ ျဖစ္ပါတယ္။ ယခုႏွစ္အတြင္း ျပင္ပ လႈပ္ရွားမႈေတြထက္ အြန္လိုင္းနဲ႔ ဆိုရွယ္မီဒီယာမွာသာ လူအမ်ားစုက အခ်ိန္ေတြ ကုန္လြန္ေနၾကရတာ ျဖစ္ပါတယ္။ လူေတြရဲ႕ အြန္လိုင္းသုံးစြဲခ်ိန္ဟာလည္း ယခင္ကထက္ ျမင့္တက္လာၾကတာေၾကာင့္ ဆိုရွယ္မီဒီယာမွာ ပိုၿပီး active ျဖစ္လာၾကပါတယ္။ ဒါဟာ နာမည္ေက်ာ္ဆယ္လီေတြအတြက္လည္း အလားတူပဲ ျဖစ္တာေၾကာင့္ ယခုႏွစ္ ၂၀၂၀ အတြက္ အင္စတာဂရမ္မွာ ေဖာ္လိုဝါအမ်ားဆုံး ပိုင္ဆိုင္ထားတဲ့ အေကာင့္(၁၀)ခုကို ေဖာ္ျပေပးလိုက္ပါတယ္။

(10) Justin Bieber – (၁၅၄) သန္း
Photo: justinbieber/ Instagram

ႏႈတ္ခမ္းနီမေလးေတြရဲ႕ အသည္းစြဲ အဆိုေတာ္ Justin Bieber ကေတာ့ ၂၀၂၀ အတြက္ ေဖာ္လိုဝါအမ်ားဆုံး အင္စတာဂရမ္အေကာင့္ (၁၀)ခုစာရင္းမွာ နံပါတ္(၁၀)ေနရာက ရပ္တည္ေနပါတယ္။ လက္ရွိအခ်ိန္အထိ ေဖာ္လိုဝါအေရအတြက္ကေတာ့ (၁၅၄)သန္း ရွိေနၿပီး ေရွ႕ေလွ်ာက္လည္း ဒီ့ထက္ တိုးသြားဖို႔ပဲ ရွိေနပါတယ္။ ယခုႏွစ္အတြင္းမွာေတာ့ Justin ဟာ Changes လို႔ အမည္ရတဲ့ အယ္လ္ဘမ္သစ္တစ္ခ်ပ္ကို ထြက္ရွိထားၿပီး ပရိသတ္ရဲ႕ အားေပးမႈကိုလည္း တခဲနက္ ရရွိထားပါတယ္။

(9) Beyonce – (၁၅၈) သန္း
Photo: beyonce/ Instagram

Queen Bey လို႔ ပရိသတ္ေတြက ခ်စ္စႏိုးနဲ႔ ေခၚၾကတဲ့ အဆိုေတာ္၊ သ႐ုပ္ေဆာင္ Beyonce ကေတာ့ လက္ရွိအခ်ိန္အထိ ေဖာ္လိုဝါ (၁၅၈)သန္းနဲ႔ နံပါတ္(၉)ေနရာက ရပ္တည္ေနပါတယ္။ Beyonce ဟာ ယခုႏွစ္အတြင္းမွာေတာ့ Black is King လို႔ အမည္ရတဲ့ musical and visual ႐ုပ္ရွင္တစ္ခုကို ကိုယ္တိုင္ ေရးသား၊ ႐ိုက္ကူး၊ ထုတ္လုပ္ထားပါတယ္။

(8) Lionel Messi – (၁၇၂) သန္း
Photo: leomessi/ Instagram

နာမည္ေက်ာ္ ေဘာလုံးသမား Lionel Messi ကေတာ့ လက္ရွိအခ်ိန္အထိ အင္စတာဂရမ္ ေဖာ္လိုဝါ (၁၇၂)သန္း ပိုင္ဆိုင္ထားၿပီး နံပါတ္(၈)ေနရာမွာ ရပ္တည္ထားပါတယ္။ ၂၀၂၀ခုႏွစ္ကေတာ့ ခါတိုင္းႏွစ္ေတြိလိုပဲ Messi အတြက္ ေအာင္ျမင္မႈမ်ားစြာ ယူေဆာင္ေပးႏိုင္ခဲ့ၿပီး စံခ်ိန္မ်ားစြာလည္း ထပ္မံတင္ႏိုင္ခဲ့ပါတယ္။

(7) Kim Kardashian West – (၁၉၅) သန္း
Photo: kimkardashian/ Instagram

နာမည္ေက်ာ္ TV personality တစ္ဦးျဖစ္ၿပီး KKW Beauty ရဲ႕ ပဲ့ကိုင္ရွင္လည္းျဖစ္တဲ့ Kim Kardashian ကေတာ့ လက္ရွိအခ်ိန္အထိ ေဖာ္လိုဝါ (၁၉၅)သန္း ပိုင္ဆိုင္ထားပါတယ္။

(6) Selena Gomez – (၁၉၈) သန္း
Photo: selenagomez/ Instagram

အဆိုေတာ္၊ သ႐ုပ္ေဆာင္ Selena Gomez ကေတာ့ လက္ရွိအခ်ိန္အထိ ေဖာ္လိုဝါ (၁၉၈)သန္း ရရွိထားပါတယ္။ ယခုႏွစ္အတြင္းမွာေတာ့ Selena ဟာ Rare ဆိုတဲ့ အယ္လ္ဘမ္အသစ္ကို ထြက္ရွိထားပါတယ္။ ဒါ့အျပင္ Rare Beauty လို႔ အမည္ေပးထားတဲ့ အလွကုန္ကုမၸဏီကိုလည္း ယခုႏွစ္အတြင္းမွာ တည္ေထာင္ခဲ့ပါေသးတယ္။

(5) Kylie Jenner – (၂၀၅) သန္း
Photo: kyliejenner/ Instagram

နာမည္ေက်ာ္ TV personality တစ္ဦးျဖစ္ၿပီး အလွအပဆိုင္ရာ ဂု႐ုတစ္ေယာက္ျဖစ္တဲ့ Kylie Jenner ကေတာ့ လက္ရွိအခ်ိန္အထိ ေဖာ္လိုဝါ (၂၀၅)သန္း ရရွိထားပါတယ္။ Forbes ရဲ႕ ေဖာ္ျပခ်က္အရ Kylie ဟာ ၂၀၂၀ ရဲ႕ ဝင္ေငြအမ်ားဆုံး ရရွိထားတဲ့ဆယ္လီ ျဖစ္ၿပီး သူမ ပိုင္ဆိုင္တ‌ဲ့ Kylie Cosmetics brand ရဲ႕ (၅၁)ရာခိုင္ႏႈန္းကို အျခားကုမၸဏီတစ္ခုစီ ေရာင္းခ်ခဲ့ၿပီး အခြန္မေဆာင္ခင္ ဝင္ေငြ ေဒၚလာ သန္း(၅၄၀) ရရွိခဲ့ပါတယ္။ ဒါဟာ ကမာၻေပၚက ဆယ္လီေတြအားလုံးထက္ ေက်ာ္လြန္ၿပီး ရရွိခဲ့တဲ့ တစ္ႏွစ္တာ ဝင္ေငြလည္း ျဖစ္ပါတယ္။

(4) Dwayne Johnson (The Rock) – (၂၀၇) သန္း
Photo: therock/ Instagram

WWE ကစားသမားေဟာင္း တစ္ျဖစ္လည္း နာမည္ေက်ာ္ ႐ုပ္ရွင္မင္းသား Dwayne Johnson ကေတာ့ ေဖာ္လိုဝါ (၂၀၇)သန္းနဲ႔ နံပါတ္(၄)ေနရာမွာ ရပ္တည္ေနပါတယ္။ Dwayne ဟာ ပရိသတ္ရဲ႕ အားေပးမႈကို တခဲနက္ ရရွိထားၿပီး သူ႔ရဲ႕ဇာတ္ကားအသစ္ေတြကိုလည္း လာမယ့္ႏွစ္ထဲမွာ ၾကည့္ရႈၾကရေတာ့မွာ ျဖစ္ပါတယ္။

(3) Ariana Grande – (၂၁၁) သန္း
Photo: arianagrande/ Instagram

နာမည္ေက်ာ္ အဆိုေတာ္၊ သ႐ုပ္ေဆာင္ Ariana Grande ကေတာ့ ေဖာ္လိုဝါ (၂၁၁)သန္းနဲ႔ လက္ရွိအခ်ိန္အထိ နံပါတ္(၃)ေနရာမွာ ရပ္တည္ေနပါတယ္။ Ariana ဟာ ယခုႏွစ္အတြင္းမွာ Positions လို႔ အမည္ရတဲ့ အယ္လ္ဘမ္သစ္တစ္ခ်ပ္ကို ထြက္ရွိထားၿပီး မၾကာေသးခင္ကပဲ ခ်စ္သူ Dalton Gomez နဲ႔ ေစ့စပ္သြားၿပီ ျဖစ္ပါတယ္။

(2) Cristiano Ronaldo – (၂၄၇) သန္း
Photo: cristianoronaldo/ Instagram

နာမည္ေက်ာ္ ေဘာလုံးသမား Cristiano Ronaldo ကေတာ့ လက္ရွိအခ်ိန္အထိ ေဖာ္လိုဝါ(၂၄၇)သန္း ရရွိထားၿပီး လူပုဂၢိဳလ္ေတြထဲမွာ ေဖာ္လိုဝါအမ်ားဆုံး အေကာင့္တစ္ခုအျဖစ္ ရပ္တည္ေနပါတယ္။ ေၾကာက္ခမန္းလိလိ ေအာင္ျမင္တဲ့ ေဘာလုံးသမားတစ္ေယာက္ ျဖစ္တာေၾကာင့္ ယခုႏွစ္မွာလည္း Ronaldo ဟာ စံခ်ိန္သစ္မ်ားစြာကို မွတ္တမ္းတင္ႏိုင္ခဲ့ပါတယ္။ ေရွ႕ေလွ်ာက္လည္း ဒီထက္မကတဲ့ ေအာင္ျမင္မႈေတြကို ရယူႏိုင္ဦးမယ္ဆိုတာ မလြဲဧကန္ပါပဲ။

(1) Instagram – (၃၈၂) သန္း
Photo: instagram

နာမည္ေက်ာ္ ဆိုရွယ္မီဒီယာ ပလက္ေဖာင္းတစ္ခုျဖစ္တဲ့ Instagram ကေတာ့ လက္ရွိအခ်ိန္အထိ ေဖာ္လိုဝါ (၃၈၂)သန္းနဲ႔ ေဖာ္လိုဝါအမ်ားဆုံးအေကာင့္ ျဖစ္ေနပါတယ္။ ဒီအေကာင့္မွာေတာ့ သတင္းအခ်က္အလက္ေတြ၊ ရင္သပ္ရႈေမာဖြယ္ ဓာတ္ပုံေတြနဲ႔ အျခားစိတ္ဝင္စားဖြယ္ရာေတြကို မွ်ေဝေပးေနတာ ျဖစ္ပါတယ္။

ဒါကေတာ့ ၂၀၂၀ အတြက္ ေဖာ္လိုဝါအမ်ားဆုံး ပိုင္ဆိုင္ထားတဲ့ အင္စတာဂရမ္အေကာင့္ (၁၀)ခု ျဖစ္ပါတယ္။ စာဖတ္သူတို႔ေရာ ဘယ္ဆိုရွယ္မီဒီယာ ပလက္ေဖာင္းကို အမ်ားဆုံး သုံးျဖစ္လည္းဆိုတာ ေျပာျပခဲ့ပါဦး။

Linda December

(ဆံရစ္ဝိုင္းဝက္ဘ္ဆိုဒ္တြင္ ေဖာ္ျပထားေသာ သတင္း၊ေဆာင္းပါးမ်ားကို အျခားမည္သည့္ ဝက္ဘ္ဆိုဒ္၊ Facebook စာမ်က္ႏွာတြင္မွ် ကူးယူေဖာ္ျပခြင့္ မျပဳပါေၾကာင္း အသိေပးအပ္ပါသည္။)

 

RELATED ARTICLES

Most Popular