HomeEntertainmentFilm၂၀၀၀ခုနှစ်နောက်ပိုင်း အော်စကာဆု အများဆုံး ဆွတ်ခူးထားတဲ့ ရုပ်ရှင်ဇာတ်ကား(၆)ကား

၂၀၀၀ခုနှစ်နောက်ပိုင်း အော်စကာဆု အများဆုံး ဆွတ်ခူးထားတဲ့ ရုပ်ရှင်ဇာတ်ကား(၆)ကား

ေအာက္တြင္ ေဇာ္ဂ်ီျဖင့္ ဖတ္ပါ။

တစ်နှစ်တာဆိုတဲ့ အချိန်အတွင်းမှာတောင် ရုပ်ရှင်ကားပေါင်း မြောက်များစွာ ထွက်ရှိလေ့ ရှိပြီး အဲ့ဒီ့ထဲမှာ မှတ်ချက်ကောင်းတွေ ရရှိထားတဲ့ ရုပ်ရှင်ကားများစွာလည်း ပါဝင်ပါတယ်။ ဒါပေမယ့်လည်း အဲ့ဒီ့လို မှတ်ချက်ကောင်းတွေ ရရှိထားတဲ့ ရုပ်ရှင်ကားတွေတောင် အော်စကာဆု ဆွတ်ခူးဖို့ဆိုတာ မလွယ်ကူပါဘူး။ ကမ္ဘာ့ရုပ်ရှင်လောကမှာ အရှိန်အဝါကြီးမားပြီး သိက္ခာအရှိဆုံး ဆုဖြစ်တဲ့ အော်စကာဆုဟာ နတ်ကြီးလွန်းတာကြောင့် တော်ရုံကောင်းတဲ့ ရုပ်ရှင်ကားတွေတောင် ဆုမရကြတာ အများအပြားပါပဲ။ သို့ပေမယ့်လည်း ဒီလိုနတ်ကြီးတဲ့ အော်စကာကိုမှ ဆုပေါင်းများစွာ သိမ်းပိုက်နိုင်ခဲ့တဲ့ ရုပ်ရှင်ကားတွေလည်း ရှိပါသေးတယ်။ အဲ့ဒါကြောင့် ဒီတစ်ခါမှာတော့ ၂၀၀၀ခုနှစ်နောက်ပိုင်းမှာ အော်စကာဆုအများဆုံး ရရှိထားတဲ့ ရုပ်ရှင်(၆)ကားကို ဖော်ပြပေးချင်ပါတယ်။

(6) The Aviator
photo via imdb

ဒီရုပ်ရှင်ဇာတ်ကားကတော့ ၂၀၀၄ခုနှစ်မှာ ထွက်ရှိထားပြီး IMDb (7.5) ရရှိထားပါတယ်။ ဇာတ်လမ်းအကျဉ်းကတော့ Howard Hughes ဆိုတဲ့ အလွန်ဉာဏ်ကောင်းပြီး ထူးဆန်းတဲ့ သူဌေးတစ်ယောက်အကြောင်းကို ရိုက်ကူးထားတာ ဖြစ်ပါတယ်။ ဒါ့အပြင် သူ့ရဲ့အသက်မွေးဝမ်းကျောင်းကိုပါ ထိခိုက်စေနိုင်တဲ့ စိတ်ရောဂါတစ်ခုလည်း ဖြစ်နေပါသေးတယ်။ Howard Hughes ဆိုသူဟာ အပြင်မှာ တကယ်ရှိခဲ့တဲ့ လူတစ်ယောက် ဖြစ်ပြီးတော့ ဒါရိုက်တာ၊ လေယာဉ်မှူး၊ အင်ဂျင်နီယာနဲ့ ပရဟိတသမားတစ်ယောက် ဖြစ်ပါတယ်။ ဒီဇာတ်ကားမှာတော့ Leonardo DiCaprio ၊ Cate Blanchett နဲ့ Kate Beckinsale တို့က အဓိက ပါဝင်သရုပ်ဆောင်ထားပြီး အော်စကာဆု(၅)ဆုတောင် ရရှိထားပါတယ်။

(5) Gladiator
photo via screenrant

ဒီရုပ်ရှင်ကတော့ ၂၀၀၀ခုနှစ်မှာ ထွက်ရှိခဲ့တာ ဖြစ်ပြီးတော့ IMDb (8.5) ရရှိထားပါတယ်။ ဇာတ်လမ်းအကျဉ်းကတော့ အင်ပါယာ ဘုရင်မင်းမြတ် Marcus Aurelius ဆီက အာဏာလွှဲပြောင်း ရရှိလာတဲ့ သားဖြစ်သူ Commodus ဟာ ဖခင်လက်ထက်က အားကိုးအားထား ပြုခဲ့တဲ့ စစ်ဗိုလ်ချုပ်တစ်ယောက်ဖြစ်တဲ့ Maximus ကို ရာထူးချပြီး အပြစ်ပေးလိုက်ပါတယ်။ အဲ့ဒါကတော့ Maximus ဟာ သားရဲတိရစ္ဆာန်၊ ဒါမှမဟုတ် လူအချင်းချင်း သတ်ပုတ်ပြီး ပရိသတ်ကို ဖျော်ဖြေရတဲ့ ကျွန်သာသာဘဝနဲ့ ရုန်းကန်ရတော့မှာပဲ ဖြစ်ပါတယ်။ သရုပ်ဆောင်တွေကတော့ Russell Crowe ၊ Connie Nielsen နဲ့ Joaquin Phoenix တို့က အဓိက ပါဝင်သရုပ်ဆောင်ထားပြီး အော်စကာ(၅)ဆု ရရှိထားပါတယ်။

(4) Chicago
photo via screenrant

ဒီရုပ်ရှင်ကတော့ ၂၀၀၂ခုနှစ်မှာ ထွက်ရှိခဲ့ပြီး IMDb (7.2) ရရှိထားပါတယ်။ ဇာတ်လမ်းအကျဉ်းကတော့ အရာရာမှာ ပြိုင်ဘက်တွေအဖြစ် ယှဉ်ပြိုင်နေကြတဲ့ အမျိူးသမီးနှစ်ယောက်ဟာ ချီကာဂိုမြို့က နာမည်ကြီးရှေ့နေတစ်ယောက်ရဲ့ အာရုံစိုက်မှုကို ရရှိဖို့အတွက် ယှဉ်ပြိုင်ရာကနေ လူသတ်မှုတစ်ခု ဖြစ်သွားတဲ့အခါမှာတော့ … ။ သရုပ်ဆောင်တွေကတော့ Richard Gere ၊ Renee Zellweger နဲ့ Catherine Zeta-Jones တို့က အဓိက ပါဝင်သရုပ်ဆောင်ထားပြီး အော်စကာဆု(၆)ဆု ရရှိထားပါတယ်။

(3) The Hurt Locker
photo via screenrant

ဒီရုပ်ရှင်ကတော့ ၂၀၀၈ခုနှစ်မှာ ထွက်ရှိခဲ့တာ ဖြစ်ပြီးတော့ IMDb (7.5) ရရှိထားပါတယ်။ ဇာတ်လမ်းအကျဉ်းကတော့ ဆာဂျင် William James ဟာ အီရတ်စစ်ပွဲအတွင်းမှာ ဗုံးဖြုတ်တဲ့အဖွဲ့နဲ့ တာဝန်ကျခဲ့ပါတယ်။ အဲ့ဒီ့နောက် သူ့ရဲ့ အတွေးအခေါ်တွေနဲ့ အန္တရာယ်ကြားထဲကို မဆင်မခြင် တိုးဝင်သွားတတ်တဲ့ အကျင့်တွေကြောင့် နောက်ပိုင်းမှာတော့ သူ့ရဲ့အဖွဲ့သားတွေကြားထဲမှာ သဘောထား ကွဲလွဲမှုတွေ ပေါ်ပေါက်လာခဲ့ပါတယ်။ သရုပ်ဆောင်တွေကတော့ Jeremy Renner ၊ Anthony Mackie နဲ့ Brian Geraghty တို့က အဓိကပါဝင်ခဲ့ပြီး အော်စကာဆု(၆)ဆု ရရှိထားပါတယ်။

(2) Slumdog Millionaire
photo via screenrant

ဒီရုပ်ရှင်ကလည်း ၂၀၀၈ခုနှစ်မှာ ထွက်ရှိခဲ့ပြီး IMDb (8.0) ရရှိထားပါတယ်။ ဇာတ်လမ်းအကျဉ်းကတော့ မွမ်ဘိုင်းမြို့က ကောင်လေးတစ်ယောက်ဟာ အိန္ဒိယနိုင်ငံရဲ့ ” Who Wants To Be A Millionaire” အစီအစဉ်မှာ အနိုင်ရရှိသွားခဲ့ပါတယ်။ ဒါပေမယ့်လည်း သူဟာ အဲ့ဒီအစီအစဉ်မှာ အနိုင်ရရှိဖို့အတွက် တစ်နည်းနည်းနဲ့ လိမ်ညာလှည့်ဖြားခဲ့တယ်လို့ စွပ်စွဲခံခဲ့ရပြီး ဘာကြောင့် အဖြေတွေအားလုံးကို သိနေလည်းဆိုတာ မြင်တွေ့သွားရမှာ ဖြစ်ပါတယ်။ Dev Patel ၊ Freida Pinto နဲ့ Irrfan Khan တို့က အဓိက ပါဝင်သရုပ်ဆောင်ထားပြီး အော်စကာဆု(၈)ဆု ရရှိထားပါတယ်။

(1) The Lord of the Rings: The Return of The King
photo via screenrant

ဒီရုပ်ရှင်ကတော့ ၂၀၀၃ခုနှစ်မှာ ထွက်ရှိခဲ့တာ ဖြစ်ပြီး IMDb (8.9) ရရှိထားပါတယ်။ ဇာတ်လမ်းအကျဉ်းကတော့ Gandalf နဲ့ Aragorn တို့ဟာ နောက်ဆုံးတိုက်ပွဲအတွက် ပြင်ဆင်နေကြပါတယ်။ အဲ့ဒီအချိန်မှာတော့ Frodo နဲ့ Sam တို့ဟာ လက်စွပ်ကို ဖျက်ဆီးဖို့အတွက် Mount Doom ကို ထွက်လာခဲ့ကြပါတယ်။ ဒါပေမယ့်လည်း Gollum ရဲ့နောက်ကို လိုက်လာခဲ့ကြရာက မမျှော်လင့်ထားတာနဲ့ တွေ့ကြုံကြရပါတော့တယ်။ သရုပ်ဆောင်တွေကတော့ Viggo Mortensen ၊ Elijah Wood ၊ Iran McKellen နဲ့ Sean Astin တို့က အဓိက ပါဝင်သရုပ်ဆောင်ထားပြီး အော်စကာဆု(၁၁)ဆုတောင် ဆွတ်ခူးထားပါတယ်။

ဒါကတော့ ၂၀၀၀ခုနှစ် နောက်ပိုင်း ထွက်ရှိထားတဲ့ ရုပ်ရှင်ဇာတ်ကားတွေထဲက အော်စကာဆုအများဆုံး ရရှိထားတဲ့ ရုပ်ရှင်ဇာတ်ကား(၆)ကားကို ဖော်ပြပေးခဲ့တာ ဖြစ်ပါတယ်။ စာဖတ်သူတို့ နှစ်သက်တဲ့ အခြားအော်စကာဆုရ ဇာတ်ကားတွေ ရှိရင်လည်း ပြန်လည်မျှဝေခဲ့ပါဦး။

Legos

(ဆံရစ်ဝိုင်းဝက်ဘ်ဆိုဒ်တွင် ဖော်ပြထားသော သတင်း၊ဆောင်းပါးများကို အခြားမည်သည့် ဝက်ဘ်ဆိုဒ်၊ Facebook စာမျက်နှာတွင်မျှ ကူးယူဖော်ပြခွင့် မပြုပါကြောင်း အသိပေးအပ်ပါသည်။)

(Zawgyi Version)

တစ္ႏွစ္တာဆိုတဲ့ အခ်ိန္အတြင္းမွာေတာင္ ႐ုပ္ရွင္ကားေပါင္း ေျမာက္မ်ားစြာ ထြက္ရွိေလ့ ရွိၿပီး အဲ့ဒီ့ထဲမွာ မွတ္ခ်က္ေကာင္းေတြ ရရွိထားတဲ့ ႐ုပ္ရွင္ကားမ်ားစြာလည္း ပါဝင္ပါတယ္။ ဒါေပမယ့္လည္း အဲ့ဒီ့လို မွတ္ခ်က္ေကာင္းေတြ ရရွိထားတဲ့ ႐ုပ္ရွင္ကားေတြေတာင္ ေအာ္စကာဆု ဆြတ္ခူးဖို႔ဆိုတာ မလြယ္ကူပါဘူး။ ကမာၻ႔႐ုပ္ရွင္ေလာကမွာ အရွိန္အဝါႀကီးမားၿပီး သိကၡာအရွိဆုံး ဆုျဖစ္တဲ့ ေအာ္စကာဆုဟာ နတ္ႀကီးလြန္းတာေၾကာင့္ ေတာ္႐ုံေကာင္းတဲ့ ႐ုပ္ရွင္ကားေတြေတာင္ ဆုမရၾကတာ အမ်ားအျပားပါပဲ။ သို႔ေပမယ့္လည္း ဒီလိုနတ္ႀကီးတဲ့ ေအာ္စကာကိုမွ ဆုေပါင္းမ်ားစြာ သိမ္းပိုက္ႏိုင္ခဲ့တဲ့ ႐ုပ္ရွင္ကားေတြလည္း ရွိပါေသးတယ္။ အဲ့ဒါေၾကာင့္ ဒီတစ္ခါမွာေတာ့ ၂၀၀၀ခုႏွစ္ေနာက္ပိုင္းမွာ ေအာ္စကာဆုအမ်ားဆုံး ရရွိထားတဲ့ ႐ုပ္ရွင္(၆)ကားကို ေဖာ္ျပေပးခ်င္ပါတယ္။

(6) The Aviator
photo via imdb

ဒီ႐ုပ္ရွင္ဇာတ္ကားကေတာ့ ၂၀၀၄ခုႏွစ္မွာ ထြက္ရွိထားၿပီး IMDb (7.5) ရရွိထားပါတယ္။ ဇာတ္လမ္းအက်ဥ္းကေတာ့ Howard Hughes ဆိုတဲ့ အလြန္ဉာဏ္ေကာင္းၿပီး ထူးဆန္းတဲ့ သူေဌးတစ္ေယာက္အေၾကာင္းကို ႐ိုက္ကူးထားတာ ျဖစ္ပါတယ္။ ဒါ့အျပင္ သူ႔ရဲ႕အသက္ေမြးဝမ္းေက်ာင္းကိုပါ ထိခိုက္ေစႏိုင္တဲ့ စိတ္ေရာဂါတစ္ခုလည္း ျဖစ္ေနပါေသးတယ္။ Howard Hughes ဆိုသူဟာ အျပင္မွာ တကယ္ရွိခဲ့တဲ့ လူတစ္ေယာက္ ျဖစ္ၿပီးေတာ့ ဒါ႐ိုက္တာ၊ ေလယာဥ္မႉး၊ အင္ဂ်င္နီယာနဲ႔ ပရဟိတသမားတစ္ေယာက္ ျဖစ္ပါတယ္။ ဒီဇာတ္ကားမွာေတာ့ Leonardo DiCaprio ၊ Cate Blanchett နဲ႔ Kate Beckinsale တို႔က အဓိက ပါဝင္သ႐ုပ္ေဆာင္ထားၿပီး ေအာ္စကာဆု(၅)ဆုေတာင္ ရရွိထားပါတယ္။

(5) Gladiator
photo via screenrant

ဒီ႐ုပ္ရွင္ကေတာ့ ၂၀၀၀ခုႏွစ္မွာ ထြက္ရွိခဲ့တာ ျဖစ္ၿပီးေတာ့ IMDb (8.5) ရရွိထားပါတယ္။ ဇာတ္လမ္းအက်ဥ္းကေတာ့ အင္ပါယာ ဘုရင္မင္းျမတ္ Marcus Aurelius ဆီက အာဏာလႊဲေျပာင္း ရရွိလာတဲ့ သားျဖစ္သူ Commodus ဟာ ဖခင္လက္ထက္က အားကိုးအားထား ျပဳခဲ့တဲ့ စစ္ဗိုလ္ခ်ဳပ္တစ္ေယာက္ျဖစ္တဲ့ Maximus ကို ရာထူးခ်ၿပီး အျပစ္ေပးလိုက္ပါတယ္။ အဲ့ဒါကေတာ့ Maximus ဟာ သားရဲတိရစာၦန္၊ ဒါမွမဟုတ္ လူအခ်င္းခ်င္း သတ္ပုတ္ၿပီး ပရိသတ္ကို ေဖ်ာ္ေျဖရတဲ့ ကြၽန္သာသာဘဝနဲ႔ ႐ုန္းကန္ရေတာ့မွာပဲ ျဖစ္ပါတယ္။ သ႐ုပ္ေဆာင္ေတြကေတာ့ Russell Crowe ၊ Connie Nielsen နဲ႔ Joaquin Phoenix တို႔က အဓိက ပါဝင္သ႐ုပ္ေဆာင္ထားၿပီး ေအာ္စကာ(၅)ဆု ရရွိထားပါတယ္။

(4) Chicago
photo via screenrant

ဒီ႐ုပ္ရွင္ကေတာ့ ၂၀၀၂ခုႏွစ္မွာ ထြက္ရွိခဲ့ၿပီး IMDb (7.2) ရရွိထားပါတယ္။ ဇာတ္လမ္းအက်ဥ္းကေတာ့ အရာရာမွာ ၿပိဳင္ဘက္ေတြအျဖစ္ ယွဥ္ၿပိဳင္ေနၾကတဲ့ အမ်ိဴးသမီးႏွစ္ေယာက္ဟာ ခ်ီကာဂိုၿမိဳ႕က နာမည္ႀကီးေရွ႕ေနတစ္ေယာက္ရဲ႕ အာ႐ုံစိုက္မႈကို ရရွိဖို႔အတြက္ ယွဥ္ၿပိဳင္ရာကေန လူသတ္မႈတစ္ခု ျဖစ္သြားတဲ့အခါမွာေတာ့ … ။ သ႐ုပ္ေဆာင္ေတြကေတာ့ Richard Gere ၊ Renee Zellweger နဲ႔ Catherine Zeta-Jones တို႔က အဓိက ပါဝင္သ႐ုပ္ေဆာင္ထားၿပီး ေအာ္စကာဆု(၆)ဆု ရရွိထားပါတယ္။

(3) The Hurt Locker
photo via screenrant

ဒီ႐ုပ္ရွင္ကေတာ့ ၂၀၀၈ခုႏွစ္မွာ ထြက္ရွိခဲ့တာ ျဖစ္ၿပီးေတာ့ IMDb (7.5) ရရွိထားပါတယ္။ ဇာတ္လမ္းအက်ဥ္းကေတာ့ ဆာဂ်င္ William James ဟာ အီရတ္စစ္ပြဲအတြင္းမွာ ဗုံးျဖဳတ္တဲ့အဖြဲ႕နဲ႔ တာဝန္က်ခဲ့ပါတယ္။ အဲ့ဒီ့ေနာက္ သူ႔ရဲ႕ အေတြးအေခၚေတြနဲ႔ အႏၲရာယ္ၾကားထဲကို မဆင္မျခင္ တိုးဝင္သြားတတ္တဲ့ အက်င့္ေတြေၾကာင့္ ေနာက္ပိုင္းမွာေတာ့ သူ႔ရဲ႕အဖြဲ႕သားေတြၾကားထဲမွာ သေဘာထား ကြဲလြဲမႈေတြ ေပၚေပါက္လာခဲ့ပါတယ္။ သ႐ုပ္ေဆာင္ေတြကေတာ့ Jeremy Renner ၊ Anthony Mackie နဲ႔ Brian Geraghty တို႔က အဓိကပါဝင္ခဲ့ၿပီး ေအာ္စကာဆု(၆)ဆု ရရွိထားပါတယ္။

(2) Slumdog Millionaire
photo via screenrant

ဒီ႐ုပ္ရွင္ကလည္း ၂၀၀၈ခုႏွစ္မွာ ထြက္ရွိခဲ့ၿပီး IMDb (8.0) ရရွိထားပါတယ္။ ဇာတ္လမ္းအက်ဥ္းကေတာ့ မြမ္ဘိုင္းၿမိဳ႕က ေကာင္ေလးတစ္ေယာက္ဟာ အိႏၵိယႏိုင္ငံရဲ႕ ” Who Wants To Be A Millionaire” အစီအစဥ္မွာ အႏိုင္ရရွိသြားခဲ့ပါတယ္။ ဒါေပမယ့္လည္း သူဟာ အဲ့ဒီအစီအစဥ္မွာ အႏိုင္ရရွိဖို႔အတြက္ တစ္နည္းနည္းနဲ႔ လိမ္ညာလွည့္ျဖားခဲ့တယ္လို႔ စြပ္စြဲခံခဲ့ရၿပီး ဘာေၾကာင့္ အေျဖေတြအားလုံးကို သိေနလည္းဆိုတာ ျမင္ေတြ႕သြားရမွာ ျဖစ္ပါတယ္။ Dev Patel ၊ Freida Pinto နဲ႔ Irrfan Khan တို႔က အဓိက ပါဝင္သ႐ုပ္ေဆာင္ထားၿပီး ေအာ္စကာဆု(၈)ဆု ရရွိထားပါတယ္။

(1) The Lord of the Rings: The Return of The King
photo via screenrant

ဒီ႐ုပ္ရွင္ကေတာ့ ၂၀၀၃ခုႏွစ္မွာ ထြက္ရွိခဲ့တာ ျဖစ္ၿပီး IMDb (8.9) ရရွိထားပါတယ္။ ဇာတ္လမ္းအက်ဥ္းကေတာ့ Gandalf နဲ႔ Aragorn တို႔ဟာ ေနာက္ဆုံးတိုက္ပြဲအတြက္ ျပင္ဆင္ေနၾကပါတယ္။ အဲ့ဒီအခ်ိန္မွာေတာ့ Frodo နဲ႔ Sam တို႔ဟာ လက္စြပ္ကို ဖ်က္ဆီးဖို႔အတြက္ Mount Doom ကို ထြက္လာခဲ့ၾကပါတယ္။ ဒါေပမယ့္လည္း Gollum ရဲ႕ေနာက္ကို လိုက္လာခဲ့ၾကရာက မေမွ်ာ္လင့္ထားတာနဲ႔ ေတြ႕ႀကဳံၾကရပါေတာ့တယ္။ သ႐ုပ္ေဆာင္ေတြကေတာ့ Viggo Mortensen ၊ Elijah Wood ၊ Iran McKellen နဲ႔ Sean Astin တို႔က အဓိက ပါဝင္သ႐ုပ္ေဆာင္ထားၿပီး ေအာ္စကာဆု(၁၁)ဆုေတာင္ ဆြတ္ခူးထားပါတယ္။

ဒါကေတာ့ ၂၀၀၀ခုႏွစ္ ေနာက္ပိုင္း ထြက္ရွိထားတဲ့ ႐ုပ္ရွင္ဇာတ္ကားေတြထဲက ေအာ္စကာဆုအမ်ားဆုံး ရရွိထားတဲ့ ႐ုပ္ရွင္ဇာတ္ကား(၆)ကားကို ေဖာ္ျပေပးခဲ့တာ ျဖစ္ပါတယ္။ စာဖတ္သူတို႔ ႏွစ္သက္တဲ့ အျခားေအာ္စကာဆုရ ဇာတ္ကားေတြ ရွိရင္လည္း ျပန္လည္မွ်ေဝခဲ့ပါဦး။

Legos

(ဆံရစ္ဝိုင္းဝက္ဘ္ဆိုဒ္တြင္ ေဖာ္ျပထားေသာ သတင္း၊ေဆာင္းပါးမ်ားကို အျခားမည္သည့္ ဝက္ဘ္ဆိုဒ္၊ Facebook စာမ်က္ႏွာတြင္မွ် ကူးယူေဖာ္ျပခြင့္ မျပဳပါေၾကာင္း အသိေပးအပ္ပါသည္။)

RELATED ARTICLES

Most Popular